Tuesday 9 February 2016

အခြေခံဥပဒေနှင့်အညီ ဥပဒေများ ပြဋ္ဌာန်း၊ ပြင်ဆင်၊ ရုပ်သိမ်းရန် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတသ၀ဏ်လွှာပို့

ပြည်ထောင်စု လွှတ်တော်က ဥပဒေများအသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်၊ ရုပ်သိမ်းခြင်းများဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အလေးထား ဆောင်ရွက်စေလိုကြောင်း နိုင်ငံ တော်သမ္မတဦးသိန်းစိန်က လွှတ် တော်သို့ ပေးပို့သည့်သ၀ဏ်လွှာ ၌ ထည့်သွင်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်သမ္မတတင်မြှောက်နိုင် ရေး အဟန့်အတားဖြစ်နေသော အခြေခံဥပဒေပါပုဒ်မ ၅၉(စ)ကိုဆိုင်းငံ့နိုင်သည်ဆိုသည့် သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန်တွင် လက်ရှိသမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် သ၀ဏ်လွှာ၌ အထက်ပါအတိုင်းထည့် သွင်းရေးသားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်အများစု ပါဝင်တက် ရောက်သည့် ဒုတိယအကြိမ်ပြည် ထောင်စုလွှတ်တော်စတင်ကျင်း ပသည့် ဖေဖော်ဝါရီ ၈ရက်၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာတစ်စောင်ပေးပို့ရာ အထက်ပါအချက်ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။


နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဒီမိုကရေစီထွန်းကားရေး သည် အထူးအရေးပါသဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည် ငြိမ်အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်းကာ တိုင်းရင်းသားပြည် သူများနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း ယင်းသ၀ဏ်လွှာ၌ ဖော်ပြသည်။

‘‘ဒါကလည်း သူ့အမြင်ကို သူ ပြောတာပေါ့။ ဒါပေမဲ့ ပြောတဲ့ အချိန်က သမ္မတရွေးချယ်မယ့်အ ချိန်နဲ့ နီးစပ်နေတော့ အဓိပ္ပာယ်က တစ်မျိုးဖြစ်သွားနိုင်တာပေါ့။ ဒါနဲ့ ပတ်သက်လို့ ဘယ်လို၊ ဘယ်အ ကြောင်းဆိုတာတော့ မပြောလိုပါ ဘူး။ ဒီအချိန်မှာ ပါတီအနေနဲ့က အမျိုးသားရင်ကြားစေ့ရေး လမ်း ကြောင်းကို သွားနေတာဖြစ်ပါ တယ်’’ဟု ဒီချုပ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

သမ္မတ၏ အဆိုပါမှတ်ချက် အရ လက်ရှိအနိုင်ရပါတီသည် ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေးနှင့်ပတ်သက်၍ တပ်မ တော်နှင့် ညှိနှိုင်းထားသည့်သ ဘောရှိသော်လည်း သမ္မတနှင့်ညှိ နှိုင်းတိုင်ပင်ထားခြင်းမရှိသည့်အ နေအထားပင်ဖြစ်ကြောင်း ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်းနိုင်ငံရေးဆောင်းပါးရှင် ဦးရဲထွန်းက မှတ်ချက်ပြုပြော ကြားသည်။

ပြည်ထောင်စုလွှတ်တော် သည် ဥပဒေပြုရေးဆိုင်ရာ အမြင့် ဆုံးအဖွဲ့အစည်းဖြစ်သည့် အား လျော်စွာ နိုင်ငံတော်နှင့်နိုင်ငံသား များအကျိုးအတွက် ဥပဒေများအ သစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ပြဋ္ဌာန်း ခြင်း၊ ရုပ်သိမ်းခြင်းတို့ဆောင် ရွက်ကြရာ၌ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ပြီး နိုင်ငံတော် ၏ ဥပဒေများကိုလည်း လိုက်နာပါမည်ဟု ကတိသစ္စာပြုထားသည့်အလျောက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်မှုရှိစေရေးအလေးထားဆောင်ရွက်ကြမည်ကိုမျှော်လင့်မိပါသည်ဟု သ၀ဏ်လွှာ၌ ဖော်ပြထား သည်။
7 day

No comments:

Post a Comment