Wednesday, 17 December 2014

ဒီအချက်(၇)ချက်ကို လိုက်နာကျင့်သုံးတဲ့အခါ အိမ်ထောင်ရေးမှာမြဲဖို့ဆိုတာ ဘယ်ကုထုံးမှ မလိုအပ်တော့ပါ

Photo: ဒီအချက်(၇)ချက်ကို လိုက်နာကျင့်သုံးတဲ့အခါ အိမ်ထောင်ရေးမှာမြဲဖို့ဆိုတာ ဘယ်ကုထုံးမှ မလိုအပ်တော့ပါ
Wednesday, December 17, 2014

ချစ်သူစုံတွဲတွေမြဲဖို့၊ အိမ်ထောင်ရေးမှာ ပျော်ရွှင်ရဖို့ဆိုတာ ဘာကုထုံး၊ ဘယ်နည်းဆိုပြီး အထူးတလည် လေ့လာနေစရာ မလိုပါဘူး။ လျှို့ဝှက်ချက်ဆိုတာထက် မှန်မှန်ကန်ကန်နေထိုင်သွားမယ့် သူတွေအတွက်တော့ ဒါတွေလိုက်တွက်ချက်နေစရာလည်း မလိုအပ်ပါဘူး။ ဘ၀ဖြတ်သန်းပုံ နည်းနာတွေထဲက သင်ယူလေ့လာ နေထိုင်စရာအချက်လေးတွေကို သိထားရုံနဲ့တင် သင့်ရဲ့အချစ်ရေး၊ အိမ်ထောင်ရေးကို အထောက်အကူ ပြုမှာ သေချာပါတယ်။

၁။မှန်မှန်ကန်ကန်နေထိုင်ပါ။

သင်ဖြစ်ချင်တာတွေ၊ သင့်အိပ်မက်တွ၊ သင့်စိတ်ကူးတွေအားလုံးကို ပုံဖော်နိုင်ဖို့ မှန်မှန်ကန်ကန် ကြိုးစားအားထုတ်သွားပါ။ ဘယ်သူ့ရဲ့ချစ်သူရည်းစားဖြစ်နေဖြစ်နေ၊ အိမ်ထောင်ကျသွားလို့ သူ့ယောင်္ကျား၊ သူ့ဇနီး ဖြစ်သွားဖြစ်သွား သင့်ရည်မှန်းချက်ပန်းတိုင်အတွက် အမြဲကြိုးစားနေပါ။

၂။ချစ်တဲ့အကြောင်း ဖွင့်ဟဖို့ မတွန့်ဆုတ်ပါနဲ့။

ရည်းစားသက်တမ်းဘယ်လောက်ကြာကြာ၊ အိမ်ထောင်ကျသွားပြီဆိုရင်တောင် ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြောပြပါ။ ဒါဟာ နှစ်ဦးသားပိုနွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်ရာလည်း ရောက်ပါတယ်။ ဒါ့အပြင် ကိုယ့်ချစ်သူကို အမှတ်တရလက်ဆောင်မွန်တွေ ၀ယ်ပေးရင်း ကျေးဇူးတင်ကြောင်း မကြာခဏပြောပေးဖို့လည်း လိုအပ်ပါတယ်။

၃။ညှိုညှိုနှိုင်းနှိုင်းနေတတ်ပါစေ။

တစ်ဦးနဲ့တစ်ဦး ကိုယ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ခွဲခြားထားပြီး လုပ်ဆောင်ရမှာ ဖြစ်သလို တစ်ခုခု လုပ်ဆောင်တဲ့အခါ တစ်ဦးရဲ့အကြံတစ်ဦးက တောင်းခံဖို့ မမေ့ပါနဲ့။

၎။ကိုယ့်အတွက်အရေးကြီးတဲ့အရာက ဘာဆိုတာ သေချာသိပါစေ။

နှစ်ဦးသား ပြသနာတက်ရတယ်ဆိုတာ မတူညီတဲ့ လိုအပ်ချက်တွေကြောင့်ပါ။ သူဘာလိုအပ်နေတာလဲ၊ ဖြစ်ချင်နေတာလဲဆိုတာ သိထားရမှာဖြစ်သလို တွေးပေးဖို့လည်း လိုအပ်ပါတယ်။ ဒီလိုပဲ ကိုယ်တကယ်လိုအပ်နေတာက ဘာဆိုတာကိုလည်း ကိုယ့်ဘာသာကိုယ် သိအောင် ကြိုးစားပါ။

၅။ရန်ဖြစ်ရာကနေ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ကြိုတင်တွေးပါ။

အိမ်ထောင်ကျပြီးသွားတဲ့အခါ ပြသနာတက်၊ ရန်ဖြစ်တာမျိုးတွေကတော့ လင်မယားတွေကြား ရှိတတ်ကြတာပါပဲ။ ဒီတော့ ရန်ဖြစ်နေတုန်း ဒေါသထွက်မယ်၊ ပေါက်ကွဲမယ် ဆိုပေမယ့် ဒီကနေ ဖြစ်လာမယ့် အကျိုးဆက်ကိုတော့ ထည့်မတွေးလို့ မရပါဘူး။

၆။အရိုးသားဆုံးနေထိုင်ပါ။

ကိုယ်မှားရင် မှားတာကို ပြင်ပါ။ တစ်ဖက်လူကို နာကျင်အောင် လုပ်မိရင် တောင်းပန်ပါ။ ဒါတွေကို လုပ်ဆောင်ဖို့ ၀န်မလေးသင့်ပါဘူး။ အရေးကြီးတာက ကိုယ့်ရဲ့အပြစ်အနာအဆာကို မမြင်ပဲ တစ်ဖက်လူကိုချည်း အပြစ်တွေပြောနေတာမျိုး မဖြစ်ပါစေနဲ့။

၇။အိမ်ထောင်ရေးသာယာဖို့ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်ပါ။

ပျော်ရွင်သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးစလုံး အတူကြိုးစားထားကြရတာပါ။ သူ့အလိုလိုတော့ အရာအားလုံးအဆင်ပြေနေတာမျိုး မရှိပါဘူး။ ဒါ့ကြောင့် ကိုယ်ကလည်း တစ်ဖက်လူကို နားလည်စာနာပေးပါ။ အထူးသဖြင့် ငါတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးသာယာရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားပါ။

Ref:yourtango.com
Trend Myanmar
ချစ်သူစုံတွဲတွေမြဲဖို့၊ အိမ်ထောင်ရေးမှာ ပျော်ရွှင်ရဖို့ဆိုတာ ဘာကုထုံး၊ ဘယ်နည်းဆိုပြီး အထူးတလည် လေ့လာနေစရာ မလိုပါဘူး။ လျှို့ဝှက်ချက်ဆိုတာထက် မှန်မှန်ကန်ကန်နေထိုင်သွားမယ့် သူတွေ အတွက် တော့ ဒါတွေလိုက်တွက်ချက်နေစရာလည်း မလိုအပ်ပါဘူး။ ဘ၀ဖြတ်သန်းပုံ နည်းနာတွေထဲက သင်ယူ လေ့လာ နေထိုင်စရာအချက်လေးတွေကို သိထားရုံနဲ့တင် သင့်ရဲ့အချစ်ရေး၊ အိမ်ထောင်ရေးကို အထောက် အကူ ပြုမှာ သေချာပါတယ်။

တိုင်းဒေသကြီးလွှတ်တော်၏ ၁၂ ပွင့်ဆိုင်ကိစ္စ ပြည်ထောင်စုအစိုးရမှ စဉ်းစား ခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ရာမကျကြောင်း သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား

တိုင်းဒေသကြီး လွှတ်တော်၏ ၁၂ ပွင့် ဆိုင်ကိစ္စ ပြည်ထောင်စုအစိုးရမှ စဉ်းစားခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်ရာမရောက်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ရုရှား Ruble ငွေ တန်ဘိုးထိုးကျ

Photo: ရုရှား Ruble ငွေ တန်ဘိုးထိုးကျ
Wednesday, December 17, 2014

ရုရှားပြည်တွင်းသုံး Ruble ငွေတန်ဖိုးဟာ အင်္ဂါနေ့က အနိမ့်ဆုံးအဆင့်ကို ထိုးကျသွားပါတယ်။ အခုလို အလျှင်အမြန် ငွေကြေးတန်ဖိုးထိုးကျမှုကို ကယ်ဆယ်နိုင်ဖို့ အရေးပေါ် ကြိုးစားမှုအဖြစ် ၁၆ နှစ်အတွင်း အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်က ချမှတ်ခဲ့တဲ့ကြားက အခုလို ငွေတန်ဖိုး ထိုးကျခဲ့တာဖြစ်ပါတယ်။

အမေရိကန် ၁ ဒေါ်လာကို Ruble ငွေ ၈၀၊ ၁ ယူရို Ruble ငွေ ၁၀၀ ငွေလဲနှုန်းအထိ ထိုးကျခဲ့ပြီးနောက် မော်စကိုငွေကြေးဈေးကွက်မှာ အင်္ဂါနေ့နှောင်းပိုင်းက ဆုံးရှုံးမှုတချို့ကို ပြန်ရနိုင်ခဲ့ပါတယ်။ ဒီနှစ်အတွင်း အနောက်နိုင်ငံ ငွေကြေးတွေနဲ့ ငွေလဲလှယ်မှုတန်ဖိုးဟာ ၆၀% နီးပါး ကျဆင်းခဲ့တာပါ။

ဒီငွေကြေးပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ အထောက်အကူပြုမယ့် အရေးယူဆောင်ရွက်မှုတချို့ ယူနိုင်ဖို့ ရုရှားစီးပွားရေးဝန်ကြီး Alexei Ulyukayev က အရေးပေါ် အစည်းအဝေးပြီး ပြောဆိုခဲ့ပေမဲ့ နိုင်ငံခြားငွေကြေး ၀ယ်ယူမှုအပေါ် တင်းကျပ်တဲ့ ထိန်းချုပ်မှု ပြုလုပ်မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

Ruble ငွေကြေးတန်ဖိုးထိုးကျမှုကို ထိန်းချုပ်ဖို့ အတိုးနှုန်းကို ၁၀.၅% ကနေ ၁၇% နှုန်းထိ မော်စကိုဗဟိုဘဏ်က သိသိသာသာ တိုးမြှင့်ခဲ့ပေမဲ့ Ruble ငွေတန်ဖိုး ထိုးကျခဲ့တာဖြစ်ပါတယ်။

VOA
ရုရှားပြည်တွင်းသုံး Ruble ငွေတန်ဖိုးဟာ အင်္ဂါနေ့က အနိမ့်ဆုံးအဆင့်ကို ထိုးကျသွားပါတယ်။ အခုလို အလျှင်အမြန် ငွေကြေးတန်ဖိုးထိုးကျမှုကို ကယ်ဆယ်နိုင်ဖို့ အရေးပေါ် ကြိုးစားမှုအဖြစ် ၁၆ နှစ်အတွင်း အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်က ချမှတ်ခဲ့တဲ့ကြားက အခုလို ငွေတန်ဖိုး ထိုးကျခဲ့တာဖြစ်ပါတယ်။

မြန်မာအပါအ၀င် မဲခေါင် သုံးနိုင်ငံ မူးယစ်အရာရှိများ ရုံးထိုင်မည့်ဌာန ချင်းမိုင်တွင် ဖွင့်မည်

Photo: မြန်မာအပါအ၀င် မဲခေါင် သုံးနိုင်ငံ မူးယစ်အရာရှိများ ရုံးထိုင်မည့်ဌာန ချင်းမိုင်တွင် ဖွင့်မည်
Wednesday, December 17, 2014

  မဲခေါင်ဒေသတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးသန်း ရောင်းဝယ်မှုများ  တိုက်ဖျက်ရန် မြန်မာအပါအ၀င် မဲခေါင်ဒေသ သုံးနိုင်ငံမှ မူးယစ်တိုက်ဖျက်ရေး အရာရှိများ ပူးပေါင်းရုံးထိုင်မည့် မူးယစ်တိုက်ဖျက်ရေးဌာနတစ်ခု ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဖွင့် လှစ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြန်မာ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ မူးယစ်တိုက် ဖျက်ရေးအရာရှိများက အဆိုပါ ဌာနတွင် ပူးပေါင်းရုံးထိုင်၍ မဲ ခေါင်ဒေသတွင်း  မူးယစ်ဆေး ၀ါးကုန်ကူးမှုသတင်းအချက်အ လက်များ ဖလှယ်ခြင်း၊ မူးယစ် ဆေးဝါးမှောင်ခိုကုန်ကူးသူများ နှင့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်ကောင်များကို လေးနိုင်ငံပူးပေါင်းဖမ်းဆီး ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့    ရဲမှူးကြီး တင်အောင်က ပြောကြားသည်။

‘‘မူးယစ်ဆေးဝါးမှုခင်းဆို တာ နိုင်ငံဖြတ်ကျော်တဲ့ရာဇ၀တ် မှုမျိုး၊ ဒီတော့ ဒေသတွင်းနိုင်ငံတွေ အချင်းချင်း နားလည်မှုရှိရှိနဲ့ ပူး ပေါင်းနှိမ်နင်းမယ်ဆိုရင် ဒီရာဇ ၀တ်ကောင်တွေ ပြေးစရာမြေကို မရှိတော့ဘူး။ အချိန်နဲ့ တစ်ပြေးညီ လည်း နယ်စပ်ဝင်ပေါက်တွေကို ထိထိရောက်ရောက်ကိုင်တွယ်နိုင် မယ်၊ ပူးပေါင်းမယ်ဆိုရင် ဒီဌာန ဟာ အချိန်ကြာလာတာနဲ့အမျှ မူး ယစ်အန္တရာယ်ကိုလည်း ထိန်းချုပ် သွားနိုင်မှာပါ’’ဟု ၎င်းက ပြော သည်။

အဆိုပါမူးယစ်တိုက်ဖျက် ရေးဌာနကို   ၂၀၁၅   ဇန်န၀ါရီ တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဒေသ (၅)၌  ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက   ဒီဇင်ဘာ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ထိုင်းမူးယစ်တိုက်ဖျက်ရေးအရာ ရှိများကလည်း  ထိုင်းမှတစ်ဆင့် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ် သည့် လာအို၊ မြန်မာနှင့် တရုတ် နိုင်ငံတို့သို့ ထွက်ပြေးတိမ်းရှောင် သွားသော မူးယစ်ဆေးဝါးသံသ ယရှိသူများ   ရှာဖွေရေးတွင် အ ကူအညီပေးရန်    ပန်ကြားထား ကြောင်း   အဆိုပါသတင်းစာက  ဖော်ပြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ ချင်း ရိုင်မြို့၌   မြန်မာ−ထိုင်းနှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး      ကျင်းပနေပြီး နှစ်နိုင်ငံကြား     မူးယစ်ဆေးဝါး မှောင်ခိုသတင်းများ ဖလှယ်ရေး၊ မူးယစ်တရားခံများ ထွက်ပြေးတိမ် ရှောင်မှု  သတင်းများနှင့်  ပတ် သက်၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း ရဲမှူးကြီးက ပြောသည်။

မဲခေါင်ဒေသတွင်း  မူးယစ် ဆေးဝါးပြဿနာများနှင့် ရာဇ၀တ် ကောင်များ ထွက်ပြေးလွတ်မြောက်မှုတို့မှာ အာဏာပိုင်များ လက် လှမ်းမမီမှုနှင့် ပထ၀ီဝင်အနေအ ထားအရ တစ်စထက်တစ်စကြီး ထွားလာနေပြီး ဒီဇင်ဘာ ၁၉ ရက်တွင် ဘန်ကောက်မြို့၌ ကျင်းပ မည့် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးတွင်လည်း ယင်း ပြဿနာများကို မြန်မာသမ္မတဦး  သိန်းစိန်နှင့် ကျန်ထိပ်သီးငါးနိုင်ငံ တို့ ၀ိုင်းဝန်းဆွေးနွေးကြမည် ဖြစ် သည်။

7Day DAILY 

ဘိန်းခင်းများကို ဖျက်ဆီးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ−မောင်တာ)
ဘိန်းခင်းများကို ဖျက်ဆီးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ−မောင်တာ)
မဲခေါင်ဒေသတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးသန်း ရောင်းဝယ်မှုများ  တိုက်ဖျက်ရန် မြန်မာအပါအ၀င် မဲခေါင်ဒေသ သုံးနိုင်ငံမှ မူးယစ်တိုက်ဖျက်ရေး အရာရှိများ ပူးပေါင်းရုံးထိုင်မည့် မူးယစ် တိုက်ဖျက်ရေး ဌာနတစ်ခု ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဖွင့် လှစ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဂျပန်တွင် ကြက်ငှက်တုတ်ကွေးမိသည့် ကြက်များ တွေ့ရှိ

Photo: ဂျပန်တွင် ကြက်ငှက်တုတ်ကွေးမိသည့် ကြက်များ တွေ့ရှိ
Wednesday, December 17, 2014

ဂျပန်နိုင်ငံ အနောက်ပိုင်းက မီယာဇာကီ ခရိုင်မှာ ကြက်ငှက်တုတ်ကွေးမိတဲ့ ကြက် ၃ ကောင်တွေ့ရှိခဲ့လို့ ကြက်ခြံက ကြက်အကောင်ရေ ၄ ထောင်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က သုတ်သင်လိုက်ပါတယ်။

ကြက်တုတ်ကွေး H5 နဲ့ စတဲ့ ဗီဇပါတဲ့ ဗိုင်းရပ်တွေ့ရှိခဲ့လို့ ကြက်အကောင်ရေ ၄၀၀၀ တရက်အတွင်း သုတ်သင်ရတာလို့ကျန်းမာရေး အာဏာပိုင်တွေကို ကိုးကားပြီး ကျိုတိုသတင်းဌာနက ဖော်ကြခဲ့ပါတယ်။

ဂျပန်အစိုးရပြောခွင့်ရ ယိုရှီဟိုင်ဒီ ဆူဂါ က ဗိုင်းရပ်မပြန့်ပွားဖို့ လုပ်သင့်လုပ်ထိုက်တာအားလုံးကို တိတိကျကျလုပ်ဆောင်ဖို့ ဂျပန်ဝန်ကြီးချုပ်က ညွန်ကြားထားပြီးဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ပုံမှန် သတင်းရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကျန်းမာရေး အာဏာပိုင်တွေလည်း ဖြစ်ပွားမှု အခြေအနေကို အသေးစိတ်သိရှိရအောင် ရောဂါဖြစ်ပွားနေတဲ့ ကြက်ခြံတွေကို သွားရောက်ကွင်းဆင်းကြမယ်လို့လည်း ပြောဆိုပါတယ်။ အခု ဗိုင်းရပ်တွေရှိခဲ့တဲ့ မီယာဇာကီ ခရိုင်ဟာ ဂျပန်နိုင်ငံရဲ့ ကြက်မွေးမြူရေးအဓိကလုပ်တဲ့ ဒေသဖြစ်ပါတယ်။ ကြက်ကောင်ရေ ၂၈ သန်းကျော်ရှိပြီး ဂျပန်နိုင်ငံ တနိုင်ငံလုံးရဲ့ ၂၀ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဂျပန်စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနစာရင်းအရ သိရပါတယ်။

ကြက်ငှက်တုပ် ကွေး ဗိုင်းရပ် အများစုဟာ ပုံမှန်တော့ လူကိုကူးစက်လေ့မရှိပေမယ့် ကူးစက်လာရင်လည်း လူတွေအတွက် အသက်အန္တရာယ်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။

ဂျပန်ဟာ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့က ကြက်တင်သွင်းမှုကို ပိတ်ပင်ထားသလို၊ မကြာခင်ကပဲ ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်က ကြက်ခြံ ၂ ခုမှာ ကြက်တုတ်ကွေးဗိုင်းရပ်တွေ့ခဲ့လို့ ကနေဒါနိုင်ငံက ကြက်တင်သွင်းမှုကိုလည်း ဂျပန်နိုင်ငံက ပိတ်ပင်ထားပါတယ်။

ဒီဗွီဘီ
ဂျပန်နိုင်ငံ အနောက်ပိုင်းက မီယာဇာကီ ခရိုင်မှာ ကြက်ငှက်တုတ်ကွေးမိတဲ့ ကြက် ၃ ကောင်တွေ့ရှိခဲ့လို့ ကြက်ခြံက ကြက်အကောင်ရေ ၄ ထောင်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က သုတ်သင်လိုက်ပါတယ်။

မြန်မာလွှတ်တော်အမတ်တွေ လူထုထိတွေ့မှု နည်း

Photo: မြန်မာလွှတ်တော်အမတ်တွေ လူထုထိတွေ့မှု နည်း
Wednesday, December 17, 2014

လွှတ်တော်ရပ်နားထားချိန်ကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့မဲဆန္ဒနယ်ကို ပြန်လည် ဂရုစိုက်ပြီးသွားလာတဲ့အပိုင်းဟာ အင်မတန်မှ နည်းနေတယ်လို့ ပြည်တွင်းက လွှတ်တော် လေ့လာစောင့်ကြည့်ရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာတဦးက ပြောပါတယ်။

ဒီလိုမျိုး ကိုယ်မဲဆန္ဒနယ်ကို လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်ပြီး လှည့်မကြည့်ကြတာဟာ ငွေကြောင့်လား၊ သူတို့ရရှိတဲ့ အချိန်ကြောင့်လား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အများစုအနေနဲ့ သူတို့မဲဆန္ဒနယ်တွေ ပြန်ပြီး ဘာကြောင့် လှည့်မကြည့်နိုင်သလဲ ဆိုတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့မဲဆန္ဒနယ်တွေ ပြန်ပြီးတော့ ကွင်းဆင်းတာ၊ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့တာမျိုးတွေ လုပ်တဲ့အပိုင်းမှာ သိသိသာသာ အားနည်းနေတယ်လို့ ပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ လွှတ်တော်စောင့်ကြည့်ရေးအဖွဲ့ OMI ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုအေးကျော် က ဗွီအိုအေကို ပြောပါတယ်။

“ပြောလို့ရတာတခုကတော့ ရှိတယ်ဗျာ။ လွှတ်တော်ကိုယ်စားလှယ်အများစုဟာ ဒီလိုမျိုး လွှတ်တော်ရပ်နားတဲ့ အချိန်တွေမှာ သူတို့ရဲ့ မဲဆန္ဒနယ်တွေက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံတာကတော့ အရမ်းကို အားနည်းပါတယ်။ အရမ်းကို အားနည်းပါတယ်။ အဲ့ဒါတော့ ကျနော်တို့ တွေ့ပါတယ်။”

လက်ရှိအချိန်ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ရပ်နားထားချိန်ဖြစ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် အများစုဟာ သူတို့ရဲ့မဲဆန္ဒနယ်တွေကို အချို့က သွားကြသလို၊ အချို့ကလည်း မဲဆန္ဒနယ်တွေ ပြန်နေတာမျိုးတော့ မတွေ့ရပါဘူး။

အာဏာရပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် အချို့ကတော့ သူတို့ရဲ့မဲဆန္ဒနယ်တွေကို ပြန်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကိုတော့ တွေ့ရပါတယ်။ ဒါပေမဲ့ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် အချို့ကတော့ သူတို့ရဲ့မဲဆန္ဒနယ်တွေ ပြန်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တာ၊ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံတာမျိုးတွေ လုပ်တာတော့ မတွေ့ပါဘူး။

မဲဆန္ဒနယ်တွေကို ပြန်ပြီးတော့ ပြည်သူနဲ့တွေ့တာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်တာဟာ အချိန်ရယ် ငွေရယ်နဲ့ အဓိက သက်ဆိုင်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ညာဏစိုးက အခုလို ပြောပါတယ်။

“အဓိကအားဖြင့်တော့ time factor နဲ့ ဒီဒီ money factor လို့ပဲ ကျနော်တို့ကတော့ ပြောချင်ပါတယ်။ ဟိုဟာပေါ့နော် additional အနေနဲ့ ပြောရရင်တော့ အဲ့ဒါကတော့ တကယ့်တကယ်တော့ဗျာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီဆိုကတည်းက MP လေ ဟုတ်တယ်မို့လား representative တခုခုကို represent လုပ်ထားတဲ့အခါကျတော့ ကိုယ့်ရဲ့ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်ကိုတော့ ဟိုဟာပေါ့ အလေးမထားဘဲ ဒါကတော့ စိတ်ဓာတ်ရေးရာပိုင်းပေါ့နော် အလေးထားဖို့ သင့်တယ်ပေါ့ဗျာ။ ဒါကတော့ additional ပြောတာပါ။ အဲ့လို လွှတ်တော်ကိုယ်စားလှယ်မျိုး ရှိတယ်လို့တော့ စွပ်စွဲတာမျိုးတော့ မဟုတ်ပါဘူး။”

လွှတ်တော်ရပ်နားထားတဲ့အချိန် ကိုယ်ရဲ့မဲဆန္ဒနယ်ကို ပြန်ပြီး ကိုယ့်ကို မဲပေးထားတဲ့ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ တာဝန်ရှိတယ်လို့ လက်ရှိအချိန်မှာ သူ့ရဲ့မဲဆန္ဒနယ် ဂန့်ဂေါကို ပြန်ရောက်နေတဲ့ အာဏာရပါတီ ပြည်ခိုင်ဖြိုးရဲ့ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

“ကျနော်တို့လို လွှတ်တော်ကိုယ်စားလှယ်တယောက်ရှိတာဟာ ထိုက်တန်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ဖို့တော့ လိုတာပေါ့။ အလကားနေရင်း လွှတ်တော်ကိုယ်စားလှယ် ရှိနေပြီးတော့ အဲ့ဒီဒေသကို ဖွံ့ဖြိုးတိုးတက်ရေးကို မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ အဲ့ဒီလွှတ်တော်ကိုယ်စားလှယ် ရနေတာဟာ မရတာနဲ့ ဘာမှမထူးပါဘူးဗျာ။”

အခုအချိန်ဟာဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့လည်း နီးနေတဲ့အချိန် ရောက်ပြီဖြစ်တဲ့အတွက် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့မဲဆန္ဒနယ်တွေကို ပြန်ဖို့ အရေးတကြီး လိုအပ်နေသလို၊ ပြည်ခိုင်ဖြိုးပါတီလို ငွေကြေးပိုင်း မတောင့်တင်းတာကတော့ ခြွင်းချက်အနေနဲ့ ပြောစရာရှိတယ်လို့ မြန်မာ့အရေး လေ့လာ အကဲဖြတ် ဒေါက်တာ ရန်မျိုးသိမ်း က ပြောပါတယ်။

“ငွေရေးကြေးရေးပေါ့လေ နောက် ရန်ပုံငွေ အကျပ်အတည်းကြောင့်လည်းဖြစ်နိုင်တယ်။ နောက်ပြီးတော့ အခြားပေါ့လေ အခက်အခဲ အချို့ကြောင့်လည်းပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျနော့်ရဲ့အမြင်ကတော့ ဘယ်လိုအကြောင်း ဘယ်လိုအခက်အခဲဘဲရှိရှိ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်တွေကို ကိုယ်တိုင်သွားရောက် ကိုယ်တိုင်ဆင်းပြီးတော့ မဲဆန္ဒရှင် ပြည်သူလူထုကြီးအနေနဲ့ တွေ့ရှိဖို့ဟာ နိုင်ငံရေးအရ အတော့်ကို အရေးကြီးတယ်လို့ ကျနော်က မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲပြန်ပြီးလုပ်ဖို့ အလားအလာတွေ မြင့်မားနေတဲ့ အခြေအနေမျိုးမှာ သက်ဆိုင်ရာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံတာဟာ နိုင်ငံရေးအရရော၊ ဗျူဟာမြောက် စဉ်းစားမှုအရရော အရေးပါတယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ။”

လက်ရှိအချိန်မှာတော့ ပြည်သူ့လွှတ်တော်မှာ အရပ်သားကိုယ်စားလှယ် ၃၃၀ ဦး ပြီးတော့ အမျိုးသားလွှတ်တော်မှာ အရပ်သားကိုယ်စားလှယ် ၁၆၈ ဦး ရှိပြီးတော့၊ အာဏာရ ပြည်ခိုင်ဖြိုးပါတီ ပြီးရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယအင်အားအကြီးဆုံး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တတိယ အင်အားအများဆုံးနဲ့ လွှတ်တော်ကိုယ်စားလှယ် အသီးသီးရှိနေတာလည်း ဖြစ်ပါတယ်။

VOA
လွှတ်တော်ရပ်နားထားချိန်ကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့မဲဆန္ဒနယ်ကို ပြန် လည် ဂရုစိုက်ပြီးသွားလာတဲ့အပိုင်းဟာ အင်မတန်မှ နည်းနေတယ်လို့ ပြည်တွင်းက လွှတ်တော် လေ့လာ စောင့်ကြည့်ရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာတဦးက ပြောပါတယ်။

သမ္မတအိမ်တော်သတင်းထောက် ထားရှိတော့မည်

နိုင်ငံတော်သမ္မတအိမ် တော်က သတင်းထုတ်ပြန်ရေး တစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်မည်ဖြစ်ပြီး အိမ်တော် သတင်းရ ယူလိုသည့် သတင်းဌာနများ အနေဖြင့် သတင်းထောက်လုပ်သက် ငါးနှစ်အထက်ရှိ အကြီး တန်းသတင်း ထောက်များ လျှောက်ထားနိုင် ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ်  ဦးရဲထွဋ်ကပြောသည်။

ဗြောင်လိမ် ဗြောင်စား KIA

Photo: ဗြောင်လိမ် ဗြောင်စား KIA
Wednesday, December 17, 2014

အစိုးရပိုင် သတင်းစာများတွင် KIA အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဒေသခံပြည်သူများ၏ ရင်ဖွင့်သံများအကြောင်း ဖော်ပြမှုနှင့် ပတ်သက်၍ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က မီဒီယာများသို့ ပြန်လည် ဖြေကြားရာ၌ KIA အနေဖြင့် စစ်သားစုဆောင်းပြီး စစ်သင်တန်းပို့ချမှုများ မရှိကြောင်း ခပ်တည်တည်ပင် ပြောကြားသွားခဲ့သည်။

ဗိုလ်ချုပ် ဂွမ်မော်၏ အဖြေစကားနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က တုံ့ပြန် မှုများ ပြုလုပ်လာခဲ့သည်။ KIA ဖမ်းဆီးခံ ဒေသခံတိုင်းရင်းသား ၂၀၀ ကျော်၏ အမည်စာရင်းကို Online ပေါ်ထိ ဖြန့်ခဲ့သည်။ ထို့ပြင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော အမေရိကန်သံရုံးမှ လူ့အခွင့်အရေး အရာရှိ ဒုတိယ အတွင်းဝန်ထံ ရှမ်းမျိုးနွယ်စုများအပေါ် KIA အဖွဲ့၏ လူသစ်စုဆောင်းမှုများအား ဖြေရှင်းပေး ရန် တောင်းဆိုခဲ့ ကြောင်း သိရသည်။

သို့ဆိုလျှင် KIA ခေါင်းဆောင်များအနေဖြင့် မီဒီယာများနှင့် ပြည်သူလူထုကို ဗြောင်လိမ်နေသည်ဟု ဆိုနိုင်ပါ သည်။ လွန်ခဲ့သော ရက်ပိုင်းက KIA ဖမ်းဆီးမှုကြောင့် လူသစ်လုပ်ခဲ့ရသော ရှမ်းတိုင်းရင်းသားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့ပုံကို သတင်းစာအချို့တွင် ပုံနှင့်တကွ ဖော်ပြထားသည်။ KIA လူသစ်မစုပါဟူ သော မုသား စကားက ဘူးပေါ်သလို ပေါ်လာခဲ့ပြီ ဖြစ်ပါသည်။

KIA အဖွဲ့၏ လူသစ်စုဆောင်းမှုကြောင့် စစ်သင်တန်းတက်ရပြီး KIA တပ်ဖွဲ့ဝင်တစ်ဦးနှင့် အိမ်ထောင် ကျကာ ကလေးတစ်ယောက်ဖြင့် ပြန်လာခဲ့ရသော မိုးညှင်းမြို့နယ် ရွာတစ်ရွာက ရှမ်းတိုင်းရင်းသူတစ်ဦး၏ ကိုယ်တွေ့ ဖြစ်ရပ်ကိုလည်း Online ပေါ်တွင် ဖတ်လိုက်ရသည်။ ရွှေမှော်တွင် ကျင်းလုပ်သားအဖြစ် အလုပ်သွားလုပ်ရာမှ သူမအပါအ၀င် မှော်သူမှော်သား ၅၀ ကျော်ကို KIA အဖွဲ့က လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင် ခံခဲ့ရခြင်းဖြစ် ကြောင်း သိရပါသည်။ သူမကဲ့သို့ ရွှေမှော်၊ ကျောက်မှော်များတွင် KIA ဖမ်းဆီးခံရ သော ဒေသခံများမှာ ထောင်ချီမက ရှိနေကြောင်း ထွက်ပြေးလွတ်မြောက်လာသူများ၏ ရင်ဖွင့်ပြောကြား ချက်အရ သိရပါသည်။

ထို့ပြင် KIA မှ လူသစ်စုဆောင်းတာအပြင် အကြောင်းမဲ့ သတ်ဖြတ်ခံရမှု၊ အရွယ်မရောက်သေးသော ကျောင်းသူများအား ဖမ်းဆီးခေါ်ဆောင်မှုနှင့် ကြုံတွေ့ရသော ဒေသခံများစွာလည်း ရှိနေပါသည်။ အထူး သဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ မန်စီမြို့နယ်၊ အင်းတော်ကြီးဒေသတွင် နေထိုင်ကြသော ဒေသခံ များ အသိဆုံး ဖြစ်ပါသည်။ ယနေ့အချိန်ထိလည်း KIA မှ ဒေသခံများကို လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် မှုများ ရှိနေဆဲ ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြုံတွေခံစားနေရဆဲ ဖြစ်ပါသည်။

KIA အဖွဲ့၏ ဗြောင်လိမ်ဗြောင်စား လုပ်ရပ်များကြောင့် ကချင်ပြည်နယ်တွင် နေထိုင်ကြသေ ရှမ်း၊ဗမာ၊ လီးဆူး၊ ရ၀မ်၊ ပလောင် စသည့် ဒေသခံ တိုင်းရင်းသားများ၏ လူနေမှုဘ၀နှင့် အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်နေရဆဲပင် ဖြစ်ပါသည် ကချင်ပြည်နယ်ကို လွှမ်းမိုးလိုသော အတ္တနှင့် အခြားဒေသခံတိုင်းရင်းသားများ အပေါ် အနိုင် ကျင့်ခြိမ်းခြောက်နေမှုများကို သိလျက်နှင့် ငြိမ်ခံနေရသော ဘ၀က အာမခံချက်မရှိသလောက် နည်းနေပြီ ဖြစ်ပါသည်။

အချုပ်ဆိုရသော် ကချင်ပြည်နယ်တွင် လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်း လုပ်နေသော KIA ကြောင့် ဒေသခံများ ဒုက္ခဆင်းရဲတွင်း နက်သည်ထက်နက်နေကြရပါသည်။ ရွှေမှော်/ကျောက်စိမ်းမှော်များမှ ကောက်ခံ ရရှိသော ဆက်ကြေးများဖြင့် KIA ခေါင်းဆောင်များကြီးပွား ချမ်းသာနေကြသည်။ သစ်မှောင်ခို၊ မူးယစ်ဆေးဝါး မှောင်ခို၊ ကျောက်စိမ်းမှောင်ခိုများကြောင့်လည်း ကချင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည်။ KIA ကို သည်အတိုင်း လွှတ်ထားလျှင် ကချင်ပြည်နယ်တစ်ခုလုံး ဘယ်သောအခါ တည်ငြိမ်အေးချမ်းမှာ မဟုတ်သလို ဗြောင်လိမ်ဗြောင်စား KIA ကြောင့် ဒေသခံများလည်း ဒုက္ခပင်လယ် ဝေရဦးမည်သာ ဖြစ်ပါတော့ သည်။

နေ၀န်းသစ်
Credit to KDN
အစိုးရပိုင် သတင်းစာများတွင် KIA အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဒေသခံပြည်သူများ၏ ရင်ဖွင့်သံများအကြောင်း ဖော်ပြမှုနှင့်ပတ်သက်၍ KIA ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂွမ်မော်က မီဒီယာများသို့ ပြန်လည်ဖြေကြားရာ၌ KIA အနေဖြင့် စစ်သားစုဆောင်းပြီး စစ်သင်တန်းပို့ချမှုများ မရှိကြောင်း ခပ်တည် တည်ပင် ပြောကြားသွားခဲ့သည်။

မြန်မာ e-visa စနစ် နိုင်ငံပေါင်း ၁၀၀ တိုးချဲ့မည်

Photo: မြန်မာ e-visa စနစ် နိုင်ငံပေါင်း ၁၀၀ တိုးချဲ့မည်
Wednesday, December 17, 2014

E-visa၂၀၁၅ နှစ်ဆန်းပိုင်းကစတင်ပြီး e-visa လျှောက်နိုင်တဲ့ နိုင်ငံပေါင်း ၁၀၀ ၀န်းကျင် တိုးချဲ့သွားမယ်လို့ မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။ အခုလက်ရှိ e-visa စနစ်နဲ့ လျှောက်နိုင်တဲ့ နိုင်ငံ ၇၆ ပဲသတ်မှတ်ထားပြီး ရှေ့နှစ်မှာ ပိုပြီး တိုးချဲ့သွားမယ်လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ စတင်သုံးတဲ့အချိန်က နိုင်ငံပေါင်း၂၄နိုင်ငံကိုပဲ စတင်ခွင့်ပြုခဲပြီး အခုနှစ်အတွင်းနိုင်ငံပေါင်း ၇၆ နိုင်ငံထိ တိုးချဲ့ခွင့်ပြုလိုက်တာ ဖြစ် ပါတယ်။ လက်ရှိ e-visa စနစ်ကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် လေဆိပ်တွေမှာ အသုံးပြုနေတယ်လို့ သိရပါတယ်။

E-visa အသုံးပြုပြီး နိုင်ငံခြားသားခရီးသည်တွေ တစ်လကို ၁ သောင်း ၀န်းကျင် လောက် ၀င်ရောက်နေပြီး အများစုက အမေရိကန် နိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဗွီဘီ
E-visa၂၀၁၅ နှစ်ဆန်းပိုင်းကစတင်ပြီး e-visa လျှောက်နိုင်တဲ့ နိုင်ငံပေါင်း ၁၀၀ ၀န်းကျင် တိုးချဲ့ သွားမယ်လို့ မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။ အခုလက်ရှိ e-visa စနစ်နဲ့ လျှောက်နိုင်တဲ့ နိုင်ငံ ၇၆ ပဲသတ်မှတ်ထားပြီး ရှေ့နှစ်မှာ ပိုပြီး တိုးချဲ့သွားမယ်လို့ ပြောပါတယ်။

အိုင်အက်စ်အဖွဲ့အတွက် အမျိုးသမီး စုဆောင်းပေးသူများကို စပိန်နှင့် မော်ရိုကို ရဲများ ဖမ်းဆီး

Photo: အိုင်အက်စ်အဖွဲ့အတွက် အမျိုးသမီး စုဆောင်းပေးသူများကို စပိန်နှင့် မော်ရိုကို ရဲများ ဖမ်းဆီး
Wednesday, December 17, 2014

စပိန်နဲ့ မော်ရိုကိုရဲတွေဟာ ဆီးရီးယားနဲ့ အီရတ်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုက်အက်စ် စစ်သွေးကြွတွေအတွက် အမျိုးသမီးတွေကို စုဆောင်းပေးနေတယ်လို့ သံသယရှိသူ ၇ ယောက်ကို ဖမ်းခဲ့တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးက ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြောပါတယ်။

မိန်းမလေး ၄ ယောက်နဲ့ ယောက်ျားတယောက်ကို စပိန်နိုင်ငံမှာ ဖမ်းမိပြီး နောက်ထပ် ယောက်ျား ၂ ယောက်ကိုတော့ မိုရိုကိုနိုင်ငံမှာ ဖမ်းမိတာလို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

သူတို့ ၇ ယောက်ဟာ အိုက်အက်စ်အဖွဲ့ကိုယ်စား အမျိုးသမီးတွေကို ရှာဖွေစုဆောင်းပြီး ဆီးရီးယားနဲ့ အီရတ်ကို စေလွှတ်ဖို့ ကွန်ရက်ဖွဲ့ထားတယ်လို့ စွပ်စွဲခံထားရကြောင်း ကြေညာချက်က ဆိုပါတယ်။ ဒါပေမယ့် စုဆောင်းခံအမျိုးသမီးတွေကို အစွန်းရောက်အမာခံ တိုက်ခိုက်ရေးသမားတွေဖြစ်ဖို့ စုဆောင်းခံရတာလား ဆိုတာကိုတော့ ဝန်ကြီးဌာန ပြောခွင့်ရက မပြောနိုင်ပါဘူး။

အိုက်အက်စ်တွေဟာ အီရတ်နဲ့ ဆီးရီးယားက နယ်ပယ်အများအပြားကို သိမ်းပိုက်ထားခဲ့ပြီး အမေရိကန်ဦးဆောင် လေကြောင်းတိုက်ခိုက်မှုတွေကို အံတုနေပါတယ်။

စပိန်နိုင်ငံကတော့ သူ့နိုင်ငံသားတွေ အစွန်းရောက်အဖွဲ့နဲ့ ပူးပေါင်းမှာကို စိုးရိမ်နေတဲ့ ဥရောပနိုင်ငံတွေထဲက တနိုင်ငံပါ။ ဆီးရီးယားနဲ့ အီရတ်မှာ သွားတိုက်ပြီးတဲ့နောက် ပြန်လာချိန်မှာ ပြည်တွင်းမှာ တိုက်ခိုက်မှုတွေကို အကွက်ချမှာ စိုးရိမ်နေတာပါ။

အရင်ကတော့ ဥရောပနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားတဲ့ တချို့ အမျိုးသမီးတွေဟာ ဆီးရီးယား ဒါမှမဟုတ် အီရတ်မှာ ရာထူးတွေ ယူပြီးပူးပေါင်းဖို့ ဒါမှမဟုတ် စစ်သွေးကြွတွေရဲ့ ဇနီးဖြစ်လာဖို့ စုဆောင်းခံခဲ့ရပါတယ်။

စက်တင်ဘာလတုန်းကလည်း စပိန်ရဲတွေဟာ အာဖရိက ကမ်းရိုးတန်းမြောက်ပိုင်းမှာ အိုက်အက်စ်တွေနဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွ ကလာပ်စည်းလို့ သံသယရှိသူ ၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဒီဗွီဘီ

(ဓာတ်ပုံ - ရိုက်တာ)
(ဓာတ်ပုံ - ရိုက်တာ) 
စပိန်နဲ့ မော်ရိုကိုရဲတွေဟာ ဆီးရီးယားနဲ့ အီရတ်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုက်အက်စ် စစ်သွေး ကြွတွေအတွက် အမျိုးသမီးတွေကို စုဆောင်းပေးနေတယ်လို့ သံသယရှိသူ ၇ ယောက်ကို ဖမ်းခဲ့တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးက ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြောပါတယ်။

မလေးရှားသို့ လာမည့်မြန်မာများ ပြစ်မှုကင်း၊ မကင်း တင်းကျပ်စွာ စစ်ဆေးမည်

မလေးရှားနိုင်ငံသို့ လာ ရောက်မည့် မြန်မာနိုင်ငံသားများကို ပြစ်မှုကင်းရှင်းမှုရှိ၊ မရှိ တင်းကျပ်စွာ စစ်ဆေး သွားမည်ဖြစ်ပြီး မှုခင်းကင်းရှင်းကြောင်း စစ်ဆေးခံပြီးမှသာ ၀င်ခွင့်ရရှိမည်ဖြစ်ကြောင်း မလေးရှား ပြည်ထဲ ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက် ကြောင်း သတင်းရရှိသည်။

တက္ကစီများကို အသင်းအဖွဲ့ဖြင့် ကွပ်ကဲနိုင်ရန် စီစဉ်

ရန်ကုန်မြို့တော်အ တွင်း ပြေးဆွဲနေသည့် အငှားယာဉ်များကို မထသ (ဗဟို)က ကွပ်ကဲ နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိရာ ၂၀၁၅ အတွင်း ခရီးသည် တင်ယာဉ်လိုင်းများကဲ့သို့အသင်း အဖွဲ့ဖြင့် ကွပ်ကဲနိုင်ရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်း ပထမဆုံးဥက္ကဋ္ဌအဖြစ် ကျောင်းသူတစ်ဦးအား ရွေးချယ်

Photo: ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်း ပထမဆုံးဥက္ကဋ္ဌအဖြစ် ကျောင်းသူတစ်ဦးအား ရွေးချယ်
Wednesday, December 17, 2014

သမိုင်းအစဉ်အလာကြီး မားခဲ့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ဒီဇင် ဘာ ၂၆ ရက်တွင် ပြန်လည်ဖွဲ့ စည်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် သမဂ္ဂဥက္ကဋ္ဌအဖြစ် ကျောင်းသူတစ်ဦးအား တင်မြှောက်ခဲ့ကြောင်း သတင်း ရရှိသည်။

ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂ ပြန်လည်ဖွဲ့စည်းခဲ့ သည့် ရည်ရွယ်ချက်မှာ အဓိက အနေဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက် အအုံပြန်လည်တည်ဆောက်ပေး ရန်၊ ကျောင်းသားအခွင့်အရေးကို တန်းတူညီမျှရရှိစေရန်ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ယာယီအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ မအိဆွေမြတ်ကပြောသည်။

‘‘ကျောင်းသားသမဂ္ဂ အနေနဲ့ ကျောင်းသားထုရှေ့ကနေပြီး တော့ လိုအပ်နေတဲ့ အခွင့်အရေး တွေကို တန်းတူရရှိနိုင်ဖို့အတွက် တောင်းဆိုသွားမှာပါ။ သမဂ္ဂ အနေနဲ့ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ် ကျောင်းသား အ ဆောက်အအုံ ပြန်လည်တည် ဆောက်ပေးဖို့အတွက် လမ်းစဉ် တစ်ခုချပြီးတော့ ဆောင်ရွက်သွား မည်လို့ ဆုံးဖြတ်ချက်ချထားပါ တယ်။ အခုဖွဲ့ထားတဲ့ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ က ဘယ်နိုင်ငံရေး ပါတီအဖွဲ့ အစည်း၊ မည်သူ တစ်ဦးတစ် ယောက်ရဲ့ ချုပ်ကိုင်မှုအောက်မှာ မရှိဘဲနဲ့ မည်သည့်ကိစ္စကိုမဆို လွတ်လွတ်လပ်လပ်ဖော်ဆောင်  ပြောဆိုနိုင်တဲ့၊ ဆုံးဖြတ်ချက်ချနိုင် တဲ့ အဖွဲ့အစည်းတစ်ခု အနေနဲ့ ရပ်တည်မှာပါ’’ ဟု မအိဆွေမြတ် ကပြောသည်။

အဆိုပါ သမဂ္ဂကို ယာယီအလုပ် အမှုဆောင်အဖွဲ့ဝင် ၁၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးဥက္ကဋ္ဌအဖြစ် မြန်မာစာ ဒုတိယနှစ်ကျောင်းသူ မအိဆွေမြတ်အားရွေးချယ်တင် မြှောက်ခဲ့ကြပြီး ပါဝင်လိုသည့် ကျောင်းသားများကို အဖွဲ့ဝင် အဖြစ် လက်ခံပြီးပါက ကျောင်း သားများသမဂ္ဂဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲ၍ ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂယာယီအလုပ်အမှုဆောင် အဖွဲ့အတွင်းရေးမှူး ကိုခန့်ဝေ ဟိဏ်းကပြောသည်။ မြန်မာနိုင်ငံ၏ ကျောင်းသားသမဂ္ဂများသမိုင်းတွင် ဗိုလ်ချုပ် အောင်ဆန်း၊ ကိုနု၊ ကိုရာရှစ်၊ ကိုဗဟိန်း၊ ကိုဘဂျမ်းတို့ အပါ အ၀င် ထင်ရှားသည့် ပုဂ္ဂိုလ်များ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ သည့် ကျောင်းသားသမဂ္ဂအ ဆောက်အအုံကို ၁၉၆၂ ဇူလိုင် ၇ ရက်တွင် တော်လှန်းရေးကောင်စီ အစိုးရက ဖျက်ဆီးခဲ့ပြီးသည့် နောက်ပိုင်း ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများ နည်းပါးသွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၉၆ က ပိတ်ထားခဲ့ပြီး နောက်ပိုင်း ဘွဲ့လွန်သင်တန်းများကို သာ သင်ကြားပေးနေရာမှ ၂၀၁၃ ဒီဇင်ဘာတွင် ၀ိဇ္ဇာ၊ သိပ္ပံဘာသာ ရပ်ဘွဲ့ကြိုသင်တန်းများကို ပြန် လည်ဖွင့်လှစ်ခဲ့သည်။

7Day DAILY 

ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ− နစ်ကီ)
ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ− နစ်ကီ)
သမိုင်းအစဉ်အလာကြီး မားခဲ့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ဒီဇင် ဘာ ၂၆ ရက်တွင် ပြန်လည်ဖွဲ့ စည်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် သမဂ္ဂဥက္ကဋ္ဌအဖြစ် ကျောင်းသူတစ်ဦးအား တင်မြှောက် ခဲ့ကြောင်း သတင်း ရရှိသည်။

စတုတ္ထတန်းမြန်မာစာမေးခွန်း ဗိုလ်ချုပ်မွေးနေ့ မှားယွင်းဖော်ပြ

Photo: စတုတ္ထတန်းမြန်မာစာမေးခွန်း ဗိုလ်ချုပ်မွေးနေ့ မှားယွင်းဖော်ပြ
Wednesday, December 17, 2014

ခရိုင်အဆင့်အခြေခံ ပညာစတုတ္ထတန်း ဒီဇင်ဘာ စာ မေးပွဲ မြန်မာစာမေးခွန်းလွှာတွင် အမျိုး သားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကို ဖေ ဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များတွင်စစ်ဆေးသော မြန်မာစာ မေးခွန်း၊ နံပါတ် (၅) တွင် ‘‘ဗိုလ်ချုပ်အောင် ဆန်းကို နတ်မောက်မြို့ တွင် ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့ပါသည်’’ဟု ဖော် ပြထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း အ ကြောင်း စာပိုဒ်ဖတ်၍ ပေးထား သော မေးခွန်းများကို ဖြေဆိုရသည့် ၁၀ မှတ်တန်မေးခွန်းတွင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးဖွား ရာဇာတိ၊ မွေးသက္ကရာဇ်နှင့် မိဘများကို ဖော်ပြရန် မေးထား ခြင်းဖြစ်သည်။

‘‘ဗိုလ်ချုပ်အောင်ဆန်းမွေး နေ့မှားနေတာကို စာမေးပွဲခန်း စောင့်တဲ့ ဆရာမ တွေလည်း သိပါ တယ်။ ကျောင်းသားတချို့လည်း သိနေပါတယ်’’ဟု ရန်ကုန် အရှေ့ ပိုင်းခရိုင်ရှိ စာမေးပွဲခန်းစောင့် ကြပ်ရသော ဆရာမတစ်ဦးက ပြော သည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် မွေးဖွားခဲ့သော ဗိုလ်ချုပ်အောင် ဆန်း၏ မွေးနေ့ကို မြန်မာစာမေး ခွန်း၌ မှားယွင်းဖော်ပြခဲ့မှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင်လည်း ပျံ့နှံ့ နေပြီး ဝေဖန်ပြောဆိုမှုများရှိနေ သည်။

‘‘စာမေးပွဲမေးခွန်းက သက် ဆိုင်ရာခရိုင်အလိုက် ထုတ်တာ ပါ။ မေးခွန်းတွေက အားလုံး အတူတူမဟုတ်ပါဘူး။ မှားသွား ရင်တော့ ပြင်ဆင်ဖို့အတွက် ပြော ဆို မှာပါ’’ဟု အမှတ် (၃) အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးကဆိုသည်။

ပညာရေးဝန်ကြီးဌာနသည် စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ အတွက် သက်ဆိုင် ရာ ခရိုင်အ လိုက် မေးခွန်းထုတ်၍ စစ်ဆေး သည့်စနစ်ကို ယခုပညာသင်နှစ်တွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး  ယင်းကို စာမေးပွဲအကြို အစမ်းစာမေး ပွဲများစစ်ဆေး နေခြင်းဖြစ်သည်။

7Day DAILY 

စတုတ္ထတန်း မြန်မာစာမေးခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ မှားယွင်းဖော်ပြထားပုံ
စတုတ္ထတန်း မြန်မာစာမေးခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ မှားယွင်းဖော်ပြထားပုံ
ခရိုင်အဆင့်အခြေခံ ပညာစတုတ္ထတန်း ဒီဇင်ဘာစာမေးပွဲ မြန်မာစာမေးခွန်းလွှာတွင် အမျိုးသားခေါင်း ဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကို ဖေ ဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်း ဖော်ပြထားသည်။

ရွှေပြည်သာမြို့နယ်မှာ ပလပ်စတစ်ပုံးပေါ်သို့ ဖယောင်းတိုင် မီးထွန်းထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ

Photo: ရွှေပြည်သာမြို့နယ်မှာ ပလပ်စတစ်ပုံးပေါ်သို့ ဖယောင်းတိုင် မီးထွန်းထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ
Wednesday, December 17, 2014

၁၇.၁၂.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ပေါ်တော်မူလမ်းရှိ ကျူးကျော်တဲတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ရွှေပြည်သာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါ ကျူးကျော်တဲနေ ဒေါ်ရွှေမိ၊ (၄၁)နှစ်သည် နေအိမ်တဲအတွင်း ပလပ်စတစ် ရေပုံးပေါ် တွင် ဖယောင်းတိုင်မီးအား ထွန်းထားခဲ့ပြီး အသက်(၃)နှစ်နှင့် (၆)နှစ်အရွယ် သား(၂)ဦးနှင့်အတူ အိပ်ပျော်နေစဉ် ၀၀၃၅ အချိန်ခန့်၌ ဖယောင်းတိုင် မီးစာကုန်သွားပြီး ပလပ်စတစ်ပုံးအား မီးစတင် လောင်ကျွမ်း ခဲ့ရာမှ ၀ါကြမ်းခင်းအားကူးစက်ပြီး နေအိမ်အား မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ် ကြောင်း၊ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၀၀၄၅ အချိန်တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့မီးလောင်မှု ဖြစ်ပွားစဉ် ၎င်း၏(၃)နှစ် အရွယ်သားငယ်မှာ မီးလောင်ခံရကာ သေဆုံးသွားပြီး (၆)နှစ်အရွယ်သားဖြစ်သူမှာ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာ များရရှိခဲ့သည့်အပြင် ဒေါ်ရွှေမိတွင်လည်း ယာလက်မောင်း၌ မီးလောင်ဒဏ်ရာ ရရှိခဲ့ပါသည်။

ယင်းသို့ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ရွှေမိအား ရွှေပြည်သာမြို့မ ရဲစခန်း (ပ)၈၅၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅/ ၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၇.၁၂.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ပေါ်တော်မူလမ်းရှိ ကျူးကျော်တဲတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ရွှေပြည်သာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ပါသည်။

မိခင်နှင့် မွေးကင်းစကလေး ကျန်းမာရေးစောင့်ရှောက်နိုင်ရန် ဒိန်းမတ်က ကန်ဒေါ်လာ ငါးသန်းတိုးမြှင့် ထောက်ပံ့

ရန်ကုန်- မြန်မာနိုင်ငံရှိ မိခင်နှင့်မွေးကင်းစကလေးသူငယ်များအတွက် ကျန်းမာရေးအခြအနေမြှင့် တင်နိုင် ရန် ဒိန်းမတ်နိုင်ငံက အမေရိကန်ဒေါ်လာ ငါးသန်းတိုးမြှင့်ထောက်ပံ့လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ့ကျေးလက်ကဏ္ဍ ဆင်းရဲတွင်းသို့ ဦးတည်နေကြောင်း ကမ္ဘာ့ဘဏ်ထောက်ပြ

Photo: မြန်မာ့ကျေးလက်ကဏ္ဍ ဆင်းရဲတွင်းသို့ ဦးတည်နေကြောင်း ကမ္ဘာ့ဘဏ်ထောက်ပြ
Wednesday, December 17, 2014

ရန်ကုန်− ကျေးလက်ဒေသတွင် လယ်ယာကဏ္ဍ ထုတ်လုပ်နိုင်မှု နိမ့်ကျခြင်း၊ မြေယာမပိုင်ဆိုင်မှု၊ အခြေခံ အဆောက်အအုံအား နည်းမှု၊ ရာသီဥတု ဖောက်ပြန်မှု တို့ကြောင့် ဆင်းရဲတွင်းသို့ တွန်း ပို့သော အခြေအနေဖြစ်နေ ကြောင်း ကမ္ဘာ့ဘဏ်၏ နိုင်ငံအခြေအနေစနစ်တကျလေ့လာဆန်းစစ်မှု အနှစ်ချုပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုကို တိုင်းတာသော ပြည် တွင်းအသားတင်ထုတ်လုပ်မှု (ဂျီ ဒီပီ)တွင် လယ်ယာကဏ္ဍ ပါဝင် မှုသည် ၃၆ ရာခိုင်နှုန်းကျော်ရှိပြီး အာဆီယံ၌ အများဆုံးဖြစ်နေသည်။ ဂျီဒီပီတွင် လယ်ယာကဏ္ဍပါဝင်မှုကို လျှော့ချနိုင်မှသာ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးသည်ဟု ပြောနိုင်ကြောင်း နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဦးမြင့်ကပြောသည်။

‘‘ကျေးလက်မှာနေတဲ့ လူတွေက ပညာရေးအဆင့် နိမ့်တယ်။ ကုန်ထုတ်လုပ်မှုတန်ဖိုးက လည်း မရှိသလောက်နည်းတယ်’’ ဟု ကမ္ဘာ့ဘဏ် စီးပွားရေးပရိုဂရမ်ခေါင်းဆောင် မစ္စတာ Khwima Nthara က ပြောကြားသည်။

ကျေးလက်ဒေသတွင် နေ ထိုင်သူများသည် ပညာရေး အ ဆင့်နိမ့်ကျကာ ဘ၀ရပ်တည်ရေး အတွက် လယ်ယာလုပ်ငန်း ပေါ် မှီခိုနေရသော်လည်း မြေယာ၊ငွေကြေးကဲ့သို့ ထုတ်လုပ်မှုဆိုင် ရာအထောက်အပံ့များပြည့်ပြည့် ၀၀မရရှိကြောင်း ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ်မှုအနှစ်ချုပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုသည် ၂၀၀၆ မှ ၂၀၁၀ ကြား ဂျီဒီပီ၏ ၅ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အသွင်ကူးပြောင်း ရေးကာလစတင်ချိန်တွင် ၆ ဒသမ၅ ရာခိုင်နှုန်းအထိရှိလာသည်။ လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ဂျီဒီပီ ၈ ဒသမ ၅ ရာခိုင်နှုန်းထိရှိသည်။

 လက်ရှိမြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားမလုံလောက် မှု၊ ငွေကြေးဝန်ဆောင်မှုများ အား နည်းမှု၊ ကျွမ်းကျင်လုပ်သားရှား ပါးမှုနှင့် သတင်းနှင့် နည်းပညာဝန်ဆောင်မှုများ အားနည်းမှု ပြဿနာများ ဖြေရှင်းနိုင်ပါက သိသာထင်ရှားသော အပြောင်းအလဲများ လုပ်ဆောင်နိုင်မည်ဟု ကမ္ဘာဘဏ်လေ့လာဆန်းစစ်မှုတွင် ဖော်ပြထားသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင် ရေးကြိုးပမ်းရာတွင် ရေရှည်ဆောင်ရွက်ရန် မြန်မာနိုင်ငံအနေဖြင့် ဧရာဝတီမြစ် ဘက်စုံစီမံမှု လုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖော်ပြ ထားသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအကူးအပြောင်း ကာလတွင် ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ခြင်းနှင့် အားလုံးမျှဝေ ပိုင်ဆိုင်သည့် သာယာဝပြောမှုကိုမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ထုတ်ပြန်သော နိုင်ငံရေးအခြေအနေလေ့လာစမ်းစစ်မှုအနှစ်ချုပ်ကို အကြောင်းအရာ ၂၁ ခုဖြင့် ၂၀၁၄ နိုဝင်ဘာတွင် ကမ္ဘာ့ဘဏ်  က ထုတ်ပြန်ခဲ့သည်။

7Day DAILY

ရှမ်းပြည်နယ်ရှိ ကျေးရွာတစ်ရွာ (ဓာတ်ပုံ − ငြိမ်းငြိမ်းပြည့်)
ရှမ်းပြည်နယ်ရှိ ကျေးရွာတစ်ရွာ (ဓာတ်ပုံ − ငြိမ်းငြိမ်းပြည့်)
ရန်ကုန်− ကျေးလက်ဒေသတွင် လယ်ယာကဏ္ဍ ထုတ်လုပ်နိုင်မှု နိမ့်ကျခြင်း၊ မြေယာမပိုင်ဆိုင်မှု၊ အခြေခံ အဆောက်အအုံအား နည်းမှု၊ ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် ဆင်းရဲတွင်းသို့ တွန်းပို့သောအခြေ အနေ ဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်၏ နိုင်ငံအခြေအနေစနစ်တကျလေ့လာဆန်းစစ်မှု အနှစ်ချုပ်တွင် ဖော်ပြထား သည်။

သမ္မတဦးသိန်းစိန် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး တက်ရောက်မည်

သမ္မတဦးသိန်းစိန်သည် ငါးကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်း နိုင်ငံ ဘန်ကောက်မြို့သို့ ဒီဇင်ဘာ၁၈ ရက်တွင် သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

၁၃ တန်းအထိ တိုးမြှင့်မည်ဖြစ်၍ တက္ကသိုလ်၊ ကောလိပ်များတွင် ၂ နှစ်စာ ကျောင်းသားလစ်လပ်နေမည်

အမျိုးသားပညာရေး ဥပဒေအရ အခြေခံပညာသင်နှစ် များ တိုးမြှင့်မည်ဖြစ်၍ တက္ကသိုလ် ကောလိပ် အားလုံးတွင် ၂ နှစ်ကြာ ကျောင်းသားလစ်လပ်နေ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောသည်။

ဗီဇာအတုဖြင့် မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၄၅ ဦး ပြန်ရောက်လာ

Photo: ဗီဇာအတုဖြင့် မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၄၅ ဦး ပြန်ရောက်လာ
Wednesday, December 17, 2014

မလေးရှားနိုင်ငံသို့ ဗီဇာ အတုဖြင့် သွားရောက်ခဲ့၍ ထောင် ဒဏ် တစ်နှစ်စီချမှတ် ဖမ်းဆီးခံ ထားရပြီးနောက် လွတ်ငြိမ်းချမ်း သာခွင့်ရရှိသူများ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၅ ရက် တွင် ပြန်လည်ရောက်ရှိလာသည်။

ဒီဇင်ဘာ ၁၅ ရက် ည ၉ နာရီခန့်တွင် စုစုပေါင်း ၁၅ ဦး မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ မိသားစုများလာရောက် ကြိုဆို ခဲ့ကြသည်။

  ‘‘ဒီတစ်ခေါက်ကတော့ အချိန်နောက်ကျနေလို့ အရင်လို အိမ်တိုင်ရာရောက် လိုက်ပို့ တာမျိုးမစီစဉ်ဖြစ်ပါဘူး။ သူတို့ရဲ့မိသားစုတွေကိုပဲ အကုန်အကြောင်း ကြား ပေးထားပါတယ်’’ ဟု ခတ်ပွန်းခုနစ်ရက်သားသမီးနာရေးကူညီမှု အသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

 လွတ်ငြိမ်းချမ်းသာခွင့်ရရှိ သူများတွင် ခုနစ်ဦးမှာ တရားခံ များကို အရေးယူဆောင်ရွက်နိုင် ရန် မလေးရှားနိုင်ငံအစိုးရသက် သေအနေဖြင့် ဆောင်ရွက်ပေးရ မည်ဖြစ်သောကြောင့် တစ်ပတ် ခန့်နောက်ကျပြီးမှ ပြန်ရောက်လာ မည်ဖြစ်သည်။

ဇူလိုင် ၈ ရက်က မလေးရှား နိုင်ငံသို့  အလည်အပတ်ဗီဇာ (Visit Visa) ဖြင့် သွားရောက်ခဲ့ သော မြန်မာနိုင်ငံသား ၇၂ ဦးသည်ဗီဇာအတုများဖြစ်နေ၍ မလေး ရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖမ်း ဆီးထားသူများအနက် ဗီဇာအတု ကိုင်ဆောင်သူ ၅၂ ဦးအား သြဂုတ် ၁၂ ရက်တွင် မလေးရှား ဆီဗန်းတရားရုံးက ထောင်ဒဏ် တစ်နှစ်စီချမှတ် လိုက်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန် မာသံရုံးက အဆိုပါမြန်မာ ၅၂ ဦး ၏ ပြစ်ဒဏ်များ ပယ်ဖျက်ပေးရန် အယူခံဝင်၍ သံတမန်အချင်းချင်း ဆွေးနွေးဆောင်ရွက်ထား မှုကို သြဂုတ်အတွင်းကပင် လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်က လွတ်ငြိမ်း ချမ်းသာခွင့်  ရရှိခဲ့ခြင်းဖြစ်သည်။

ဗီဇာအတုဖြင့် သွားရောက် ခဲ့သော ၇၂ ဦးတွင် ပြစ်ဒဏ်မှ ကင်းလွတ်သူ ၂၀ ဦးကို မလေး ရှားနိုင်ငံ မြန်မာသံရုံးက စက်တင် ဘာ ၁ ရက်၌ မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။ ဗီဇာအတုများ ဖြင့် ခေါ်ဆောင်လာသူ မြန်မာအေးဂျင့် သုံးဦးအား မလေးရှား ဆီဗန်းတရားရုံးက အမိန့်ချမှတ်ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံသား ၇၂ ဦးကို စုမြတ်အေဂျင်စီက ခေါ်ဆောင် လာခြင်းဖြစ်ပြီး အဆိုပါအေဂျင်စီသည်  တရားမ၀င်လုပ်ကိုင်နေ သော အေဂျင်စီဖြစ်သည်။

7Day DAILY 

ဗီဇာအတုကိုင်ဆောင်သည့် စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည် ရောက်ရှိ လာသူများထဲမှ မြန်မာလုပ်သားတစ်ဦးနှင့် ကြိုဆိုလက်ဆောင်ပစ္စည်း ပေးအပ်နေသူများ(ဓာတ်ပုံ - ဇွဲဉာဏ်)
ဗီဇာအတုကိုင်ဆောင်သည့် စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည် ရောက်ရှိလာသူများထဲမှ မြန်မာလုပ်သား တစ်ဦးနှင့် ကြိုဆိုလက်ဆောင်ပစ္စည်း ပေးအပ်နေသူများ(ဓာတ်ပုံ - ဇွဲဉာဏ်)
မလေးရှားနိုင်ငံသို့ ဗီဇာ အတုဖြင့် သွားရောက်ခဲ့၍ ထောင် ဒဏ် တစ်နှစ်စီချမှတ် ဖမ်းဆီးခံ ထားရပြီးနောက် လွတ်ငြိမ်းချမ်း သာခွင့်ရရှိသူများ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၅ ရက် တွင် ပြန်လည်ရောက်ရှိလာသည်။