ခါကာဘိုရာဇီ တောင်ထိပ်ရောက်ပြီး
ပျောက်ဆုံးနေသည့် တောင်တက်သမား နှစ်ဦးနှင့်အတူ သွားရောက် ခဲ့သည့် သဘာဝခေါ်သံ
ဖောင်ဒေးရှင်းမှ တောင်တက်သမား ၆ဦး နှင့်အတူ ပျောက်ဆုံးနေသူ များ၏
မိသားစုဝင်များသည် Aisa Wing လေကြောင်းလိုင်းဖြင့် စက်တင်ဘာ ၁၉ရက် ည ၇နာရီ
၁၀ မိနစ်ခန့်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့သည်။
Saturday, 20 September 2014
မြ၀တီမြို့တွင် မြို့လုံခြုံရေးယာဉ်အား ၀င်တိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ကြံခင်းဘုန်းကြီးကျောင်း အနောက်လမ်းမှ
မောင်းတက်လာသော ယာဉ်တစ်စီးမှ လမ်းထိပ်တွင်ရပ်ထားသော မြို့လုံခြုံရေးယာဉ်အား
ဝင်တိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး
တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
မြဝတီမြို့ ဘုရင့်နောင်လမ်းကြီး
ညဈေးထိပ်တွင် ဆပ်(အနက်ရောင်) ကားတစ်စီးမှ ရပ်ထားသောကားများ
တိုက်သွားကြောင်း ည ၁၁ နာရီခွဲအချိန် မြို့လုံခြုံရေးမှ သတင်းရလျှင်ရချင်း
ဟန့်တားရန်လိုက်သွားစဉ် ကြံခင်းဘုန်းကြီးကျောင်းအနီး ကြံခင်းလမ်းမပေါ်သို့
မောင်းနှင်လာသောယာဉ်အား ရပ်တန့်ရန်တားမြစ်ရာ တရကြမ်းဝင်ရောက်
တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးယာဉ်မှာ လမ်းဘေးယာဘက်သို့ ၁ဝ ပေခန့်
လွင့်စဉ်သွားပြီး ယာဘက်ရှေ့ဘီး ပျက်စီးခဲ့သဖြင့် တိုက်ခိုက်လာသောယာဉ်အား
လုံခြုံရေးအဖွဲ့မှ ပစ်ခတ်ခဲ့၍ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါတစ်ဦး
ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ခေတ်မီသေနတ်များထုတ်ပေးကာ နယ်စပ်လုံခြုံရေးတိုးမြှင့်
မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်ဒါအဖွဲ့က ခြိမ်း ခြောက်ထားချိန်တွင် မောင်တော
နယ်စပ်လုံခြုံရေးတိုးမြှင့် ထားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ
အား အကြမ်းဖက်ချေ မှုန်းရေး ခေတ်မီသေနတ် များ ထုတ်ပေး ထားကာတပ်မတော်(ရေ)မှလည်း
စစ်ရေယာဉ်တစ်စီးဖြင့် လုံခြုံ ရေးစောင့်ကြပ်နေကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံတွင် တက္ကသိုလ်ရှိ အိမ်သာပိုက် အတွင်း စွန့်ပစ်ခံထားရသည့် ကလေးငယ်ကို ကယ်ဆယ်
မိလ္လာပိုက် အတွင်း တစ်ဆို့ ကျန်နေသည့် ကလေးငယ်။
တရုတ်နိုင်ငံတွင် တက္ကသိုလ်တစ်ခုရှိ အိမ်သာပိုက် အတွင်းတွင်
စွန့်ပစ်ခြင်း ခံထားရသော မွေးကင်းစ ကလေးငယ် တစ်ဦးကို ငိုသံကြား သောကြောင့်
အချိန်မီ ကယ်ဆယ် နိုင်ခဲ့ကြောင်း Mirror သတင်းဌာနက ဖော်ပြသည်။
ကနဦး ခန့်မှန်းမှုများ အရ တက္ကသိုလ် ကျောင်းသူတစ်ဦးက ကိုယ်ဝန်
လွယ်ထားရသည်ကို ဖုံးဖိ ထားကာ ကလေးမီးဖွားချိန်တွင် အိမ်သာတွင်း သွားရောက်
မွေး ဖွားပြီး စွန့်ပစ်ထား ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းတွင်
ရေးသားထားသည်။ အိမ်သာပိုက်အတွင်း တစ်ဆို့ ကျန်နေရစ်သည့် ကလေးငိုသံကြောင့်
ကျောင်းသားများ သိရှိခဲ့ပြီး မီးသတ်ဝန်ထမ်းများ ခေါ်ကာ ကလေးကို
ကယ်တင်ခဲ့ရခြင်း ဖြစ်သည်။
Friday, 19 September 2014
ကမ္ဘာ့ဘာသာရေးအသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲတွင် ထေရဝါဒ ဗုဒ္ဓဘာသာကိုယ်စားပြုစာတမ်းကို သီတဂူဆရာတော်ကြီး တက်ရောက်ဖတ်ကြား

တောင် ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက် တင်ဘာ ၁၈ရက်၌ကျင်းပသည့် ကမ္ဘာ့ ဘာသာရေးအသိုင်း အဝိုင်း ၏ ငြိမ်း ချမ်းရေးထိပ်သီးဆွေးနွေးပွဲ (World Alliance of Religions Peace Summit) တွင် ထေရ ဝါဒဗုဒ္ဓဘာသာ ကိုယ်စားပြုစာတမ်းကို သီတဂူဆရာ တော်ကြီး ဒေါက်တာအရှင်ဥာဏိဿ ရ တက်ရောက် ဖတ်ကြားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းရှိ တရားရုံးများတွင် မီဒီယာခန်းများ ထားရှိမည်ဟုဆို
နှစ်ပေါင်း ၅၀ ကျော်ကြာ ပျောက်ကွယ်နေသည့် တရားရုံး သတင်းရယူရေး မီဒီယာခန်းများကို မန္တလေး တိုင်းဒေသကြီးရှိ တရားရုံးများတွင် မီဒီယာများ သတင်းရယူနိုင်ရေးအတွက် မီဒီယာခန်း (Media Corner) များ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျင်တင် က ပြောကြားသည်။
၂၀၁၅ ကို မှန်မှန်ကန်ကန် ဖြတ်သန်းပါက ပြည်သူလိုချင်သည့် ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ဒေါ်စုပြော

ပြည်သူ့လွတ်တော်အစည်းအဝေးသို့ ရောက်ရှိသည့် အမျိုးသားဒီမိုကရေးစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ကို စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် ဖြတ်သန်းနိုင် ပါက ပြည်သူများ လိုချင်သည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး အထောက်အကူပြုနိုင်မည်ဟု အတိုက် အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် ဖြတ်သန်းနိုင် ပါက ပြည်သူများ လိုချင်သည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး အထောက်အကူပြုနိုင်မည်ဟု အတိုက် အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
စကော့တလန် လွတ်လပ်ရေး လူထုဆန္ဒ ခံယူပွဲ ပြီးဆုံး

စကော့တလန်မဲဆန္ဒခံယူပွဲ။ (စက်တင်ဘာ ၁၈၊ ၂၀၁၄)
ဗြိတိန်နိုင်ငံ စကော့တလန်နယ်မှာရှိတဲ့ စကော့လူမျိုးတွေဟာ ဗြိတိန်နိုင်ငံကနေ လွတ်လပ်တဲ့ နိုင်ငံတခု အဖြစ်နဲ့ ခွဲထွက်ဖို့အတွက် လူထုဆန္ဒခံယူပွဲကို ကြာသာပတေးနေ့က မဲပေးခဲ့ကြပြီးတော့ ၊ ဆန္ဒခံယူပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပြီဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ စကော့တလန်နယ်မှာရှိတဲ့ စကော့လူမျိုးတွေဟာ ဗြိတိန်နိုင်ငံကနေ လွတ်လပ်တဲ့ နိုင်ငံတခု အဖြစ်နဲ့ ခွဲထွက်ဖို့အတွက် လူထုဆန္ဒခံယူပွဲကို ကြာသာပတေးနေ့က မဲပေးခဲ့ကြပြီးတော့ ၊ ဆန္ဒခံယူပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပြီဖြစ်ပါတယ်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီ ဆိုတာမရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

စက်တင်ဘာ ၁၈ ရက်က နေပြည်တော်လွှတ်တော်အဆောက်အအုံတွင် NLD ပါတီဝင်များနှင့် တွေ့ဆုံနေ သည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာ မရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
ခုတင် ၅၀၀ ရန်ကုန် အထူးကု ဆေးရုံကြီးတွင် အသည်းအစားထိုး ကုသမှု စတင်တော့မည်
မြန်မာနိုင်ငံတွင် ငါးနှစ်ကျော်ကြာ ရပ်နားထားသော အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ရန်ကုန်မြို့ ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီးတွင် လာမည့် ၂၀၁၅ ခုနှစ်၌ ပြန်လည်စတင်ရန် စီစဉ်နေကြောင်း အဆိုပါ ဆေးရုံကြီး အသည်းအထူးကုဌာန ပါမောက္ခ ဒေါက်တာဝင်းနိုင်က The Voice သို့ ပြောကြားသည်။
ရခိုင်တွင် တတိယအင်အားစုတစ်ရပ် တည်ထောင်မည်ဟုဆို
ရန်ကုန် - ရခိုင်ပြည်နယ်အတွင်း ရှိ နိုင်ငံရေးပါတီများနှင့် ပြည်နယ် အစိုးရတို့အား ဝေဖန်ထောက်ပြ ရန် တတိယအင်အားစုတစ်ရပ်တည်ထောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
တာချီလိတ်၌ တစ်လအတွင်း ဒုတိယ အကြိမ်မြောက် ရေကြီးရေလျှံသည့်အတွက် ကယ်ဆယ်ရေးများ ပူးပေါင်းဆောင်ရွက်

၂၀၁၄ စက်တင်ဘာလ(၁၇)ရက် ညပိုင်းမှစ၍ စက်တင်ဘာလ(၁၈)ရက် နံနက်ပိုင်းအချိန်ထိ အဆက်မပြတ် မိုးများရွာသွန်းမှုကြောင့် ထိုင်း - မြန်မာ နှစ်နိုင်ငံအကြားရှိ မယ်ဆိုင်ချောင်းမှ တဆင့် တောင် ကျရေ များကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ ချောင်းရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ရေဘေးသင့် ပြည်သူ များအား ကယ် ဆယ်ရေးအဖွဲ့များဖြင့် ကယ်ဆယ်မှုများ ပြုလုပ်နေလျက်ရှိကြသည်။
ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသည့်နာရီများ စစ်ဆေးမှုကို MobileTeam မှ ပြည်ထဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ စာပို့ထား

ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသော နာရီများအား Mobile Team နှင့် ပူးပေါင်းအဖွဲ့တို့ လေဆိပ်၌ စစ်ဆေးမှု မပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ ပစ္စည်းထုတ် ယူခွင့်ပေးခဲ့မှုနှင့်ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ လိုအပ်သည့်စစ် ဆေးမှုများ ပြုလုပ်နိုင်ရန် စက်တင်ဘာ ၅ ရက် တွင် စာပေးပို့ထား ကြောင်း Mobile Team ကွပ်ကဲမှု တာဝန်ခံ ဗိုလ်မှူးတင်ရဲဝင်းက မြန်မာ သံတော်ဆင့် သို့ပြောသည်။
အီဘိုလာပညာပေးအဖွဲ့ဝင် ၇ ဦး ဂီနီမှာ သတ်ဖြတ်ခံရ

အီဘိုလာပညာပေးအဖွဲ့များ
အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်နေတဲ့ အရာဖြစ် တယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာလိုက်တဲ့ အချိန်မှာပဲ Guinea နိုင်ငံ အရှေ့တောင် ပိုင်းမှာ အီဘိုလာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တွေ သေဆုံးနေတာ ကို တွေ့ခဲ့ရ ပါတယ်။
ဥပဒေရေးရာကိစ္စများ တိုင်းအင်န်ဒီအက်ဖ်ရုံးတွင် လာရောက်အကူ အညီတောင်းခံနိုင်
မန္တလေးတိုင်းအင်န်ဒီ အက်ဖ်ပါတီရုံးခန်းသို့ ဥပဒေဆိုင်ရာ အကူအညီများ လာရောက် တောင်းခံပါက အခမဲ့ လိုက်လံ ကူညီပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စိတ်ရောဂါသည် အဓမ္မသမား လက်မှလွတ်ရန် ပေ ၂၀ အမြင့်မှ ခုန်ချခဲ့ရသူ

လီဗာပူး၊ စက်တင်ဘာ ၁၇။ အင်္ဂလန်နိုင်ငံတွင် ကာမစိတ်မွှန်နေသည့် စိတ်ရောဂါသည် တစ်ဦးက ၎င်းအား ကျန်းမာရေး စောင့်ရှောက်သည့် အမျိုးသမီး ဝန်ထမ်း တစ်ဦးကို အဓမ္မ ပြုကျင့် ရန် ရေချိုးခန်း နံရံကို ချိုးဖောက် ဖျက်ဆီး ဝင်ရောက်လာ သဖြင့် အမျိုးသမီး ဝန်ထမ်း ဖြစ်သူက ပေ ၂၀ အမြင့်ရှိ ပြတင်းပေါက်မှ ခုန်ချကာ အလွတ်ရုန်း ခဲ့ရသည့် အမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ထိုင်ဝမ်တွင် အစားအသောက် ဘေးကင်းရေးဆိုင်ရာ စည်းကမ်း ချိုးဖောက်သူများအား ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်မည်

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချိုးဖာက်မှုများအတွက် ပိုမိုပြင်း ထန်စွာ အရေးယူအပြစ်ပေးနိုင်မည့် ဥပဒေ များ ပြဋ္ဌာန်း သွားမည် ဖြစ်ကြောင်း ထိုင်ဝမ် အစိုးရက ကြေညာ လိုက်သည်ဟု စက်တင်ဘာ ၁၈ရက်က ဘီဘီစီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
သြစတြေးလျတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးတစ်ရပ် ရဲတပ်ဖွဲ့က ဆင်နွှဲ

သြစတြေးလျနိုင်ငံ ဆစ်ဒနီ နှင့် ဘရစ္စဘိန်းမြို့တွင် သြစတြေးလျ ရဲတပ်ဖွဲ့က အကြမ်းဖက်အဖွဲ့အစည်း များနှင့် ဆက် စပ်နေသူများကို စီးနင်းဖမ်းဆီးခဲ့ရာ လူ ၁၅ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု စက်တင် ဘာလ ၁၈ ရက်က ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ဘုရားကျောင်းမှ မျောက်တစ်ကောင် သေဆုံးမှုအတွက် အိန္ဒိယရွာသား ၂၀၀ ခန့် ခေါင်းတုံး၍ ၀မ်းနည်းမှုအထိမ်းအမှတ် ပြုလုပ်

အိန္ဒိယနိုင်ငံ မက်ဒ်ယာပရာဒေ့ရှ် ပြည်နယ်အလယ်ပိုင်း ဒါကာချအာ ကျေးရွာရှိ ဟိန္ဒိုဘုရား ကျောင်းတွင် နေ ထိုင်သော မျောက်နှစ်ကောင် အ နက် တစ်ကောင် မှာ ခွေးတစ်ကောင်က လိုက်ကိုက်ရာမှ ရေနစ် သေဆုံး သွားခဲ့သောကြောင့် အဆိုပါ ရွာတွင် နေထိုင်သူ ၂၀၀ ခန့် သည် ခေါင်းတုံး ၍ ၀မ်းနည်း ခြင်းအထိမ်း အမှတ် အဖြစ် ပြုလုပ်ခဲ့ကြသည်ဟု စက်တင် ဘာလ ၁၈ ရက်က ဘီဘီစီ သတင်း တစ်ရပ် တွင် ဖော်ပြ ထားသည်။
ဒီမိုကရေစီရေးနှင့် နိုင်ငံရေးတွင် သံဃာတော်များ ဆက်လက်ပါဝင်မည်

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ ၇ နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနား ကို ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံ ဓမ္မပိယသာသနာ့ရိပ်သာတွင် စက်တင်ဘာ ၁၈ ရက်က ပြုလုပ်စဉ်။ (ဓာတ်ပုံ- ငြိမ်သစ်ညီ၊ မဇ္ဈိမ)
သံဃာတော်များက ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်း၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်းကာ ဒီမိုကရေစီအရေးနှင့် နိုင်ငံရေးများတွင် ဆက်လက်ပါဝင်လှုပ်ရှားသွားမည် ဟု ရွှေ ဝါရောင် နှစ် ပတ်လည်ဖြစ်မြောက်ရေး ကော်မတီမှ ဆရာတော် ဦးစန္ဒာသီရိက ရွှေဝါရောင်တော်လှန်ရေး ခုနစ်နှစ်ပြည့် အခမ်းအနားတွင် မိန့်ကြားလိုက်သည်။
Subscribe to:
Posts (Atom)