စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် ဦးစန်းကိုအား တာဝန်မှ အနားယူခွင့်ပြု လိုက်ကြောင်း နိုဝင်ဘာ ၁၄ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး၍ နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။
စစ်ကိုင်းတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ် ဦးစန်းကိုအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၁၂ နှင့် ပြည်ထောင်စုတရားစီရင်ရေး ပုဒ်မ ၄၉ ပါ ပြဋ္ဌာန်းချက်များအရ တာဝန်မှ အနားယူခွင့်ပြုလိုက် ကြောင်း ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြပါရှိသည်။

