Monday 17 November 2014

အကြမ်းဖက်သမား လေးဦးစလုံး ဖမ်းဆီးမိပြီဟု ဆို

ရဲတပ်ဖွဲ့က ထုတ်ပြန် သတိပေးထားသည့် အကြမ်းဖက် သမား လေးဦးစလုံး ဖမ်းဆီးထား နိုင်ပြီး နေပြည်တော်၏ ကွပ်ကဲမှု ဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန်းနီမြို့၊ အေးရှားဝေါဂိတ်တွင် နိုဝင်ဘာ ၁၄ ရက် ညနေက အ ကြမ်းဖက်သမားများဖြစ်သည်ဟု သံသယဖြင့် အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုညနေတွင် လားရှိုးခရိုင်ရဲမှူးက ဦးဆောင်၍ ကနဦးစစ်ဆေးမှုများပြုလုပ်ပြီးနောက် ကြေညာထားသည့် အကြမ်းဖက်သမားများဖြစ်နေသည့် အတွက် ညတွင်းချင်းပင် မန္တလေးတိုင်းဒေသကြီး သတင်းရဲတပ်ဖွဲ့သို့ လွှဲပေးခဲ့ခြင်းဖြစ်ကြောင်း သိန်းနီမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘ဖြန့်ထားတဲ့ ဓာတ်ပုံတွေနဲ့ တိုက်ပြီး သံသယနဲ့ ဖမ်းခဲ့တာ။ ဒီ မှာစစ်ပြီးမှ ပေါ်တာပေါ့။ ညဘက် စစ်တော့မှ ဇာတ်လမ်းအကုန်လုံး ပေါ်တာ။ လူကြီးတွေ အကုန် သိန်းနီကိုဆင်းလာပြီး စစ်တာ။ ည တွင်းချင်းပဲ မန္တလေးကို ခေါ်သွား တယ်’’ဟု သိန်းနီမြို့နယ်ရဲတပ်ဖွဲ့ ရဲ အရာရှိတစ်ဦးက ပြောသည်။

အကြမ်းဖက်သမား လေးဦး လုံး ဖမ်းမိထားသည်ဆိုသည့် သ တင်းကို နေပြည်တော်နှင့် ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့ကပါ အတည် ပြုပြီး အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြီး အောင်မြတ်မိုးက ပြောသည်။‘‘လုံခြုံရေးအရ နေရာရွှေ့ ပြောင်းပြီး စစ်နေတယ်။ အသေး စိတ်စစ်ဆေးပြီးရင် အထက်လူ ကြီးတွေ သတင်းထုတ်ပြန်ပါလိမ့် မယ်’’ဟု ဆိုသည်။

‘‘ခရိုင်တာဝန်မှူး ကိုယ်တိုင်ခေါ်သွားတော့ ကျွန်တော်တို့လည်း မသိလိုက်ရဘူး။ ဒီမှာ ခဏလေးစစ်ပြီး ခရိုင်ကို ခေါ်သွားတာ။ ပေးထားတဲ့ဓာတ်ပုံတွေနဲ့ ကြေငြာထားတဲ့ အကြမ်းဖက်သမားတွေ နဲ့ ကွက်တိပဲ ဆိုတာပဲ သိတယ်’’ ဟု သိန်းနီမြို့နယ် ရဲစခန်း တာဝန်မှူးက ပြောသည်။ ၎င်းတို့မှာ ခရီးသည်တင် ကားဖြင့် သိန်းနီမြို့သို့ ၀င်ရောက်လာခြင်းဖြစ်၍ ဒေသခံများအား ကြိုတင်အသိပေးကာ ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိန်းနီမြို့နယ် ရဲစခန်းမှူးက ပြောသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် အကြမ်းဖက်သမားများအဖြစ် ရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသူများမှာ ရိုဟင်ဂျာသွေးစည်းညီ ညွတ်ရေးတပ်ဖွဲ့မှ အဖွဲ့ခေါင်းဆောင် သန်းဝင်း (ပြည်တွင်းလှုပ် ရှားမှု တာဝန်ခံ) ဦးဆောင်သည့် အမျိုးသား သုံးဦးဖြစ်သည်။ နိုဝင်ဘာ ၈ ရက်က မော်လမြိုင်မြို့တွင် ခိုလှုံနေသည်ဟုစတင်သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထားသူများအား စစ်ဆေးရန်ရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့် မြင့်အရာရှိတစ်ဦး မန္တလေးသို့ ထွက်ခွာသွားကြောင်း နောက်ဆုံး သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment