Saturday 6 February 2016

ချစ်သူများနေ့တွင် ကွန်ဒုံးဆောင်ကြရန် ထိုင်းအာဏာပိုင်များ နှိုးဆော်

ထိုင်းကျန်းမာရေး ဝန်ကြီးဌာနသည် လာမည့် ဗယ် လင်တိုင်းဒေး (ခေါ်) ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့တွင် ဆယ်ကျော်သက် စုံတွဲများအနေဖြင့် ကွန်ဒုံးများဆောင်ကာ သွားလာရေးမရှက်ကြရန် တိုက်တွန်းသည့် နှိုးဆော်လှုပ်ရှားမှုတစ်ခုကို စတင် လိုက်သည်။
ကျန်းမာရေးဌာန၏ တိုက် တွန်းချက်သည် ယခင်က ချစ်သူ များနေ့တွင် လိင်ဆက်ဆံမှုမပြုဘဲ စုံတွဲများအား ဘုရားကျောင်းများ၊ နေအိမ်များ၌သာ ချိန်းတွေ့ရန် တိုက်တွန်းချက်များနှင့် ကွဲပြားခဲ့ ပြီး ကျန်းမာရေးဗဟုသုတကို ပေး ရန် ပြောင်းလဲအားထုတ်ခြင်းဖြစ် သည်။

ထိုင်းသည် ကမ္ဘာတွင် ဆယ် ကျော်သက်အရွယ်များ ကိုယ်ဝန် ဆောင်မှုနှုန်း အမြင့်ဆုံး ဖြစ်နေ ပြီး လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါ ဖြစ်ပွားနှုန်းလည်း မြင့်မား နေသည်။

လာမည့် ၂၀၁၉ အထိ လုပ် ဆောင်မည့် ယခု ကွန်ဒုံးများ ဆောင်ထားရေး နှိုးဆော်ချက်မှာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် မှု ပြဿနာများကို ထိန်းချုပ်နိုင် ရန် ရည်ရွယ်သည်။

‘‘ဆယ်ကျော်သက်တွေဟာ ကွန်ဒုံးတွေ ဝယ်ယူဖို့ကို ရှက် ကြောက်မနေသင့်ပါဘူး။ လူ့အဖွဲ့ အစည်းကလည်း ဆယ်ကျော် သက် မိန်းကလေးတွေ ကွန်ဒုံး ဝယ်နေတာကို လက်ခံပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ ဆယ်ကျော် သက် မိန်းကလေးတွေ ကိုယ်ဝန် ဆောင်မှု ဖြစ်ပွားတာထက် ပို ကောင်းပါတယ်’’ဟု ထိုင်းကျန်း မာရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် သွန် ချိုင်း လက်ဝီလဲရတ်သန်နပေါင် က ဆိုသည်။

ထိုင်းသည် ရှေးရိုးစွဲ လူ့အဖွဲ့ အစည်းအဖြစ် တည်ရှိနေဆဲ ဖြစ် သော်လည်း မကြာသေးမီနှစ်များအတွင်း အသက်(၁၅-၁၉)အရွယ်အတွင်း မိန်းကလေး ၁,၀၀၀ တွင် ၅၀ ခန့် ကိုယ်ဝန်ဆောင် မီးဖွားမှုများ နှစ်စဉ်ဖြစ်ပွားလာနေ သည်။

—Ref: BBC

No comments:

Post a Comment