Tuesday, 9 February 2016

ပဲခူးတက္ကသိုလ် ဗိုလ်ချုပ်အောင်ဆန်း(၁၀၁)နှစ်ပြည့်အကြိုပွဲတွင် ကျောင်းသားများဆန္ဒထုတ်ဖော်

ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဟောပြောနေခိုက် ကျောင်းသာများ ဆန္ဒဖော်ထုတ်နေကြစဉ် (ဓာတ်ပုံ - ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)
ပဲခူးတက္ကသိုလ်၌ ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၁) နှစ်မြောက်မွေးနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပွဲ တွင် ပါမောက္ခချုပ်ဟောပြောနေ စဉ် ကျောင်းသားအချို့က ဗီနိုင်း များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သတင်းရရှိသည်။ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အကြိုဟောပြောပွဲအတွက် စာ ရေးဆရာများအား ဖိတ်ခေါ်ရန် ပဲခူးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပါမောက္ခချုပ်ထံ စာတင်ခဲ့သော်လည်း စာရေးဆရာများ ၏ နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာကို တောင်းခံခဲ့သော ကြောင့် ဟောပြောပွဲနေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဒုဥက္ကဋ္ဌ မပန်ပန်ဖူးသက်နိုင်က ပြောသည်။

တရုတ်ဘောလုံးအသင်းများ ငွေကို ရေလိုသုံးမှု အစသာရှိသေးဟု ကာဟေးလ်ပြောကြား

ဥရောပအခြေစိုက် ထိပ်တန်းအရည်အချင်းရှိ ဘောလုံး သမားများကို ခေါ်ယူရေး တရုတ် အသင်းများ၏ ငွေအမြောက်အ မြား သုံးစွဲမှုမှာ ရူးသွပ်မှုတစ်ခုဖြစ် ပြီး ပြောင်းလာသော ကစားသမား အတွက် (သို့မဟုတ်) တရုတ် ဘောလုံးပြိုင်ပွဲများအတွက် ကျေး ဇူးအနည်းငယ်သာ ရှိလိမ့်မည်ဟု သြစတြေးလျလက်ရွေးစင် ရှန် ဟိုင်းအခြေစိုက် တိုက်စစ်မှူး တင်ကာဟေးလ်က ပြောသည်။

အခြေခံဥပဒေနှင့်အညီ ဥပဒေများ ပြဋ္ဌာန်း၊ ပြင်ဆင်၊ ရုပ်သိမ်းရန် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတသ၀ဏ်လွှာပို့

ပြည်ထောင်စု လွှတ်တော်က ဥပဒေများအသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်၊ ရုပ်သိမ်းခြင်းများဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အလေးထား ဆောင်ရွက်စေလိုကြောင်း နိုင်ငံ တော်သမ္မတဦးသိန်းစိန်က လွှတ် တော်သို့ ပေးပို့သည့်သ၀ဏ်လွှာ ၌ ထည့်သွင်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်သမ္မတတင်မြှောက်နိုင် ရေး အဟန့်အတားဖြစ်နေသော အခြေခံဥပဒေပါပုဒ်မ ၅၉(စ)ကိုဆိုင်းငံ့နိုင်သည်ဆိုသည့် သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန်တွင် လက်ရှိသမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် သ၀ဏ်လွှာ၌ အထက်ပါအတိုင်းထည့် သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

Monday, 8 February 2016

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် အယူခံဝင်စာ ရေးသားပြီးစီး

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံထားရသော မြန်မာလူငယ်နှစ်ဦး (RUNGROJ YONGRIT/EPA)
သေဒဏ်ကျခံမြန်မာ လုပ်သားနှစ်ဦး လွတ်မြောက်ရန် ရေးသားတင်ပြမည့် အယူခံဝင်စာ ကို ဖေဖော်ဝါရီ ၆ ရက်က ရေး သားပြီးစီးပြီဖြစ်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့မှ သတင်းရရှိ သည်။

မင်္ဂလာဈေးမီးကြောင့် ဆုံးရှုံးခဲ့သည့် ဆိုင်ခန်းပိုင်ရှင်များအား ယာယီဆိုင်ခန်းများကို ယခုလလယ်တွင် နေရာချပေးမည်

မီးလောင်ခဲ့သော မင်္ဂလာဈေးကို ၂၀၁၆ ဇန်န၀ါရီ ၁၀ ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)
မင်္ဂလာဈေးမီးလောင်မှု ကြောင့် ဆိုင်ခန်းဆုံးရှုံးသွားသူ များအတွက် ယာယီ ဆိုင်ခန်း ဆောက်လုပ်မှု ၈၀ ရာခိုင်နှုန်းအ ထိ ပြီးစီးပြီဖြစ်ကာ ဖေဖော်ဝါရီ လလယ်၌ ဆိုင်ခန်းပိုင်ရှင်များကို နေရာချထားပေးနိုင်မည်ဟု ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဈေးများဌာနမှ သတင်း ရရှိသည်။

Saturday, 6 February 2016

ထိုင်ဝမ်တွင် ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်ကြောင့် ဆောက်အဦများပြိုကျကာ လူသုံးဦးသေဆုံး

ဖေဖော်ဝါရီ ၆ က ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိုင်ဝမ်တောင်ပိုင်း တယ်နန်မြို့တွင် ၁၆ ထပ်မြင့် အဆောက်အဦကြီး ပြိုကျခဲ့ရာ ၁၀ လသား အရွယ် ကလေးတစ်ဦးအပါအ၀င် လူသုံးဦးသေဆုံးခဲ့သည်။

ဇီကာပိုးကြောင့် ကမ္ဘောဒီးယားတွင် လူသုံးဦးသေဆုံး

လက်တင်အမေရိကားတွင် ပျံ့နှံ့ဖြစ်ပွားနေသည့် ဇီကာပိုး၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ကမ္ဘောဒီးယားနိုင်ငံတွင် လူသုံးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

မလေးရှားဝန်ကြီးချုပ်၏ ဘဏ်စာရင်းထဲရှိငွေများမှာ လှူဒါန်းခြင်းမဟုတ်ဘဲ ရင်းနှီးမြုပ်နှံမှုသာဖြစ်ဟု ဆော်ဒီဝန်ကြီးပြော

စာရင်းထဲ ရောက်သွားသော ငွေများမှာ နိုင်ငံရေးလှူဒါန်းမှုထက် ရင်းနှီးမြုပ်နှံမှုတစ်ခုသာ ဖြစ်သည်ဟု ယုံကြည်ကြောင်း ဆော်ဒီဝန်ကြီးတစ်ဦးက ပြောကြားလိုက်သည်။

ထိုင်းတွင် e-payment ကို ၂၀၁၈ တွင် စသုံးစွဲမည်

ထိုင်းနိုင်ငံက e-payment စနစ်ကို တစ်နိုင်ငံလုံးအနှံ့ သုံးစွဲနိုင်ရန် လုပ်ဆောင်လျက်ရှိနေပြီး အစိုးရနှင့် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု ဘတ်ငွေ ၃ ဒသမ ၅ ဘီလီယံနှင့်အတူ ဖော်ဆောင်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး အပီဆစ်တန်တီရိုရာဝန်က ပြောသည်။

ဆီးရီးယားသို့ မြေပြင်တပ်ဖွဲ့ဝင်များ စေလွှတ်ရန်အသင့်ရှိဟု ဘာရိန်းပြော

ဆီးရီးယားတွင် နိုင်ငံခြားကျောထောက်နောက်ခံ စစ်သွေးကြွများ ဆီးရီးယားစစ်တပ်နှင့် တိုက်ပွဲများဖြစ်ကာ နယ်မြေများ ဆုံးရုံးနေစဉ် သေးငယ်သောပါရှန် ပင်လယ်ကွေ့နိုင်ငံလေး ဘာရိန်းက ဆော်ဒီ၏ ဦးဆောင်မှုအောက်တွင် ဆီးရီးယားသို့ မြေပြင်တပ်ဖွဲ့ဝင်များ ချထားရန် အသင့်ဖြစ်နေပြီဟု ပြောကြားလိုက်သည်။

ဆီးရီးယားရှိ အမျိုးသမီးများနှင့် ကလေးများအပေါ် ဗုံးကြဲနေခြင်းအား ရုရှားရပ်တန့်ရမည်ဟု ကယ်ရီပြော

ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရေးတစ်ခုကို အကောင်အထည်ဖော်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားကို ဖေဖော်ဝါရီ ၅က တိုက်တွန်းလိုက်ပြီး အမျိုးသမီးများနှင့် ကလေးများစွာကို သတ်ဖြတ်နေသော ရုရှား၏ ဗုံးကြဲသည့်စစ်ဆင်ရေး ရပ်တန့်ပစ်ရမည်ဟုလည်း ပြောကြားခဲ့သည်။

အရန်ဆန်အမြန်ဝယ်ရန် ဒီချုပ်ကို ဆန်စပါးအသင်းချုပ်အကြံပြု

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးဆွေးနွေးပွဲ ကျင်းပနေစဉ် (Ye Min Aung FB)
အစိုးရသစ်စတင်တာဝန် ယူချိန်တွင် အယ်လ်နီညိုရာသီ ဥတု၏ အကျိုးသက်ရောက်မှု ကြောင့် ဆန်စပါးရှားပါးမှုကြုံတွေ့ နိုင်၍ နိုင်ငံတော်အရန်ဆန် အမြန် ဆုံးဝယ်ယူစုဆောင်းရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် တာဝန် ရှိသူများထံ အကြံပြုထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာသို့ လည်ပတ်ကြသူများ သင်္ဘောပေါ်တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူး၍ အနားယူ အပန်းဖြေနိုင်ရန် MV 705 ကမ်းရိုးတန်းသွား ရေယာဉ်တစ်စင်းထားရှိ

သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာတွင် ထားရှိသည့် MV 705 ကမ်းရိုးတန်းသွား ရေယာဉ်ကို တွေ့ရစဉ်
သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာသို့ လာရောက်လည်ပတ်ကြသူများအတွက် သင်္ဘောပေါ်တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးနိုင်ရန်နှင့် အပန်းဖြေ အနားယူနိုင်ရန်အတွက် MV 705 ကမ်းရိုးသွား ရေယာဉ်တစ်စင်း ထားရှိထားကြောင်း သိရသည်။

သားသမီး မရနိုင်သည့် အိမ်ထောင်သည် ဇနီးမောင်နှံများအတွက် သားသမီးရရှိရန် ကုသပေးမည့် နိုင်ငံတကာ အဆင့်မီ Fertility Centre ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ပထမဦးဆုံး စတင်ဖွင့်လှစ်

ဗဟိုအမျိုးသမီး ဆေးရုံကြီးဝင်းအတွင်း ဖွင့်လှစ်ထားသည့် Fertility Centre ကိုဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
သားသမီး မရနိုင်သည့် အိမ်ထောင်သည် ဇနီးမောင်နှံများအတွက် သားသမီးရရှိရန် ကုသပေးမည့် နိုင်ငံတကာအဆင့်မီ Fertility Centre ကိုရန်ကုန်မြို့၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၅ ရက်တွင် ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဝီကီလိခ်တည်ထောင်သူ အက်ဆန်း၏အမှု မတရားထိန်းသိမ်းခံရမှုမြောက်ဟု ကုလသမဂ္ဂအဖွဲ့ ဆုံးဖြတ်

ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆန်းကို ဆွီဒင်နှင့် ဗြိတိန်နိုင်ငံတို့က မတရားထိန်း သိမ်းထားကြောင်း ကုလသမဂ္ဂ အဖွဲ့တစ်ဖွဲ့က ဆုံးဖြတ်လိုက်သ ဖြင့် ယင်းလေးနှစ်ခန့် ခိုလှုံနေ သော အီကွေဒေါသံရုံးမှ လွတ် လပ်စွာ ထွက်ခွာသွားနိုင်မည်ဆို သော မျှော်လင့်ချက်များ ထွက် ပေါ်လာခဲ့သည်။

ချစ်သူများနေ့တွင် ကွန်ဒုံးဆောင်ကြရန် ထိုင်းအာဏာပိုင်များ နှိုးဆော်

ထိုင်းကျန်းမာရေး ဝန်ကြီးဌာနသည် လာမည့် ဗယ် လင်တိုင်းဒေး (ခေါ်) ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့တွင် ဆယ်ကျော်သက် စုံတွဲများအနေဖြင့် ကွန်ဒုံးများဆောင်ကာ သွားလာရေးမရှက်ကြရန် တိုက်တွန်းသည့် နှိုးဆော်လှုပ်ရှားမှုတစ်ခုကို စတင် လိုက်သည်။

၁၇နာရီခန့်ကြာ လောင်ကျွမ်းသော နမ့်ဆန်မီး လူ ၁၅၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့

နမ့်ဆန်မြို့မီးလောင်ကျွမ်းထားသည်ကို ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ်(ဓာတ်ပုံ−MOI)
နမ့်ဆန်မြို့တွင် နာရီ ပေါင်း ၁၇နာရီကျော်ကြာလောင် ကျွမ်းခဲ့သည့်မီးကြောင့် မြို့ခံပြည် သူ၁,၅၀၀ကျော်အိုးမဲ့အိမ်မဲ့ဖြစ် သွားခဲ့သည်။

Friday, 5 February 2016

သူရဦးရွှေမန်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံရသလို နိုဝင်ဘာ ရွေးကောက်ပွဲတွင်လည်း အနိုင်ရခဲ့ခြင်းမရှိသည့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဟောင်း သူရဦးရွှေမန်းအနေဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင် ရထားသော NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် ဆက်ဆံရေး ရှိနေသည့်အတွက် မည်သည့် အခန်းကဏ္ဍမှ သူရဦးရွှေမန်း ပြန်လည်ပါဝင် လာမည်ကို လူအများစုက စိတ်ဝင်စားလျက်ရှိသည်။

ဖယ်ရှားခံကျူးကျော်များကို ယာယီနေထိုင်စားသောက်ရေး စီစဉ်ပေးသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ရှင်းလင်း

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်အတွင်းရှိ ခွင့်ပြုချက်မဲ့အိမ်များကို ဖယ်ရှားရှင်းလင်းနေစဉ်-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ပျဉ်းမပင်စက်မှုဇုန်မှ ဖယ်ရှားခဲ့သည့် ကျူးကျော်များ ကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ယာယီနေထိုင်ရန်နှင့် စားစရာ၊ ဆေးဝါးတို့ ပေးထားသည်ဆိုသည် မှာ မဟုတ်မှန်ကြောင်း ဖယ်ရှားခံ ခဲ့ရသည့် မြ၀တီစိုက်ခင်းမှ စိုက် ပျိုးရေးလုပ်သားများက ပြော သည်။

၅၉(စ)ဆိုင်းငံ့လျှင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ခြိမ်းခြောက်သူကို အရေးယူနိုင်ရန် ပြင်ဆင်

ဓာတ်ပုံ − စိုင်းဇော်
၅၉(စ)ဆိုင်းငံ့လိုက်ပါ က ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသားသူကို အရေးယူနိုင်ရန် ဥပဒေပညာရှင်များနှင့် တိုင်ပင် နေပြီး ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးကိုလည်း အထူး သတိထားနေကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်က ပြောသည်။