Sunday 12 October 2014

ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြသူများကို ၀ိုင်းပတ်ပိတ်ဆို့မည်ဟု ဟောင်ကောင်အစိုးရ ဆန့်ကျင်သည့်အဖွဲ့ခြိမ်းခြောက်

ဟောင်ကောင်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က လမ်းများကို ပိတ်ဆို့ထားသည့် ဒီမိုကရေစီတောင်းဆို နေသော ဆန္ဒပြသူများ ကို ဖယ်ရှားမပေးပါက ၎င်းတို့ကို ထပ်မံဝိုင်းပတ်ပိတ်ဆို့သွားမည်ဟု အစိုးရထောက်ခံသူအုပ်စုတစ်ခုက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။ အစိုးရ ထောက်ခံသည့် “ဖဲကြိုးပြာလှုပ်ရှားမှု” အဖွဲ့ ပိတ်ဆို့ထားသည့်လမ်းမှ ဆန္ဒပြသူများအား အောက်တိုဘာ ၁၄ ၇က် ညမတိုင်မီ အာဏာ ပိုင်များက ဖယ်ရှားမပေးပါက မိမိတို့က အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို ၀ိုင်းပတ်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။


အောက်တိုဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုတွင် လူပေါင်း ၁၅၀၀၀ ခန့် ပါဝင်ခဲ့ပြီး ညဘက်တွင် အက်မာရယ်ဒီရပ်ကွက်တွင် ညပိုင်အထိ ဆန္ဒပြသူ ၁၀၀၀ ခန့်နှင့် ရွက်ဖျင်တဲ အလုံးပေါင်း ၁၀၀ အထိ ရှိခဲ့ကြောင်း သိရသည်။

Mizzima

No comments:

Post a Comment