Saturday 6 February 2016

ဝီကီလိခ်တည်ထောင်သူ အက်ဆန်း၏အမှု မတရားထိန်းသိမ်းခံရမှုမြောက်ဟု ကုလသမဂ္ဂအဖွဲ့ ဆုံးဖြတ်

ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆန်းကို ဆွီဒင်နှင့် ဗြိတိန်နိုင်ငံတို့က မတရားထိန်း သိမ်းထားကြောင်း ကုလသမဂ္ဂ အဖွဲ့တစ်ဖွဲ့က ဆုံးဖြတ်လိုက်သ ဖြင့် ယင်းလေးနှစ်ခန့် ခိုလှုံနေ သော အီကွေဒေါသံရုံးမှ လွတ် လပ်စွာ ထွက်ခွာသွားနိုင်မည်ဆို သော မျှော်လင့်ချက်များ ထွက် ပေါ်လာခဲ့သည်။
အက်ဆန်းသည် အီကွေဒေါ သံရုံးတွင် အပြင်ဘက်သို့ မထွက် ဘဲ ခိုလှုံနေရသည့် အချိန်ကာလ အတွက် ဆွီဒင်နှင့် ဗြိတိန်အစိုးရ ထံမှ နစ်နာကြေး တောင်းခံနိုင် သည်ဟု ကုလသမဂ္ဂအဖွဲ့၏ ဆုံး ဖြတ်ချက်၌ ဖော်ပြထားသည်။

တရားဥပဒေအရ ချည် နှောင်ထားခြင်း မရှိသော်လည်း ယင်းအဖွဲ့၏ ဆုံးဖြတ်ချက် ကြောင့် ၎င်းကိုဖမ်းဆီးရန် ကြိုး ပမ်းနေမှုများ ရပ်တန့်ရန် ဆွီဒင် နှင့် ဗြိတိန်အာဏာပိုင်များအပေါ် ဖိအားရှိလာမည်ဟု သြစတြေးလျ နိုင်ငံသား အက်ဆန်း (၄၄) နှစ်က မျှော်လင့်ထားသည်။

အက်ဆန်းကို ထိန်းသိမ်း ထားမှုအား အဆုံးသတ်ခိုင်းရန် နှင့် ၎င်းအနေဖြင့် နစ်နာကြေး တောင်းခွင့်ရသင့်သည်ဆိုခြင်းကို လည်း ဆုံးဖြတ်ခဲ့ကြောင်း ကုလ သမဂ္ဂအဖွဲ့က ပြောသည်။

မိမိရင်ဆိုင်နေရသော အမှု တွင် ကုလအဖွဲ့က မိမိကို အနိုင်မပေးခဲ့ပါက သောကြာနေ့ နေ့ လယ်တွင် ဗြိတိန်ရဲတပ်ဖွဲ့ထံ အဖမ်းခံမည်ဟု အက်ဆန်းက ကြာသပတေးနေ့က ကြေညာခဲ့သည်။

အကယ်၍ ၎င်းကို အနိုင်ပေး ခဲ့ပါက ၎င်း၏ နိုင်ငံကူးလက်မှတ် ကို ချက်ချင်းပြန်ပေးရန်နှင့် ဖမ်း ဆီးရန် နောက်ထပ်ကြိုးပမ်းမှုများ မပြုလုပ်ရန် အက်ဆန်းကတောင်းဆိုခဲ့သည်။

ယင်းဆုံးဖြတ်ချက်နှင့် ပတ် သက်၍ အက်ဆန်း၏ ရှေ့နေများ သည် ဂရင်းနစ်စံတော်ချိန် ၁၂ နာ ရီတွင် သတင်းစာရှင်းလင်းပွဲတစ် ရပ် ပြုလုပ်မည်ဖြစ်သည်။

ဆွီဒင်အာဏာပိုင်များက မုဒိမ်းမှု ကျူးလွန်သည်ဆိုသော စွပ်စွဲမှုများအတွက် အက်ဆန်းကို မေးမြန်းစစ်ဆေးရန် အလိုရှိနေသည်။

အက်ဆန်းက ဆွီဒင်နိုင်ငံသို့ လွှဲပြောင်းခံရလျှင် ၀ီကီလိခ် ပေါက်ကြားမှုများကြောင့် အမေ ရိကန်နိုင်ငံသို့ ဆက်၍ လွှဲပြောင်း ခံရမည်ကို စိုးရိမ်သဖြင့် အီကွေ ဒေါသံရုံးတွင် ခိုလှုံနေခြင်းဖြစ် သည်။

—Ref: AFP
7Day Daily

No comments:

Post a Comment