Friday, 26 December 2014

မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်မည်

Photo: မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်မည်
Friday, December 26, 2014

မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး အတွက် မန္တလေးမြို့ ၏ နေရာဒေသ အသီးသီးတွင် အင်အား အလုံးအရင်းဖြင့် ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း မဟာအောင်မြေ ကျောက်ဝိုင်း အဆင့် မြှင့်တင်ရေး ကော်မတီထံမှ သိရသည်။

 ““ဆန္ဒထုတ်ဖော်မှုက တစ်ပွဲတည်းနဲ့ ပြီးမှာ မဟုတ်ဘူး။ တစ်နေရာတည်း မှာတင် လုပ်သွားမှာ မဟုတ်ပါဘူး။ မန္တလေးမြို့ရဲ့ နေရာအနှံ့မှာ ဥပဒေဘောင် အတွင်းက နေပြီးတော့ ဆန္ဒထုတ်ဖော်မှုတွေကို ဆောင်ရွက်မှာပါ။ ကျောက်ဝိုင်း ပြောင်းဖို့ ရွှေ့ဖို့ စီစဉ်တာ တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ်။ ကျွန်တော်တို့က သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု လွှတ်တော်ကို ဒီကိစ္စကို သိအောင်လုပ်မှ ရပါမယ်”” ဟု မဟာအောင်မြေ ကျောက်ဝိုင်း အဆင့် မြှင့်တင်ရေး ကော်မတီဝင် ဦးသန်းဝင်းက The Messenger Media သို့ပြောသည်။

မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး အတွက် နိုင်ငံတော် သမ္မတထံ စာရေးသား ပေးပို့ အသိပေးမည် ဖြစ်သည့် အပြင် ပြည်ထောင်စု လွှတ်တော် အတွင်း ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ရရှိရေး အတွက် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရရေး အတွက် ပထမဆုံး အကြိမ် ဆန္ဒ ထုတ်ဖော်မှုကို လာမည့် ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက် (၉) နာရီ ခွဲအချိန်တွင် စတင် ပြုလုပ်မည် ဖြစ်ပြီး၊ စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်မည့် အင်အား ငါးသောင်းဖြင့် ခွင့်ပြုမိန့် တင်ပြပြီး ဖြစ်ကြောင်း ကျောက်ဝိုင်း အဆင့် မြှင့်တင်ရေး ကော်မတီထံမှ သိရသည်။

““ကျွန်တော်တို့ အနေနဲ့ လက်ရှိ ကျောက်ဝိုင်း မပြောင်းရွှေ့ရရေး အတွက်ကို ဆန္ဒထုတ်ဖော်မယ့် အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ အင်အား အများဆုံး ဆန္ဒထုတ်ဖော်မှု ဖြစ်အောင် ကြိုးပမ်းသွားမယ်”” ဟု ကျောက်ဝိုင်း အဆင့် မြှင့်တင်ရေး ကော်မတီဝင် ဦးမျိုးမြင့်နိုင်က ပြောသည်။

ဆန္ဒထုတ်ဖော်မှု စတင်မည့်နေ့ တွင် မဟာအောင်မြေကျောက်ဝိုင်း အနောက်ဘက်ပေါက်မှ စတင်ကာ၊ မန်္တလေးမြို့ ပြည်သူ့ဟစ်တိုင်ကွင်း အထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်သည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီက ကြီးကြပ် ဆောင်ရွက်နေ သည့် လက်ရှိ မဟာ အောင်မြေ ကျောက်ဝိုင်း နေရာအား မြို့ပြ သန့်ရှင်းမှုကို အကြောင်းပြကာ၊ တံတားဦး မြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းမ အနောက်ဘက်ရှိ ကျောက်စိမ်း ဥယျာဉ် တည်ရှိရာ နေရာသို့ ပြောင်းရွှေ့ရန် ယခု ကျင်းပ ပြီးစီးခဲ့သည့် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ မဟာအောင်မြေ ကျောက်ဝိုင်း ပြောင်းရွှေ့မှု အစီအစဉ်ကို မန်္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယခင်ထုတ်ပြန် ထားရှိသည့် အစီအစဉ် အတိုင်း ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း မန်္တလေး မြို့တော် စည်ပင် သာယာရေး ၀န်ကြီး ဌာန ၀န်ကြီး ဦးအောင်မောင်းက အတည်ပြု ပြောကြားထားသည်။

““ကျောက်ဝိုင်း အသစ် ဆောက်မယ့် အစီအစဉ်ကို မကန့်ကွက်ပါဘူး။ ကျောက်ဝိုင်း အသစ် ဘယ်နှခု ဆောက်ဆောက် လက်ခံပါတယ်။ ဒါပေမဲ့ အခုလက်ရှိ ကျောက်မျက် ဈေးသစ် ဆောက်နေတဲ့ သူတွေက မြေယာ လက်ဦးမှု ယူပြီးတော့ ဆောက်ချင်တဲ့ နေရာမှာ ဆောက်ပြီးမှ လက်ရှိ အထိုင် ကျပြီးသား ကျောက်ဝိုင်းကို ပြောင်းမယ်၊ ရွှေ့မယ် ဆိုတာကိုတော့ လုံးဝ လက်မခံပါဘူး”” ဟု ကျောက်မျက် ကုန်သည် တစ်ဦးဖြစ်သူ ကိုသိန်းအောင်မြင့်က ပြောသည်။

တိုင်းဒေသကြီး အစိုးရက စီစဉ် ဆောင်ရွက်လျက် ရှိသည့် ကျောက်စိမ်း ဥယျာဉ် နေရာတွင် ကျောက်စိမ်းစေတီ၊ ဆေးရုံ၊ ကျောက်မျက် သင်တန်းကျောင်း၊ ကွန်ဒို တိုက်ခန်းများ၊ ကျောက်မျက်ဈေး စသည်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ မဟာအောင်မြေ ကျောက်ဝိုင်းသည် နေ့စဉ် လူဦးရေ နှစ်သိန်းကျော် ၀င်ထွက် သွားလာနေပြီး  အခြေခံ ကျောက်မျက် အလုပ်သမား (၁၂၀၀၀၀) ကျော်ခန့် မှီခိုလုပ်ကိုင်လျက် ရှိသည်။

Messenger News Journal
မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး အတွက် မန္တလေးမြို့ ၏ နေရာဒေသ အသီးသီးတွင် အင်အား အလုံးအရင်းဖြင့် ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း မဟာအောင်မြေ ကျောက်ဝိုင်း အဆင့် မြှင့်တင်ရေး ကော်မတီထံမှ သိရသည်။

မလေးရှားတွင် ရေကြီးမှုကြောင့် လူ ၆၀,၀၀၀ ကျော် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရ

Photo: မလေးရှားတွင် ရေကြီးမှုကြောင့် လူ ၆၀,၀၀၀ ကျော် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရ
Friday, December 26, 2014

ရုတ်တရက် သည်းထန်စွာ မိုးရွာသွန်းမှု များနှင့် ဒီရေ မြင့်တက်မှု တို့ကြောင့် မလေးရှားနိုင်ငံ၏ အရှေ့မြောက် ပိုင်းပြည်နယ်များဖြစ်သော ကီလန်တန်၊ တေရင်ဂါနုနှင့် ပါဟန်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် လူ ၆၂၀၀၀ ခန့်မှာ အိမ်မှ စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

မလေးရှား နိုင်ငံမြောက်ပိုင်းရှိ မြို့တစ်မြို့ ဖြစ်သော ကူအန်တန် မြို့တွင် ရေလွှမ်းနေသည့် မြင်ကွင်း။

ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းများအရ မြစ်များရေလျှံ မှုကြောင့် ကီလန်တန်မှ လူ ၂၆,၀၀၀ကျော်၊ တေရင်ဂါနုမှ ၂၂,၀၀၀ ကျော်နှင့် ပါဟန်းမှ ၁၃,၀၀၀ နီးပါးမှာ ၎င်းတို့၏ အိမ်များမှ ဘေးလွှတ်ရာသို့ ထွက်ခွာ ခဲ့ရသည်။

မုတ်သုန်မိုးမှာ ဆယ်စုနှစ်လေးနှစ် အတွင်း အဆိုးဝါးဆုံး ရွာသွန်းခြင်း ဖြစ်သည်။ အဆိုပါ ပြည်နယ်များတွင် မိုးရွာသွန်းမှုမှာ ယခင်နှစ်ကထက် နှစ်ဆပိုကြောင်း အမျိုးသား ရာသီဥတု ဋ္ဌာနမှ အကြီးတန်း မိုးလေ၀သ ပညာရှင် မိုဟာမက် ဟစ်ရှမ်မိုဟာမက် အန်နစ်က ပြောကြား ခဲ့သည်။

Mizzima - News in Burmese
ရုတ်တရက် သည်းထန်စွာ မိုးရွာသွန်းမှုများနှင့် ဒီရေမြင့်တက်မှုတို့ကြောင့် မလေးရှားနိုင်ငံ၏ အရှေ့ မြောက်ပိုင်းပြည်နယ်များဖြစ်သော ကီလန်တန်၊ တေရင်ဂါနုနှင့် ပါဟန်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား ခဲ့သဖြင့် လူ ၆၂၀၀၀ ခန့်မှာ အိမ်မှ စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

အိုင်အက်စ်စစ်သွေးကြွအဖွဲ့ကို ရင်ဆိုင်ရန် အသင့်ပြင်ထားဟု ရုရှားသမ္မတ ပြော

Photo: အိုင်အက်စ်စစ်သွေးကြွအဖွဲ့ကို ရင်ဆိုင်ရန် အသင့်ပြင်ထားဟု ရုရှားသမ္မတ ပြော
Friday, December 26, 2014

ရုရှားသမ္မတ ပူတင်က အလယ်အာရှဒေသဟာ အစ္စလာမစ်နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေကို ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားသင့်တယ်လို့ ဒီသီတင်းပတ် အစောပိုင်းက သတိပေးလိုက်ပါတယ်။

အာဖဂန် နစ္စတန်ရဲ့အခြေအနေကို စိုးရိမ်ပြီး ရုရှား၊ ကာဇက်စတန်၊ အာမေးနီးယား၊ ဘီလာရုစ်၊ ကာဂျစ်စတန်နဲ့ တာဂျစ်ကစ္စတန်နို်င်ငံတွေ ပါတဲ့ လုံခြုံရေးသဘောတူညီမှု CSTO အဖွဲ့ဝင်နိုင်ငံတွေဟာ တုံ့ပြန်ဖို့ အဆင်သင့် ဖြစ်နေသင့်တယ်လို့ ပူတင်က မော်စကိုမှာ ကျင်းပတဲ့ CSTO အဖွဲ့ဝင်နိုင်ငံများ ဒီဇင်ဘာ ၂၃ ရက်နေ့ ထိပ်သီးညီလာခံမှာ ပြောပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံနဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ CSTO အဖွဲ့ဝင်နိုင်ငံတွေက အာရုံစိုက်ထားသင့်ကြောင်း၊ နိုင်ငံတကာတပ်တွေ ဆုတ်ခွာပြီးရင် ဒေသတခုလုံးအတွက် အစွန်းရောက်အန္တရာယ်နဲ့ မူးယစ်ကုန်ကူးမှုတွေ တိုးလာနိုင်ချေအတွက် အဆင်သင့် ဖြစ်သင့်တယ်လို့ ရုရှားနဲ့ မဟာမိတ်တွေကို ပူတင်က သတိပေးပါတယ်။

အာဖဂန်နစ္စတန်နဲ့ တာဂျစ်ကစ္စတန်ကြား နယ်စပ်လုံခြုံရေးကို အာရုံစိုက်သင့်ပြီး တာဂျစ်အစိုးရကို လက်နက်ကိုင်တပ်တွေ ခေတ်မီရေးအတွက် ဘဏ္ဍာရေး ထောက်ပံ့ရမယ်လို့လည်း ပူတင်က ဆိုပါတယ်။

တာဂျစ်ကစ္စတန်သမ္မတ အီမိုမာလီ ရာမွန်ကလည်း CSTO မဟာမိတ်တွေ အနေ နဲ့ အာဖဂန်စစ်သွေးကြွတွေနဲ့ မူးယစ်ကုန်ကူးသူတွေဆီက ခြိမ်းခြောက် မှုတွေကို ခုခံကာကွယ်ဖို့ သူ့နိုင်ငံကို ကူညီမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါ တယ်။

ဒီဗွီဘီ

ရုရှားသမ္မတ ပူတင်
ရုရှားသမ္မတ ပူတင်
ရုရှားသမ္မတ ပူတင်က အလယ်အာရှဒေသဟာ အစ္စလာမစ်နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွ တွေကို ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားသင့်တယ်လို့ ဒီသီတင်းပတ် အစောပိုင်းက သတိပေးလိုက်ပါတယ်။

သမ္မတဦးသိန်းစိန် ရခိုင်ပြည်မှာ အားပေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ္မာဝတီခန်းမမှာ ကျောက်ဖြူ မြို့ခံတွေ၊ နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ဖံွ့ဖြိုးတိုးတက်ရေး ကိစ္စ တွေကို ဆွေးနွေးခဲ့ပါတယ်။

လက်ပန်းတောင်း တောင်သူ ဈာပန ဒေသခံ ရာချီ တတ်ရောက်

Photo: လက်ပန်းတောင်း တောင်သူ ဈာပန ဒေသခံ ရာချီ တတ်ရောက်
Friday, December 26, 2014

သေနတ်ထိမှန် သေဆုံးသွားခဲ့ရတဲ့ လက်ပန်းတောင်း တောင်သူဒေါ်ခင်ဝင်း ဈာပနကို ထောင်ချီတဲ့ ဒေသခံတွေက ချီတက် အလေးပြုပြီး ကျင်းပ ခဲ့ပါတယ်။ ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေးရေး အပါအ၀င် အချက် ၃ချက်ကို ဒေသခံတွေ က တောင်းဆိုခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေက လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ လက်ပန်တောင်းက မြေသိမ်းမူတွေနဲ့ ပတ်သက်လို့ တရုပ်အစိုးရမှာ တာဝန်ရှိကြောင်း ထုတ်ဖော်တဲ့အနေနဲ့ ရန်ကုန်မြို့ တရုတ် သံရုံးရှေ့ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မအေးမာ သတင်းပေးပို့ထားပါတယ် ။

လက်ပန်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ ရတဲ့ ဒေါ်ခင်ဝင်းရဲ့ ဈာပနကို လက်ပန်တောင်းတောင်မှာ ထောင်ချီတဲ့ဒေသခံတွေက ချီတက် အလေးပြုခဲ့ပြီး ဆန္ဒပြတောင်းဆိုခဲ့တာပါ။ ဒီထဲမှာ အချက် ၃ချက်ကို သာ ဒေသခံတွေ က တောင်းဆိုခဲ့ကြောင်း စန်းမြ၀တီကျောင်းတိုက်က ဦးဇင်းဦးစန္ဒာသိရီက မိန့်ပါတယ်။

" သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ ကျဆုံးခဲ့တဲ့နေရာ၊ သေဆုံးခဲ့တဲ့ နေရာကို ချီတက်ပြီးတော့ ဝမ်းနည်းဖွယ် အထိမ်းအမှတ် နောက်ပြီးတော့ ဂုဏ်ပြု ချီတက်ပွဲလေး လုပ်လိုက်တယ် ဒကာမကြီး။ လက်ပန်းတောင် တောင်ဒေသ ခံတွေ က ဒေါ်ခင်ဝင်းကို အကြမ်းဖက် ပစ်သတ်လိုက်သော ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေါ့နော်။ စုံစမ်းရေး အစီရင်ခံစာကို မလိုက်နာတဲ့ ကြေးနီစီမံကိန်း ဖျက်သိမ်းပစ်ပေါ့နော်။ အကြမ်းဖက် သိမ်းပိုက်ခံလိုက်ရသော လယ်ယာမြေများကို ချက်ခြင်းပြန်ပေးဆိုပြီးတော့ ဒီအချက်သုံးချက်ကို ၂၆ရွာနဲ့တကွ တနိုင်ငံလုံးရဲ့ တောင်သူလယ်သမားတွေ ရဲ့ကိုယ်စား တောင်းဆိုတဲ့အချက် ကတော့ ဒီသုံးချက်ပဲ ဒကာမကြီး။ အဖွဲ့အစည်း အတော်များများရော နောက်ပြီးတော့ ဒီလက်ပန်းတောင် ပတ်ဝန်းကျင်က ကျေးရွာတွေရော၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ပေါ့ အင်အားကတော့ ကွင်းလည်းပြည့်တယ် ဆိုတော့ နှစ်ထောင်ကျော်ကျော် သုံးထောင်လောက် ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒကာမကြီး။ "

ခြံစည်းရိုးကာရံထားတဲ့ အတွင်းမှာ သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေရှိနေသလို သူတို့ မြေကြီးကို ဘယ်တော့မှ ရောင်းမှာ မဟုတ်ဘူးလို့ သေဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်းရဲ့ ဆွေမျိုးတော်စပ်သူ မိုးကြိုးပြင်ရွာသူ မဝ ကပြောပါတယ်။

" ကျမတို့ လက်ပန်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စီမံကိန်းကို ဖျက်သိမ်းရင် အကြိုက်ဆုံးပဲ။ ကျမတို့ လယ်ယာမြေတွေကို ရောင်းမှာမဟုတ်ဘူး။ သတ်ပစ်လည်း ရောင်းမှာ မဟုတ်ဘူး။ လူကို သတ်လုလည်း ကျမတို့က ရောင်းမှာမဟုတ်ဘူး။ မရောင်းနိုင်ဘူး။ ကျမတို့က တောင်သူပဲ လုပ်စားမှာ။ သူတို့ကျွန်ကိုလည်း မခံနိုင်ဘူး။ အခုဆိုရင် သူတို့က ကျမတို့ကို ရိုက်တာ ပစ်တာ၊ ကျမတို့ အခင်းတွေကို မရောင်းနိုင်လို့ ကျမတို့ ကာကွယ်တာ၊ ကျမတို့ လက်ထဲမှာဘာမှ မပါဘူး။ သူတို့ လက်ထဲမှာက သေနတ် ပါတယ်။ ဘတ်ခွ ပါတယ်။ ဓားပါတယ်။ နံပတ်တုတ် ပါတယ်။ ကျမတို့ လူထုမှာ ဘာမှ မပါဘူး။ သေနတ်နဲ့ပစ်တာ၊ တရုတ်ဝန်ထမ်းက တူနဲ့ထုတာ။ ခြံစည်းရိုး ခတ်တယ် ဆိုလို့ရှိရင် သံပိုက်လုံးကြီးတွေနဲ့ ခတ်တယ်။ အချွန်တွေ ခတ်တယ်။ တူတွေနဲ့ ထူတယ်။ လူကိုလည်း ထုတယ်။ သူတို့ သံလုံးကိုလည်း ထုတယ်။ အကုန်ထုတာ။"

ပြီးခဲ့တဲ့ရက်က ကြေးနီစီမံကိန်း ခြံစည်းရိုးကာရံမူအတွင်းမှာ ဒေသခံလူထုနဲ့ ကုမ္ပဏီဝန်ထမ်းတွေ ကုမ္ပဏီကို အကာကွယ်ပေးခဲ့တဲ့ ရဲအာဏာပိုင်တွေ တင်းမာမူဖြစ်အပြီးမှာ လူတဦးသေဆုံးပြီး ဒါဇင်နဲ့ ချီတဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာများ ရရှိခဲ့တာပါ။ မြန်မာအစိုးရပိုင် သတင်းတွေမှာတော့ ကြေးနီး စီမံကိန်းခြံစည်းရိုး ကာရံတာကိုအနှောက်ယှက်ပေးတာကြောင့် ပဌိပက္ခဖြစ်ပွားပြိးလူတဦးသေဆုံးကာ ဒေသခံတွေနဲ့ ရဲတွေ ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီအတွက် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ဖြစ်တဲ့၁၂ ဗို့ပြောင်းချောသေနတ်ကို သုံးခဲ့ရတယ်လို့ဆိုပါတယ်။

ဒေသခံတွေကတော့ သူတိုရဲ့မြေတွေ သိမ်းဆည်ခံလိုက်ရတဲ့အတွက် ဆည်တဲရွာတရွာလုံးကတော့ နောက်ထပ် စိုက်ပျိုးစားသာက်စရာမြေတွေ မရှိတော့တဲ့အတွက် တောင်သူတွေရဲ့ စားဝတ်နေရေး အတွက် အခက်အခဲတွေ ကြုံရတော့မယ်လို့ ဆိုပါတယ် လက်ရှိမှာလည်း ရွာမီးရှို့မယ် ဆိုတဲ့ သတင်းတွေ ကြားနေရတာကြောင့် ရိပ်သိမ်းပြီးသားပဲနှမ်းတွေ ပြောင်းရွှေ့နေရသလို စိုက်လက်စ မရိတ်သိမ်းရသေးတဲ့ ပဲနှမ်းတွေကတော့ ဆုံးရှုံးနစ်နာခဲ့ရပြီလို့လည်း ဆိုပါတယ်။ ဒီထဲမှာ ခြံစည်းရိုး ကာရံထားတဲ့နေရာတွေမှာ လျှပ်စစ်ဓါတ်တွေ လွှတ်ထားတယ် ဆိုတဲ့သတင်းတွေကြောင့် ကျဲနွားတိရစ္ဆာန်တွေ ရွာသားတွေအတွက် စိုးရိမ်ပူပန်မူတွေလည်း ရှိနေပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကို ခြံစည်းရိုးကိုလျပ်စစ်ဓါတ်အားတွေ လွှတ်ထားတာ ဟုတ်မဟုတ် ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ဒီသတင်းမဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

မအေးအေးမာ (VOA) - ခြံစည်းရိုးကာထားတဲ့ သွပ်ဆူးကြိုးတွေ နေရာမှာ လျှပ်စစ်ဓာတ်အားတွေ လွှတ်တယ်ဆိုတာ ဟုတ်ပါသလား။

မြန်မာဝမ်ပေါင်- ဟာ မရှိဘူး။ မရှိဘူး။ အဲ့တာဟာ ကောလဟာလပဲ။ အဲ့တာမရှိဘူး။

ရန်ကုန်မြို့မှာတော့ ညနေပိုင်းမှာ အင်အား ၆၀ ခန့်ရှိတဲ့ တက်ကြွလှုပ်၇ှားသူတွေ စုဝေးပြီး တရုတ်သံရုံးရှေ့မှာဆန္ဒပြနေကြပါတယ် နစ်နာကြေး မယူထားတဲ့မြေတွေ သိမ်းဆည်းခံရတာတွေ ဟာဒေသခံတဦးသေဆုံးရတဲ့အထိ အခြေအနေတွေ ဖြစ်ခဲ့ရတယ်ဆိုပြီး ဆန္ဒပြသူတွေကဆိုပါတယ်။ တရုတ် ကုမ္ပဏီဖြစ်တဲ့ မြန်မာ ၀မ်ပေါင်ကုမ္ပဏီ ၀န်ထမ်းတွေရဲ့ ဒေသခံတွေအပေါ် ကိုယ်ထိ လက်ရောက် ကျုးလွန်မူတွေ ရှိတာကြောင့်ဆိုပြီး တရုတ်အစိုးရမှာတာဝန်ရှိတယ်ဆိုကာ တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြကြတာဖြစ်ကြောင်းပြောပါတယ်။

voa
သေနတ်ထိမှန် သေဆုံးသွားခဲ့ရတဲ့ လက်ပန်းတောင်း တောင်သူဒေါ်ခင်ဝင်း ဈာပနကို ထောင်ချီတဲ့ ဒေသခံ တွေက ချီတက် အလေးပြုပြီး ကျင်းပ ခဲ့ပါတယ်။ ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေးရေး အပါအ၀င် အချက် ၃ချက်ကို ဒေသခံတွေ က တောင်းဆိုခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေက လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ လက်ပန်တောင်းက မြေသိမ်းမူတွေနဲ့ ပတ်သက်လို့ တရုပ်အစိုးရမှာတာဝန်ရှိကြောင်း ထုတ်ဖော်တဲ့အနေနဲ့ ရန်ကုန်မြို့ တရုတ် သံရုံးရှေ့ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မအေးမာ သတင်းပေးပို့ထားပါတယ် ။

လက်ပံတောင်းတောင်ပဋိပက္ခတွင် လူသေဆုံးမှုနှင့် ပတ်သက်၍ ကျေနပ် လောက် သည့် ဖြေရှင်းပေးမှုမရှိပါက လွှတ်တော်သို့ အဆိုတင်မည်ဟုဆို

လက်ပံတောင်းတောင်ပဋိပက္ခတွင် သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်း၏ ဈာပနအခမ်းအနား၌ ဒေသခံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))
လက်ပံတောင်းတောင်ပဋိပက္ခတွင် လူသေဆုံးမှုနှင့်ပတ်သက်၍ နှစ်ပတ်အတွင်း ဖော်ထုတ်ဖြေရှင်း ပေးမည် ဟု တိုင်းဝန်ကြီးချုပ် ကတိပေးခဲ့သော်လည်း ကျေနပ်လောက်သည့် ဖြေရှင်းပေးမှု မရှိပါက လွှတ်တော်သို့ အဆိုတင်မည်ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

အီဘိုလာ ရောဂါပိုး ဓါတ်ခွဲခန်းကနေ မပြန့်ဖို့လိုအပ်

Photo: အီဘိုလာ ရောဂါပိုး ဓါတ်ခွဲခန်းကနေ မပြန့်ဖို့လိုအပ်
Friday, December 26, 2014

အမေရိကန်ပြည်ထောင်စုက ဓါတ်ခွဲခန်းတခုရဲ့ ၀န်ထမ်းတယောက်ဟာ အီဘိုလာရောဂါပိုးမွှားတွေကို မတော်တဆ အဖုံးအကာအကွယ်မပါပဲ တနေရာကနေ တနေရာကို သယ်ဆောင်မှု လုပ်ခဲ့မိတယ်လို့ အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက CDC က ပြောပါတယ်။

အေဂျင်စီရဲ့ Atlanta, Georgia ဌာနချုပ်မှာ အခုသတင်းပတ် စောစောပိုင်း က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပမာဏသိပ်မများတဲ့ အီဘိုလာ ဗိုင်းရတ်စ် ပိုးမွှားတွေကို မှားယွင်းပြီး ဓါတ်ခွဲခန်း တခုကနေ တခြားဓါတ်ခွဲခန်း တခုကို ပြောင်းရွှေ့မှုပြုလုပ်ခဲ့ တယ်လို့ CDC အဖွဲ့ရဲ့ ပြောဆိုခွင့်ရှိသူ က ပြောပါတယ်။

ပြောင်းရွှေ့ပေးပို့လိုက်တဲ့ ဓါတ်ခွဲခန်းမှာ အီဘိုလာဗိုင်းရပ်စ်ပိုးကို ကိုင်တွယ်ဖို့ အတွက် ပစ္စည်းကရိယာ တန်ဆာပလာ တွေ တတ်ဆင်မထားဘူးလို့ပြောပါတယ်။
ဒီဓါတ်ခွဲခန်းဝန်ထမ်းကို အီဘိုလာရောဂါပိုး ကူးစက်နိုင်တဲ့ကာလဖြစ်တဲ့ ၂၁ ရက် စောင့်ကြည့်ကာလ သတ်မှတ် အကဲခတ်နေကြောင်း၊ ဒီဓါတ်ခွဲခန်းကို အ၀င်အထွက် လုပ်ခဲ့ကြတဲ့ တခြားဝန်ထမ်းအချို့ အနေနဲ့ကော ဗုင်းရပ်ပိုးမွှားကို သယ်ဆောင် သွားတာမျိုးရှိမရှိ CDC က လေ့လာနေတယ်လို့ ဆိုပါတယ်။

voa
အမေရိကန်ပြည်ထောင်စုက ဓါတ်ခွဲခန်းတခုရဲ့ ၀န်ထမ်းတယောက်ဟာ အီဘိုလာရောဂါပိုးမွှားတွေကို မတော် တဆ အဖုံးအကာအကွယ်မပါပဲ တနေရာကနေ တနေရာကို သယ်ဆောင်မှု လုပ်ခဲ့မိတယ်လို့ အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက CDC က ပြောပါတယ်။

စစ်ဆေးရေးကြောင့် ဒုက္ခသည်များကို ကူညီရေး ကြန့်ကြာမှုများ ရှိနေ

Photo: စစ်ဆေးရေးကြောင့် ဒုက္ခသည်များကို ကူညီရေး ကြန့်ကြာမှုများ ရှိနေ
Friday, December 26, 2014

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီရာမှာ အစိုးရ ဂိတ်တွေရဲ့ စစ်ဆေးမှုကြောင့် ဒုက္ခသည်တွေကို ကူညီဖို့ ခက်ခဲကြန့်ကြာမှုတွေ ရှိနေတယ်လို့ မူဆယ်မြို့က ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက ကချင်ဒုက္ခသည်စခန်းတွေကို ကူညီဖို့ ရန်ကုန်၊ မန္တလေးမြို့က အလှူပစ္စည်းတွေ မူဆယ်ဘက်ကို ပို့ဆောင်ရာမှာ မူဆယ် (၁၀၅) မိုင် ဂိတ်က စစ်ဆေးနေ တာလို့ မူဆယ် ကချင်နှစ်ခြင်း ခရစ်ယန်အသင်းက ဦးနော်ဒင်းက ပြောပါတယ်။

“လုံးဝ သွားလို့မရတာတော့မဟုတ်ဘူး။ ဒါပေမယ့် စစ်ဆေးမေးမြန်းမှုတွေက ခဏခဏ ဖြစ်နေတယ်။ တခါတလေ တရက်လုံးကြတယ်။ လွန်ခဲ့တဲ့အချိန်တုန်းက ကျနော်တို့ ပို့နေတာ ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်တောင်မစစ်ဘူး။ ဒီအတောအတွင်းမှာ ဘာဖြစ်လို့လည်းတော့ မသိဘူး။ ပစ္စည်းတွေကို ပြည်နယ်အစိုးရ ဒါမှမဟုတ် သက်ဆိုင်ရာ ၀န်ကြီးဌာနက ထောက်ခံစာလိုအပ်တယ်ဆိုပြီး ကျနော်တို့ကို ပြောတာပေါ။”

ကဦးပိုင်းစစ်ဆေးမှုနဲမတူပဲ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစပြီး အချိန်ယူစစ်ဆေးနေ တာလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား အပစ်အခတ် မရှိတော့သလောက် နီးပါးဖြစ်နေပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ လွန်ခဲ့တဲ့လပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ကိုနော်ဒင်းတို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ အလှူရှင်တွေ လှူတဲ့ ပစ္စည်းတွေကို ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ မြို့နယ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ဖြန့်ဝေပေးတာလို့ ပြောပါတယ်။

“သူများလှူလိုက်တဲ့ပစ္စည်းတွေကို မူဆယ်ကချင်နှစ်ခြင်းဘုရားကျောင်းဝင်းမှာ လက်ခံထားတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဒုက္ခသည်စခန်း ၂၃ ခု ရှိပေမယ့် ကျနော်တို့က ၁၇ ခုကိုသာ ဖြန့်ဝေပေးတယ်။ အဲစခန်း ၁၇ ခုမှာ အိမ်ထောက်စုပေါင်း ၁၄၀၄ စု လူဦးရေ ၆၀၀၀ ကျော်ရှိတယ်။”

လှူတဲ့ ပစ္စည်းအများစုဟာ စောင်၊ အနွေးထည်၊ မိုးကာ အစရှိတဲ့ ပစ္စည်းတွေသာဖြစ်ပြီး ဆန်နဲ့ စာနပ်ရိက္ခာတွေကိုတော့ နိုင်ငံတကာ အလှူရှင်တွေက ပေးလှူတယ်လို့ ပြောပါတယ်။ လှူဒါန်းမှုတွေ ရှိနေပေမယ့် မလုံလောက်ကြဘူးလို့ ပြောပါတယ်။

“တခြားဒေသတော့ ကျနော်မသိဘူး။ ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်းမှာ ဆောင်းတွင်း တော်တော်လေး အေးပါတယ်။ အနွေးထည်ဆိုရင် ကျနော်တို့သူများ လှူတဲ့ ပစ္စည်းပြန်လှူတဲ့အခါမှာ ကျနော်တို့က အကုန်လုံးကို မျှတအောင် မပေးနိုင်ဘူးလေ။ စားဝတ်နေရေးမှာဆိုရင်လည်း သက်ဆိုင်ရာက ဆန်၊ ဆီ၊ ဆား ပေးနေတာပေါ့။ ဆိုတော့ ဒီဟာနဲ့ပဲ အသက်ရှင်ရမလိုဖြစ်နေတယ်။ ဆိုတော့ တခြားဟင်းသီးဟင်းရွက်ဖိုးတို့ လိုအပ်ချက်တွေ ရှိနေတာပေါ့နော်။”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒုက္ခသည်စခန်း ၂၃ ခုရှိပြီး လူဦးရေ ၁ သောင်းကျော်ခိုလှုံနေပါတယ်။

တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာအနီးက စစ်ပြေးဒုက္ခ သည်စခန်းတွေထံ အောက်တိုဘာလကတည်းကစပြီး နိုင်ငံတကာ အကူအညီတွေ မရောက်ဘဲ ဒေသခံ အလှူတွေနဲ့သာ နေထိုင်နေကြရတယ်လို့ ကချင်ဒုက္ခသည် ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲဗီဇာက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအစိုးရသက်တမ်း ၄ နှစ်ကျော်ကာလ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်တဲ့အလားအလာတွေ မြင်တွေ့နေရချိန်မှာ နယ်စပ်တကြောနဲ့ တောတောင်တွေကြားမှာ စစ်ဘေးဒုက္ခသည် သိန်းပေါင်းများစွာကို ပြန်လည်နေရာချထားရေး အစီအစဉ်ကတော့ မသေမချာဖြစ်နေဆဲဖြစ်ပါတယ်။

dvb
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီရာမှာ အစိုးရ ဂိတ်တွေရဲ့ စစ်ဆေးမှု ကြောင့် ဒုက္ခသည်တွေကို ကူညီဖို့ ခက်ခဲကြန့်ကြာမှုတွေ ရှိနေတယ်လို့ မူဆယ်မြို့က ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

၂ဝ၁၅ အလွန် သမ္မတရာထူးအတွက် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အား ပြည်ခိုင်ဖြိုးပါတီ ရွေးချယ်ထားဟုဆို

Photo: ၂ဝ၁၅ အလွန် သမ္မတရာထူးအတွက် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အား ပြည်ခိုင်ဖြိုးပါတီ ရွေးချယ်ထားဟုဆို
Friday, December 26, 2014

ရန်ကုန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်သမ္မတရာထူးကို လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ပါတီအနေနဲ့က တော့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတနေရာကို လက်ရှိသမ္မတဦးသိန်း စိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေ မန်းတို့ကို ရွေးချယ်ထားတယ်။ အဲလို ရွေးချယ်ထားတာ ၂ဝ၁၃ ခုနှစ်ကတည်း ကပါ။ အဲ့လိုပဲ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တွေလဲ ရွေးထားပြီးပါပြီ''ဟု အဆိုပါပါတီမှ အမည်မဖော်လိုသူပါတီ အကြီးအကဲတစ်ဦးက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီသည် နဝတ၊ နအဖခေတ် တစ်လျှောက်လုံး၌ တပ်မတော်နှင့်အ တူ လှုပ်ရှားဆောင်ရွက်ခဲ့သောပါတီ တစ်ခုဖြစ်ပြီး ၄င်းပါတီသည် ၁၉၉၃ခု နှစ် အောက်တိုဘာ ၉ ရက်တွင် မြို့ တော်ခန်းမ (လက်ရှိ ရန်ကုန်မြို့တော် စည်ပင်ရုံး)၌ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမှ ဗဟိုနာယကအဖြစ်တာ ဝန်ယူပြီး အသင်းအဖြစ် တည်ထောင် ပေးခဲ့ကာ ယခုလက်ရှိကျင့်သုံးနေသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ၄င်းပါတီမှ စိတ်ကြိုက်ရေးဆွဲခြင်းဖြစ် သည်ဟု အဝေဖန်ခံနေရသည့် ပါတီ လည်းဖြစ်သည်။

''အဘတို့ကတော့ ပါတီဖွဲ့စည်းပုံ ရှိတယ်။ အဲဒီဖွဲ့စည်းပုံအတိုင်း ပါတီက လှုပ်ရှားဆောင်ရွက်နေတာ။ အခုဆိုပါတီ မှာ သမ္မတရာထူးကတော့ နှစ်ယောက် လေ။ လက်ရှိသမ္မတကလဲ ဖွဲ့စည်းပုံ အရ နောက်ထပ်တာဝန်ယူခွင့်ရှိတယ်။ သမ္မတကြီးကိုယ်တိုင်ကလဲ သူ့ရဲ့သက် တမ်းအကုန်မှာအနားယူမယ်လို့ တရား ဝင် ပြောဆိုထားတာမရှိသလို ဦးရွှေ မန်းကလဲ ၂ဝ၁၅ သမ္မတရာထူးကိုထမ်း ဆောင်ဖို့ အားကြိုးမာန်တက်ဆောင် ရွက်နေတယ်''ဟု အထက်ပါအမည်မ ဖော်လိုသူ အကြီးအကဲကပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂ဝ၁ဝရွေး ကောက်ပွဲတွင် မဲအများဆုံးအနိုင်ရရှိ ကာ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့ စည်းနိုင်ခဲ့သည့်ပါတီကြီးတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ပြိုင်ဘက်ပါတီများ အား ရှုံးနိမ့်ခဲ့သောပါတီလည်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးလေ့လာသူ Bertil Linter က ''သူတို့နှစ်ယောက်စလုံး က ဘယ်သူသမ္မတဖြစ်ဖြစ် လက်ရှိနိုင်ငံ တိုးတက်ဖို့ ပြောင်းလဲစွာ လုပ်ဆောင် ပေးနိုင်မယ်လို့တော့ မထင်ပါဘူး။ သူ တို့ရဲ့အာဏာခွဲဝေမှုကလဲ ဒီအတိုင်းပဲ လေ။ ဦးသိန်းစိန်လက်ထက်မှာ ရင်းနှီး မြှုပ်နှံမှုတွေက မြန်မာနိုင်ငံကိုရောက်ရှိ လာတယ်။ ဒီမိုကရေစီစံအရတော့ ပြောင်း လဲမှု မရှိဘူး။ နောက်သက်တမ်းမှာလဲ ဒီ့ထက်ပိုပြီး တိုးတက်လာမယ်လို့တော့ မထင်ဘူးလေ။ ပြီးတော့ သူ့ရဲ့လုပ်ငန်း စဉ်တွေကို ပြည်သူသိဖို့လစဉ်ပြောနေ တာပဲ။ ပြည်သူတွေကို ဘယ်လောက် လုပ်ပေးနိုင်ခဲ့လဲ။ လူထုက သိနေပြီ''ဟု ပြောသည်။

အမည်မဖော်လိုသူ ပြည်ခိုင်ဖြိုး ပါတီအကြီးအကဲ၏အဆိုအရတော့ လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မှအတွေ့အကြုံများကို သင်ခန်းစာယူ ကာ လူထုထောက်ခံမှုရရှိအောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group
ရန်ကုန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်သမ္မတရာထူးကို လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။

အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး

Photo: အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး
Friday, December 26, 2014

အာဏာရှင်စနစ်က ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နည်း သုံးမျိုးရှိတယ်လိုပ ယေဘုယျအားဖြင့် သတ်မှတ်ကြပါတယ်။ အစိုးရက ဦးဆောင်ပြီး အသွင်ကူးပြောင်းတဲ့နည်း၊ အစိုးရနဲ့ ပြည်သူလက်တွဲပြီး အသွင်ကူးပြောင်းတဲ့နည်း နဲ့ ပြည်သူလူထု ဦးဆောင်ပြီး ပြောင်းလဲတဲ့နည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပြည်သူလူထု ဦးဆောင်ပြီး အသွင်ကူးပြောင်းဖို့ (၁၉၈၈) နဲ့ (၁၉၉၀) မှာ ကြိုးစားတာကို စစ်တပ်က လက်မခံနိုင်တဲ့အတွက် အချည်းနှီးဖြစ်သွားပါတယ်။ အခုတော့ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းတွေ ဦးဆောင်တဲ့ အစိုးရက အသွင်ပြောင်းဖို့ လုပ်နေတာမို့ အရပ်သားလူထု ပါဝင်နိုင်တဲ့ အတိုင်းအတာကို စောင့်ကြည့်ရပါလိမ့်မယ်။

စစ်ခုံရုံးက ထောင်ဒဏ် (၁) နှစ် ပေးထားတဲ့ မုဒိမ်းမှုတရားခံစစ်သားကို မူဆယ်မြို့ နယ် တရားရုံးက ပြန်လည်စစ်ဆေးပြီး ထောင်ဒဏ် (၁၃) နှစ် ချမှတ်တဲ့အမှုကို အရပ်သားတရားစီရင်ရေး အောင်ပွဲခံတဲ့သဘောနဲ့ ဒီဇင်ဘာ (၁၁) ရက်နေ့ထုတ် Open Democracy အင်တာနက်သတင်းမှာ ဖော်ပြပါတယ်။ အရပ်သားအဖွဲ့တွေရဲ့  တောင်းဆိုမှုကြောင့် စစ်ခုံရုံးက စစ်ဆေးအပြစ်ပေးပြီးသာ မုဒိမ်းမှုကို အရပ်တရားရုံးကို လွှဲပြောင်းပေးတာဟာ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးမှာ အရေးပါတယ်လို့ မြင်ကြပါတယ်။ တကယ်တော့ ဒီဆက်ဆံရေးဟာ လက်ရှိ စစ်ဗိုလ်၊ စစ်ဗိုလ်ဟောင်းနဲ့ အရပ်သားတို့ရဲ့  ဆက်ဆံရေး ဖြစ်ပါတယ်။

စစ်မှုထမ်းမှာ အမိန့်နာခံမှုဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ အမိန့်နာခံတဲ့ စစ်မှုထမ်းဟာ အပြစ်မရှိဘဲ အမိန့်မနာခံသူသာ အပြစ်ရှိတယ်လို့ သတ်မှတ်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံတဲ့ ဗိုလ်မှူးတဦးကို အမိန့်မနာခံမှုနဲ့ မကြာမီက ထောင်ဒဏ် (၂) နှစ် ချလိုက်ပါတယ်။ အမိန့်နာခံသူဟာ အမှားအမှန် ဝေဖန်ပိုင်းခြားရေးကို ဂရုမစိုက်ပါဘူး။ ဒါကြောင့် အထက်ကခိုင်းလို့ လူ့အခွင့်အရေးမှန်သမျှ ချိုးဖောက်တာကို အပြစ်မရှိဘူးလို့ စစ်မှုထမ်းက ယူဆပါတယ်။ စစ်တပ်နဲ့ ကင်းကွာလာတဲ့အခါကြမှ စစ်ဗိုလ်ဟောင်းမှာ ဝေဖန်နိုင်တဲ့စွမ်းရည် ရှိလာတာ တွေ့ရပါတယ်။ အရပ်သားဘဝမှာ အနေကြာလာလေလေ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့စွမ်းရည် တိုးပွားလေလေ ဖြစ်တာမို့ ကြံ့ဖွံ့ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် စစ်ဗိုလ်ဟောင်းအချို့ ဟာ အခြေခံဥပဒေကို ပြင်ဆင်လိုကြပါတယ်။

ဒါပေမဲ့ စစ်တပ်ကိုယ်စားလှယ်နဲ့ ကာချုပ်ကြီးကတော့ ဦးသန်းရွှေ စီစဉ်ခဲ့တဲ့ ပုံစံအတိုင်းသာ လုပ်လိုပြီး အခြေခံဥပဒေပြင်ဆင်ရေးကို စိတ်မဝင်စားပါဘူး။ အမိန့်နာခံဖို့သာ အဓိက ဖြစ်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လက်မှတ်ကောက်ယူတဲ့ လှုပ်ရှားမှုမှာ လက်မှတ်မထိုးဖို့ စစ်တပ်မှာ အမိန့်ထုတ်ထားပါတယ်။ ဒါကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်မှာ ဆွေးနွေးတဲ့ စစ်ဗိုလ်ဟာ အမိန့်မနာခံသူအဖြစ် အရေးယူခံရဖွယ် ရှိပါတယ်။ ဒီသဘောတရားနဲ့ ကြည့်မယ်ဆိုရင် လွှတ်တော်ထဲက စစ်တပ်ကိုယ်စားလှယ်တွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့  အမိန့်အတိုင်း လှုပ်ရှားနေကြသူတွေ ဖြစ်ပါတယ်။ အမိန့်နာခံတဲ့ စစ်တပ်ကိုယ်စားလှယ်ဟာ အမှားအမှန်ကို မမြင်နိုင်ပါဘူး။ ဒီလူတွေကို နိုင်ငံရေးဆွေးနွေးအောင် ကြံ့ဖွံ့အမတ် စစ်ဗိုလ်ဟောင်းတွေကတောင် စည်းရုံးနိုင်မှာ မဟုတ်ပါဘူး။

၁၉၇၄ ခုနှစ် ဆိုရှယ်လစ်အခြေခံဥပဒေမှာ ပြည်သူ့လွှတ်တော်ဟာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်ပါတယ်။ စစ်ဗိုလ်ဟောင်းနဲ့ အရပ်သားပေါင်းစည်းပြီး တစ်ပါတီ ဆိုရှယ်လစ်စနစ် တည်ဆောက်တဲ့အစီအစဉ် ဖြစ်ပါတယ်။ စစ်တပ်ကတော့ ပြည်တွင်းစစ်မှာ တိုက်ခိုက်ဖို့ကိုသာ အဓိကထားပါတယ်။ ဒါပေမဲ့ လွှတ်တော်နဲ့ ပါတီဟာ ဦးနေဝင်းရဲ့  လက်အောက်ခံ ဖြစ်နေပါတယ်။ ဒီသဘောကို ဆန့်ကျင်ဖို့ ပါတီက ကြံစည်တဲ့ ၁၉၇၇ တတိယညီလာခံမှာ လက်ဝဲဝါဒီအရပ်သားနဲ့ စစ်ဗိုလ်ဟောင်း အများအပြားကို ပါတီက ထုတ်ပစ်လိုက်ပါတယ်။ စစ်ဗိုလ်ကိုကြိုးကိုင်ပြီး နိုင်ငံရေးလုပ်ရင် မအောင်မြင်ကြောင်း ဂျပန်ပညာရှင် Dr. Yoshihiro nakanishi က Strong Soldiers: Failed Revolution စာအုပ်မှာ ဖော်ပြထားပါတယ်။ အခုလဲ ဦးနေဝင်းပုံစံမျိုး ဖြစ်ပေမယ့် ဦးသန်းရွှေက ကိုယ်ပိုင်နည်းပရိယာယ်ကို သုံးထားပါတယ်။

ဦးနေဝင်းဟာ သူ့ကိုယ်ရံတော် ထောက်လှမ်းရေးနဲ့ ထိပ်ပိုင်းစစ်ဗိုလ်တစ်စုကတဆင့် နိုင်ငံရေးကစားသူဖြစ်ပြီး စနစ်တစ်ခုတည်ဆောက်ဖို့ စိတ်ဝင်စားသူ မဟုတ်ပါဘူး။ ထောက်လှမ်းရေးကို အားကိုးပြီး ဖြုတ်ထုတ်ဖမ်း လမ်းစဉ်ကို ကျင့်သုံးသူဖြစ်လို့ စစ်ဗိုလ်ကြီးတွေ ကျီးလန့်စာစား ဖြစ်ကြရပါတယ်။ ၁၉၈၈ အရေးတော်ပုံကြောင့် မဆလ နိဂုံးချုပ်ပြီး စစ်အစိုးရတက်လာတဲ့အခါ ဦးနေဝင်းရဲ့  ကိုယ်၇ံတော် ဗိုလ်ခင်ညွှန့် အရေးပါလာပါတယ်။ ဒါပေမဲ ဦးနေဝင်းသေပြီး (၂) နှစ်အကြာမှာတော့ ဗိုလ်ခင်ညွှန့်အုပ်စုကို ဖြုတ်ပစ်နိုင်တာကိုကြည့်ရင် စစ်အာဏာရှင်ဟောင်းရဲ့  သြဇာအရှိန်အဝါ အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။

စစ်တပ်နဲ့ ကင်းကွာသွားတဲ့ ဦးနေဝင်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လုပ်သမျှ ခံရတဲ့ဘဝကို ရောက်သွားပါတယ်။ ဦးနေဝင်းလို့ ဇာတ်သိမ်းမကောင်းမှာ စိုးရိမ်တဲ့အတွက် အခြားစစ်ဗိုလ်တွေနဲ့ ဝေစားမျှစားလုပ်တဲ့ လက်ရှိစနစ်ကို ဦးသန်းရွှေ တည်ထွင်ထားတာ ဖြစ်ပါတယ်။ အခွင့်ထူးခံ ဓနရှင်စစ်ဗိုလ်လူတန်းစား ဦးသန်းရွှေလက်ထက်မှာ ပေါ်ထွက်လာပါတယ်။ အခြေခံဥပဒေနဲ့ နေပြည်တော်ဟာ ဦးသန်းရွှေနဲ့ စစ်အုပ်စု တည်ဆောက်ထားတဲ့ ခံတပ်ကြီး ဖြစ်ပါတယ်။ ဦးသန်းရွှေ မသေခင် ပြောင်းလဲဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ ဈေးကွက်စနစ်၊ ပါတီစုံစနစ်၊ အရပ်သားအဖွဲပအစည်း၊ ပြုပြင်ရေးနဲ့ နိုင်ငံခြား ကူညီမှုတွေ အားကောင်းလာရင် ကောင်းသလို အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး အသွင်ကူးပြောင်းနိုင်ဖွယ် ရှိပါတယ်။

voa
အာဏာရှင်စနစ်က ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နည်း သုံးမျိုးရှိတယ်လိုပ ယေဘုယျအားဖြင့် သတ်မှတ် ကြပါတယ်။ အစိုးရကဦးဆောင်ပြီး အသွင်ကူးပြောင်းတဲ့နည်း၊ အစိုးရနဲ့ ပြည်သူလက်တွဲပြီး အသွင်ကူး ပြောင်းတဲ့ နည်း နဲ့ ပြည်သူလူထု ဦးဆောင်ပြီး ပြောင်းလဲတဲ့နည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပြည်သူလူထု ဦးဆောင်ပြီး အသွင်ကူးပြောင်းဖို့ (၁၉၈၈) နဲ့ (၁၉၉၀) မှာ ကြိုးစားတာကို စစ်တပ်က လက်မခံနိုင်တဲ့ အတွက် အချည်းနှီးဖြစ်သွားပါတယ်။ အခုတော့ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းတွေ ဦးဆောင်တဲ့ အစိုးရက အသွင်ပြောင်းဖို့ လုပ်နေတာမို့ အရပ်သားလူထု ပါဝင်နိုင်တဲ့ အတိုင်းအတာကို စောင့်ကြည့်ရပါလိမ့်မယ်။

မန္တလေးမြို့ စည်ပင်ရေ မသန့်မှုကြောင့် မြို့ခံများ အခက်တွေ့

water2
မန္တလေးမြို့ မြို့ရေပေးရေး (စည်ပင်ရေ) သန့်ရှင်းမှုမရှိဘဲ စည်ပင်ရေကိုသာ အားထားသုံးစွဲနေရတဲ့ မြို့ခံအချို့ အခက်တွေ့နေကြပါတယ်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ SNDP ပါတီမှ နုတ်ထွက်လျှင် လျော်ကြေး ၁၀ ဆ ပေးဆောင်ရမည်

Photo: ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ SNDP ပါတီမှ နုတ်ထွက်လျှင် လျော်ကြေး ၁၀ ဆ ပေးဆောင်ရမည်
Friday, December 26, 2014

ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ရွေးကောက်ပွဲအပြီး ပါတီမှ နုတ်ထွက်လျှင် လျော်ကြေးငွေအဖြစ် ကိုယ်စားလှယ်ကြေး၏ ၁၀ ဆ ပါတီသို့ ပြန်ပေးရမည် ဖြစ်ကြောင်း SNDP ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ နှင့် ၂၀ ရက် နှစ်ရက်တိုင် ပြုလုပ်သော SNDP ၏ နဝမအကြိမ် မြောက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးက အထက်ပါအတိုင်း ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

SNDP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ်ဖြစ်ပြီးမှ နုတ်ထွက်သွားမည့် သူများ ရှိလာနိုင်သောကြောင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်ကြေး ငါးသိန်းဖြစ် ပါက ပါတီသို့ သိန်း (၅၀) လျော်ကြေးပေးဆောင်ရမည့် ခံဝန်စာချုပ်ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများက လက်မှတ်ထိုး ရမည် ဖြစ်ကြောင်း ဦးရဲထွန်းက ဆိုသည်။

“၂၀၁၀ တုန်းက SNDP ကနေပြီး ကိုယ်စားလှယ် ဖြစ်ခဲ့ပေမယ့်၊ တခြားပါတီတွေ ကို ကူးပြောင်းသွားတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်၊ အဲဒါမျိုးတွေ ထပ်မဖြစ် အောင် ပါတီက မူဝါဒတစ်ရပ် ချတာပါ” ဟု ၎င်းကဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးသည် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သို့ ၂၀၁၄ ခုနှစ်အတွင်း ပြောင်းရွှေ့ခဲ့သည်။

ယင်းသို့ ပါတီ ပြောင်းရွှေ့သွားသူများက SNDP ပါတီ၏ မူဝါဒများသည် အများပြည်သူဆန္ဒနှင့် ကိုက်ညီမှု မရှိသောကြောင့် နုတ်ထွက်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ ပါတီပြောင်းရွှေ့ခြင်းသည် ကိုယ်စားလှယ်များ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA ညီလာခံတွင် ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၅၇ နေရာတွင် အနိုင်ရရှိထားသည့် ပြည်ထောင်စုလွှတ်တော် အတွင်း တတိယ မဲအများဆုံး ပါတီဖြစ်သည်။

The Voice Weekly
ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ရွေးကောက်ပွဲအပြီး ပါတီမှနုတ်ထွက်လျှင် လျော်ကြေးငွေအဖြစ် ကိုယ်စားလှယ်ကြေး၏ ၁၀ ဆ ပါတီသို့ ပြန်ပေးရမည် ဖြစ်ကြောင်း SNDP ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

မြေယာပြဿနာကို မဖြေရှင်းပေးနိုင်လျှင် အများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရ မည်ဖြစ်ပြီး အစိုးရနှင့်လွှတ်တော် ကျန်ရှိသက်တမ်းအတွင်း အပြီးဖြေရှင်း ပေး ရန် လိုဟု သူရဦးရွှေမန်း ပြောကြား

ယနေ့အချိန်ကာလတွင် မြေယာပြဿနာကို မဖြေရှင်းပေးနိုင်လျှင် အများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရမည် ဖြစ်ပြီး လက်ရှိအစိုးရနှင့် လွှတ်တော်တို့၏ ကျန်ရှိ သည့် သက်တမ်းအတွင်း အပြီးဖြေရှင်းပေးရန်လိုသည်ဟု ပြည်ထောင်စု လွှတ် တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အမှားအယွင်းဖြစ်ခဲ့သော ဗိုလ်ချုပ်ရုပ်ရှင်အပိုင်းကို ပြန်လည်ရိုက်ကူး

အောက်တိုဘာအတွင်း ဗိုလ်ချုပ်ဆောင်ဆန်းရုပ်ရှင်အ တွက် ရိုက်ကူးခဲ့သော နမူနာအမြည်း (Teasar) တွင် မှားယွင်းမှုများ ရှိခဲ့ခြင်းကြောင့် ဒီဇင်ဘာ ၂၄ ရက်က သန်လျင်မြို့တွင် ပြန်လည်ရိုက်ကူးခဲ့သည်။

ကွမ်းခြံကုန်းနှင့် မြိတ် ကျောက်မီးသွေးစက်ရုံနှစ်ခု၏ EIA အစီရင်ခံစာ စတင်စစ်ဆေး

မြန်မာနိုင်ငံတွင် တည် ဆောက်ရန် လျာထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၂ ခုရှိသည့်အနက် ကွမ်းခြံကုန်းနှင့် မြိတ်တွင် တည်ဆောက်မည့် စက်ရုံနှစ်ခု၏ ပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်း (EIA) စစ်ဆေးသည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ သတင်းရရှိသည်။

ကင်ညာနိုင်ငံက အကြမ်းဖက်ခံ အမျိုးသမီးငယ်တွေရဲ့ဘဝ

ဓာတ်ပုံများ - Reuters
ကင်ညာနိုင်ငံမှာရှိတဲ့ အမျိုးသမီးငယ်လေးတွေကို ထိမ်းမြားလက်ထပ်ဖို့ရန် ခန်းဝင်ပစ္စည်းကြေးအဖြစ် အိမ်မွေးတိရစ္ဆာန်တွေနဲ့လဲလှယ်ခြင်းခံရပြီး အမျိုးသမီးတစ်ဦးအဖြစ် ဓလေ့ထုံးတမ်းအရ အသိအမှတ်ပြုတဲ့ ပွဲကာလမှာတော့ တော်တော်ကို စိတ်နှလုံးကြေကွဲဖွယ်ကောင်းတဲ့အချိန်ဖြစ်ပါတယ်။

ဝှိုက်ကတ်ကိုင်ဆောင်သူများတွင် နိုင်ငံသား ဖြစ်၊ မဖြစ်စိစစ်နေသူများပါဝင်၍ မဲပေးခွင့်နှင့်ပတ်သက်၍ စဉ်းစားပေးရန်သာ သမ္မတကအကြံပြုခဲ့ဟုဆို

ယာယီသက်သေခံလက် မှတ် (White Card) ကိုင်ဆောင် သူများတွင် လူမျိုးခြားများအပြင် နိုင်ငံသား အဖြစ်စိစစ်ဆဲတိုင်းရင်းသားများပါဝင်သောကြောင့် မဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေသော   လွှတ်တော်ကိုစဉ်း စားပေးရန် သမ္မတက အကြံပြု ခဲ့ခြင်းဖြစ်ပြီး အဆုံး အဖြတ် ပေးခြင်းမျိုးမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန  ပြည်ထောင်စု ဝန် ကြီးဦးခင်ရီကပြောသည်။

လက်ပံတောင်းလူသေမှု စုံစမ်းမှုရလဒ်ရရှိရန် မျှော်လင့်နေကြောင်း တရုတ်သံရုံးထုတ်ပြန်

လက်ပံတောင်းတောင် အဓိကရုဏ်းတွင် သေကျေထိ ခိုက်မှုများကို စိုးရိမ်မိ ကြောင်းနှင့် ယင်းအဖြစ် အပျက်ကို အာဏာပိုင်များထံမှ စုံစမ်းစစ်ဆေးမှုရလဒ်များရရှိရန်မျှော်လင့်ကြောင်း ရန်ကုန်ရှိ တရုတ်သံရုံး က ဒီဇင်ဘာ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

Thursday, 25 December 2014

အကြမ်းဖက်မှု ကိစ္စရပ်များကို စီရင် စစ်ဆေးရန် စစ်ဘက် တရားရုံးများ ပါကစ္စတန် ဖွဲ့စည်းမည်

Photo: အကြမ်းဖက်မှု ကိစ္စရပ်များကို စီရင် စစ်ဆေးရန် စစ်ဘက် တရားရုံးများ ပါကစ္စတန် ဖွဲ့စည်းမည် 
Thursday, December 25, 2014 

အကြမ်းဖက်မှု ဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးဆုံးဖြတ်မည့် စစ်ဘက် တရားရုံးများကို ဖွဲ့စည်း တည်ထောင် သွားရန် ပါကစ္စတန် ခေါင်းဆောင်များက ဒီဇင်ဘာ ၂၄ ရက်တွင် သဘောတူ ခဲ့ကြသည်။ နိုင်ငံတွင် တာလီဘန်တို့က ပတ်ရှဝါမြို့ရှိ စာသင်ကျောင်း ကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း အာဏာပိုင်များက အကြမ်းဖက်မှု ဆိုင်ရာ အမျိုးသား စီမံချက် တစ်ခုအတွက် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြ ပြီးနောက် သဘောတူခဲ့ ကြခြင်း ဖြစ်သည်။

“နိုင်ငံရေး ပါတီတွေက စစ်ဘက် တရားရုံးတွေ ဖွဲ့စည်းဖို့ သဘောတူလိုက်ပါပြီ”ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိတစ်ဦးက ပြောသည်။ အကြမ်းဖက်မှုနှင့် သက်ဆိုင်သည့် အမှုကိစ္စများ အားလုံးကို အဆိုပါ စစ်ဘက် တရားရုံးများက ကိုင်တွယ်သွားမည်ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှဝါ ဒေသရှိ စစ်တပ်က ခန့်ခွဲနေသော စာသင်ကျောင်း တစ်ကျောင်းကို တာလီဘန်များက ၀င်ရောက်တိုက်ခိုက် ခဲ့မှုကြောင့် ကျောင်းသား အများစု အပါအ၀င် လူ ၁၅၀ ခန့် သေဆုံးခဲ့ပြီးနောက်ပိုင်း ပါကစ္စတန် နိုင်ငံရေး ပါတီများသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအစဉ်တစ်ရပ် ရေးဆွဲရန် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ စစ်ဘက် တရားရုံးများကို နှစ်နှစ် သက်တမ်းတစ်ရပ်ဖြင့် တည်ထောင်သွားမည်ဟု ပါကစ္စတန် အတိုက်အခံ ပါတီ ခေါင်းဆောင် ဆိုင်ခါရှီရှာက ပြောကြားသည်။

“အကြမ်းဖက်သမား တွေကိုပဲ ဒီတရားရုံးတွေမှာ စီရင်သွားမှာဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက်တွေအတွက် အသုံးပြုသွားမှာ မဟုတ်ပါဘူး၊ စစ်ဘက် တရားရုံးတွေ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က အကြမ်းဖက်သမားတွေကို အချိန်မြန်မြန်ဆန်ဆန်နဲ့ စစ်ဆေးသွားနိုင်ဖို့ပါ၊ ကျွန်တော်တို့ရဲ့ တရားရေး စနစ်မှာက ဟာကွက်တွေ အများကြီး ရှိပါတယ်”ဟု အတိုက်အခံ ပါတီခေါင်းဆောင် ဆိုင်ခါရှီရှာက ပြောသည်။ စစ်ဘက် တရားရုံးများ ဖွဲ့စည်းရေးကို လွယ်ကူချော့မွေ့စေရန် ဖွဲ့စည်းပုံ ဥပဒေကိုလည်း ပြင်ဆင်သွားရန် နိုင်ငံရေး ပါတီအားလုံးက သဘောတူညီခဲ့ကြသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်လာသူများက  နိုင်ငံ သမိုင်းတစ်လျှောက်တွင် လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့သည့် စာသင်ကျောင်း တိုက်ခိုက် ခံရမှုအပေါ် ပြစ်တင်ဝေဖန်ရင်း ယခု ဆုံးဖြတ်ချက်ကို တခဲနက် သဘောတူခဲ့ကြသည်။ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နောက် ပိုင်း နိုင်ငံတွင် သေဒဏ်ချမှတ်မှုကို ခြောက်နှစ်ကြာ ဆိုင်းငံ့ထားခြင်း ကိုလည်း ၀န်ကြီးချုပ် နာဝက်ဇ် ရှာရစ်က ရုပ်သိမ်းသွားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ပတ်ရှဝါ စာသင်ကျောင်းကို ၀င်ရောက် ပစ်ခတ်သတ်ဖြတ် ခဲ့သည့် သေနတ်သမားများ
ပတ်ရှဝါ စာသင်ကျောင်းကို ၀င်ရောက် ပစ်ခတ်သတ်ဖြတ် ခဲ့သည့် သေနတ်သမားများ
အကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များကို စစ်ဆေးဆုံးဖြတ်မည့် စစ်ဘက် တရားရုံးများကို ဖွဲ့စည်း တည်ထောင် သွားရန် ပါကစ္စတန်ခေါင်းဆောင်များက ဒီဇင်ဘာ ၂၄ ရက်တွင် သဘောတူ ခဲ့ကြသည်။ နိုင်ငံတွင် တာလီဘန်တို့က ပတ်ရှဝါမြို့ရှိ စာသင်ကျောင်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း အာဏာပိုင်များက အကြမ်းဖက်မှုဆိုင်ရာ အမျိုးသားစီမံချက်တစ်ခုအတွက် အစည်းအဝေးတစ်ရပ် ကျင်းပ ခဲ့ကြ ပြီးနောက် သဘောတူခဲ့ ကြခြင်း ဖြစ်သည်။

ဒေါ်ခင်ဝင်း (သို့မဟုတ်) လက်ပံတောင်း အကြမ်းဖက်မှု၏ သားကောင်

Photo: ဒေါ်ခင်ဝင်း (သို့မဟုတ်) လက်ပံတောင်း အကြမ်းဖက်မှု၏ သားကောင်
Thursday, December 25, 2014

“ဝေး … ဝေးပါပြီအေ … သဘောကောင်းတဲ့မိန်းမကြီးပါ။ သဘောကောင်းတဲ့ မိန်းမကြီးရေ … မခင်ဝင်း” ဆိုပြီး ဆွဲဆွဲငင်ငင် ငိုကြွေးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတဦးရဲ့ အသံဟာ မိုးကြိုးပြင်ရွာထဲက နာရေး အိမ်ခြံ ဝင်းအတွင်းကနေ ပဲ့တင်ထပ်လို့နေပါတယ်။

ယာမြေသိမ်းခံဘဝတူ သူငယ်ချင်းဒေါ်ခင်ဝင်း သေဆုံးသွားတဲ့အတွက် ဒေါ်ခင်ဝင်းရဲ့ ခေါင်းတလားကို ဖက်ပြီးငိုကြွေးနေတဲ့ ဆည်တည်းရွာသူ မခင်ဆင့်ရဲ့ ငိုသံနဲ့ အတူ ခေါင်းတလားဘေးပတ်လည်မှာရှိတဲ့ ဆွေးမျိုးတွေနဲ့ ရွာသူရွာသားတွေရဲ့
ကြေကွဲ ဝမ်းနည်းနေကြတဲ့ မျက်နှာတွေပေါ်မှာလည်း မျက်ရည်စတွေနဲ့ပါ။

အိမ်ခြံဝင်းအတွင်းမှာလည်း ရပ်နည်းရပ်ဝေးက မိတ်ဆွေတွေ လယ်သိမ်းခံ ဘဝတူတောင်သူတွေနဲ့ လူမှုကူညီရေး အဖွဲ့ အစည်း တွေလည်း ရောက်ရှိနေကြလို့ အိမ်ဝင်းအတွင်းပြည့်နှက်လို့နေပါတယ်။

သေဆုံးသူ ဒေါ်ခင်ဝင်းမှာ သမီးနှစ်ယောက်ရှိပြီး ၂ ယောက်လုံးက မန္တလေးမှာ နေထိုင်ကြတာဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်သူ ကတော့ အသက်ဆုံးပါးသွားတာ ၂၅ နှစ်ခန့်ကြာပြီဖြစ်ပြီး ဘိုးဘွားပိုင်ယာမြေ ၇ ဧကကျော်ကို ထွန်ယက်စိုက်ပျိုးရင်း တယောက်တည်း ရုန်းကန် လာခဲ့သူ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆောင်ရွက်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက လျှော်ကြေးရယူထားခြင်းမရှိတဲ့ စစ်ကိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တုံရွာနဲ့ မိုးကြိုးပြင်အလယ်ကျေးရွာမှ လယ်ယာမြေ တွေကို အတင်းအဓမ္မ၀င်ရောက် သိမ်းယူ ခြံစည်းရိုးကာခဲ့ပါတယ်။ ရာပေါင်းများစွာသော ဒေသခံတွေက ၀မ်ပေါင် ကုမ္ပဏီရဲ့ အဓမ္မမြေသိမ်း ခြံစည်းရိုးခတ်မှုကို ဆန့်ကျင်ကြရမှာ ဒေါ်ခင်ဝင်းတဦးလည်း အပါအ၀င်ဖြစ်ပါတယ်။

မြေသိမ်းခံရလို့ ကံဆိုးမိုးမှောင်ကျ ပူဆွေးသောက ရောက်နေရတဲ့ ဒေါ်ခင်ဝင်းဟာ ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေး ယူပေးထားတဲ့ ရဲတပ်ဖွဲ့က သေနတ် နဲ့ ပစ်ခတ်မှု ကြောင့် ဦးခေါင်းပွင့်ထွက် သေဆုံးသွားခဲ့ရပါတယ်။ “ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့ စကားပုံက ဒေါ်ခင်ဝင်းအတွက်တော့ အဟုတ်အမှန် ဖြစ်စေခဲ့ပါတယ်။

“အဲဒီမနက်က ထူးထူးခြားခြား မနက်လေးနာရီ တုန်းခေါက်သံကြားတဲ့ အချိန်မှာ သူကျမကို စကားလာပြောတယ်။ မနီတဲ့ ညကသူအိမ်မက်တွေမက်တယ်တဲ့။ အိမ်မက်ထဲမှာ သနပ်ခါးတွေလူးတယ်။ အင်းကျီသစ်၊ ထမီသစ်နဲ့တဲ့ သွားတွေလည်း ကျွတ်ကျတယ်တဲ့။ ကျမက အစောကြီးရှိသေးတယ်။ ပြန်အိပ်ပါဆိုတော့ မအိပ်ဘူးဆိုပြီး ကျမကို သူ့ပေါင်ပေါ်တင်ပြီး စကားတွေပြောနေတာ” လို့ ဒေါ်ခင်ဝင်းနဲ့ တအိမ်တည်းအတူနေတဲ့ မအေးစွာက ပြောပါတယ်။

ဒေါ်ခင်ဝင်းနဲ့ အတူနေတဲ့ မအေးစွာဟာ မိုးကြိုးပြင်မြောက်ရွာသူ မိဘမဲ့ တယောက်ဖြစ်ပြီး ခန္ဓာကိုယ် အောက်ပိုင်း မသန်စွမ်းသူဖြစ်ပါတယ်။ အနှိပ်သည် ဘဝနဲ့ အိမ်စဉ်လှည့်ပြီး နှိပ်ပေးနေရင်းက လွန်ခဲ့တဲ့ခြောက်နှစ်က ဒေါ်ခင်ဝင်း နဲ့တွေ့ဆုံပြီး ခိုကိုးရာမဲ့နေတဲ့ မအေးစွာကို ဒေါ်ခင်ဝင်းက သူ့အိမ်မှာခေါ်ယူမွေးစားထားတာဖြစ်ပါတယ်။

မအေးစွာရဲ့ ဖောက်သည်ချမှုကြောင့် ညက မက်တဲ့ အိမ်မက်အကြောင်းဟာ မိုးလင်းတာနဲ့ အိမ်နီးနားချင်းတွေဆီပြန့်သွား တယ်လို့ ဆိုပါတယ်။ ဒီအိမ်မက်မျိုးဟာ အတိတ်မကောင်းဘူးလို့ အိမ်နီးချင်းတွေက ပြောတာနဲ့ မအေးစွာ လည်း စိတ်သောကတွေ ရောက်ခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။

“မနက်ဖြန်ကြ ယာတွေခြံလာခတ်မှာ သွားတားရမယ်ဆိုပြီး ကျမကိုပြောတယ်။ ကျမကသူ့ကို အတင်းတားတယ်။ စိတ်မချတာနဲ့ ကျမလိုက်သွားတယ်။ ပြောင်းခင်းထိပ်ရောက်တော့ သေနက်သံတွေ တဒိုင်းဒိုင်း နဲ့ စကြားတယ်။ ကျမသူ့ကို
ထပ်တားတယ်။ သူက ငါနောက်ပြန်မလှည့်ဘူး။ သေချင်သေပစေ။ ငါ့လက်ပံတောင်းတောင်အတွက်နဲ့ သေမယ်ဆိုရင်တောင် ဂုဏ်ယူတယ်လို့ သူကပြောလိုက်သေးတယ် နမိတ်ဖတ်လိုက်သလိုပဲ” လို့ မအေးစွာက ဆိုပါတယ်။

“သူ့ယောင်းမဖြစ်သူကလည်း သူ့ကို အဲ့ဒီနေ့က စိတ်ပူပြီးလိုက်ခေါ်တယ်။ သူက ပြန်မလိုက်ဘူး။ နင်တို့ နှစ်ယောက် ကြောက်တတ်ရင် ပြန် ငါတယောက်တည်းသွားမယ်ဆိုပြီး ဆက်သွားတယ်။ ညနေကြတော့ တခြားလူတွေ
ပြန်ပြေး လာကြတယ်။ သူပြန်ပါမလာဘူး။ သုံးနာရီထိုးလောက်ကြတော့ သူသေသွားပြီ ဆိုပြီး ကြားလိုက်ရတာ” မအေးစွာက ဆက်ပြောပါတယ်။

ဒေါ်ခင်ဝင်းဟာ စိတ်သဘောထားကောင်းလွန်းသူရယ်လို့ ဒေသခံ ရွာသူရွာသားတွေက ပြောဆိုကြပြီး လွန်ခဲ့တဲ့
ငါးနှစ်ခန့်ကလည်း ဆွေမျိုးတော်စပ်သူမဟုတ်တဲ့ စိတ်မနှံ့သူ အမျိုးသမီးတဦး ရွာအပြင်မှာ သေဆုံးတော့မယ့် အချိန်မှာ အိမ်ကိုခေါ်လာပြီး ဆေးကုသ ကျွေးမွေးစောင့်ရှောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့ အတွက် အထူးသဖြင့် မှီခိုအားထားနေရတဲ့ အသက် ၂၈ နှစ်အရွယ် မအေးစွာ တယောက် အတွက်တော့ ခိုကိုးရာမဲ့ ထပ်ဖြစ်သွားပြီး သူ့ရဲ့ အနာဂတ် နေထိုင်ရေးအတွက်ပါပူပင်နေရှာပါတယ်။

“ကျမက ဒုက္ခိတ မိဘမဲ့ သူကောင်ကြွက် တမျက်နှာ သူလိုလူကသာ သားသမီးအရင်းလို ကျမကို စောင့်လျှောက်ခဲ့တာ။ သူသေဆုံးသွားတာဟာ ကျမအတွက် ခိုနားရာ သစ်ပင်ကြီး ပြိုလဲသွားသလိုပါပဲ။ ကျမဘယ်သူကို အားကိုးရမလဲ မသိပါဘူး”လို့ တုန်ရီနေတဲ့ အသံနဲ့ပြောဆိုရင်း မအေးစွာရဲ့ ပါးပြင်မှာ မျက်ရည်တွေကျနေပါတယ်။

ဒေါ်ခင်ဝင်းရဲ့ ညီမဖြစ်သူ ဒေါ်သန်းနုက “သမီးတွေက မန္တလေးမှာ အေးအေးဆေးဆေးလာနေပါခေါ်တာ မသွားဘူး။ သူက ဒီရွာနဲ့ သူ့ယာတွေကို ခင်တွယ်လွန်းတယ်။ သူငယ်ငယ်တုန်းကတည်း မြင်တွေ့နေရတဲ့ ဒီလက်ပံတောင်းတောင် ကြီးကိုလည်း သူသံယောဇဉ်ရှိနေတယ်။ အဲဒီအတွက်ပဲ သူအသက်ပေးသွားတယ်လို့ပြောရမလိုပဲ” လို့ ငိုကြွေးရင်းက ရှင်းပြပါတယ်။

လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်၊ ရိုက်နှက်မှုတွေကြောင့် ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့အပြင် ယာမြေ ပြန်ရရေး တောင်း ဆိုတဲ့ ရွာသူ၊ ရွာသား ၄၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေရရှိသွားတဲ့ အတွက် ဒဏ်ရာပြင်းထန်သူတွေနဲ့ သေနတ်ကျည်ဆံ ထိမှန်ခံရသူတွေမှာ အခုအချိန်ထိ ဆေးကုသခံယူနေကြရပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးပြီး နောက်တနေ့မှာပဲ ရန်ကုန်မြို့မှာရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းက မနီလာသိန်း၊ မမီးမီးနဲ့ တာဝန်ရှိသူတွေရောက်ရှိခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသနိုင်အောင်
ဆောင်ရွက် ခဲ့ ကြသလို သေဆုံးသူ ဒေါ်ခင်ဝင်း တရားမျှတမှုရရှိရေးအတွက်လည်း ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ဖို့ ကူညီခဲ့ကြပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းက ဒေါ်ခင်ဝင်းကို အမှုဖွင့်ပေးနိုင်ဖို့အတွက် ဆားလင်းကြီးမြို့မ ရဲစခန်းမှာ
နာရီပေါင်းများစွာ အတိုက်အခံလုပ် ကြိုးစားခဲ့သလို ဒေါ်ခင်ဝင်းရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ ဆရာဝန်ကြီး တွေနဲ့ ခွဲစိတ် စစ်ဆေးဖို့ သွားရောက်ရာမှာလည်း အနှောင့်အယှက်များစွာ ကျော်ဖြတ်ပြီး အကူအညီပေးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ဒေါ်ခင်ဝင်း သေဆုံးမှုကို ရဲစခန်းက အမှုဖွင့်ပေးခဲ့သလို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကလည်း သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်း သေဆုံးကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့သတင်းက မြန်မာနိုင်ငံတနိုင်ငံလုံးတင်မကဘဲ နိုင်ငံတကာ အရပ်ရပ်အထိ ပျံ့နှံ့သွားခဲ့ပါတယ်။ ဗိုလ်ကျအနိုင်ကျင့် မြေသိမ်းမှုရဲ့ ဓားစာခံ သားကောင်ဖြစ်ခဲ့ရတဲ့ ဒေါ်ခင်ဝင်း သေဆုံးမှု သတင်းကြောင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ စစ်တပ်ဦးပိုင်ကုမ္ပဏီနဲ့ အစိုးရအာဏာပိုင်တွေရဲ့ ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ် ဘူးပေါ်သလို ပေါ်သွားပါတယ်။

ပြည်တွင်းမှာလည်း ဆန္ဒပြပွဲတွေ တောက်လျှောက် ဖြစ်ပေါ်လာပြီး ဒေါ်ခင်ဝင်း သတင်းကြားရသူ ပြည်သူတိုင်း တောက်ခေါက် ခံပြင်း ဒေါသထွက်ကြပါတယ်။

နိုင်ငံတကာမှာလည်း အမေရိကန် အစိုးရ အပါအ၀င် လူ့အခွင့်အရေး အဖွဲ့အစည်းတွေကမြန်မာအစိုးရ အကြမ်းဖက်မှု ကြောင့် ဒေါ်ခင်ဝင်း သေဆုံးမှုအပေါ် ၀မ်းနည်းကြောင်း၊ စိုးရိမ်ကြောင်းနဲ့ တာဝန်ရှိသူတွေကို ချက်ချင်း အရေးယူဖော်ထုတ် ပေးဖို့ တောင်းဆိုနေကြပါတယ်။

ရိုးသားသဘောကောင်းလွန်းတဲ့ အသက် ၅၆ အရွယ် ဒေါ်ခင်ဝင်းဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သူ့အိမ်အောက် ကုတင် လေးပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေပေမယ့် သူ အသက် အသေခံ ဆန္ဒပြခဲ့တဲ့ လုပ်ရပ်ကတော့ အခုအချိန်အထိ ပြည်တွင်းပြည်ပ ပြည်သူတွေဆီ ဆက်လက် ပျံ့နှံ့နေဆဲဖြစ်ပါတယ်။

ဒေါ်ခင်ဝင်းက ယုတ်မာကောက်ကျစ်တဲ့ အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ အကြမ်းဖက်မှုကို ပေါ်လွင်ထင်ရှားစေခဲ့တဲ့ ဓားစာခံ သားကောင်တဦး လို့ ဆိုနိုင်သလို လက်ပံတောင်းတောင်ကို အသက်စွန့် ကာကွယ်သွားတဲ့ အမျိုးသမီး အာဇာနည် သူရဲကောင်းတဦးဆိုရင်လည်း မမှားနိုင်ပါဘူး။

ကျော်ခ (ဧရာဝတီ)
“ဝေး … ဝေးပါပြီအေ … သဘောကောင်းတဲ့မိန်းမကြီးပါ။ သဘောကောင်းတဲ့ မိန်းမကြီးရေ … မခင်ဝင်း” ဆိုပြီး ဆွဲဆွဲငင်ငင် ငိုကြွေးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတဦးရဲ့ အသံဟာ မိုးကြိုးပြင်ရွာထဲက နာရေး အိမ်ခြံ ဝင်းအတွင်းကနေ ပဲ့တင်ထပ်လို့နေပါတယ်။