Monday 17 November 2014

တပ်မတော် ဆရာဝန်များ အရပ်ဘက်သို့ ပိုရောက်လာတော့မည်


တပ်မတော် ဆေးတက္က သိုလ် နောက်ပိုင်း အပတ်စဉ်များမှ ကျောင်းဆင်းပြီး တပ်မ တော်တွင် ဆရာဝန်အဖြစ် တာ ၀န်ထမ်းဆောင်နေသော ဆေး ပညာမဟာဘွဲ့ တက်ခွင့်မရသည့် ဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းပေးမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

‘‘စစ်ဆေးရုံတွေမှာ လူနာက မရှိသလောက်နဲ့ သွားတော့ ဆေး သိပ်မကုရဘူး။ ဒါကြောင့် ထွက် ခွင့်ပေးပြီး တိုက်နယ်ဆေးရုံတွေ ကို ပို့မယ်လို့ ပြောတယ်။ အပတ် စဉ်က (၇) လောက်ကနေဆိုတော့ လူက မနည်းဘူး’’ ဟု တပ်မတော် စစ်ဆေးတက္ကသိုလ်တွင် တာဝန် ထမ်းဆောင်နေသော ဗိုလ်ကြီး တစ်ဦးက ပြောသည်။

လက်ရှိတွင် တိုက်နယ်ဒေသ ရှိ ဆေးရုံများသို့ အရပ်သားဆ ရာဝန်များ သွားရောက်လုပ် ကိုင်ချင်သူ နည်းပါးသဖြင့် တပ်မ တော်သား ဆရာဝန်များအား ပို့ ဆောင်ရခြင်းဖြစ်သည်ဟုသတင်းရရှိသည်။

‘‘ပြည်သူအတွက်တော့ ကောင်းတယ်။ ဆရာဝန်တွေ များ လာတာ။ ဒါပေမဲ့ တာဝန်ခွဲဝေမှု အပိုင်းမှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာ အဓိကကျတယ်။ လက်ရှိ တိုက်နယ်ဆရာဝန်တွေနဲ့ ဘယ် လိုတာဝန်ယူကြမလဲ’’ ဟု ရောင် ခြည်သစ်ကုသိုလ်ဖြစ် ဆေးခန်းမှ ဒေါက်တာ ကျော်စွာဦးက သုံး သပ်သည်။

တပ်မတော်မှ အာဏာသိမ်း ပြီး နောက်ပိုင်း စစ်ဆေးတက္က သိုလ်တက်ခွင့်မှာ အရပ်ဘက် ဆေးတက္ကသိုလ် တက်ခွင့်ထက် အမှတ်နည်းခြင်း၊ လစာခွင့်ရရှိ ခြင်းတို့ကြောင့် ဆရာဝန်ဖြစ်လို သူများအနေဖြင့် စစ်ဆေးတက္က သိုလ်သို့ တက်ရောက်သူများပြားခဲ့သည်။ လက်ရှိ ကျန်းမာရေး ၀န် ကြီးမှာလည်း တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်

7Day Daily

No comments:

Post a Comment