Friday 5 February 2016

ဖယ်ရှားခံကျူးကျော်များကို ယာယီနေထိုင်စားသောက်ရေး စီစဉ်ပေးသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ရှင်းလင်း

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်အတွင်းရှိ ခွင့်ပြုချက်မဲ့အိမ်များကို ဖယ်ရှားရှင်းလင်းနေစဉ်-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ပျဉ်းမပင်စက်မှုဇုန်မှ ဖယ်ရှားခဲ့သည့် ကျူးကျော်များ ကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ယာယီနေထိုင်ရန်နှင့် စားစရာ၊ ဆေးဝါးတို့ ပေးထားသည်ဆိုသည် မှာ မဟုတ်မှန်ကြောင်း ဖယ်ရှားခံ ခဲ့ရသည့် မြ၀တီစိုက်ခင်းမှ စိုက် ပျိုးရေးလုပ်သားများက ပြော သည်။
ဇန်န၀ါရီ ၂၆ ရက်တွင်ဖယ် ရှားခံခဲ့ရသည့် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်ရှိ ကျူးကျော် တဲများ၌ နေထိုင်သူများသည် လက်ရှိစားဝတ်နေရေး အခက်အ ခဲများနှင့် ကြုံတွေ့နေရသည်ဟု ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး ခန်းတွင် ရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့သည်။

အဆိုပါစက်မှုဇုန်အတွင်း ရပ်ကွက်သုံးခုရှိ ကျူးကျော်နေ အိမ်များကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဇန်န ၀ါရီ ၂၅ ရက်နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ကြေညာခဲ့ပြီး ဖယ်ရှားရန် ကျန်ရှိခဲ့သော နေ အိမ်များကို ဇန်န၀ါရီ ၂၆ ရက် တွင် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖယ်ရှားခဲ့ပြီးနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီးက ‘‘ကျွန်တော်တို့ဘက်က လည်း သူတို့သွားချင်တဲ့မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာစတဲ့နေ ရာတွေကို ဒိုင်နာကားတွေထိုးပြီး သက်ဆိုင်ရာက ရွှေ့ပြောင်းပေး ပါတယ်။ လတ်တလောသွားဖို့ အ ဆင်မပြေတဲ့သူတွေကို မဂ်လာဒုံ မြို့နယ်က ပေါ်စကိုသင်္ဘောဆေး စက်ရုံမှာ ယာယီနေဖို့၊ စားဖို့၊ ရေ၊ မီး စတာတွေနဲ့ စီစဉ်ပေးထား ပါတယ်။ ဒါ့အပြင် ကျန်းမာရေး အတွက် ကူညီစောင့်ရှောက်ရေး အဖွဲ့တွေလည်း ထားပေးထားပါ တယ်’’ဟု နိုင်ငံပိုင်သတင်းစာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နယ်/လုံဝန်ကြီး၏ ပြော ကြားချက်သည် လက်တွေ့တွင် ဘာတစ်ခုမှ ဆောင်ရွက်ပေးခြင်းမရှိကြောင်း၊ စားစရာ၊ ဆေးဝါးတို့မှာလည်း ဖယ်ရှားခံပြည်သူတွေ လက်ထဲသို့ မရောက်ရှိကြောင်း၊ ပေါ်စကိုသင်္ဘောဆေးစက်ရုံက ၀န်ကြီးထံမှ အကြောင်းကြားစာ မရရှိဟုဆိုကာ လက်ခံမှုမရှိခြင်း ကြောင့် ယင်းစက်ရုံရှေ့ရှိ လမ်းမ ကြီး ၀ဲ/ယာနှစ်ဖက်တွင် တဲထိုး ကာ နေထိုင်နေရကြောင်း မြ၀တီ စိုက်ခင်းတွင် လုပ်ကိုင်ခဲ့သူ ဦး တင်မြင့်ဦးကပြောသည်။

ပျဉ်းမပင်စက်မှုဇုန်မှ ဖယ် ရှားခံရသည့် ပြည်သူများမှာ စား ၀တ်နေရေး၊ ကျန်းမာရေး၊ ပညာ ရေးစသည့်အခက်အခဲတို့နှင့် ကြုံ တွေ့နေရမှုကို ကူညီဖြေရှင်းပေး ရန် ဖေဖော်ဝါရီ ၁ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး သိန်း ညွန့်ထံသို့ အသနားခံစာပေး ပို့ထားကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment