Friday 14 November 2014

လွှတ်တော်သို့ လေ့လာရန်လာသော ဒီချုပ်ပါတီဝင်များအား နေပြည်တော်သို့ ၀င်ခွင့်မပြု

လွှတ်တော်သို့ လာရောက်လေ့လာသည့် ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ရာ ကျော်အား လုံခြုံရေးအကြောင်းပြ ချက်ဖြင့် နေပြည်တော်သို့ ၀င်ခွင့်မပြုခဲ့ကြောင်း သတင်းရရှိ သည်။

နေပြည်တော်အ၀င် ဂိတ် ပေါက်ဖြစ်သည့် စီလမ်းဆုံ စစ် ဆေးရေးဂိတ်တွင် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပိတ်ပင်ခဲ့မှုသည် သမ္မတညွှန်ကြားချက်ဖြင့် နေပြည်တော်ကောင်စီမှ အမိန့်အရဖြစ် ကြောင်း အုပ်ချုပ်ရေးပိုင်းက ပြော ဆိုခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီမှ ဒဂုံဆိပ်ကမ်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ မျိုးအောင်ကပြောသည်။

‘‘နေပြည်တော် ကောင်စီ နယ်မြေမှာ နိုင်ငံ ၁၈ နိုင်ငံ အာ ဆီယံ အစည်းအဝေး လုပ်နေ တယ်။ လုပ်နေတော့ အတိမ်းအ စောင်း အဖြစ်မခံနိုင်ဘူး။လွှတ် တော် လေ့လာဖို့က ဒီအချိန်မှာ အင်န်အယ်လ်ဒီဖြစ်ဖြစ်၊ ကြံ့ခိုင်ရေး ဖြစ်ဖြစ် ဘာမှခွင့်မပြုနိုင်သေး ဘူး။တရားဝင် လုပ်နေတာပါ။ နိုင်ငံ တော် သမ္မတကြီးကိုယ်စား တာ ၀န်ထမ်းဆောင်နေတာပါ’’ ဟု ဒဏ္ခိဏခရိုင်အရေးပေါ်စီမံခန့်ခွဲ မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး ကပြောသည်။

‘‘၃၉ မိုင်မှာ တစ်ခါ၊ ၁၁၅ မိုင် မှာ တစ်ခါ စစ်ဆေးရေးအဖွဲ့ ပေါင်းစုံနဲ့ စစစ်ဆေးတယ်။ ကား နံပါတ်၊လူဦးရေ စာရင်း၊ ရပ်ကွက် ထောက်ခံစာအစ အကုန်အပြည့် အစုံပါတယ်။ စစ်ဆေးတာ တစ်နာရီခွဲ လောက်ကြာတယ်။ နေပြည်တော်အ၀င် ဂိတ်ရောက်တော့ လည်း လုံး၀၀င်ခွင့်မပြုဘူး’’ဟု ဒဂုံဆိပ်ကမ်းမှ အင်န်အယ်လ်ဒီနာယက ဒေါ်သိန်းကြည်က ဆိုသည်။

အဆိုပါလွှတ်တော်ခရီးလာ လေ့လာသူများအား နိုဝင်ဘာ ၁၄ ရက် နေ့လယ်မှသာ ၀င်ခွင့်ပြုနိုင် မည်ဖြစ်ပြီး ၎င်းတို့ တည်းခိုရန် အတွက် ရက်ကန်းစင်တောင် ဘုန်းကြီးကျောင်းတွင် စီစဉ်ပေး မည်ဟု ဦးဇော်လွင်ဦးကဆိုသည်။

‘‘လွှတ်တော်မှာ လာလေ့လာဖို့ ခွင့်ပြုချက်ယူပြီးသား။ အကုန် လုံး စီစဉ်ပြီးသား။ ကျန်တဲ့ကား တွေလည်း သွားနေတာပဲ။ အမိန့် အရဆိုရင် သူတို့လည်း တစ် ယောက်ချင်းစစ်နိုင်တာ မဟုတ် ဘူး။ ကျွန်တော်တို့ကားတွေကို တစ်ယောက်ချင်း စစ်မယ်ဆို လည်းရတယ်’’ ဟု ဒေါက်တာမျိုးအောင်က ပြောသည်။

အဆိုပါ အဖွဲ့ဝင်များသည် အုပ်ချုပ်ရေးပိုင်းမှ စီစဉ်ပေးသော တည်းခိုရန်နေရာသည် အဆင်မ ပြေသောကြောင့် အနီးအနား ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တွင် သွားရောက် တည်းခို ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment