Saturday 6 February 2016

အရန်ဆန်အမြန်ဝယ်ရန် ဒီချုပ်ကို ဆန်စပါးအသင်းချုပ်အကြံပြု

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးဆွေးနွေးပွဲ ကျင်းပနေစဉ် (Ye Min Aung FB)
အစိုးရသစ်စတင်တာဝန် ယူချိန်တွင် အယ်လ်နီညိုရာသီ ဥတု၏ အကျိုးသက်ရောက်မှု ကြောင့် ဆန်စပါးရှားပါးမှုကြုံတွေ့ နိုင်၍ နိုင်ငံတော်အရန်ဆန် အမြန် ဆုံးဝယ်ယူစုဆောင်းရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် တာဝန် ရှိသူများထံ အကြံပြုထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ရာသီဥတု ဖောက်ပြန်မှုအပြင် တရုတ်နိုင်ငံမှ ဝယ်လိုအားကြောင့် မိုးရာသီ၌ ဆန်းရှားသည့်ပြဿ နာကြုံတွေ့မည်ကို စိုးရိမ်ရသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံတော် အရန်ဆန်အဖြစ် သီး သန့် မထားသော်လည်း တပ်မတော်ရိက္ခာအနေဖြင့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်းတို့က ဝယ်ယူထားသည့် ဆန်တန်ချိန် များစွာရှိသည်။

အရပ်သား အစိုးရ လက် ထက်တွင် တပ်မတော်က ဝယ်ယူ ထားသည့် ဆန်များကို အရေး ပေါ် အခြေအနေ၌ အသုံးပြုရန် မလွယ်ကူပါက နိုင်ငံတော်အရန် ဆန်မရှိလျှင် အခက်အခဲဖြစ်လာ နိုင်ကြောင်း ဒေါက်တာစိုးထွန်းက ပြောသည်။

‘‘မိုးစပါးစိုက်ပျိုးချိန်မှာ ဈေး တက်လာမှာ စိုးရိမ်ရတယ်’’ ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

အရပ်သား အစိုးရ လက် ထက်တွင် ပုဂ္ဂလိကအသင်းအဖွဲ့ များ၊ အစိုးရနှင့်ပူးပေါင်းပြီး အရန် ဆန်ထားရှိရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အကြံပြုထား ကြောင်း အသင်းချုပ်အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

အရှေ့တောင်အာရှနိုင်ငံအ ချို့တွင် ၂၀၀၇-၀၈ ဘဏ္ဍာနှစ်၌ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ် ကြောင့် ဆန်စပါးစိုက်ပျိုးထုတ် လုပ်မှုများ လျော့ကျပြီး ထိုင်းဆန် ဖြူ ၂၅ မှတ် တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၆၀၀ အထိ မြင့် တက်ခဲ့ကြောင်း နေပြည်တော် စီးပွားကူးသန်း ဝန်ကြီးဌာနရုံး၌ ဒီဇင်ဘာ ၁၂ ရက်က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အပါအဝင် ဆန်နှင့် သက်ဆိုင်သော အသင်းများ တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြား သည်။ လက်ရှိတွင် ထိုင်းဆန်ဖြူ ၂၅ မှတ် ဆန်တစ်တန်လျှင် ကန် ဒေါ်လာ ၄၀၀ ခန့်ရှိသည်။

‘‘အယ်လ်နီညို ရာသီဥတု ပြောင်းလဲမှုက လယ်ယာထွက် သီးနှံတွေအတွက် ခြိမ်းခြောက်မှု ဟာ ကမ္ဘာမှာ ကြုံတွေ့နေရတယ်’’ဟု လက်ရှိအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း မြင့်က ဒီဇင်ဘာ ၁၂ ရက် နေပြည် တော်တွင် ပြုလုပ်သော ဆန်စပါး ဆွေးနွေးပွဲ၌ ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော် အရန်ဆန်ကို ၂၀၁၁-၁၂ ဘဏ္ဍာ နှစ်တွင်လည်း နိုင်ငံတော်က ကျပ် ငွေ ၁၀ ဘီလီယံ၊ သမဝါယမက ကျပ်ငွေ ၁၀ ဘီလီယံနှင့် မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ်က ကျပ်ငွေ ၁၀ ဘီလီယံထည့်ဝင်ပြီး ဆန်များ ဝယ်ယူခဲ့ဖူးသည်။

အရန်ဆန်ထားရှိရေး၏ အဓိ ကရည်ရွယ်ချက်သည် တောင်သူ လယ်သမားများ တွက်ခြေကိုက် သည့် စပါးဈေးနှုန်းရရှိစေရန် ဖြစ် သည်။

အရန်ဆန်ကို ၂ နှစ်ခန့်ဝယ်ယူပြီးနောက် ရပ်ဆိုင်းခဲ့သည်။ မ,တည်ငွေ ကျပ်ဘီလီယံ ၃၀ တွင် သမဝါယမဝန်ကြီးဌာနက ငွေကြေးမထည့်ဝင်ခြင်းကြောင့် အရန်ဆန်ဝယ်ယူမှု ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တာဝန်ရှိသူများက ပြောသည်။

7Day Daily

No comments:

Post a Comment