Monday 8 February 2016

မင်္ဂလာဈေးမီးကြောင့် ဆုံးရှုံးခဲ့သည့် ဆိုင်ခန်းပိုင်ရှင်များအား ယာယီဆိုင်ခန်းများကို ယခုလလယ်တွင် နေရာချပေးမည်

မီးလောင်ခဲ့သော မင်္ဂလာဈေးကို ၂၀၁၆ ဇန်န၀ါရီ ၁၀ ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)
မင်္ဂလာဈေးမီးလောင်မှု ကြောင့် ဆိုင်ခန်းဆုံးရှုံးသွားသူ များအတွက် ယာယီ ဆိုင်ခန်း ဆောက်လုပ်မှု ၈၀ ရာခိုင်နှုန်းအ ထိ ပြီးစီးပြီဖြစ်ကာ ဖေဖော်ဝါရီ လလယ်၌ ဆိုင်ခန်းပိုင်ရှင်များကို နေရာချထားပေးနိုင်မည်ဟု ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဈေးများဌာနမှ သတင်း ရရှိသည်။
အဆိုပါယာယီဆိုင်ခန်းများ ကို မင်္ဂလာဈေးအနီးရှိ ရွှေမင်္ဂလာ ဈေး၏ ကားပါကင်နေရာတတိယ ထပ်၊ စတုတ္ထထပ်၊ ပဉ္စမထပ်နှင့် မင်္ဂလာမွန်ဈေးပတ်လမ်းနှင့် အ ရှေ့မျက်နှာစာတို့၌ တည်ဆောက် လျက်ရှိကြောင်း ဈေးများဌာန ဌာနမှူး ဦးစံရွှေထွန်းက ပြောကြားသည်။

‘‘ယာယီဆိုင်ခန်းတွေကို ဇန် န၀ါရီ ၁၇ ရက်ကတည်းက စ ဆောက်တယ်။ ဖေဖော်ဝါရီ ၁၅ ရက် အပြီးဆောက်ဖို့ လျာထား တယ်။ ဒီထက်စောပြီးနိုင်တယ်။ လက်ရှိအချိန်ထိ ၂,၈၆၁ခန်းပြီးစီး ပြီ’’ဟု ဦးစံရွှေထွန်းက ပြောကြားသည်။

ဆိုင်ခန်းပိုင်ရှင်အများစုမှာ ယာယီဆိုင်ခန်းများကို ရွှေမင်္ဂလာ ဈေးနှင့် မင်္ဂလာမွန်ဈေးအ၀င်အ ထွက်ရှိလွတ်နေသည့် မြေကြီးနေ ရာတွင် ဆောက်လုပ်စေလိုသည့် ဆန္ဒများရှိသော်လည်း ကားအ၀င် အထွက်အဆင်ပြေမှသာ ရောင်း ၀ယ်ဖောက်ကားရေး အဆင်ပြေ နိုင်မည်ဖြစ်၍ အဆိုပါနေရာများ၌ ဆောက်လုပ်ပေးနိုင်ခြင်း မရှိ ကြောင်း ဈေးများဌာနမှ သိရ သည်။

ဆိုင်ခန်းများ နေရာချထား ပေးနိုင်ရန် မင်္ဂလာဈေးသာယာ ရေး ကော်မတီနှင့် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီတို့ ညှိနှိုင်းဆောင်ရွက်နေပြီး အမှန်တကယ်ရောင်းချနေသည့် ဆိုင်ပိုင်ရှင်များကိုသာ ယာယီဆိုင်ခန်းများ ပေးအပ်မည်ဟု ဈေးများ ဌာနမှ တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီခန့်တွင် မင်္ဂလာဈေး တတိယထပ်မှစတင်ကာ မီး လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၁,၆၃၆ ခန်းခန့် ပျက်စီးဆုံးရှုံးခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မီးလောင်မှုကြောင့် ခန့်မှန်း တန်ဖိုး ကျပ် ၃၆၀,၆၀၂ သိန်းထိ ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Day Daily

No comments:

Post a Comment