Sunday 16 November 2014

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကူညီနိုင်ရန် အမေရိကန်က ငြိမ်းချမ်းရေး အစီအစဉ်စတင်

မြန်မာ့ပြုပြင်ပြောင်းလဲ ရေးတွင် အောက်ခြေအထိ နား လည်သဘောပေါက်၍ နက်နက် ရှိုင်းရှိုင်း ထောက်ပံ့ကူညီနိုင်ရန် အမေရိကန်ပြည်ထောင်စု၏ မြန် မာပြည်ငြိမ်းချမ်းရေးအစီအစဉ် (Peace Crops) ကို ၂၀၁၅ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက နေပြည်တော်၌ နိုဝင်ဘာ ၁၃ ရက်ကထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါအစီအစဉ်ကို နိုဝင် ဘာ ၁၃ ရက်ကကျင်းပခဲ့သည့် အရှေ့အာရှထိပ်သီးအစည်းအဝေးများအားလုံး ပြီးဆုံးချိန် သမ္မတဦးသိန်းစိန်နှင့် သမ္မတ အိုဘားမားတို့ မတွေ့ဆုံမီ ကြေညာခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။

အဆိုပါ အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုစေတနာ့ ဝန်ထမ်းများသည် မြန်မာဘာသာ စကား၊ မြန်မာ့ ယဉ်ကျေးမှုနှင့် အောက်ခြေပြည်သူလူထုနှင့် ထိ တွေ့ဆက်ဆံရေးတွင် လက်တွေ့ လိုအပ်ချက်များကို သုံးလကြာ သင်တန်းတက်ရောက်ရမည်ဖြစ် သည်။

ယင်းသင်တန်း ပြီးပါက ၂၀၁၅ နှစ်ကုန်ပိုင်းတွင် အဆိုပါ စေတနာ့ ဝန်ထမ်းများက မြန်မာ နိုင်ငံသို့လာရောက်မည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ၂ နှစ်ကြာတာဝန်ထမ်းဆောင်ရ မည်ဖြစ်ကြောင်း ကြေညာချက် တွင်ပါရှိသည်။

အမေရိကန်သည် Peace Crops ခေါ် ငြိမ်းချမ်းရေး အစီ အစဉ်ကို ၁၉၆၁ ခုနှစ်ကတည်းက စတင်ခဲ့ပြီး မြန်မာနိုင်ငံက အမေရိ ကန်၏ ၁၄၁ နိုင်ငံမြောက် Peace Crops ဆောင်ရွက်သည့်နိုင်ငံဖြစ် လာမည်ဖြစ် သည်။

အမေရိကန်နှင့် မြန်မာနိုင်ငံ တို့ပူးပေါင်းဆောင်ရွက်ရေးကို နည်းလမ်းမျိုးစုံဖြင့် ဆက်ဆံရေး တိုးချဲ့မှုများအတွက် ယခုအစီ အစဉ်က အထောက်အကူပြုနိုင် မည်ဖြစ်ပြီး လူထုအချင်းချင်း ဆက်သွယ် ဆောင်ရွက်သည့် နည်းလမ်းက မြန်မာ့အပြောင်း အလဲအတွက် ထိထိရောက်ရောက်ကူညီနိုင်မည့် အမေရိကန် ပြည် ထောင်စု၏ ဆုံးဖြတ်ချက်ကို အကောင်းဆုံးနည်းလမ်းဖြင့် ပြသ ရာရောက်ကြောင်းထုတ်ပြန်ချက် ကဆိုသည်။

အမေရိကန် အစိုးရ၏ Peace Crops အစီအစဉ်မှာ ကမ္ဘာတစ်ဝန်း ပညာရေး၊ ကျန်း မာရေး၊ သုတေသနဖွံ့ဖြိုးတိုး တက်ရေးနယ်ပယ်များတွင် ကူညီ ဆောင်ရွက်ရန် စေတနာ့ ဝန်ထမ်းပေါင်း နှစ်သိန်းကျော် စေလွှတ်ထားကြောင်း Peace Crops နိုင်ငံတကာသတင်းများ၌ ဖော်ပြထားသည်။

မြန်မာပြည်သူများအတွက် ကြွယ်ဝချမ်းသာပြီး ခေတ်မီတိုး တက်သည့်နိုင်ငံတစ်ခုဖြစ်လာစေ ရေးအတွက် အမေရိကန် ပြည် ထောင်စုက ကူညီထောက်ပံ့မှု များ ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတအိုဘားမားက မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဖုန်းဖြင့် ဆက်သွယ် ပြောကြားမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

7Day Daily

No comments:

Post a Comment