ကိုယ်အလေးချိန် လျှော့ချရန် ကြိုးစားနေပါက လေ့ကျင့်ခန်းလုပ်ပြီး ကယ်လိုရီများ လောင်ကျွမ်းစေခြင်းမှာ အဓိကကျသည်။ သို့သော် လုံလောက်သော ကယ်လိုရီလောင်ကျွမ်းမှု မရှိပါက ကိုယ်အလေးချိန် ပြောင်းလဲ သည်ကို သင်မြင်တွေ့ရမည်မဟုတ်ပေ။ အကယ်၍ ယင်းသို့ ကြုံတွေ့နေပါက ကယ်လိုရီများ လောင် ကျွမ်းစေ ရန် ကြိုးစားနေစဉ် မှားတတ်သော အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါသည်။
Monday, 20 October 2014
ကန်တော်ကြီး ကန်ပတ်လမ်း၌ ရှိသည့် စားသောက်ဆိုင်နှင့် ဟိုတယ်များ ရေဆိုးစွန့်ပစ်မှုစနစ် သတ်မှတ် ပေးထားခြင်းကို မလိုက်နာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တရားစွဲဆို သွားမည်

ရန်ကုန်မြို့တော်ရှိ ကန်တော်ကြီးရေပြင် ကြည်လင်သန့်ရှင်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ငွေကျပ် သိန်းပေါင်းများစွာ သုံးစွဲ ဆောင်ရွက်လျက် ရှိပြီးကန်ပတ်လမ်း တစ်လျှောက်ရှိ စားသောက် ဆိုင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရေဆိုးစွန့်ပစ်မှုစနစ် သတ်မှတ် ပေးထား ခဲ့သော်လည်း လိုက်နာမှု မရှိသော စားသောက်ဆိုင်နှင့် ဟိုတယ်များကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ ဌာနခွဲမှူး ဒေါ်ခင်အေးမြင့်၏ ပြောကြားချက် အရ သိရသည်။
တစ်ရက်တာ ဧည့်လမ်းညွှန် ဝန်ဆောင်ခ အတည်ပြုနိုင်ရန် ညှိနှိုင်းဆဲ အဆင့်တွင်သာရှိ

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ဧည့်သည်များအား လိုက်လံ ရှင်းလင်းပြသ ပေးနေသည့် ဧည့်လမ်းညွှန်များ အနေဖြင့် လက်ရှိအချိန်တွင် တရားဝင် အတည်ပြုထားသည့် နှုန်းထားဖြင့် ဧည့်လမ်းညွှန်ကြေးကို ရရှိနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖျင်း သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်သာ ဆောင်ရွက် နေကြကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက်သုံးစွဲခ နှုန်းထားများ ကို Package အလိုက်ကောက်ခံရန် စီစဉ်နေ
မြန် မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ အင်တာနက်အသုံးပြုခနှုန်းထား များကို မိနစ်ဖြင့် ကောက်ခံခြင်းအ ပြင် Package များဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ကာတာအသင်းနှင့်ပွဲစဉ်တွင် မြန်မာအသင်းရလဒ်နှင့်ပတ်သက်၍ ပရိသတ်များအလွန်အကျူးမဖြစ်ရန် နည်းပြချုပ်ဂတ်ဆီဇီ တောင်းဆို

မြန်မာ ယူ-၁၉အသင်းအနေဖြင့် အမြင့်ဆုံး ရည်မှန်းချက်အောင်မြင်အောင် လုပ် နိုင်ခဲ့ပြီး အာဆီယံ အဆင့် ပြိုင်ပွဲမဟုတ်သည့် အာရှအဆင့်ပြိုင်ပွဲတွင် ပွဲတိုင်း အနိုင်ရရှိရန် မလွယ်ကူသည့်အတွက် မြန်မာပရိသတ် များ ကို နားလည်ပေးရန် နည်းပြချုပ်ဂတ်ဆီဇီကပွဲကြို သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။
ပျောက်ဆုံး မိန်းကလေးငယ် (၄) ဦး တည်းခိုခန်းနှင့် အနှိပ်ခန်း များတွင် ရှာဖွေမည်
တိုက်ကြီး မြို့နယ် ကတန်စိန်ဒသနှင့် ဥက္ကံမြို့နယ် အတွင်း ပျောက်ဆုံးနေသော မိန်းကလေးငယ် လေးဦးအား ရန်ကုန်ရှိ တည်းခိုခန်းနှင့် အနှိပ်ခန်း များတွင် ရှာဖွေ သွားမည်ဟု တိုက်ကြီးမြို့နယ် တ.စ.ည ပါတီ (ဗဟို ကော်မတီဝင်) ဥက္ကဋ္ဌ ဦးမြင့်သိန်းက The Messenger Media သို့ ပြောသည်။
နိုင်ငံသားစိစစ်ခြင်းကို ရခိုင်သာမကဘဲ တစ်နိုင်ငံလုံး ဆောင်ရွက်ရန် ရခိုင်အမျိုးသားအင်အားစုများ တောင်းဆို
၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆောင်ရွက်ပေးရန် ရခိုင်အမျိုး သားအင်အားစုများက တောင်းဆို လိုက်သည်။
အခြေအနေသိပ်မဟန်တော့တဲ့ သမီးရည်းစား၊ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင် ဆက်ဆံရေးအခြေအနေတွေကို ဘယ်လိုဖြေရှင်းမလဲ…

တစ်ခါတစ်လေ ကျွန်တော်တို့အများစုဟာ စွန့်လွတ်လိုက်ဖို့ သို့မဟုတ် ဘာလုပ်ချင်မှန်းမသိဖြစ်နေတတ် ပါတယ်။ အဲဒီတော့ မိတ်ဆွေသူငယ်ချင်း၊ မိသားစု၊ ကိုယ့်ချစ်သူ သို့မဟုတ် လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးနဲ့ မပြေလည်တဲ့ ဆက်ဆံရေးက အပြုသဘော၊ ကောင်းမွန်တဲ့ အနေအထားထက် ပိုပိုပြီး စိတ်ဖိစီးမှုနဲ့ အပျက်သဘောဘက် ဦးတည်နေတဲ့ ပုံစံဖြစ်လာတဲ့အခါ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ တာဝန်ဝတ္တရား၊ အပြစ်ရှိခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် နှာလုံးကြေကွဲမှုစတဲ့ ခံစားချက်တွေကို ဘယ်လို ကိုင်တွယ်ဖြေ ရှင်းမလဲ ဆိုတာ တွေးလာရပါပြီ။ မိသားစု၊ ချစ်သူ ဒါမှမဟုတ် သူငယ်ချင်းတိုင်းကို အမှီအခိုပြုဖို့၊ အကူ အညီတောင်းဆိုဖို့ သူတို့လည်း အမြဲတမ်း အဆင်သင့်ရှိမနေတတ်ကြဘူး ဆိုတာ မှတ်သားထားဖို့ အရေးကြီးတယ်။ ဆက်ဆံရေးတိုင်းမှာ မပြောင်းလဲ တတ်တဲ့ ရင်းနှီးခင်မင်မှုနဲ့ အပြန်အလှန်ဆက်နွယ်မှု ရှိတယ် ဆိုတာလည်း မဟုတ်ပါဘူး။
တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး အစိုးရနှင့် SSPP/SSA တွေ့ဆုံညှိနှိုင်းသော်လည်း သဘောတူညီမှု မရဟုဆို
တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UPWC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းတပ်မတော်မြောက်ပိုင်း (SSPP/SSA) တို့ တွေ့ဆုံ ဆွေးနွေးသော် လည်း သဘောတူညီချက် မရသေးကြောင်း SSPP/SSA အထွေထွေအတွင်းရေးမှူး ဦးစပ်ခွန်စိုင်း က ပြောကြားသည်။
လိပ်ကျွန်းလူသတ်မှုဖော်ထုတ်ရေး ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို စေလွှတ်တော့မည်

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း ခေါ် လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ဗြိတိသျှနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှု အတွက် စုံစမ်းဖော်ထုတ်ရာမှာ ကူညီဆောင်ရွက်ဖို့ ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို မကြာခင်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကိုစေလွှတ်တော့မယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောကြားလိုက် ပါတယ်။
ဖြူးမြို့တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

တောင်ငူခရိုင် ဖြူးမြို့မှာ ဘုန်းကြီး ၁ ပါးနဲ့ အမျိုးသမီး ၂ ဦးကို စိတ်ဝေဒနာရှင် ၁ ဦးက သုံးလောင်းပြိုင်လူ သတ်မှုဖြစ် ပွားခဲ့ပါ တယ်။
လျှပ်စစ်ကြောင့် ထိခိုက်နစ်နာမှုများကို ထိုက်တန်သော လျော်ကြေးများ ပေးမည်ဟု လျှပ်စစ်စွမ်းအား ဒုဝန်ကြီးပြော
လျှပ်စစ်ဓာတ်အား ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဓာတ်အား ရောင်းချခြင်းမှရရှိသည့် ဝင်ငွေ တိုးတက် လာမှု ပေါ်မူတည်၍ ထိုက်တန်သော လျော်ကြေးများပေး အပ်သွားမည်ဖြစ်ကြောင်းသိရသည်။
KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင် ဖားကန့်ဒေသခံလူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စု၊ အောင်ဘာလေေ ကျးရွာအနီး ဥရုချောင်းအတွင်း၌ အောက်တိုဘာ ၁၈ ရက် နေ့လယ် ၂ နာရီခန့် တွင် KIA အဖွဲ့ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာ လူငယ် ၃ ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
လေးဖက်နာနှင့် အဆစ်မြစ်နာအတွက် သဘာဝဆေးနည်း

လေးဖက်နာ၊ အဆစ်မြစ်နာ၊ အကြောတက်၊ ခြေလက်ကိုက်ခဲ၊ ဇက်ကျောတက်ရောဂါများအတွက် လက်တွေ့ ပျောက်ကင်းစေမည့် သဘာဝဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
အိမ်ရှင်ပရိသတ် ကွင်းလုံးပြည့်အားပေးမှုက ကာတာအသင်းအတွက် ဖိအားရှိနေဟုဆို
အကြိုဗိုလ်လုပွဲအဆင့်တွင် အိမ်ရှင်မြန်မာအသင်းနှင့် တွေ့ဆုံနေသည့်အတွက် ပိုမိုခက်ခဲမည်ဖြစ်ပြီး ပရိသတ် များ၏ ကွင်းလုံးပြည့်အားပေးမှုကလည်း ဖိအားအနည်းငယ်ရှိကြောင်း ကာတာယူ-၁၉ အသင်း နည်းပြ Felix Sanchez က ပြောသည်။
မန္တလေးတိုင်း ငါးလုပ်ငန်းဆက်စပ်လုပ်ငန်းများမှ အခွန်ငွေကျပ် သိန်းလေးထောင်ကျော် ရရှိ

ဧရာဝတီတိုင်းအတွင်းရှိ အင်းတစ်ခုကိုတွေ့ရစဉ်-ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
မန္တလေးတိုင်းဒေသကြီး ရှိ ငါးလုပ်ငန်းဆက်စပ်လုပ်ငန်း များမှ ယခုနှစ်အတွင်း အခွန်ငွေ ကျပ်သိန်းေ လးထောင်ကျော်ကောက်ယူရရှိပြီးဖြစ်ကြောင်း သတင်းရရှိ သည်။
နတ်မြစ်အတွင်း လုံခြုံရေးနှင့် ကယ်ဆယ်ရေးယာဉ်များချ
ရခိုင်ပြည်နယ် ပင်လယ် ပြင်နယ်နိမိတ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်နတ်မြစ်အတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်ရန် ကင်းလှည့်အမြန်ရေယာဉ်နှင့် အရေး ပေါ်ရှာဖွေရေး ကယ်ဆယ်ရေးရေယာဉ်များကို အောက်တိုဘာ ၁၉ ရက်တွင် စတင်ရေချခဲ့ကြောင်း သတင်းရရှိသည်။
အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၆ မှသာ ဖြစ်လာနိုင်ဟု MPC ပြော
အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ၂၀၁၆ မှသာ ဖြစ်လာနိုင်ခြေရှိကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)နှင့် လွှတ်တော်ကိုယ်စား လှယ်များ တွေ့ဆုံပွဲအတွင်း MPC ဘက်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းသို့ အောက်တိုဘာ လအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ၀င်ရောက်မှုမြင့်တက်လာ

သရေခေတ္တရာ ရှေးဟောင်းဇုန်နှင့် ပြတိုက်သို့ လာရောက်လေ့လာနေသူများအား တွေ့ရစဉ်
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်မြို့ မှော်ဇာကျေးရွာအုပ်စုတွင်းရှိ ကမ္ဘာ့အမွေနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းသို့ အောက်တိုဘာအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု အဆ မတန် များပြား ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့၌ တစ်ရက်အတွင်း ဘတ္ထရီဝါယာရှော့မှတစ်ဆင့် ကားမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား

ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ်(၁)သစ် စက်ရှေ့တွင် ဒီဇယ်များ တင်ဆောင် လာသော ဆူဇူကီးအမျိုးအစားယာဉ် မီးလောင် ကျွမ်းပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)
ရန်ကုန်မြို့၌ အောက်တိုဘာ ၁၈ ရက်တွင် ဘတ္ထရီဝါယာရှော့မှတစ်ဆင့် ကားမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)