Monday, 20 October 2014

စည်ပင်သာယာရေး ကော်မတီ ကိုယ်စားလှယ်လောင်းများစာရင်း တင်သွင်းရန် အချိန်ငါးရက် ထပ်မံတိုးမြှင့်

Photo: စည်ပင်သာယာရေး ကော်မတီ ကိုယ်စားလှယ်လောင်းများစာရင်း တင်သွင်းရန် အချိန်ငါးရက် ထပ်မံတိုးမြှင့်
Monday, October 20, 2014 

စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်း နောက်ဆုံး တင်သွင်းရမည့်အချိန်ကို သတ်မှတ်ရက်ထက် ငါးရက် ထပ်မံတိုးမြှင့်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

အဆိုပါ ကိုယ်စားလောင်းများ စာရင်းကို မူလက အောက်တိုဘာ ၁၉ ရက် ညနေ လေးနာရီ နောက်ဆုံးထား တင်သွင်းရန် သတ်မှတ်ထားသော်လည်း ဝင်ရောက်ယှဉ်ပြိုင်သူများ ပြင်ဆင်ချိန် ရရှိရန်အတွက် အောက်တိုဘာ ၂၄ ရက်နေ့အထိ တိုးမြှင့်ထားကြောင်း ၎င်းက ရှင်းပြသည်။

“မူလသတ်မှတ်ရက်ထက် ငါးရက် တိုးမြှင့်ပေးထားပါတယ်။ တချို့တွေက နောက်ကျမှ သိရပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေ ပေးလာကြလို့ပါ” ဟု ၎င်းကဆိုသည်။

ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် လျှောက်လွှာများကို အောက်တိုဘာ ၆ ရက်နေ့တွင် စတင်လက်ခံခဲ့ခြင်း ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာ ဝယ်ယူထားသည့် ကိုယ်စားလှယ်လောင်း ၁၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ထို့အပြင် တင်သွင်းလာသာ ကိုယ်စားလှယ်လောင်း လျှောက်လွှာများကို ခြောက်ရက်အတွင်း စိစစ်ကာ စည်ပင်သာယာရေး ကော်မတီက ကိုယ်စားလောင်းများ စာရင်းကို ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ယင်းကော်မရှင်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ နည်းဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ကော်မတီဝင် လေးဦး၊ ခရိုင်တစ်ခုစီအတွက် ကော်မတီဝင် သုံးဦးစီ၊ မြို့နယ်တစ်မြို့နယ်စီ အတွက် ကော်မတီဝင် သုံးဦးစီကို ပြည်သူလူထုက ရွေးကောက် တင်မြှောက်ရမည် ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ နိုင်ငံသား၊ အသက် ၃၅ နှစ်ထက်မငယ် အသက် ၆၅ နှစ်ထက် မကြီးသူများ ဖြစ်ရမည် ဖြစ်ပြီး မှတ်ပုံတင်ကြေး အနေနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ကျပ်သုံးသိန်း၊ ခရိုင်စည်ပင်သာယာရေး ကော်မတီအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် နှစ်သိန်းကျပ်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ကျပ်တစ်သိန်း ပေးသွင်းရမည်ဟု သတ်မှတ်ထားသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ အဆင့်ဆင့် ကျင်းပနိုင်ရေးအတွက် ငွေကျပ်သိန်း ပေါင်း ၅၀၀၀ ကျော် အသုံးပြုရန် လျာထားပြီး မဲစာရင်းများ မရှုပ်ထွေးစေရန် ခရိုင်၊ မြို့နယ်၊ ရပ်၊ ကျေး ရွေးကောက်ပွဲ ကော်မရှင်ရုံးများ၊ စိစစ်ရေးအဖွဲ့များကို ဖွဲ့စည်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

The Voice Weekly
စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းများ စာရင်း နောက်ဆုံး တင်သွင်းရမည့်အချိန်ကို သတ်မှတ်ရက်ထက် ငါးရက် ထပ်မံတိုးမြှင့် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားသည်။

မြေဈေးကြီးမှု ရှောင်လွှဲရန် စက်ရုံဆောက်ပြီးငှားရန် အစိုးရစီစဉ်

Photo: မြေဈေးကြီးမှု ရှောင်လွှဲရန် စက်ရုံဆောက်ပြီးငှားရန် အစိုးရစီစဉ်
Monday, October 20, 2014

 ပြည်တွင်း၊ ပြည်ပရင်း နှီးမြှုပ်နှံသူများ စက်မှုဇုန်တွင် မြေဈေးကြီးမှုကို ရှောင်လွှဲနိုင်ရန် စက်မှုဝန်ကြီးဌာနက စက်ရုံတည် ဆောက်ငှားရမ်းပေးရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

စက်မှုဇုန်များတွင် မြေဈေး ကြီးမားနေသောကြောင့် ပြည် တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ အလုပ်မလုပ်နိုင်သဖြင့် စက်ရုံ ဆောက်ပြီးငှားရမ်းပေးရန် သက် ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ များနှင့် စီစဉ်နေကြောင်း စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသိန်း အောင်က ပြောသည်။

‘‘မြေဈေးကြီးတာကို စက်ရုံ ဆောက်ပြီးငှားရုံနဲ့ဖြေရှင်းဖို့တော့ မလွယ်ဘူး’’ဟု လှိုင်သာယာစက် မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ယင်းအစီ အစဉ်အပေါ် သုံးသပ်ပြောကြား သည်။

 စက်ရုံတစ်ရုံ၏  ကုန်ကျ စရိတ်သည် မြေကွက်ငှားမှု ကုန် ကျစရိတ်ထက် ပိုများနေသဖြင့် မလွယ်ကူကြောင်း၊ ထို့ကြောင့် မြေဈေးကျရန် ဆောင်ရွက်မှုမှာ လုပ်ငန်းမလုပ်သောမြေကွက်များ အား ငွေပြန်အမ်းပြီး လုပ်ငန်းလုပ် လိုသူကို အစိုးရနှုန်းထားဖြင့်ငှား ရမ်းပေးသင့်ကြောင်း လုပ်ငန်းရှင် များက ပြောကြားသည်။

စက်မှုဇုန်များတွင် စက်ရုံ များတည်ဆောက်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကို ငှားရမ်းရန် စီစဉ်ရခြင်းသည် စက် မှုဇုန်များတွင် လုပ်ငန်းမလုပ်ဘဲ မြေရယူထားမှုများကြောင့်ဟု ဦးမြတ်သင်းအောင်က ရှင်းပြသည်။

 ရန်ကုန်တိုင်း  ဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက် မှုဇုန်များတွင် လုပ်ငန်းမလုပ်ဘဲ မြေဝယ်ပြီးရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်နေကြသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် မြေကွက် တစ်သောင်းကျော်အနက်မြေကွက် ၂,၄၀၀ ခန့်မှာ မြေဝယ်ထားသော်လည်း လက်တွေ့လုပ်ငန်းမလုပ်ကြောင်း သတင်းရရှိသည်။

စက်မှုဇုန် မြေကွက်လွတ် များနှင့် ပတ်သက်၍ နိုင်ငံတော် ဒုတိယသမ္မတဦးဆောင်၍ ကော် မတီတစ်ရပ်ဖွဲ့စည်းပြီး လုပ်ငန်း မလုပ်သော မြေကွက်လွတ်များ ကို ဝယ်ယူထားသည့် တန်ဖိုးငွေပြန်ပေး၍ သိမ်းယူရန် စီစဉ်ခဲ့သည်။

ထို့အပြင် အဆိုပြုထားသော စီမံကိန်းကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသော မြေကွက်များကိုလည်း ဒဏ်ကြေးငွေ သတ်မှတ်ရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်က ပြောကြားသည်။

‘‘လုပ်ငန်းပြမြေယူထားတာ ကို ဒဏ်ငွေပဲဆို တော်ရုံနဲ့မှုမှာ မဟုတ်ဘူး။ မြေဈေးက တစ်နှစ် ထက်တစ်နှစ်ပိုကြီးနေတော့ အေး ဆေးပဲဖြစ်နေမှာပေါ့’’ ဟု လှိုင် သာယာစက်မှုဇုန်(၄)မှ ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။

လက်ရှိ စက်မှုဇုန်များတွင် အမှန်တကယ် လုပ်ကိုင်နေသော လုပ်ငန်းရှင်များက မြေဝယ်ယူ ထားသူများထံမှတစ်ဆင့် ဈေး ကြီးပေး၍ဝယ်ယူပြီးလုပ်ငန်းလုပ် နေရသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေသည်။ ထို့အတူ ပြည်ပမှ ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုများမှာလည်း မြေဈေးကြီးသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

7Day DAILY 
 
လှိုင်သာယာစက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
လှိုင်သာယာစက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)
ပြည်တွင်း၊ ပြည်ပရင်း နှီးမြှုပ်နှံသူများ စက်မှုဇုန်တွင် မြေဈေးကြီးမှုကို ရှောင်လွှဲနိုင်ရန် စက်မှုဝန်ကြီးဌာနက စက်ရုံတည် ဆောက်ငှားရမ်းပေးရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

ရင်သွေးငယ်သေဆုံးမှု ဥပဒေအတိုင်းဆောင်ရွက်မည်ဟု ကလေးမိခင် မနွေးဝါဝါလတ်ပြောကြား

ဝိတိုရိယဆေးရုံကြီး ၏ဝန်ဆောင်မှုအားနည်းခြင်းနှင့် ဆရာဝန်တစ်ဦး ၏ပေါ့ဆမှုကြောင့် ရင်သွေးငယ် တစ်ဦး၏ အသက် ဆုံးရှုံးခဲ့ရမှုနှင့်ပတ်သက်၍ ဥပဒေအတိုင်းဆက် လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းသေဆုံး သွားသည့်ကလေးငယ်၏မိခင်ဖြစ်သူ မနွေးဝါဝါ လတ်က ပြောသည်။

နိုဝင်ဘာတွင်လာမည့် ကန်သမ္မတအိုဘားမားတည်းခိုရန် Hilton နေပြည်တော် အပါအဝင် ဟိုတယ်သုံးခုအားကမ်းလှမ်းထား

Photo: နိုဝင်ဘာတွင်လာမည့် ကန်သမ္မတအိုဘားမားတည်းခိုရန် Hilton နေပြည်တော် အပါအဝင် ဟိုတယ်သုံးခုအားကမ်းလှမ်းထား
Monday, October 20, 2014

လာ မည့် နိုဝင်ဘာလတွင် ကျင်းပရန်ရှိသည့် (၂၅)ကြိမ်မြောက် အာဆီယံ Summit သို့ လာရောက်မည့် အမေရိကန်သမ္မတ အိုဘား မား တည်းခိုနိုင်ရန်အတွက် နေပြည်တော်ရှိံငူအသည နေပြည်တော်ဟိုတယ်နှင့် ညှိနှိုင်း ဆွေးနွေးနေကြောင်း ၄င်းဟိုတယ်ပိုင်ရှင် ဧဒင်ဂရုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

''ဝါရှင်တန်က အဖွဲ့တွေကိုယ်တိုင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လာရောက် စစ် ဆေးမှုတွေ လုပ်သွားပါတယ်။ Hilton နေ ပြည်တော်အပါအဝင် ဟိုတယ်သုံးခုကို သူ တို့သံရုံးဘက်က ကမ်းလှမ်းထားတယ်လို့ သိရတယ်။ ဘယ်မှာတည်းဖြစ်မလဲတော့ အ တိအကျ ပြောလို့မရသေးဘူး။ ညှိနှိုင်းနေ တုန်းပဲ'' ဟု ယင်းက ဆက်ပြောသည်။

အဆိုပါဟိုတယ်သုံးခုမှာ Hiton နေပြည်တော်၊ သင်္ဂဟဟိုတယ်နှင့် Kempinski ဟိုတယ်တို့ဖြစ်ပြီး လက်ရှိအနေအ ထားအရတော့ Hilton Naypyitaw တွင် တရုတ်နိုင်ငံအကြီးအကဲနှင့် ကုလသမဂ္ဂ အ ထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီ မွန်းတို့တည်းခိုရန် အကြမ်းဖျဉ်း သဘော တူညီမှု ရရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်က ဖွင့်လှစ်ခဲ့သည့် အမေရိကန်အခြေ စိုက် Hilton Worldwide လုပ်ငန်းစုနှင့် မြန်မာဘက်မှ ဧဒင်ဂရုပ်တို့၏ Hilton နေ ပြည်တော်ဟိုတယ်၌ နိုင်ငံတကာမှ အကြီး အကဲများ တည်းခိုနိုင်မည့် အခန်းများအ ပါအဝင် အခန်းပေါင်း ၂ဝဝ ကျော် ပါဝင်ပြီး ပေပေါင်း ၂ဝဝဝ ကျော် ကျယ်ဝန်းသည့် နိုင်ငံ တော်သမ္မတ တည်းခိုရာနေရာသည် တစ် ရက်လျှင် အကြမ်းဖျင်း ကန်ဒေါ်လာ ၁၆၅ဝ ဝန်းကျင်ရှိကြောင်း သိရသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်းမှာ ပင် အမေရိကန်နိုင်ငံ၏ အကြီးဆုံးလုပ်ငန်း စုတစ်ခုဖြစ်သည့် GE လုပ်ငန်းစုမှ စီအီး အိုအပါအဝင်၂၅ ဦးလည်း တည်းခိုရန်ရှိ နေသည်ဟု ဆိုသည်။

Yangon Media Group 

ဓါတ်ပုံ - Hilton နေပြည်တော်ကို တွေ့မြင်ရစဉ်။
ဓါတ်ပုံ - Hilton နေပြည်တော်ကို တွေ့မြင်ရစဉ်။
လာ မည့် နိုဝင်ဘာလတွင် ကျင်းပရန်ရှိသည့် (၂၅)ကြိမ်မြောက် အာဆီယံ Summit သို့ လာရောက်မည့် အမေရိကန်သမ္မတ အိုဘားမား တည်းခိုနိုင်ရန်အတွက် နေပြည်တော်ရှိံငူအသည နေပြည်တော် ဟို တယ်နှင့် ညှိနှိုင်း ဆွေးနွေးနေကြောင်း ၄င်းဟိုတယ်ပိုင်ရှင် ဧဒင်ဂရုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အီတလီထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် များနှင့် တွေ့ဆုံ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အောက်တိုဘာ ၁၉ရက် ဒေသစံ တော်ချိန် နံနက် ၁ဝနာရီခန့်တွင် တုရင်မြို့တော်ခန်းမရှိ ပလာဆိုချီဗီ ကို၌ကျင်းပသော အီတလီထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ ဆုံပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ကြောင်း သိရသည်။ 

ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်နေသည့် ဒီပလိုမာသင်တန်းများ အားလုံး ရပ်ဆိုင်းရဖွယ်ရှိနေ

Photo: ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်နေသည့် ဒီပလိုမာသင်တန်းများ အားလုံး ရပ်ဆိုင်းရဖွယ်ရှိနေ
Monday, October 20, 2014

ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ (HRD) ဒီပလိုမာသင်တန်းများဖွင့် လှစ်မှုကို လာမည့်နှစ်မှ စတင်ကာ ရပ်ဆိုင်းရဖွယ်ရှိနေကြောင်း ရန်ကုန် တက္ကသိုလ်မှ စုံစမ်းသိရသည်။

အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်းများမှရရှိလာသော ငွေကြေး များအနက် ၇၅ရာခိုင်နှုန်းကို နိုင်ငံ တော်သို့ပေးသွင်းရပြီး ၁ဝရာခိုင်နှုန်း ကို သင်ကြားရေးဆရာ၊ ဆရာမများ အား အချိုးကျခွဲဝေပေးရပြီး ကျန် ၁၅ရာခိုင်နှုန်းကို ကျောင်းရန်ပုံငွေအ ဖြစ် ထားရှိခဲ့ရကြောင်း သိရသည်။

သို့သော် ယခုနှစ်မှစတင်ကာ သင်တန်းကြေးများကို နိုင်ငံတော်သို့ အပြည့်အဝပေးသွင်းရတော့မည်ဖြစ် သဖြင့် အဆိုပါတက္ကသိုလ်တွင် ဖွင့် လှစ်လျက်ရှိသည့် သင်တန်းများကို ယင်းကဲ့သို့ ရပ်ဆိုင်းရန် စီစဉ်နေကြခြင်းဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဆရာများ အသိုင်းအဝန်းမှ သိရသည်။

''ကျောင်းချိန်ပြင်ပမှာ သင် တာပါ။ လာတက်ကြတဲ့ကျောင်းသား တွေက အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန် ထမ်းတွေများတယ်။ အလုပ်တစ်ဖက် နဲ့တက်နေကြတာပါ။ အခု ညှိတော့ ညှိနေတယ်။ ဒါပေမဲ့ လောလောဆယ် တော့ပိတ်လိုက်ပါပြီ။ ပညာရေးပြောင်း လဲမှုကိုပြောနေတယ်။ အပြောတခြား၊ အလုပ်တခြားဖြစ်နေတယ်။ ကျောင်း တွေကိုယ်ပိုင် စီမံခန့်ခွဲခွင့်ရတော့မယ် ဆိုပြီး အခုကျောင်းတွေရဲ့ လွတ် လပ်ပိုင်ခွင့်ကို ပြန်ယူသွားသလိုပါပဲ။ ဒါကမဖြစ်သင့်တဲ့ကိစ္စပါ''ဟု ရန်ကုန် တက္ကသိုလ်မှ တာဝန်ရှိအရာရှိတစ်ဦး က ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် လူ့စွမ်း အားအရင်းမြစ်ဌာနမှ ဖွင့်လှစ်လျက် ရှိသော ဘွဲ့လွန်ဒီပလိုမာသင်တန်း၊ များမှာ အရှေတိုင်းပညာဒီပလိုမာ၊၊ ကွန်ပျုတာဒီပလိုမာများ၊ နိုင်ငံတစ် ကာဆက်ဆံရေးဒီပလိုမာသင်တန်း၊ ပင်လယ်ရေကြောင်း ဥပဒေဒီပလို မာ၊ အပြည်ပြည်ဆိုင်ရာဥပဒေဒီပလို မာ၊ စီးပွားရေးလုပ်ငန်းဥပဒေဒီပလို မာ၊ ကျောက်မျက်ခွဲခြားခြင်းဒီပလို မာများအပြင် တခြားဒီပလိုမာ သင် တန်းများစွာကိုလည်း ဖွင့်လှစ်သင် ကြားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ ချုပ်ဖြစ်သူ ဒေါက်တာအောင်သူက ''ကျောင်းချိန်ပြင်ပမှာ သင်ရတာ၊ နောက် သင်ထောက်ကူပစ္စည်းတွေ ဝယ်ရတာတွေရှိတယ်။ အခု နိုင်ငံ တော်ကို အကုန်လုံးသွင်းရမယ်ဆို တော့ အားလုံးက မသင်တော့ဘူးဆို ပြီးဖြစ်ကုန်တယ်။ လက်ရှိအချိန်ထိ တော့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေ ဆဲပဲရှိပါသေးတယ်။ ညှိလို့မရဘူးဆို ရင် ကျွန်တော့်အနေနဲ့ သင်ပါလို့ ဆရာမတွေကို ပြောလို့မရပါဘူး။ ကျောင်းချိန်ပြင်ပဖြစ်နေလို့ပါ''ဟု ပြောသည်။

ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ဖွင့်လှစ်သည့်အချိန်မှာ နှစ်စဉ် ဇွန်လ တွင်ဖြစ်ပြီး ဧပြီ၊ မေလများတွင် ကျောင်းလျှောက်လွှာများခေါ်လေ့ရှိ ကာ သင်တန်းချိန်အများစုမှာ နံနက် ၇နာရီမှ ၉နာရီသင်တန်းများဖြစ် ကြောင်း ရန်ကုန်တက္ကသိုလ်မှစုံစမ်း သိရသည်။

ရန်ကုန်တက္ကသိုလ်မှ ဆရာမ တစ်ဦးက ''ဆရာမတို့သင်တာက ကျောင်းချိန်ပြင်ပသင်တာပါ။ အိမ် ကနေ မနက် ကျောင်းကို ၇နာရီ စာသင်နိုင်ဖို့ အစောကြီးထလာရ တယ်။ အခု သူတို့ပေးတဲ့ပိုက်ဆံက ၅ဝဝဆိုတာ လက်ဖက်ရည်ဖိုးတောင် မရှိဘူး။ နိုင်ငံတော်ကဟာ သုံးစွဲတာ ဆိုလို့ ကျောင်းပဲရှိပါတယ်။ သင် ထောက်ကူပစ္စည်းတွေ ဝယ်ရတယ်။ အပြင်ကပညာရှင်တွေခေါ်ပြီး ဟော ပြောပွဲတွေလုပ်ရတယ်။ အခု အကုန် နိုင်ငံတော်ကို သွင်းရမယ်ဆိုတော့ ဆရာမတို့အနေနဲ့ ဖွင့်လှစ်ဖြစ်မှာ မဟုတ်တော့ပါဘူး''ဟုပြောသည်။

ယင်းကဲ့သို့ သတင်းများထွက် ပေါ်လာသည့်နောက်တွင် ရန်ကုန် တက္ကသိုလ်တွင် ဒီဇင်ဘာလ၌ ဖွင့် လှစ်ရန်စီစဉ်ထားသည့် နိုင်ငံရေးသိပ္ပံ ဒီပလိုမာ သင်တန်းကိုလည်း ဖွင့်လှစ် ရန်မသေချာတော့ကြောင်း ရန်ကုန် တက္ကသိုလ် အသိုင်းအဝိုင်းမှ စုံစမ်း သိရသည်။

ရန်ကုန်တက္ကသိုလ်အပြင် တ ခြားတက္ကသိုလ်များတွင်လည်း ဖွင့် လှစ်ရန်ပြင်ဆင်နေသည့် ယင်းကဲ့သို့ သောသင်တန်းများကို ဖွင့်လှစ်နိုင် ရန် မသေချာတော့ကြောင်း သိရ သည်။

ယင်းနှင့်ပတ်သက်ပြီး ရန်ကုန် တက္ကသိုလ်ဘွဲ့လွန်ဒီပလိုမာသင်တန်း တက်ရောက်နေသော ကျောင်းသား တစ်ဦးက ''ဒီသတင်းတွေ ကြားလိုက် ရတဲ့အချိန်မှာ စိတ်မကောင်းဘူး။တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအ မြစ်တွေကို နည်းလမ်းတစ်ခုနဲ့ မျိုး သုဉ်းအောင် လုပ်နေတာပဲလို့ ကျွန် တော်တို့မြင်တယ်။ ချမ်းသာတဲ့သူ တွေအတွက် နိုင်ငံခြားမှာ ကျောင်း သွားတက်လို့ရတယ်။ နောက်အပြင် မှာသင်တန်းတွေ တက်လို့ရတယ်။ ကျွန်တော်တို့လို ဆင်းရဲတဲ့သူတွေ အတွက် ပညာဆက်လက်လေ့လာ တာက ဒီသင်တန်းတွေက အားထား စရာတစ်ခုပါ''ဟုပြောသည်။

ယင်းကိစ္စများနှင့်ပတ်သက်ပြီး အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန် ကြားရေးမှူး တစ်ဦးက အဆိုပါသင် တန်းများကို ထပ်မံတိုးချဲ့နိုင်ရန်အ တွက် ဆောင်ရွက်နေသည်ဖြစ်သော ကြောင့် တက္ကသိုလ်များအနေဖြင့် ယင်းသင်တန်းများကို ဖျက်သိမ်းခွင့် မရှိကြောင်း ပြောသည်။

''ဒီသင်တန်းတွေမှာသင်နေတဲ့ ဆရာတွေကို သင့်တော်တဲ့လုပ်ခပေး နိုင်ဖို့ အထက်လူကြီးတွေဆောင်ရွက် ပေးပါလိမ့်မယ်။ သင်တန်းတွေကို ဖျက်ချင်တိုင်းဖျက်လို့မရပါဘူး။ ဆရာ တွေကလဲ မသင်လို့ မရပါဘူး''ဟု ယင်း ညွှန်ကြားရေးမှူးက ပြောသည်။

မန္တလေးတက္ကသိုလ်တွင်လည်း သင်တန်းကြေးကိစ္စများကြောင့် သင် တန်းနည်းပြဆရာများမှာ သင်ကြား မှုပြုလုပ်လိုခြင်းမရှိတော့ဘဲ သင်ကြား ခြင်းကို ရပ်ဆိုင်းတော့မည့်အခြေအ နေများတွင်ရှိနေကြောင်းသိရသည်။

HRD သင်တန်းများမှရရှိသော သင်တန်းကြေးများကို နိုင်ငံတော်သို့ အပြည့်အဝပေးသွင်းရန် ညွှန်ကြား ချက်ကို ကြားသိရသည့် မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်ဘာသာ ဗေဒဌာနမှ ကထိကဒေါက်တာတင် နွဲ့ရီက ''ဆရာတွေအတွက်ဆိုရင် ဂုဏ်သိက္ခာရှိရှိနဲ့ အပိုဝင်ငွေရတဲ့ သင်တန်းတွေပါ။ ခုလိုတစ်ချိန်သင်မှ ကျပ် ၅ဝဝရမှာဖြစ်တဲ့အတွက် ဆရာ တွေက ဘယ်သင်ချင်မှာလဲ။ ဆရာ တွေကလဲ မသင်ချင်တော့ဘူးလို့ပြော နေတယ်။ ပြောချင်တာက ဒီသင်တန်း တွေကို တမင်တကာ ပျက်အောင် လုပ်နေသလားလို့ ထင်တယ်''ဟု ပြောသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဦးမော်သန်းက HRD သင်တန်းများမှာ တက္ကသိုလ် များတွင် မေဂျာအဖြစ်မတက်ရောက် နိုင်သည့်ဘာသာရပ်များကို ဖြန့်ဝေ ပေးနိုင်သော သင်တန်းများဖြစ်ပြီး ဆရာများအတွက်လည်း အရည်အ ချင်းမြှင့်တင်ပေးနေသော သင်တန်း များဖြစ်ကြောင်း ပြောကြားသည်။

''စီးပွားရေးတက္ကသိုလ်ကို ဝင် ခွင့်ရတဲ့ ကျောင်းသားဆိုရင် အကန့် အသတ်ရှိတယ်။ ဒီသင်တန်းတွေရှိ ခြင်းအားဖြင့် စီးပွားရေးတက္ကသိုလ် ကိုရောက်မလာနိုင်တဲ့ ကျောင်းသား တွေဟာ စီးပွားရေးပညာနဲ့ပတ်သက် တာတွေကို သိခွင့်ရရှိကြတယ်။ ဒီ သင်တန်းတွေသာ မရှိတော့ဘူးဆို ရင် ပညာရပ်တွေကိုဖြန့်ဝေဖို့ ကန့် သတ်ချက်တွေ ရှိသွားလိမ့်မယ်''ဟု ဦးမော်သန်းက ပြောကြားသည်။

HRD သင်တန်းများကို ၁၉၉ဝ ခုနှစ်နောက်ပိုင်းမှစတင်ဖွင့်လှစ်သင် ကြားခဲ့ပြီး တစ်နိုင်ငံလုံးရှိတက္ကသိုလ် ဒီဂရီကောလိပ် ၁၆၉ခုတို့တွင် ဖွင့် လှစ်သင်ကြားပေးနေသည့် HRD သင်တန်းပေါင်း၂ဝဝနီးပါးအထိရှိနေ ကြောင်း သိရသည်။

Yangon Media Group
ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ (HRD) ဒီပလိုမာသင်တန်း များဖွင့်လှစ်မှုကို လာမည့်နှစ်မှစတင်ကာ ရပ်ဆိုင်းရဖွယ်ရှိနေကြောင်း ရန်ကုန်တက္ကသိုလ်မှ စုံစမ်း သိရသည်။

ဗိုက်သား ချပ်ရပ်စေရန် စားသင့်သော အစာ (၁၀) မျိုး

Photo: ဗိုက်သား ချပ်ရပ်စေရန် စားသင့်သော အစာ (၁၀) မျိုး 
Monday, October 20, 2014

မိုရ်မိုရ် (YUFL)

                        ကိုယ်လက် လေ့ကျင့်ခန်း လုပ်ခြင်းနှင့် အစားအစာကို ရွေးချယ် စားသုံးတတ်ခြင်းဟာ ၀မ်းဗိုက်အဆီကို အမှန်တကယ် လျော့နည်းစေတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ချပ်ရပ်သော ဗိုက်သား ရရှိဖို့ စားသင့်တဲ့ အစား အစာတွေ အများကြီး ရှိပါတယ်။

၁။သံလွင်ဆီ

                        သံလွင်ဆီဟာ ၀မ်းတွင်း ကလီစာ၊ နှလုံး၊ ဦးနှောက်စသည် တို့အတွက် အကျိုးပြုပါတယ်။ သံလွင်ဆီကို တစ်နေ့  လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့် စားသုံးပေးပါ။ ငါးနဲ့ အသီး အရွက်တွေမှာလည်း ဆမ်းစား နိုင်ပါတယ်။ အသုပ်နဲ့ ရောစပ်စား သုံးနိုင်ပါတယ်။ သတိပြုရန်မှာ သံလွင်ဆီကို ဘယ်တော့မှ အပူမပေးပါနဲ့၊ ဟင်းထဲ ထည့်မချက်ပါနဲ့။ ဓာတ်ပြောင်းလဲကာ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

၂။ ထောပတ်သီး

                      ထောပတ်သီး ကလည်း သံလွင်ဆီ နည်းတူ  အကျိုးကျေးဇူး  ရှိပါတယ်။ ဒါပေမဲ့ ထောပတ်သီးမှာ အဆီ ပါဝင်မှု များတာကြောင့် တစ်နေ့ ထောပတ်သီး ဖျော်ရည်ခွက် လေးပုံ တစ်ပုံ လောက်သာ သောက်သင့်ပါတယ်။

၃။ ဗာဒံစေ့

                       ဗာဒံစေ့မှာ အမျှင်ဓာတ်၊ ပရို တိန်း၊ Vitamin E  နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဗာဒံစေ့ကို တစ်နေ့ တစ်အောင်စ (၂၃စေ့ခန့်) စားသုံးသင့်ပါတယ်။

၎။ အနက်ရောင် ချောကလက်

                                 အနက်ရောင် ချောကလက်ဟာ အစာ ချေဖျက်ခြင်းနဲ့ ဗိုက်အဆီ ကျရာမှာ အထောက်အကူ ပြုပါတယ်။ ကိုကိုး ပါဝင်မှု များလေလေ ပိုကောင်း လေလေပါ။ ဒါကြောင့် ကိုကိုး (၇၀) ရာခိုင်နှုန်းမှ (၈၅) ရာခိုင်နှုန်းထိ ပါဝင်တဲ့ ချောကလက် ကိုစားပါ။

၅။ ဟင်းနုနွယ်

                          ဟင်းနုနွယ်မှာ ကယ်လိုရီ အလွန်နည်းပြီး Vitamin C, Vitamin K , သံဓာတ်၊ ထုံးဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်လည်း ပါဝင်တာကြောင့် ကြွက်သား သန်မာစေပြီး အမျှင်ဓာတ်တွေကြောင့် တော်ရုံ ဗိုက်မဆာပါဘူး။

၆။ ဒိန်ချဉ်

                          ဒိန်ချဉ် တစ်ခွက်ဟာ အူလမ်းကြောင်း တစ်လျှောက်က အကျိုးပြု ဘတ်တီးရီးယားတွေကို တိုးပွားစေပါတယ်။  ဒါကြောင့်  မကောင်းတဲ့ ဘတ်တီးရီးယားတွေကို ရှင်းပစ်ပြီး ဗိုက်ကို ချပ်ရပ်စေပါတယ်။

၇။ ကြက်ဥ

                           ကြက်ဥမှာ အမိုင်နို အက်ဆစ်၊ ပရိုတိန်းနဲ့ အဆီဓာတ်တွေ ပါဝင် ပါတယ်။ ကြက်ဥရဲ့ထူးခြားတဲ့ စွမ်းရည် တစ်ခုကတော့ များများ စားစား မစားရဘဲ ဗိုက်ပြည့် နိုင်ခြင်းပဲ ဖြစ်တယ်။ တစ်နေ့ကို ကြက်ဥ တစ်လုံး စားရင် လုံလောက်ပါတယ်။

၈။ ဆော်လမွန်ငါး                                     

                           ဆော်လမွန်ငါး၊ ငါးကွမ်းရှပ် နဲ့ တူနာငါးတွေမှာ ၀မ်းဗိုက်က အဆီတွေကို ချေဖျက်နိုင်တဲ့ OMEGA-3 fatty acid  ပါဝင်ပါတယ်။ ဆော်လမွန် ငါးဟင်းကို တစ်ပတ် တစ်ခွက် (သို့) နှစ်ခွက် စားသုံးပေးပါ။ သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ ဟင်းသီး ဟင်းရွက်များနဲ့ တွဲဖက် စားသုံးပါ။

၉။ ဘယ်ရီသီးများ

                          ဘယ်ရီသီးမှာ အမျှင်ဓာတ် ပါဝင်ပါတယ်။ အမျှင်ဓာတ် များလေလေ ကိုယ်တွင်း ကယ်လိုရီ နည်းလေလေ ဖြစ်ပါတယ်။  ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ တစ်ခုခု ကို တစ်နေ့ကို ခွက်တစ်ဝက်လောက် စားသုံးပေးပါ။

၁၀။ ပန်းသီး

                           ပန်းသီးမှလည်း အမျှင်ဓာတ် ပေါကြွယ်ဝကာ ကိုယ်အလေးချိန် လျော့စေ နိုင်ပါတယ်။ ပန်းသီးဟာ မကောင်းတဲ့  ကိုလက်စထရောကို ချေဖျက် နိုင်ပါတယ်။ တချို့သော ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ သကြားဓာတ် ကျဆင်းမှု တို့ကိုကောင်း မွန်စေနိုင်ပါတယ်။ တစ်နေ့ ပန်းသီး တစ်လုံး (သို့) နှစ်လုံး စားပေးပါ။

ပျိုမေများ အလှတိုးပြီး၊ ကျက်သရေ အဖြာဖြာနဲ့ ပြည်စုံပါစေ။
ကိုယ်လက် လေ့ကျင့်ခန်း လုပ်ခြင်းနှင့် အစားအစာကို ရွေးချယ် စားသုံးတတ်ခြင်းဟာ ၀မ်းဗိုက်အဆီကို အမှန်တကယ် လျော့နည်းစေတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ချပ်ရပ်သော ဗိုက်သား ရရှိဖို့ စားသင့်တဲ့ အစား အစာတွေ အများကြီး ရှိပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်က MFF ကို အမေရိကန်ဒေါ်လာ ၂၄ဝဝဝ ပြစ်ဒဏ်ချ

မြန်မာနိုင်ငံမှ အိမ်ရှင်ဖြစ် လက်ခံကျင်းပလျက် ရှိသော AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲတွင် ပရိသတ်အချို့၏ အပြုအမူများကြောင့် အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကို အမေရိကန်ဒေါ်လာ ၂၄ဝဝဝ နှင့် ၂ နှစ်အတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် နိုင်ငံတကာ ပြိုင်ပွဲများအနက် ပွဲစဉ် (၁) ပွဲအား ပရိသတ်မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်သည်။

ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ ငွေသုံးနေသည့် ၀န်ကြီးဌာနအချို့ ရှိနေ

ပြည်ထောင်စုလွှတ် တော်၏ခွင့်ပြုချက်ကိုရယူခြင်းမရှိဘဲ ၀န်ကြီးဌာနအချို့ ငွေကြေးသုံး စွဲမှုများရှိနေကြောင်း ပြည်ထောင် စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဒေါ်တင် နွယ်ဦးက ပြောသည်။

လေ့ကျင့်ခန်းလုပ်နေသော်လည်း ကိုယ်အလေးချိန်တိုးလာခြင်း အကြောင်းရင်း

ကိုယ်အလေးချိန် လျှော့ချရန် ကြိုးစားနေပါက လေ့ကျင့်ခန်းလုပ်ပြီး ကယ်လိုရီများ လောင်ကျွမ်းစေခြင်းမှာ အဓိကကျသည်။ သို့သော် လုံလောက်သော ကယ်လိုရီလောင်ကျွမ်းမှု မရှိပါက ကိုယ်အလေးချိန် ပြောင်းလဲ သည်ကို သင်မြင်တွေ့ရမည်မဟုတ်ပေ။ အကယ်၍ ယင်းသို့ ကြုံတွေ့နေပါက ကယ်လိုရီများ လောင် ကျွမ်းစေ ရန် ကြိုးစားနေစဉ် မှားတတ်သော အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါသည်။

ကန်တော်ကြီး ကန်ပတ်လမ်း၌ ရှိသည့် စားသောက်ဆိုင်နှင့် ဟိုတယ်များ ရေဆိုးစွန့်ပစ်မှုစနစ် သတ်မှတ် ပေးထားခြင်းကို မလိုက်နာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တရားစွဲဆို သွားမည်

Photo: ကန်တော်ကြီး ကန်ပတ်လမ်း၌ ရှိသည့် စားသောက်ဆိုင်နှင့် ဟိုတယ်များ ရေဆိုးစွန့်ပစ်မှုစနစ် သတ်မှတ် ပေးထားခြင်းကို မလိုက်နာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တရားစွဲဆို သွားမည်
Monday, October 20, 2014

ရန်ကုန်မြို့တော်ရှိ ကန်တော်ကြီးရေပြင် ကြည်လင်သန့်ရှင်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ငွေကျပ် သိန်းပေါင်းများစွာ သုံးစွဲ ဆောင်ရွက်လျက် ရှိပြီး
ကန်ပတ်လမ်း တစ်လျှောက်ရှိ စားသောက် ဆိုင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရေဆိုးစွန့်ပစ်မှုစနစ် သတ်မှတ် ပေးထား ခဲ့သော်လည်း လိုက်နာမှု မရှိသော စားသောက်ဆိုင်နှင့် ဟိုတယ်များကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ ဌာနခွဲမှူး ဒေါ်ခင်အေးမြင့်၏ ပြောကြားချက် အရ သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကန်တော်ကြီး ကန်ပတ်လမ်း တစ်လျှောက်ရှိ စားသောက်ဆိုင်များမှ မီးဖိုချောင် စွန့်ပစ်ရေဆိုး များကို ကန်တော်ကြီး ရေပြင်ထဲသို့ တိုက်ရိုက် စွန့်ထုတ်မှုများ ရှိနေသည့် အတွက် ရေပြင် ညစ်ညမ်းမှု မဖြစ်ပေါ်စေရန် ရေဆိုးစွန့်ထုတ်မှု စနစ်ငယ်များ တပ်ဆင် အသုံးပြုပြီး သန့်စင်သွားသည့် ရေကို စွန့်ထုတ် စေခြင်းနှင့် ရေလွှဲမြောင်းမကြီးမှ တစ်ဆင့် ရန်ကုန်မြစ်ထဲသို့ တိုက်ရိုက် စွန့်ထုတ်သည့် စနစ်များကို ၂ဝ၁၂ ခုနှစ် သြဂုတ်လက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်နေသော်လည်း ကန်တော်ကြီး ကန်ပတ်လမ်း၌ ရှိနေသည့် ဟိုတယ်တစ်ခုမှာ ယခုအချိန်အထိ လိုက်နာ ဆောင်ရွက်ခြင်း မရှိသေးသည့် အတွက် စည်ပင်သာယာ ဥပဒေနှင့် အညီ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ အသိပေး အကြောင်း ကြားပြီး တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းမှု) ဌာနမှ သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကန်တော်ကြီး ရေပြင် ကြည်လင်ရေး အတွက် ဂျပန်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှ လှူဒါန်းထားသည့် စက်ပစ္စည်းများဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အမေရိကန်နိုင်ငံမှ ထုတ်သည့် ဆေးဖျန်းအပြီး စိမ်းနေသော ရေညှိသတ်ခြင်းကိုလည်း လုပ်ဆောင်လျက်ရှိကာ နေရောင်ခြည် စွမ်းအင်ဖြင့် ရေသန့်သည့် နည်းလမ်းကိုလည်း သုံးစွဲနေကြောင်း သိရသည်။

မြ၀တီ
ရန်ကုန်မြို့တော်ရှိ ကန်တော်ကြီးရေပြင် ကြည်လင်သန့်ရှင်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ငွေကျပ် သိန်းပေါင်းများစွာ သုံးစွဲ ဆောင်ရွက်လျက် ရှိပြီးကန်ပတ်လမ်း တစ်လျှောက်ရှိ စားသောက် ဆိုင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရေဆိုးစွန့်ပစ်မှုစနစ် သတ်မှတ် ပေးထား ခဲ့သော်လည်း လိုက်နာမှု မရှိသော စားသောက်ဆိုင်နှင့် ဟိုတယ်များကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ ဌာနခွဲမှူး ဒေါ်ခင်အေးမြင့်၏ ပြောကြားချက် အရ သိရသည်။

တစ်ရက်တာ ဧည့်လမ်းညွှန် ဝန်ဆောင်ခ အတည်ပြုနိုင်ရန် ညှိနှိုင်းဆဲ အဆင့်တွင်သာရှိ

Photo: တစ်ရက်တာ ဧည့်လမ်းညွှန် ဝန်ဆောင်ခ အတည်ပြုနိုင်ရန် ညှိနှိုင်းဆဲ အဆင့်တွင်သာရှိ
Monday, October 20, 2014

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ဧည့်သည်များအား လိုက်လံ ရှင်းလင်းပြသ ပေးနေသည့် ဧည့်လမ်းညွှန်များ အနေဖြင့်
လက်ရှိအချိန်တွင် တရားဝင် အတည်ပြုထားသည့် နှုန်းထားဖြင့် ဧည့်လမ်းညွှန်ကြေးကို ရရှိနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖျင်း သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်သာ ဆောင်ရွက် နေကြကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ နိုင်ငံတကာ ဧည့်လမ်းညွှန်များ အတွက် တစ်နေ့တာ ဧည့်လမ်းညွှန်ကြေး (Guide Fee) ကို အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာအဖြစ် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ အကြမ်းဖျင်း သတ်မှတ် ထားခဲ့သော်လည်း တရားဝင် သတ်မှတ်နိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက် အဆိုပါ သတ်မှတ်ချက်ကို အတည်ပြု ပေးနိုင်ရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းကို အဆိုပြု တင်ပြထားကြောင်း သိရသည်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းနှင့် ဧည့်လမ်းညွှန်များ အသင်းတို့ နှစ်ဖက် သဘောတူ အတည်ပြု ထုတ်ပြန်ရမည့် ဧည့်လမ်းညွှန် ဝန်ဆောင်ခကို လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်း အနေဖြင့် တစ်ရက် ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာ တောင်းဆို ထားသော်လည်း ညှိနှိုင်းဆဲ အဆင့်တွင်သာ ရှိသေးကြောင်း သိရသည်။ ခရီးသွား လုပ်ငန်းပိုင်းတွင် ယခင်နှစ်များထက် ဧည့်သည်များ ပိုမို ဝင်ရောက်နိုင် သည့်အတွက် ဧည့်လမ်းညွှန် ၃၇၄၉ ဦးနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် ၇၇၁ ဦး အထိ ခရီးသွားလုပ်ငန်း များတွင် ဝန်ဆောင်မှုပေးလျက် ရှိကြောင်း၊ အဆိုပါ ဧည့်လမ်းညွှန်များမှာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြု ပေးထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာန စာရင်းများအရ သိရသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ လက်ရှိအချိန်အထိ အသိအမှတ်ပြုထားသည့် ဧည့်လမ်းညွှန်များမှာ ကိုရီးယားနိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၂၉ ဦး၊ အီတလီနိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၆၄ ဦး၊ ရုရှားနိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၆၈ ဦး၊ စပိန်နိုင်ငံသားများအတွက် ဘာသာစကား ကျွမ်းကျင်သူ ၁၁၁ ဦး၊ တရုတ်နိုင်ငံသားများ အတွက် ဘာသာ စကားကျွမ်းကျင်သူ ၁၃၂ ဦး၊ ထိုင်းနိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၁၃၂ ဦး၊ ဂျာမန် နိုင်ငံသားများ အတွက် ဘာသာစကား ကျွမ်းကျင်သူ ၂၆၄ ဦး၊ ပြင်သစ်နိုင်ငံသားများ အတွက် ဘာသာ စကား ကျွမ်းကျင်သူ ၂၇၇ ဦး၊ ဂျပန်နိုင်ငံသားများအတွက် ဘာသာစကား ကျွမ်းကျင်သူ ၄ဝ၃ ဦးနှင့် အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်သူ ၂၁၈၇ ဦးတို့ဖြစ်ပြီး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

မြ၀တီ
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ဧည့်သည်များအား လိုက်လံ ရှင်းလင်းပြသ ပေးနေသည့် ဧည့်လမ်းညွှန်များ အနေဖြင့် လက်ရှိအချိန်တွင် တရားဝင် အတည်ပြုထားသည့် နှုန်းထားဖြင့် ဧည့်လမ်းညွှန်ကြေးကို ရရှိနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖျင်း သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်သာ ဆောင်ရွက် နေကြကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက်သုံးစွဲခ နှုန်းထားများ ကို Package အလိုက်ကောက်ခံရန် စီစဉ်နေ

မြန် မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ အင်တာနက်အသုံးပြုခနှုန်းထား များကို မိနစ်ဖြင့် ကောက်ခံခြင်းအ ပြင် Package များဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကာတာအသင်းနှင့်ပွဲစဉ်တွင် မြန်မာအသင်းရလဒ်နှင့်ပတ်သက်၍ ပရိသတ်များအလွန်အကျူးမဖြစ်ရန် နည်းပြချုပ်ဂတ်ဆီဇီ တောင်းဆို

Photo: ကာတာအသင်းနှင့်ပွဲစဉ်တွင် မြန်မာအသင်းရလဒ်နှင့်ပတ်သက်၍ 
ပရိသတ်များအလွန်အကျူးမဖြစ်ရန် နည်းပြချုပ်ဂတ်ဆီဇီ တောင်းဆို
Monday, October 20, 2014

မြန်မာ ယူ-၁၉အသင်းအနေဖြင့် အမြင့်ဆုံး ရည်မှန်းချက်အောင်မြင်အောင် လုပ် နိုင်ခဲ့ပြီး အာဆီယံအဆင့်ပြိုင်ပွဲမဟုတ် သည့် အာရှအဆင့်ပြိုင်ပွဲတွင် ပွဲတိုင်း အနိုင်ရရှိရန် မလွယ်ကူသည့်အတွက် မြန်မာပရိသတ်များကို နားလည်ပေး ရန် နည်းပြချုပ်ဂတ်ဆီဇီက ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် တောင်း ဆိုခဲ့သည်။

ယင်းကဲ့သို့ မြန်မာပရိသတ်များ ကို တောင်းဆိုရခြင်းသည် ဆီမီးဖိုင် နယ်တွင် မြန်မာယူ-၁၉အသင်း၏ ရလဒ်နှင့်ပတ်သက်၍ ပရိသတ်များ လက်မခံဘဲ မလိုလားအပ်သည့် ပြ ဿနာများဖြစ်ပွားမည်ကို စိုးရိမ်ခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းနည်းပြချုပ်ဂတ် ဆီဇီက ''ကျွန်တော်တို့အနေနဲ့ အာရှ ယူ-၁၉ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက် ဖို့နဲ့ ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင် ခွင့်ရဖို့ မှန်းထားတာပါ။ အခုဆိုရင် ရည်မှန်းချက်အောင်မြင်အောင် လုပ် ဆောင်နိုင်ခဲ့တဲ့ အတွက် ကာတာနဲ့ပွဲ က ဖိအားမရှိပါဘူး။ အာဆီယံအဆင့် ပြိုင်ပွဲမဟုတ်ဘဲ အာရှအဆင့်ပြိုင်ပွဲ ဖြစ်တဲ့အတွက် ပွဲတိုင်းအနိုင်ရဖို့ ဆို တာမလွယ်ကူပါဘူး။ ဒါကို ပရိသတ် တွေအနေနဲ့ နားလည်ပေးဖို့လိုပါ တယ်'' ဟုဆိုသည်။

ပြီးခဲ့သည် ကွာတားဖိုင်နယ် ယူအေအီးနှင့်ပွဲစဉ်တွင် မြန်မာအ သင်း(၁-ဝ)ဖြင့် အနိုင်ရရှိပြီးနောက် ပရိသတ် ရာဂဏန်းဝန်းကျင်ခန့်သည် ကွင်းအတွင်းသို့ဝင်ရောက်ကာ ယူ- ၁၉အသင်း၊ ဥက္ကဋ္ဌဦးဇော်ဇော်တို့ကို ပွေ့ဖက်ကာ ဂုဏ်ပြုခဲ့ကြသည့်အ တွက် ယင်းပွဲစဉ်ကို တာဝန်ယူကိုင် တွယ်ရသည့် ပြိုင်ပွဲကြီးကြပ်မှ အာရှ ဘောလုံးအဖွဲ့ချုပ်သို့ ပွဲအပြီးတွင် အစီရင်ခံစာတင်ခဲ့သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဒဏ်ငွေပြစ်ဒဏ်ကျခံရဖွယ်ရှိနေ သည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူက ''၇၇နှစ်ကြာမှ ယူ-၂ဝကမ္ဘာ့ ဖလားကို ပထမဆုံးအကြိမ်ဝင်ခွင့်ရရှိ ခဲ့တဲ့အတွက် ကွင်းထဲ လာအားပေး တဲ့ ပရိသတ်တွေအပြင် တစ်နိုင်ငံလုံး က ပရိသတ်တွေပါ ပျော်ရွှင်မှာပါ။ ဒါပေမဲ့ ၂ဝ၁၁ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြစ်တဲ့ အိုမန်နဲ့ပွဲမှာ ပရိသတ်တွေ အလွန်အကျူးအားပေးခဲ့လို့ ဒဏ် ရိုက်ခံရပြီး ၂ဝ၁၈ကမ္ဘာ့ ဖလားခြေ စစ်ပွဲ အပိတ်ခံထားရပါတယ်။ ဆီမီး ဖိုင်နယ်မှာလဲ မြန်မာအသင်းအနေနဲ့ ဘယ်လိုရလဒ်မျိုးထွက်ထွက် အလွန် အကျူးအားမပေးဖို့ မေတ္တာရပ်ခံချင် တာပါ''ဟု ဆိုသည်။

Democracytoday
မြန်မာ ယူ-၁၉အသင်းအနေဖြင့် အမြင့်ဆုံး ရည်မှန်းချက်အောင်မြင်အောင် လုပ် နိုင်ခဲ့ပြီး အာဆီယံ အဆင့် ပြိုင်ပွဲမဟုတ်သည့် အာရှအဆင့်ပြိုင်ပွဲတွင် ပွဲတိုင်း အနိုင်ရရှိရန် မလွယ်ကူသည့်အတွက် မြန်မာပရိသတ် များ ကို နားလည်ပေးရန် နည်းပြချုပ်ဂတ်ဆီဇီကပွဲကြို သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။

ပျောက်ဆုံး မိန်းကလေးငယ် (၄) ဦး တည်းခိုခန်းနှင့် အနှိပ်ခန်း များတွင် ရှာဖွေမည်

တိုက်ကြီး မြို့နယ် ကတန်စိန်ဒသနှင့် ဥက္ကံမြို့နယ် အတွင်း ပျောက်ဆုံးနေသော မိန်းကလေးငယ် လေးဦးအား ရန်ကုန်ရှိ တည်းခိုခန်းနှင့် အနှိပ်ခန်း များတွင် ရှာဖွေ သွားမည်ဟု တိုက်ကြီးမြို့နယ် တ.စ.ည ပါတီ (ဗဟို ကော်မတီဝင်) ဥက္ကဋ္ဌ ဦးမြင့်သိန်းက The Messenger Media သို့ ပြောသည်။

နိုင်ငံသားစိစစ်ခြင်းကို ရခိုင်သာမကဘဲ တစ်နိုင်ငံလုံး ဆောင်ရွက်ရန် ရခိုင်အမျိုးသားအင်အားစုများ တောင်းဆို

၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆောင်ရွက်ပေးရန် ရခိုင်အမျိုး သားအင်အားစုများက တောင်းဆို လိုက်သည်။

အခြေအနေသိပ်မဟန်တော့တဲ့ သမီးရည်းစား၊ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင် ဆက်ဆံရေးအခြေအနေတွေကို ဘယ်လိုဖြေရှင်းမလဲ…

Photo: အခြေအနေသိပ်မဟန်တော့တဲ့ သမီးရည်းစား၊ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင် ဆက်ဆံရေးအခြေအနေတွေကို ဘယ်လိုဖြေရှင်းမလဲ…
Monday, October 20, 2014

တစ်ခါတစ်လေ ကျွန်တော်တို့အများစုဟာ စွန့်လွတ်လိုက်ဖို့ သို့မဟုတ် ဘာလုပ်ချင်မှန်းမသိဖြစ်နေတတ်ပါတယ်။  အဲဒီတော့ မိတ်ဆွေသူငယ်ချင်း၊ မိသားစု၊ ကိုယ့်ချစ်သူ သို့မဟုတ် လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးနဲ့ မပြေလည်တဲ့ ဆက်ဆံရေးက အပြုသဘော၊ ကောင်းမွန်တဲ့ အနေအထားထက် ပိုပိုပြီး စိတ်ဖိစီးမှုနဲ့ အပျက်သဘောဘက် ဦးတည်နေတဲ့ ပုံစံဖြစ်လာတဲ့အခါ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ တာဝန်ဝတ္တရား၊ အပြစ်ရှိခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် နှာလုံးကြေကွဲမှုစတဲ့ ခံစားချက်တွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ တွေးလာရပါပြီ။ မိသားစု၊ ချစ်သူ ဒါမှမဟုတ် သူငယ်ချင်းတိုင်းကို အမှီအခိုပြုဖို့၊ အကူအညီတောင်းဆိုဖို့ သူတို့လည်း အမြဲတမ်း အဆင်သင့်ရှိမနေတတ်ကြဘူး ဆိုတာ မှတ်သားထားဖို့ အရေးကြီးတယ်။ ဆက်ဆံရေးတိုင်းမှာ မပြောင်းလဲ တတ်တဲ့ ရင်းနှီးခင်မင်မှုနဲ့ အပြန်အလှန်ဆက်နွယ်မှု ရှိတယ်ဆိုတာလည်း မဟုတ်ပါဘူး။

မိသားစုဆိုတာကလည်း တူညီတဲ့ အသွေးအသားတစ်ခု ပိုင်ဆိုင်ထားရုံသာ ရှိတာပါ။ တချို့သောမိတ်ဆွေဖွဲ့မှုက သင့်ကို ပျိုးထောင်ပေးနိုင်ပြီး တချို့က သင့်ကို ဆုတ်ယုတ်ပျက်စီးစေတယ်။ ဆက်ဆံရေးနဲ့ မိတ်ဆွေဖွဲ့မှု ဆိုတာကလည်း တရားသေလုပ်လို့ မရနိုင်ပါဘူး။ ဒီနေရာမှာ မိသားစုလည်း ပါနိုင်တယ်။ အတိုင်းအတာအတစ်ခုထိ ကျော်လွန်မသွားခင်တော့ အချိန်အတော်ကြာ သည်းခံနိုင်တဲ့ အခြေအနေများစွာရှိပါတယ်။ သင့်အတွက် သင့်တော်ကာင်းမွန် ဆုံးလို့ မှတ်ယူထားတဲ့ အရာကို လုပ်ဆောင်ဖို့အလို့ငှာ ဒီဆက်ဆံမှုတွေကနေ ခွဲထွက်လိုက်တဲ့ အချိန်မှာ အင်မတန်အရေးပါတဲ့ အချိန်အခါကျရောက်လာနိုင် ပါတယ်။ ဒါ့ကြောင့် ချစ်သူ၊ သူငယ်ချင်း၊ မိသားစု စတဲ့သူတွေနဲ့ အကြောင်း အမျိုးမျိုးကြောင့် ခွဲခွာရတဲ့အခါ သင့်ဘက်က အဆိုးထဲက အကောင်းအချက်တွေကို ရှာဖွေပါ။ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်အောင် ကြိုးစားပါ။

အဲဒီအတွေ့အကြုံမှတဆင့် ရနိုင်သမျှယူပြီး သင် သင်ယူထားတဲ့ အတွေ့အကြုံတွေနဲ့ ရှေ့ဆက်အသက်ရှင်ပါ။ အကူအညီတောင်းခံပါ ဖြစ်နိုင်တယ်၊ အကူအညီပေးမယ့်သူတွေရှိခဲ့ရင် အခြားအပြင်က အမြင်သဘောထားနဲ့ နည်းလမ်းတစ်ခုခု ရယူပါ။ ကိုယ့်ကိုကိုယ် စိတ်ခံစားမှုရအောင်လုပ်ပါ။ အကျိုးအမြတ်ရအောင် အသုံးချပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အားကစားလုပ်ပါ။ အနုပညာနဲ့ ပညာသားပါတဲ့ ရှင်းလင်းဖော်ပြချက် အသုံးပြုပါ။ စိတ်ခံစားမှုတွေကို သိမ်းမထားပါနဲ့။ အချိန်အကန့်အသတ်ထားပါ၊ ဘောင်သတ်မှတ်ပါ။ သင့်အဆင်သိပ်ပြေတဲ့ သူနဲ့ဆို အချိန်ကို ကန့်သတ်အသုံးပြုပါ။ အလည်အပတ် သွားတာတွေ လျော့ပါ ပြဿနာကို တတ်နိုင်သလောက် တားဆီးပါ။ သံယောဇဉ်ပြန်တွယ်ဖို့ ကိုယ့်ကိုကိုယ် အခွင့်မပေးပါနဲ့။ သင် သူတို့ကို အဝေးကနေလည်း ချစ်ခင်နိုင်၊ မေတ္တာဖို့နိုင်ပါတယ်။ သင့်ဘဝနဲ့ ပျော်ရွှင်မှုကို အရယူပါ။ တခြားသူတွေ သင့်ဆီပျော်ရွှင်မှုဆောင်ကြဉ်းလာမှာကို စောင့်မနေပါနဲ့။ တွယ်တာနေခြင်းထက် လက်လွတ်လိုက်ခြင်းသည်သာ အကူအညီပိုဖြစ်စေပါလိမ့်မယ်။ သင့်အတွက် အကောင်းဆုံးလုပ်ဆောင်ဖို့ နောက်ဆုံးတော့ သင့်မှာတာဝန်ရှိတယ်။ Source: CE

Trend Myanmar
တစ်ခါတစ်လေ ကျွန်တော်တို့အများစုဟာ စွန့်လွတ်လိုက်ဖို့ သို့မဟုတ် ဘာလုပ်ချင်မှန်းမသိဖြစ်နေတတ် ပါတယ်။  အဲဒီတော့ မိတ်ဆွေသူငယ်ချင်း၊ မိသားစု၊ ကိုယ့်ချစ်သူ သို့မဟုတ် လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးနဲ့ မပြေလည်တဲ့ ဆက်ဆံရေးက အပြုသဘော၊ ကောင်းမွန်တဲ့ အနေအထားထက် ပိုပိုပြီး စိတ်ဖိစီးမှုနဲ့ အပျက်သဘောဘက် ဦးတည်နေတဲ့ ပုံစံဖြစ်လာတဲ့အခါ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ တာဝန်ဝတ္တရား၊ အပြစ်ရှိခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် နှာလုံးကြေကွဲမှုစတဲ့ ခံစားချက်တွေကို ဘယ်လို ကိုင်တွယ်ဖြေ ရှင်းမလဲ ဆိုတာ တွေးလာရပါပြီ။ မိသားစု၊ ချစ်သူ ဒါမှမဟုတ် သူငယ်ချင်းတိုင်းကို အမှီအခိုပြုဖို့၊ အကူ အညီတောင်းဆိုဖို့ သူတို့လည်း အမြဲတမ်း အဆင်သင့်ရှိမနေတတ်ကြဘူး ဆိုတာ မှတ်သားထားဖို့ အရေးကြီးတယ်။ ဆက်ဆံရေးတိုင်းမှာ မပြောင်းလဲ တတ်တဲ့ ရင်းနှီးခင်မင်မှုနဲ့ အပြန်အလှန်ဆက်နွယ်မှု ရှိတယ် ဆိုတာလည်း မဟုတ်ပါဘူး။

တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး အစိုးရနှင့် SSPP/SSA တွေ့ဆုံညှိနှိုင်းသော်လည်း သဘောတူညီမှု မရဟုဆို

တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UPWC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းတပ်မတော်မြောက်ပိုင်း (SSPP/SSA) တို့ တွေ့ဆုံ ဆွေးနွေးသော် လည်း သဘောတူညီချက် မရသေးကြောင်း SSPP/SSA အထွေထွေအတွင်းရေးမှူး ဦးစပ်ခွန်စိုင်း က ပြောကြားသည်။

လိပ်ကျွန်းလူသတ်မှုဖော်ထုတ်ရေး ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို စေလွှတ်တော့မည်

Photo: လိပ်ကျွန်းလူသတ်မှုဖော်ထုတ်ရေး ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို စေလွှတ်တော့မည်
Monday, October 20, 2014

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း ခေါ် လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ဗြိတိသျှနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုအတွက် စုံစမ်းဖော်ထုတ်ရာမှာ ကူညီဆောင်ရွက်ဖို့ ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို မကြာခင်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကိုစေလွှတ်တော့မယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံသားစုံတွဲဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ သတ်ဖြတ်ခံရမှုမှာ လူသတ်တရားခံ အစစ်အမှန်ကိုဖော်ထုတ်ပြီး၊ တရားဥပဒေအရ ပွင့်လင်းမှု၊ မျှတမှုရှိရှိ စီရင်ဆောင်ရွက်နိုင်အောင် စကော့တလန်ယာ့ဒ် စုံထောက်ရဲတပ်ဖွဲ့အနေနဲ့ ထိုင်းရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအစီအစဉ်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အီတလီနိုင်ငံမှာ တွေ့ဆုံမှု အတွင်း ရရှိခဲ့တဲ့ နှစ်ဖက်သဘောတူညီမှုကြောင့် ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ လန်ဒန်မြို့အခြေစိုက် Burma Democratic Concern အဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက ပြောပါတယ်။

"အီတလီနိုင်ငံမှာ သူတို့ဆွေးနွေးသွားမှာဆိုလို့ရှိရင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပုဂ္ဂိုလ်ရေးအရဝင်ရောက်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အရမ်းကိုစိုးရိမ်မကင်းတွေ့ခဲ့ရကြောင်းကို ပြောတာပါ၊ ဒါ့အပြင် ဗြိတိန်နိုင်ငံရဲ့အစိုးရအဖွဲ့အနေနဲ့ပေါ့နော် ရဲတပ်ဖွဲ့အနေနဲ့ ဝိုင်းဝန်းကူညီချင်တဲ့အကြောင်းကိုလည်းပြောတယ်၊ ပြောတော့သူက သဘောတူတယ်၊ အဲ့ဒါကြောင့်ပဲ ဒီနိုင်ငံမှာရှိတဲ့ စကော့တလန်ယာ့ဒ် လို့ဆိုတဲ့စုံထောက်အဖွဲ့က ထိုင်းနိုင်ငံကို မကြာမီရက်ပိုင်းအတွင်းမှာ သွားရောက်ပြီးတော့ စုံစမ်းစစ်ဆေးတဲ့ဟာတွေကို သူတို့သွားလုပ်သင့်တဲ့ဟာတွေကို ကျနော်တို့ကြားရတယ်ခင်ဗျ၊ အထူးသဖြင့်တော့သူတို့ အဓိကပေါ့လေ စိတ်ပူတဲ့စိုးရိမ်တဲ့အချက်က ၂ ချက်ရှိပါတယ်၊ ၁ ချက်ကဘာလဲဆိုတော့ ဒီအန်အေလို့ခေါ်တဲ့ မျိုးရိုးဗီဇနဲ့ပတ်သက်တဲ့ဟာတွေ စစ်ဆေးဟာကို သူတို့အနေနဲ့ပိုမိုပြီးတော့ လွတ်လပ်ပွင့်လင်းပြီးတော့ ပိုမိုပြီးတော့ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးစေချင်တယ်၊ နောက်တစ်ခုကတော့ ဒီစစ်ဆေးတဲ့အခါမှာ မျှမျှတတနဲ့ ဘက်လိုက်မှုကင်းစွာ အဂတိကင်းစွာနဲ့ စစ်ဆေးစေချင်တယ်ဆိုတဲ့ အချက်တွေရှိတယ်"

ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အီတလီနိုင်ငံမှာ တွေ့ဆုံမှုအတွင်း လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုကို စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက် ကူညီ စစ်ဆေးခွင့်ပြုဖို့ သဘောတူညီခဲ့ပေမယ့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပြန်အရောက်မှာတော့ သူ့အနေနဲ့ အဲဒီလို ပြောဆိုခဲ့တာ မဟုတ်ကြောင်း၊ ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေကို လေ့လာသူအဖြစ်သာ ခွင့်ပြုသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ လန်ဒန်မြို့မှာရှိတဲ့ ထိုင်းသံအမတ်ကြီးကို ဗြိတိန်အစိုးရ အရာရှိတွေက ဆင့်ခေါ်သတိပေးတာမဟုတ်ဘဲ၊ ထိုင်းသံအမတ်ကြီးဘက်က စုံစမ်းဖော်ထုတ်နေမှု အခြေအနေတွေကို သွားရောက်ရှင်းပြခဲ့တာသာ ဖြစ်ကြောင်း၊ လူသတ်တရားခံတွေကို ထိုင်းရဲတွေက မြန်မြန်ဆန်ဆန်ဖော်ထုတ်လိုက်နိုင်တဲ့အတွက် ဗြိတိသျှအရာရှိတွေ တအံ့တသြဖြစ်သွားပုံရကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ပြောဆိုထားပါတယ်။

RFA
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း ခေါ် လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ဗြိတိသျှနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှု အတွက် စုံစမ်းဖော်ထုတ်ရာမှာ ကူညီဆောင်ရွက်ဖို့ ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို မကြာခင်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကိုစေလွှတ်တော့မယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောကြားလိုက် ပါတယ်။

ဖြူးမြို့တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

Photo: ဖြူးမြို့တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား
Monday, October 20, 2014
 
တောင်ငူခရိုင် ဖြူးမြို့မှာ ဘုန်းကြီး ၁ ပါးနဲ့ အမျိုးသမီး ၂ ဦးကို စိတ်ဝေဒနာရှင် ၁ ဦးက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက တောင်ငူခရိုင် ဖြူးမြို့၊ အုတ်ဖြတ်ကျေးရွာအုပ်စု အိုးဘိုကုန်းကျေးရွာမှာ စိတ်ဝေဒနာရှင် ကိုမျိုးသိန်း ၃၃ နှစ်ဟာ မိခင်ဖြစ်သူ ဒေါ်သန်းနွဲ့ ၆၇ နှစ်နဲ့ ညီမဖြစ်သူ မနီနီဝင်း ၂၃ နှစ်တို့ကို နေအိမ်မှာ အတူရှိနေစဉ် ကိုင်းခုတ်ဓား၊ ပေါက်တူးတို့နဲ့ ခုတ်လိုက်လို့ မိခင်နဲ့ ညီမဖြစ်သူတို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်။

ကိုမျိုးသိန်းဟာ ရွာလယ်လမ်းအတိုင်း ထွက်ပြေးသွားပြီး မြရောင်ခြည်ဘုန်းကြီးကျောင်းအရောက် ကျောင်းမုခ်ဦးအနီးမှာ ထိုင်နေတဲ့ ဆရာတော် ဦးပညာသာမိ ၅၅ နှစ်ကို ဓားနဲ့ ထပ်မံခုတ်လိုက်လို့ ဆရာတော်ဟာ အခင်းဖြစ်နေရာမှာ ပျံလွန်တော်မူသွားခဲ့ပါတယ်။

လူသတ်တရားခံကို ဖြူးမြို့မရဲစခန်းမှာ (ပ) ၄၉၉/၂၀၁၄ ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်လှစ်ထားပြီး တရားခံကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

DVB
တောင်ငူခရိုင် ဖြူးမြို့မှာ ဘုန်းကြီး ၁ ပါးနဲ့ အမျိုးသမီး ၂ ဦးကို စိတ်ဝေဒနာရှင် ၁ ဦးက သုံးလောင်းပြိုင်လူ သတ်မှုဖြစ် ပွားခဲ့ပါ တယ်။