ဟောင်ကောင်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က လမ်းများကို ပိတ်ဆို့ထားသည့် ဒီမိုကရေစီတောင်းဆို နေသော ဆန္ဒပြသူများ ကို ဖယ်ရှားမပေးပါက ၎င်းတို့ကို ထပ်မံဝိုင်းပတ်ပိတ်ဆို့သွားမည်ဟု အစိုးရထောက်ခံသူအုပ်စုတစ်ခုက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။ အစိုးရ ထောက်ခံ သည့် “ဖဲကြိုးပြာလှုပ်ရှားမှု” အဖွဲ့ ပိတ်ဆို့ထားသည့်လမ်းမှ ဆန္ဒပြသူများအား
Sunday, 12 October 2014
နေပြည်တော် အလျင်လိုကျေးရွာတွင် ရှေးဟောင်းဘုရား ၁၁၂ ဆူ တူးဖော် တွေ့ရှိ
နေပြည်တော် (မဇ္ဈိမ) ။ ။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာရှိ ဆင်မယဉ်သာစေတီတော် အနီးတွင် ဆွမ်းချက်ဆောင် ဆောက်လုပ်ရန်အတွက် မြေကျင်းတူးဖော်ရာမှ ရှေးဟောင်းဘုရားများတွေ့ ရှိခဲ့ကြောင်း ဦးဇော်လွင်က ပြောသည်။“မနက် ရှစ်နာရီလောက်မှာ တွေ့တာ၊ ဆွမ်းချက်ရုံဆောက်ဖို့ မြေကျင်းတူးလိုက်တာ အနက်တစ်ပေ လောက် ရောက်တော့ ဒီအုတ်ခွက်ဘုရားတွေကိုတော့တာ၊ အဲ့ဒါနဲ့ဖြေးဖြေးချင်းတူးပြီးဖော်ထားတာ၊ အားလုံးပေါင်း ၁၁၂ ဆူ ရပါတယ်” ဟု ဦးဇော်လွင်က မီဒီယာများသို့ ပြောသည်။
ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းရပ်ကွက် မီးလောင်မှု အမျိုးသမီးတစ်ဦး သေဆုံး
နေပြည်တော် (မဇ္ဈိမ) ။ ။ နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း ၁၂ လမ်း၊ အိမ်အမှတ် (၁၄/ ၃၂၅) တွင် အောက်တိုဘာလ ၁၀ ရက် ည ၁၁ နာရီ ၂၀ ခန့်က အဲယားကွန်း အပူလွန်ကဲရာမှ မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနား မီးသတ်ဦးစီးဌာနက အတည်ပြု ပြောသည်။မီးလောင်မှုတွင် အသက် (၄၃) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ နှစ်ဦးဒဏ်ရာရ(မစိုးရိမ်ရ) ခဲ့ပြီး ပေ (၂၀×၂၀) သွပ်မိုးတိုက်ခံ၊ ပျဉ်ထောင် နှစ်ထပ်အိမ်တစ်လုံး၊ ပေ (၂၀×၂၀) သွပ်မိုး ထရံကာ တစ်ထပ်အိမ်တစ် လုံး၊ MAZDA DEMIO ကားတစ်စီးနှင့် KENBO-125 ဆိုင်ကယ်တစ်စီးတို့ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် (၄,၈၃၀,၀၀၀) လေးဆယ့်ရှစ်သိန်းသုံးသောင်းခန့် ရှိကြောင်း ပျဉ်းမနားမီးသတ်ဦးစီးဌာနမှ အစီရင်ခံစာ ထုတ်ပြန်ထားသည်။
မြန်မာနှစ်ဦးအမှု ပြန်စစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ရခိုင်ကွန်ရက် တောင်းဆို
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို သုံးသပ်စစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာကို ရခိုင်အမျိုးသားကွန်ရက်က မြန်မာနိုင်ငံ ထိုင်းသံရုံးက တစ်ဆင့် အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့တောင်းဆိုလိုက်ပါတယ်။
ဟွဒ်ဟွဒ် ဆိုင်ကလုံး အန္တရာယ် ကြိုပြင်ဆင်
ဟွဒ်ဟွဒ် လို့ အမည် ပေးထားတဲ့ ဆိုင်ကလုံး မုန်တိုင်း ဟာ ဒီမနက် မှာ အိန္ဒိယ နိုင်ငံ၊ အရှေ့ဘက်ခြမ်း အင်ဒြာပရာဒက်ရ် ပြည်နယ် ကို ဝင်ဖွယ်ရှိလို့ အာဏာပိုင်တွေ ဟာ ကြိုတင် ပြင်ဆင်မှု တွေ ပြုလုပ် ထားတဲ့ အကြောင်း တောင်အာရှ ဒေသဆိုင်ရာ ဘီဘီစီ သတင်းထောက် ဂျီလ်မက်ဂစ်ဗရင်း က သတင်းပေးပို့ လိုက်ပါတယ်။
ဒီမုန်တိုင်း ဟာ ဘင်္ဂ္လားပင်လယ်ပြင် မှာ အရှိန်ယူယင်း အားကောင်း လာတဲ့ အတွက် ပြင်းထန်တဲ့ လေ ရော မိုးပါ၊ သယ်ဆောင် လာမှာမို့၊ အင်ဒြာပရာဒက်ရ် ပြည်နယ် အတွင်းရှိ မြေနိမ့် အရပ်နေ လူတွေ ကို ကုန်းမြင့်ရာ အရပ်ဘက်ဆီ ကို အလျင် အမြန် ရွှေ့ပြောင်း ပေးနေရပါတယ်။ အခုဆိုရင် လူပေါင်း ၅ သိန်း ကျော် ကို ပြောင်းရွှေ့ပြီး ဖြစ်ပါတယ်။ သူတို့ အတွက် နေစရာ၊ စားစရာ၊ သောက်ရေ ပါ အသင့်ဖြစ်စေတဲ့ ကူညီကယ်ဆယ်ရေး စခန်းတွေ လည်း ရာနဲ့ချီ ဖွင့်လှစ် ထားပေး ပါတယ်။
ကိုဘာနီမြို့ကို အိုင်အက်စ်တွေ သိမ်းလုနီးနေ
အိုင်အက်စ် အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ ဆီးရီးယားကနေ တူရကီကို သွားတဲ့ နယ်စပ် ဖြတ်လမ်းကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆီရီးယား နယ်စပ်က ကိုဘာနီမြို့ကို ကာကွယ် နေတဲ့ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ အဆင့်မြင့်အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။
အိုင်အက်စ်တွေဟာ အဘက်ဘက်က တိုက်ခိုက်ပြီး မြို့ကို ဝိုင်းဖို့ ကြိုးစားခဲ့ပြီး အခုအချိန်အထိ တော့ အရှေ့ပိုင်းမှာ ကားဗုံးတွေသုံးတိုက်လို့ ရှေ့တိုး နိုင်ခဲ့တာ တချို့ရှိတယ်လို့ ကာ့ဒ် အရာရှိ Mr. Khalid Berkel က ပြောပါတယ်။
ယခုနှစ်အတွင်း အီဘိုလာကြောင့် သေဆုံးသူ (၄၀၀၀)ကျော်ထိ ရှိလာ

ယခုနှစ်အတွင်း အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက်သည် (၄၀၀၀)ကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတင်းထုတ်ပြန် ကြေညာခဲ့သည်။
WHOက အောက်တိုဘာ (၈)ရက်ထိ ကောက်ခံထားသော စာရင်းကို အောက်တိုဘာ (၁၀)ရက်တွင် ကြေညာခဲ့ရာ အီဘိုလာကြောင့် ယခုနှစ်အတွင်း လူပေါင်း(၄၀၃၃)ဦး
Friday, 10 October 2014
တောင်ကြီးမြို့ လုံခြုံရေး ရဲတပ်ဖွဲ့နှင့် လူငယ်တို့ ပေါင်းလုပ်မည်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် ၁၅ ယာဉ်ထိန်းရုံးရှေ့ အောက်တိုဘာ ၄ ရက် ညက မိုင်းပေါက်ကွဲမှု အပြီး ရှင်းလင်းဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈျိမ)
ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တောင်ကြီးမြို့လုံခြုံရေနှင့် တည်ငြိမ်အေးချမ်းရေးကို ရဲတပ်ဖွဲ့နှင့် လူငယ် တို့ အစုအဖွဲ့များဖွဲ့၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကိုပြောသည်။
ဒီမိုကရေစီတူဒေး သတင်းစာ ဖြန့်ချိရေးဝန်ထမ်း သုံးဦး ယာဉ်မတော် တဆမှု ကြောင့် သေဆုံး
ဒီမိုကရေစီတူဒေး နေ့စဉ်ထုတ်သတင်းစာရဲ့ ဖြန့်ချိရေးဝန်ထမ်း သုံးဦးဟာ အောက်တိုဘာလ ၁၀ ရက် နံနက် ၄ နာရီခွဲအချိန်မှာ မြောက်ဥက္ကလာပ မြို့နယ်မှာ ယာဉ်မတော်တဆဖြစ်လို့ သေဆုံးသွားတယ်လို့ ဝေဘာဂီ နယ်မြေ ရဲစခန်းဆီကနေ စုံစမ်း သိရှိရပါတယ်။
မြန်မာ-စင်ကာပူဥပဒေရေးရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စင်ကာပူသမ္မတနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနတို့၏ မြန်မာ-စင်ကာပူ ဥပဒေ ရေးရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး ပွဲအခမ်းအနား ကို ယနေ့နံနက်(၈) နာရီခွဲတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ the Hotel Royal ACE ၌ ကျင်းပပြုလုပ်သည်။
ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရန် အမည်စာရင်းတင်သွင်းနိုင်ရေး အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပုဂံတွင်ကျင်းပမည်

ပုဂံကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်ရန် အမည်စာရင်း တင်သွင်းနိုင်ရေး အတွက် အပြည်ပြည် ဆိုင်ရာဆွေးနွေး ညှိနှိုင်းပွဲအစည်းအဝေးကို အောက်တို ဘာ ၁ဝ ရက်မှ ၁၂ ရက်နေ့အထိ ပုဂံတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆန္ဒပြ

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ မြန်မာနှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ရန်ကုန်မြို့တော် ရောက်ရှိနေစဉ် ဆန္ဒပြ တောင်းဆိုခဲ့တယ် လို့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။
IS အဖွဲ့၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တူရကီ ဆွေးနွေးရန် စီစဉ်

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့၏ ခြိမ်းခြောက်မှု တွင်ကျယ်လာသည့် အခြေအနေကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရေးအတွက် အမေရိကန်နှင့် တူရကီတို့ လာမည့် သီတင်းပတ်တွင် ဆွေးနွေးသွားမည် ဖြစ်သည်။
မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ရေကန်ကြီးများအား ပြန်လည်ပြုပြင်၍ ယနေ့တိုင်အသုံးပြုနေ

မန္တလေး ရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း တရားကြီးနှင့် စကြာဒေဝီ မိဖုရား ခေါင်ကြီးတို့မှ လှူဒါန်းခဲ့သော ရေကန် ကြီး နှစ်ကန်အား နန်းရှေ့ မဟာဝိသုတာ ရာမတိုက် ဘုန်းတော်ကြီး ကျောင်းရှိ သံဃာတော်များ ယနေ့တိုင် အသုံး ပြုနေဆဲဖြစ်ကြောင်း သိရသည်။
ရန်ကုန်မှ ဆိုးလ်သို့ MAI တိုက်ရိုက်ပြေးဆွဲမည်

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) သည် ယခုနှစ် အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ ရန်ကုန်မှ တောင်ကိုရီးယားနိုင်ငံသို့ တစ်ပတ်လျှင် ငါးကြိမ် တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း MAI မှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက မဇ္ဈိမကို ပြောသည်။
ကိုဘာနီမြို့မှာ Kurdish တွေ ပြန်လည်အသာစီးရ
ဆီးရီးယားနိုင်ငံ ကိုဘာနီမြို့ နေရာတချို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေ သိမ်းပိုက်နိုင်ခဲ့ပေမယ့် အခုအခါမှာ အမေရိကန် ဦးဆောင်တဲ့ ဝေဟင်တိုက်ခိုက်မှုနဲ့ Kurdish အဖွဲ့ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် IS အဖွဲ့တွေ ရှုံးနိမ့်နေတဲ့ အခြေအနေ ရောက်ရှိနေပါတယ်။
ကိုဘာနီမြို့ရဲ့ သုံးပုံ တစ်ပုံကို IS တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုအခါမှာ Kurdish တပ်ဖွဲ့က သူတို့ အဲ ဒီ နေရာ တွေကို ပြန်လည် ရရှိ ထားပြီလို့ ပြောပါတယ်။
ညတုန်းကတော့ အမေရိကန် ဦးဆောင်တဲ့ တပ်တွေက Kurdish တပ်တွေအတွက် ဝေဟင်ကနေ တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်ပေးခဲ့ပါတယ်။
အခုလောလောဆယ် IS တပ်ဖွဲ့က ကိုဘာနီမြို့ရဲ့ အရှေ့နဲ့ အရှေ့တောင်ပိုင်းက နေရာတချို့ကို သိမ်းပိုက်ထားတယ်လို့လည်း သိရပါတယ်။
ကိုဘာနီမြို့ရဲ့ သုံးပုံ တစ်ပုံကို IS တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုအခါမှာ Kurdish တပ်ဖွဲ့က သူတို့ အဲ ဒီ နေရာ တွေကို ပြန်လည် ရရှိ ထားပြီလို့ ပြောပါတယ်။
ညတုန်းကတော့ အမေရိကန် ဦးဆောင်တဲ့ တပ်တွေက Kurdish တပ်တွေအတွက် ဝေဟင်ကနေ တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်ပေးခဲ့ပါတယ်။
အခုလောလောဆယ် IS တပ်ဖွဲ့က ကိုဘာနီမြို့ရဲ့ အရှေ့နဲ့ အရှေ့တောင်ပိုင်းက နေရာတချို့ကို သိမ်းပိုက်ထားတယ်လို့လည်း သိရပါတယ်။
မြန်မာနှစ်ဦးကို ဗြိတိန်စုံတွဲအား သတ်သည်ဟု စွပ်စွဲခြင်းမှာ မှားယွင်းကြောင်း ထိုင်းမှုခင်း ဆေးပညာ အကြီးအကဲဆို
ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟု မြန်မာနိုင်ငံသား နှစ်ဦးကို မှားယွင်းစွပ်စွဲခြင်းသာ ဖြစ်ပြီး အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် အမှားများ ကျူးလွန်ခဲ့ကြောင်း ထိုင်းနိုင်ငံ မှုခင်းဆေးပညာဌာန ညွှန်ကြားရေးမှူးချုပ် Khunying Porntip Rojanasunan က ပြောဆိုကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။အဆိုပါအမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရာတွင် မှုခင်းဆေးပညာဌာနက ဆရာဝန်ကို ခေါ်ယူစစ်ဆေးခြင်း မပြုဘဲ သက်သေခံပစ္စည်း အချက်အလက်များ စုဆောင်းခဲ့ကြောင်း ၎င်းက ပြောဆိုထားသည်။
“အဓိက အားနည်းချက်က ရဲတွေက ဒီအမှုမှာ မှုခင်းဆေးပညာဆိုင်ရာ ရောဂါဗေဒ ဆရာဝန် တစ်ယောက်တော့ လိုအပ်တယ်ဆိုတာ နားမလည်တာပဲ။ တာဝန်ရှိတဲ့သူတွေက သက်သေခံ ပစ္စည်းတွေကို ဆူရတ်ဌာနီ ဆေးရုံက ဆရာဝန် မခေါ်ဘဲနဲ့ စုဆောင်းခဲ့တာပါ” ဟု The Manager News Agency ကို ၎င်းက ပြောဆိုထားသည်။
“အဓိက အားနည်းချက်က ရဲတွေက ဒီအမှုမှာ မှုခင်းဆေးပညာဆိုင်ရာ ရောဂါဗေဒ ဆရာဝန် တစ်ယောက်တော့ လိုအပ်တယ်ဆိုတာ နားမလည်တာပဲ။ တာဝန်ရှိတဲ့သူတွေက သက်သေခံ ပစ္စည်းတွေကို ဆူရတ်ဌာနီ ဆေးရုံက ဆရာဝန် မခေါ်ဘဲနဲ့ စုဆောင်းခဲ့တာပါ” ဟု The Manager News Agency ကို ၎င်းက ပြောဆိုထားသည်။
မြို့ ၄၉ မြို့မှာ အူရီဒူးဆင်းမ်ကတ်တွေ ရောင်းအုံးမယ်
ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ရထားတဲ့ အူရီဒူးက ခုနှစ်အကုန် မြို့ပေါင်း ၄၉ မြို့မှာ ဆင်းမ်ကတ်တွေ ထပ်ပြီးရောင်းအုံးမယ်လို့ သိရပါတယ်။
လစာနှင့် ရာထူး ခံစားခွင့်ရမည့် အလုပ်ခြောက်မျိုး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးတော့မည်
လုပ်သားများ လစာနှင့် ရာထူးခံစားခွင့် အာမခံချက်ရရှိရေး အလုပ်အကိုင် ခြောက်မျိုးအတွက် ဦးစွာ အသိ အမှတ်ပြု လက်မှတ် ထုတ်ပေးရန် ဆုံးဖြတ်လိုက်ကြောင်း စစ်ဆေးအကဲဖြတ်ရေးအဖွဲ့ဝင် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌ ဦးအောင်လင်းက မဇ္ဈိမကို ပြောသည်။
အိုင်အက်စ်အဖွဲ့က ကိုဘာနီမြို့ အရှေ့ပိုင်းဒေသကို သိမ်းပိုက်
ဆီးရီးယားနယ်စပ် ကိုဘာနီမြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်နေပေမ့ယ် အိုက်အက်စ်တပ်ဖွဲ့တွေ ဟာ ရှေ့ကို ချီတက်နေပြီး မြို့အရှေ့ပိုင်းဒေသအားလုံးကို သိမ်းထား လိုက်ပြီ လို့ ဆီရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးးအဖွဲ့က ပြောပါတယ်။
Subscribe to:
Posts (Atom)