ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ဂုံမင်းမြှောင်ကျေးရွာနှင့် ကံကလေးကျေးရွာတွင် ဧပြီ၂၁ ရက်က လူသတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ဆင်စခန်းကျေး ရွာနေ စိန်ဝင်းပုဆိုသူဖြစ်ပြီး ၎င်း၏ အလောင်းကို တာလမ်းတူးမြောင်းအတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လူသတ်မှုမဖြစ်ပွားမီ နံနက်က သာယာဝတီမြို့ ဆင်စခန်းကျေးရွာနေ သေဆုံးသူ စိန်ဝင်းပု၏ ဆိုင်ကယ်ကယ်ရီကို ရန်မင်းအောင် (ခ) ရွှေအလေးက ငှားစီးရာမှ ဆိုင်ကယ်တိမ်းမှောက်ခဲ့ပြီး ၎င်းတို့ နှစ်ဦးအချင်းများခဲ့ကြောင်း ကြို့ကုန်းကျေးရွာမှ မျက်မြင်အချို့က ပြောသည်။