Friday 14 November 2014

ရိုဟင်ဂျာပဲ ဆက်ခေါ်မယ်ဆိုတဲ့ ဘန်ကီမွန်းပြောဆိုချက်ကို မဘသ ကန့်ကွက်

မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုချက်ကို ကန့်ကွက်တယ်လို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်လိုက် ပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်း ပြောဆိုတာဟာ မြန်မာပြည်သူ၊ ပြည်သားတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အကြား နားလည်မှု လွဲမှားစေနိုင်ရုံသာမက လူမျိုးရေး ပဋိပက္ခတွေပါ ဖြစ်ပေါ်လာ စေနိုင်ပါတယ်လို့ အဲဒီသဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘန်ကီမွန်းရဲ့ ပြောဆိုချက်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်တာပဲ ဖြစ်တယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့တကွ မြန်မာနိုင်ငံသား အားလုံးက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ရှိတယ်ဆိုတဲ့ သမိုင်းအထောက်အထား မရှိပါလို့ ပြောနေပါလျက်နဲ့ တခြားသူတွေ ပြောတဲ့ စကားကို တစ်ဖက်သတ် ယုံကြည်နေခြင်းဟာ မသင့်လျော်တဲ့အရာ ဖြစ်ပါတယ်လို့လည်း မဘသက ထုန်ပြန်ထားပါတယ်။

မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံမှာ ရှိတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်လို့ နိုဝင်ဘာလ ၁၂ ရက်နေ့က The Voice သို့ ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လူနည်းစု အခွင့်အရေးစံနှုန်းတွေ အတွက်ရော၊ နိုင်ငံတာကာမှာ ရိုဟင်ဂျာလို့ပဲ ခေါ်ဝေါ်နေကြတဲ့ အတွက်ရော ရိုဟင်ဂျာလို့ပဲ ဆက်ခေါ်မယ်လို့ သူက ပြောဆိုခဲ့တာပါ။

The Voice Weekly

No comments:

Post a Comment