Tuesday 9 July 2013

မဟာမြတ်မုနိ ဘုရားကြီးတွင် လုံခြုံရေးအရ အပိုပစ္စည်း ယူဆောင်ခွင့်မပြုရန် စီစဉ်

Photo: မဟာမြတ်မုနိ ဘုရားကြီးတွင် လုံခြုံရေးအရ အပိုပစ္စည်း ယူဆောင်ခွင့်မပြုရန် စီစဉ်
Tuesday, July 09, 2013 

ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မန္တလေးမြို့တော်ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး တွင် လုံခြုံရေးအတွက် ဘုရားဖူး လာသူများ သယ်ဆောင်လာသော ကျောပိုးအိတ်နှင့် လက်ဆွဲအိတ်များကို သိမ်းဆည်းရန် သီးသန့် သော့ခတ် သိမ်းဆည်းထားနိုင်သည့် သေတ္တာ တွဲခန်းများ ယခုလအတွင်း ထားရှိတော့မည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပက အဖွဲ့ရုံးထံမှ စုံစမ်း သိရှိရသည်။

သေတ္တာတွဲ တစ်ခုလျှင် အခန်း ၁၀ ခန်း ပါဝင်မည့် သေတ္တာ ခုနစ်ခုကို ဝယ်ယူမည်ဖြစ်ပြီး ယင်းတို့ကို ဘုရားကြီး အရှေ့ဘက် စောင်းတန်း အဝင်ဝ တွင် ထားရှိမည်ဖြစ်ကြောင်း ဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိန်သင်က ဆိုသည်။

“ဗုဒ္ဓဂယာ သတင်းကြားကြားချင်းပဲ ဂေါပက အဖွဲ့ဝင်တွေ ချက်ချင်း အစည်းအဝေးလုပ်ပြီး ဘုရားကြီး လုံခြုံရေးအတွက် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး တိုင်ပင်လိုက်တော့ အခုလို လုပ်ကြမယ် ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ မနေ့က ဥပုသ်နေ့ဆိုတော့ ချက်ချင်းတော့ မဝယ်ဖြစ်ခဲ့ဘူး။ လိုအပ်တာတွေ အားလုံး လုပ်ပြီးသွားရင် အမြန်ဆုံး အကောင်အထည်ဖော်မယ်” ဟု ဦးစိန်သင်က ဆိုသည်။

လက်ရှိတွင် ဘုရားကြီး လုံခြုံရေးအတွက် လုံခြုံရေး ဝန်ထမ်း အင်အား ၁၅ ဦးက တာဝန်ယူထားပြီး လုံခြုံရေး ဝန်ထမ်းများကို ယခင်ကထက် ပိုမို ဂရုစိုက် စောင့်ကြည့်ရန် မှာကြားထားကြောင်း ဂေါပက ဥက္ကဋ္ဌက ပြောကြား သည်။

“မနေ့က ဥပုသ်နေ့ဆိုတော့ ဘုရားဖူးလာတဲ့သူ များတယ်။ ဗုဒ္ဓဂယာမှာ ဗုံးပေါက်တဲ့ သတင်းလည်း ကြားရော လုံခြုံရေးအတွက်တော့ အရင်ကထက် ပိုပြီး ဂရုစိုက်မိသွားတယ်” ဟု ဘုရားကြီးတွင် လုံခြုံရေး တာဝန်ယူထားသည့် ဝန်ထမ်း တစ်ဦးက ဆိုသည်။

လုံခြုံရေး ဝန်ထမ်း လုံလောက်သည့် အရေအတွက် တိုးမြှင့်ချထား ရန် ဂေါပကအဖွဲ့ အနေဖြင့် အစီအစဉ် မရှိသော်လည်း ရဲတပ်ဖွဲ့မှူးရုံးက လုံခြုံရေးအတွက် အရာရှိ တစ်ဦး၊ ရဲဝန်ထမ်း ငါးဦး၊ အရပ်ဝတ် ရဲတပ်သား နှစ်ဦး ချထားပေးမည်ဟု ပြောကြောင်း ဦးစိန်သင်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အထင်ကရရှိသည့် ဘုရားများကို လုံခြုံရေး ယခင်ကထက် ပိုသတိထားရန်နှင့် နေ့ ည လုံခြုံရေး လှည့်ကင်း များ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဦးစိုးငြိမ်းက ပြောကြားသည်။

‘မန္တလေးမြို့မှာဆိုရင် ဘုရားကြီး၊ ပြင်ဦးလွင်မြို့မှာဆိုရင် မဟာအံ့ထူးကံသာ ဘုရား၊ ကျောက်ဆည် မြို့မှာဆိုရင် ရွှေသိမ်တော်ဘုရား၊ ညောင်ဦးမြို့မှာ ဆိုရင် ပုဂံဘုရားတွေမှာ လုံခြုံရေး သတိထားဖို့ သက်ဆိုင်ရာ ခရိုင်အလိုက် ညွှန်ကြားထားတယ်”ဟု ၎င်းက ဆိုသည်။

ခန့်ခန့်၊ မယ်တင့်
The Voice Weekly
ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မန္တလေးမြို့တော်ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး တွင် လုံခြုံရေးအတွက် ဘုရားဖူး လာသူများ သယ်ဆောင်လာသော ကျောပိုးအိတ်နှင့် လက်ဆွဲအိတ်များကို သိမ်းဆည်းရန် သီးသန့် သော့ခတ် သိမ်းဆည်းထားနိုင်သည့် သေတ္တာ တွဲခန်းများ ယခုလအတွင်း ထားရှိတော့မည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပက အဖွဲ့ရုံးထံမှ စုံစမ်း သိရှိရသည်။

သေတ္တာတွဲတစ်ခုလျှင် အခန်း ၁၀ ခန်း ပါဝင်မည့်သေတ္တာ ခုနစ်ခုကို ဝယ်ယူမည်ဖြစ်ပြီး ယင်းတို့ကို ဘုရားကြီးအရှေ့ဘက် စောင်းတန်းအဝင်ဝတွင်ထားရှိမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိန်သင်က ဆိုသည်။

“ဗုဒ္ဓဂယာ သတင်းကြားကြားချင်းပဲ ဂေါပက အဖွဲ့ဝင်တွေ ချက်ချင်းအစည်းအဝေးလုပ်ပြီး ဘုရားကြီး လုံခြုံရေးအတွက် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး တိုင်ပင်လိုက်တော့ အခုလို လုပ်ကြမယ် ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ မနေ့က ဥပုသ်နေ့ဆိုတော့ ချက်ချင်းတော့ မဝယ်ဖြစ်ခဲ့ဘူး။ လိုအပ်တာတွေ အားလုံး လုပ်ပြီးသွားရင် အမြန်ဆုံး အကောင်အထည်ဖော်မယ်” ဟု ဦးစိန်သင်က ဆိုသည်။

လက်ရှိတွင် ဘုရားကြီး လုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်း အင်အား ၁၅ ဦးက တာဝန်ယူထားပြီး လုံခြုံရေး ဝန်ထမ်းများကို ယခင်ကထက် ပိုမိုဂရုစိုက် စောင့်ကြည့်ရန် မှာကြားထားကြောင်း ဂေါပက ဥက္ကဋ္ဌက ပြော ကြား သည်။

“မနေ့က ဥပုသ်နေ့ဆိုတော့ ဘုရားဖူးလာတဲ့သူ များတယ်။ ဗုဒ္ဓဂယာမှာ ဗုံးပေါက်တဲ့ သတင်းလည်း ကြားရော လုံခြုံရေးအတွက်တော့ အရင်ကထက် ပိုပြီး ဂရုစိုက်မိသွားတယ်” ဟု ဘုရားကြီးတွင် လုံခြုံရေး တာဝန်ယူထားသည့် ဝန်ထမ်း တစ်ဦးက ဆိုသည်။

လုံခြုံရေး ဝန်ထမ်း လုံလောက်သည့် အရေအတွက် တိုးမြှင့်ချထား ရန် ဂေါပကအဖွဲ့ အနေဖြင့် အစီအစဉ် မရှိသော်လည်း ရဲတပ်ဖွဲ့မှူးရုံးက လုံခြုံရေးအတွက် အရာရှိတစ်ဦး၊ ရဲဝန်ထမ်းငါးဦး၊ အရပ်ဝတ် ရဲတပ်သား နှစ်ဦး ချထားပေးမည်ဟု ပြောကြောင်း ဦးစိန်သင်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အထင်ကရရှိသည့် ဘုရားများကို လုံခြုံရေးယခင်ကထက် ပိုသတိထား ရန်နှင့် နေ့ ည လုံခြုံရေး လှည့်ကင်း များ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဦးစိုးငြိမ်းက ပြောကြားသည်။

‘မန္တလေးမြို့မှာဆိုရင် ဘုရားကြီး၊ ပြင်ဦးလွင်မြို့မှာဆိုရင် မဟာအံ့ထူးကံသာ ဘုရား၊ ကျောက်ဆည် မြို့မှာ ဆိုရင် ရွှေသိမ်တော်ဘုရား၊ ညောင်ဦးမြို့မှာ ဆိုရင် ပုဂံဘုရားတွေမှာ လုံခြုံရေး သတိထားဖို့ သက်ဆိုင်ရာ ခရိုင်အလိုက် ညွှန်ကြားထားတယ်”ဟု ၎င်းက ဆိုသည်။
ခန့်ခန့်၊ မယ်တင့်
The Voice Weekly

No comments:

Post a Comment