Monday 8 February 2016

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် အယူခံဝင်စာ ရေးသားပြီးစီး

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံထားရသော မြန်မာလူငယ်နှစ်ဦး (RUNGROJ YONGRIT/EPA)
သေဒဏ်ကျခံမြန်မာ လုပ်သားနှစ်ဦး လွတ်မြောက်ရန် ရေးသားတင်ပြမည့် အယူခံဝင်စာ ကို ဖေဖော်ဝါရီ ၆ ရက်က ရေး သားပြီးစီးပြီဖြစ်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့မှ သတင်းရရှိ သည်။
အယူခံဝင်စာကို ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက ရေးသား ပေးပြီး ယင်းစာကို မြန်မာကိုယ် စားလှယ်အဖွဲ့ထံ ပေးပို့ကာ ဖေဖော်ဝါရီ ၂၄ ရက်မတိုင်မီ အယူခံ တင်မည် ဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

‘‘ရှေ့နေများကောင်စီက ရေးတဲ့ အယူခံတင်စာကို ဖေဖော် ဝါရီ ၆ ရက်က ရေးပြီးပါပြီ။ အဲဒီ စာကို မြန်မာနိုင်ငံက ကိုယ်စား လှယ်အဖွဲ့ထံပေးပြီး ဖတ်ခိုင်း မှာ ပါ။ အဲဒီကမှ အကောင်းဆုံးတွေ ကို ရွေးပြီးတင်မှာပါ။ ဖေဖော်ဝါရီ ၂၄ ရက် မတိုင်ခင် တင်သွားမှာပါ’’ ဟု ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

အယူခံစာရေးသားရာတွင် DNA မတူညီသည့်အချက်များနှင့် မြန်မာလုပ်သား နှစ်ဦး၏ ဖြောင့် ချက်များကို အဓိကရေးသားထား ခြင်းဖြစ်ကြောင်း ရှေ့နေ ဦးအောင် မျိုးသန့်က ဆက်လက်ပြောကြား သည်။

သေဒဏ်ကျခံ မြန်မာလုပ် သားနှစ်ဦး ဖေဖော်ဝါရီ ၂၄ ရက်နောက်ဆုံးထား၍ အယူခံဝင်ရန်ထိုင်းအစိုးရက သတ်မှတ်ထားသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စိုးနိုင်ဦးနှင့် မြန်မာ နိုင်ငံ ရှေ့နေများကောင်စီက အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူ ဦးဖေခင် တို့သည် မြန်မာလုပ်သားနှစ်ဦးအယူခံဝင်ရေး ကိစ္စများ ဆောင်ရွက်ရန် ဇန်နဝါရီ ၁၁ ရက်က ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။

မြန်မာနှစ်ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်စီထန်မရအ ကျဉ်းထောင်၌ ထားရှိ ခဲ့ရာမှ ဇန်န ဝါရီ ၂၇ ရက်တွင် ဘန်ကောက်မြို့ ရှိ ဘန်ခွမ်အကျဉ်းထောင် သို့ ပြောင်းရွှေ့ခဲ့သည်။

လက်ရှိတွင် ဘန်ခွမ်အကျဉ်း ထောင်သို့ ပြောင်းရွှေ့ခံထားရ သော သေဒဏ် ကျခံ မြန်မာလုပ် သားနှစ်ဦးကို သံခြေချင်းများဖြုတ် ၍ ထားရှိကြောင်း သတင်းရရှိ သည်။

၎င်းတို့နှစ်ဦးကို အတူတူထားရှိခြင်းမရှိဘဲ ဇော်လင်းကို အ ဆောင် (၂)တွင်ထားရှိပြီး ဝင်းဇော်ထွန်းကို အဆောင် (၅)တွင်ထား ရှိသည်။

7Day Daily

No comments:

Post a Comment