ပီအက်စ်ဗွီကို ဂိုးမရှိ သရေကျခဲ့ပြီးနောက် ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရသော်လည်း မန်ယူအသင်းနည်း ပြဗန်ဂါးလ်က မိမိတို့အနေဖြင့် အနိုင်ရရန်လုံလောက်သည့် အခွင့်အရေးများဖန်တီး နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။ မန်ယူအသင်းသည် အနိုင်ရ ပါက နောက်တစ်ဆင့်သို့ တက်ရောက် နိုင်မည်ဖြစ်သော်လည်း သရေရလဒ်ကြောင့် နောက်ဆုံးပွဲစဉ်တွင် မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ်သည်။ မန်ယူအသင်း၏ ခြေစွမ်းသည်စိတ်ပျက်စရာဖြစ်ခဲ့သောကြောင့် ကစားသမားဟောင်းများဖြစ်သော ရွိုင်ကိန်းနှင့် ပေါလ်စခိုးတို့က ပြင်းထန်စွာဝေဖန်ခဲ့သည်။ သို့သော် ဗန်ဂါးလ်က မန်ယူအသင်းသည် ပီအက်စ်ဗွီကိုအနိုင်ရရန် အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Friday, 27 November 2015
ဖားကန့်မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူများ၏ ဈာပနအခမ်းအနား ယနေ့ပြုလုပ်မည်
ဖားကန့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွား သူများအားလုံးအတွက် ဈာပနအ ခမ်းအနားကို ယနေ့(နိုဝင်ဘာ ၂၇ ရက်)တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း လုံးခင်းရဲစခန်းမှ သိရသည်။
သုဝဏ္ဏဘူမိမြို့ဟောင်းကို ကျပ်သိန်းတစ်ထောင် အကုန်အကျခံ၍ပြန်လည်တူးဖော်မည်
တူးဖော်မှုများ ရပ်နားထားသော သုဝဏ္ဏဘူမိ မြို့ ဟောင်းကို ဘတ်ဂျက် ကျပ်သိန်းတစ်ထောင်ကျော် အသုံးပြုကာ တတိယ အကြိမ်ပြန်လည်တူးဖော် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံရေး အကျဉ်းသားများ အမြန်လွှတ်ပေးရေး မကွေးတွင် တစ်ကိုယ်တော်ဆန္ဒပြ
နိုင်ငံရေး အကျဉ်းသား ဟောင်းများ အမြန်လွှတ်ပေးရန် မကွေးဒေသခံအမျိုးသားတစ်ဦး က မကွေးမြို့ပေါ် တွင် နိုဝင်ဘာ ၂၅ရက် နံနက်က တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ကာမလိမ်လည်ယူထားသူက နစ်နာကြေးပေးထားသည့်မြေကွက်အတွင်း ပြန်လည်နေထိုင်မှုကြောင့် ဆန္ဒပြမည်
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မုံတော(မြောက်)ကျေးရွာအုပ်စု သဲကုန်းကြီး ကျေးရွာတွင် အသက် ၁၆ နှစ်အရွယ် ဆွံ့အနားမကြား အမျိုးသမီးကို ကာမလိမ်လည်ရယူမှုကြောင့် နစ်နာကြေးအဖြစ် ပေးအပ် ထားသော မြေကွက်အတွင်း တရားခံက ထောင်မှလွတ်လာချိန်တွင် ပြန်လည်နေထိုင်နေသောကြောင့် တားဆီးပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများကို ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါအမျိုးသမီး၏ မိခင်ဖြစ်သူက ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီး၌ ငါးနှစ်အတွင်း တရားခံ ဖမ်းဆီးရမိခြင်း မရှိဘဲ စုံစမ်းမှု ဆိုင်းငံ့ ပိတ်သိမ်းထားသော အမှု ၆၉ မှုရှိပြီး လုယက်မှုနှင့် ဖောက်ထွင်းမှုဖြစ်စဉ် အများဆုံးဖြစ်

ကျပ်သိန်း ၃၅၀ခန့် လုယူခံခဲ့ရသည့် Farmer Money Changer အား သြဂုတ် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)
ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၁ ခုနှစ်မှ ယခု ၂၀၁၅ ခုနှစ် လက်ရှိအချိန်ထိ ငါးနှစ်အတွင်း တရားခံ ဖမ်းဆီးရမိခြင်း မရှိဘဲ စုံစမ်းမှုအား ဆိုင်းငံ့ပိတ်သိမ်းထားသော အမှု ၆၉ မှုထိရှိပြီး လုယက်မှု ဖြစ်စဉ်မှာ အများဆုံး ဖြစ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဂျပန်သင်္ဘောနှင့်လိုက်ပါလာမည့် အရှေ့တောင်အာရှနှင့်ဂျပန်လူငယ်များ မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်လေ့လာမည်

ဓာတ်ပုံ-နစ်ကီ
အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ် (SSEAYP)အဖြစ် လူငယ်သုံးရာကျော် လိုက်ပါ လာသည့် Nippon Maru သင်္ဘောသည် မြန်မာနိုင်ငံ တွင် နိုဝင်ဘာ ၂၆ ရက်မှစတင်၍ သုံးရက်ကြာ လှည့်လည်လေ့လာ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Wednesday, 25 November 2015
တပ်မတော်နှင့် SSPP/SSA တို့ ငါးရက်အတွင်း စစ်ရှိန်လျော့ဖို့ နှစ်ဘက်သဘောတူ
ရှမ်းပြည်တိုးတက်ရေးပါတီ၊
ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့ လက်ရှိ ဖြစ်ပွားနေသော
စစ်ရေးပဋိပက္ခများကို လျော့ချ ရပ်ဆိုင်းရေးကို ဦးတည်ဆောင်ရွက်ရ အပါအဝင်
အချက် ၆ ချက်ကို မူအားဖြင့် သဘောတူညီခဲ့ကြသည်ဟု မဇ္ဈိမက ရရှိထားသည့်
ဆွေးနွေးမှု မှတ်တမ်းတွင် ဖေါ်ပြသည်။
နိုဝင်ဘာလ
၂၄ ရက် နေ့စွဲဖြင့် နှစ်ဖက် ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသည့်
အစည်းအဝေး မှတ်တမ်းတွင် SSPP/SSA အနေဖြင့် မိုင်းနောင်၊ မိုင်းရှူး
ကားလမ်းမြောက်ဘက်ခြမ်းတွင် ရွေ့ပြောင်း နေထိုင်ရန်နှင့်
မိုင်းနောင်-မိုင်းရှူး ကားလမ်း တောင်ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော
တပ်မတော် စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်းနေရာချထားရန်၊ မိုင်းနောင်တွင်
SSPP/SSA ဆက်ဆံရေးရုံး ဖွင့်လှစ်၍ နှစ်ဖက် ပဋိပက္ခများနှင့် လိုအပ်သော
အုပ်ချုပ်ပှုဆိုင်ရာကို ညှိနှိုင်း ဖြေရှင်းသွားရန်တို့ကို သဘောတူညီမှု
ရရှိခဲ့သည်။
အလယ်အလတ်တန်း အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးကိုဖွင့်လှစ်နိုင်ရန် စီစဉ်
တိုင်းပြည်၏ အနာဂတ်ကာလ၌ အစိုးရ၏ အသုံးစားရိတ်များကို နိုင်ငံတော်မှ
ကောက်ခံရရှိသည့် အခွန်ငွေအပေါ်တွင် ရပ်တည်ဆောင်ရွက်ကြရ မည်ဖြစ်သည့်အတွက်
အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှု ခြေလှမ်းအဖြစ်
အလယ်လတ်တန်းအခွန်ထမ်းများဆိုင်ရာ အခွန်ရုံးကိုဖွင့်လှစ်ရန်စီစဉ်နေကြောင်း
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးပြည်ထောင်စုဝန်ကြီး ဦးဝင်ရှိန် ကပြောသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
ကျင့်သုံးနေသည့်တိုက်ရိုက်အခွန်ကောက်ခံသည့်
စနစ်မှသွယ်ဝိုက်အခွန်ကောက်ခံသည့် စနစ်ကိုကူးပြောင်းရန်
အနည်းဆုံးအခွန်းနှုန်းထားများဖြင့် အခွန်အခြေခံချဲ့ထွင်၍ အခွန် ထမ်းများမှ
ကိုယ်တိုင် အခွန်ပေးဆောင် စည်းကြပ်သည့်စနစ်ကို
ကူးပြောင်းရန်ပြုပြင်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က
ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယခုနှစ်ဘဏ္ဍာနှစ် ပထမ ၆ လပတ် အခွန်ရရှိမှုကို နိုဝင်ဘာလ ၂၄
ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းရင်း
ပြောကြားခဲ့ ခြင်းဖြစ်သည်။
ဗဟိုဘဏ်မှအထိမ်းအမှတ် ငွေဒင်္ဂါးပြားထုတ်သည်အပေါ် ပြန်သုံးသပ်ရန် လွှတ်တော်တွင် အစီအရင်ခံ
ပြည်ထောင်စုလွှတ်တော်၏
ပြည်သူ့ငွေစာရင်းပူးပေါင်းမှုကော်မတီက မြန်မာနိုင်ငံဗဟိုဘဏ်မှ
အထိမ်းအမှတ်ငွေဒင်္ဂါးပြားထုတ်ခြင်းသည် ဥပဒေနှင့်ညီညွှတ်မှု ရှိမရှိ သုံးသပ်
ရမည့်အချက်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အစီအရင်ခံခဲ့သည်။
“
ဗဟိုဘဏ်က ဒင်္ဂါထုတ်ခွင့်ရှိသော်လည်းပဲ ဒီဗဟိုဘဏ်၏ ဥပဒေအဆိုရင်တော့ တရားဝင်
လည်ပတ်တဲ့ငွေတွေ ကိုပဲ ထုတ်ခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးဥပဒေမှာ
ရေးထားတာကိုတွေ့ရပါတယ်၊ဒီအထိမ်း အမှတ်ဒင်္ဂါးပြားတွေထုတ်တယ် ဆိုတဲ့ဥစ္စာဟာ
ကျွန်တော်တို့ ဥပဒေနှင့်ညီညွှတ်ရဲ့လား၊တရားဝင်သုံးလို့ရတဲ့ ငွေကိုပဲ
ထုတ်ခွင့်ရှိသလား အထိမ်းအမှတ်ကိုလည်း ဗဟိုဘဏ်အနေနှင့်ထုတ်လို့ရသလား ဆိုတာဟာ
သုံးသပ်ရမယ့်အချက်ဖြစ်တယ်ဆိုတဲ့ ဒီဟာလေးတစ်ခုကို ကျွန်တော်တို့
တွေ့ရှိရပါတယ် “ ဟုပြည်သူ ငွေစာရင်းပူးပေါင်းမှုကော်မတီမှ
နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်
အစီအရင်ခဲ့သည်။
ပြည်ခိုင်ဖြိုးအမတ်တစ်ဦး နိုင်ရာမှ ပြန်လည်ရှုံးနိမ့်
ပြီးခဲ့သည့်
ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) ၏
မဲစာရင်းများ ရေတွက် အပြီး နိုဝင်ဘာ ၁၂ ရက်နေ့ ကြေညာချက်အရ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းဆာလူက အနိုင်ရရှိခဲ့ပြီး
အဆင့်ဆင့် တိုင်ကြားမှုအရ တအာင်း(ပလောင်) အမျိုးသားပါတီမှ အနိုင်ရရှိကြောင်း
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၄ ရက်နေ့တွင်
ထပ်မံကြေညာခဲ့သည်။
ရေတွက်ရန်
မဲရုံများ ကျန်နေသေးကြောင်း မြို့နယ်၊ ခရိုင်၊ ပြည်ထောင်စုအဆင့်ဆင့်သို့
တိုင်ကြားခဲ့ သောကြောင့် ကျန်ရှိနေသည့် နမ့်ဆန်မြို့နယ်အတွင်းရှိ မဲရုံ ၅
ရုံအား ပြန်လည်ရေတွက်မှုအရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
တအာင်း(ပလောင်) အမျိုးသားပါတီမှ ဦးညီစိန်အား အနိုင်ပေးခဲ့၍
ပြည်ခိုင်ဖြိုးပါတီမှာ နိုင်ရာမှရှုံးသွားသည်ဟု တအာင်း(ပလောင်)
အမျိုးသားပါတီ ရုံးချုပ်က ပြောကြားသည်။
လူထုအခွင့်အရေး အာမခံချက် မရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ပြင်ပေးရန်ပြော
သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် ပက်သက်ပြီး လူထုအခွင့်အရေး အာမခံချက်မရှိသည့်
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားနေသည့် အဖွဲ့အစည်း ၃ခုက အကြံပြု
ပြောဆိုလိုက်သည်။
နိုဝင်ဘာ
၂၅ရက်၊ လသာမြို့နယ် အနော်ရထာလမ်းပေါ်ရှိ Best Western China Town
ဟိုတယ်တွင် ပြုလုပ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအပေါ် ရှုထောင့်
ပေါင်းစုံမှ သုံးသပ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။
ရုရှားက S - 400 ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဆီးရီးယားတွင် ချထားမည်
ရုရှားသည်
၎င်း၏ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဆီးရီးယားတွင် ချထားမည်ဖြစ်ကြောင်း
ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။ S-400 လေယာဉ် ပစ်ဒုံးကျည်စနစ်များကို
မှေးမင်လေတပ်အခြေစိုက်စခန်းတွင် ချထားမည်ဖြစ်ကြောင်း ဆာဂေးရှိုအီဂူက
နိုဝင်ဘာ ၂၅ တွင်ပြောကြားသည်။
ယင်းသို့ပြောကြားမှုက
ဆီးရီးယားအနောက်ပိုင်းရှိ လာတာ ကီယာဆိပ်ကမ်းမြို့အပြင်ဘက်ရှိ
ရုရှားလေတပ်အခြေစိုက်စခန်းတွင် ချမည်ဟု ရည်ညွှန်းခြင်းဖြစ်သည်။
NLD အနိုင်ရ အမတ်နှင့် အောင်နိုင်ရေး တာဝန်ခံကို စွပ်စွဲရေးသားသည်ဆိုကာ ဒေါ်ညိုညိုသင်း အမှုဖွင့်
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းမြင့်နှင့်
ရွေးကောက်ပွဲ အောင်နိုင်ရေး အထူးတာဝန်ခံ ဦးစိုးညွန့်တို့ လက်ရှိ
ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါ်ညိုညို သင်းကို စွပ်စွဲရေးသားသည်ဆိုကာ
အမှုဖွင့်ထားသည်ကို ဖြေရှင်းတောင်းပန်မှ အမှုကို ရုတ်သိမ်းပေးနိုင်မည်ဟု
ဒေါ်ညိုညိုသင်းကဆိုသည်။
နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဗဟိန်းမြို့နယ်မှ တသီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ညိုညိုသင်းက ဗဟန်းရဲစခန်းတွင် ဦးစိုးညွန့်နှင့် ဦးထွန်းမြင့်တို့အပေါ် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ဃ)ဖြင့် အမှုဖွင့်ထားမှုနှင့် ပက်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် ပြောခြင်းဖြစ်သည်။
နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဗဟိန်းမြို့နယ်မှ တသီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ညိုညိုသင်းက ဗဟန်းရဲစခန်းတွင် ဦးစိုးညွန့်နှင့် ဦးထွန်းမြင့်တို့အပေါ် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ဃ)ဖြင့် အမှုဖွင့်ထားမှုနှင့် ပက်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် ပြောခြင်းဖြစ်သည်။
လူနည်းစု အခွင့်အရေး လှုပ်ရှားနေသူ ဝေေ၀နု
မြန်မာနိုင်ငံမှာမွေး၊
မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့ကြသူများဖြစ်သည့် မိခင်ဖခင် အပါအ၀င်
မိသားစုဝင်များကို လူမျိုးရေး ခွဲခြား ခြင်း၊ လူ့အခွင့်အရေး
ချိုးဖောက်ခံရခြင်းများကို ကိုယ်တိုင်ပါဝင်ခံစားခဲ့ရပြီး ထိုအပြုအမူများက
သူမကို ထိုးနှက်မှုတခု ဖြစ်စေခဲ့သည်ဟု မဝေေ၀နုက ပြောသည်။
ဖိနှိပ်မှုတခုကို
ထပ်မံပြီး ပြောရမည်ဆိုပါက အလုပ်သမား အခွင့်အရေးများကို တစိုက်မတ်မတ်
အားပေးကူညီနေသည့် ဖခင်ရှေ့နေ ဦးကျော်မင်းကို နိုင်ငံသား မှတ်ပုံတင်ကတ်
တရားမ၀င် ပြုလုပ်သည်ဆိုကာ ဖခင်ကြီးဦးကျော်မင်း အပါအ၀င် တမိသားစုလုံး
ဖမ်းဆီး ထောင်ချခြင်း ခံခဲ့ရသည်။
ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း နှစ်ပတ်လည်အဖြစ် ဒီဇင်ဘာ ၂ ရက်တွင် အခမဲ့ပို့ဆောင်ပေးမည်
ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်း၏ (၁၂)နှစ် မြောက်နှစ်ပတ်လည်အဖြစ် လာမည့် ဒီဇင်ဘာ ၂ ရက်တွင် ကျိုက် ထီးရိုးဘုရားဖူး ဧည့်သည်များအား ကင်မွန်းစခန်းမှ တောင်ပေါ်အထိ ကားဖြင့် အခမဲ့ ပို့ဆောင်ပေးမည် ဟု သတင်းရရှိသည်။
ရာသီဥတုပြောင်းလဲမှု အန္တရာယ်များနှင့် ဖြေရှင်းရမည့် ပြဿနာများ

တရုတ်နိုင်ငံ၊ ရှန်ဒေါင်းပြည်နယ်၊ ဒီဇူးမြို့၏ မြူဆိုင်းသောနေ့တစ်နေ့တွင် မီးခိုခေါင်းတိုင်များမှ မီးခိုးများ ထွက်နေသည်ကို တွေ့ရစဉ်။ FILE/reuters
ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ပါက လူသားမျိုးနွယ်တစ်ရပ်လုံး ကြီးမားသော ဒုက္ခသည် ပြဿနာ၊ ရေနစ်မြုပ်မည့် မြို့ကြီးများနှင့် အပူလှိုင်းများ ကျရောက်ခြင်း၊ မိုးခေါင်ရေရှားမှုစသော အန္တရာယ် များကို ကိုင်တွယ် သွားရလိမ့်မည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။
မိတ္ထီလာရေလည်ဘုရား မီးကြာခွက် (၁၀၀၀)နီးပါး ရေမျှောပူဇော်မည်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ စန္ဒကူးရေလည်ဘုရားအား မီးကြာခွက်(၁၀၀၀)နီးပါးဖြင့် ရေ မျှောပူဇော်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံက သိရသည်။
စင်ကာပူ အာမခံကုမ္မဏီ ရန်ကုန်တွင် လာရောက် ဖွင့်လှစ်မည်
၂၀၁၆ ခုနှစ်တွင် စင်ကာပူ အာမခံ ကုမ္ပဏီမှ ရန်ကုန်မြို့တွင် လာရောက်ဖွင့် လှစ်မည်ဖြစ်ကြောင်း Marsh အာရှပစိဖိတ် အမှုဆောင် အရာရှိချုပ် မာတင်ဆော့ဘ်က ပြောသည်။
စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကိစ္စ ဇေကမ္ဘာ ဦးခင်ရွှေ၏ အဆို လွှတ်တော်တွင် ရှုံးနိမ့်

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းပါဝင်သည့် "စုပေါင်းပိုင်မြေ" စကားရပ်အစား စုပေါင်းနှင့် သက်ဆိုင်သောမြေဟု စကားရပ်ပြောင်းလဲရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အမျိုးသား လွှတ်တော်အမတ် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက နိုဝင်ဘာ ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အဆိုပြု ဆွေးနွေးခဲ့သည်။
Subscribe to:
Posts (Atom)






