မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Thursday, 4 September 2014
နှစ်လဲယာဉ်စစ်ဆေးခြင်းကို ပုဂ္ဂလိကလုပ်ခွင့်ပေး
ရန်ကုန်မြို့တွင်း သွားလာနေသည့်ယာဉ်များ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက နှစ်လဲယာဉ်စစ်ဆေးခြင်း လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဘားအံရဲစခန်း၌ ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင်ကို လက်နက်ကိုင်အဖွဲ့ လာတောင်း
လက်နက်မှုဖြင့် အရေး ယူခံထားရသည့် တပ်ဖွဲ့ဝင်တစ် ဦး ပြန်လွှတ်ပေးရေးနှင့် သိမ်းယူ ထား သည့် သေ နတ် ပြန်ပေး ရန် KNU/KNLA တပ်ဖွဲ့ဝင်များက ဘားအံမြို့မရဲစခန်းသို့ သွား ရောက်တောင်းဆိုခဲ့ ကြကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကစားသမားသစ်သုံးဦးအတွက် မန်ယူ ပေါင် ၄၂ သန်း ပိုပေးခဲ့ရ
မန်ယူအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ခေါ်ယူခဲ့သည့် ကစားသမား သုံးဦးဖြစ်သော ဒီမာရီယာ၊ အန်ဒါဟာရီရာနှင့် လုခ်ရှောတို့သုံးဦးအတွက် တန်ကြေးထက် ပေါင် ၄၂ သန်း ပိုပေးခဲ့ရသည် ကို တွေ့ ရကြောင်း ဘော လုံးဈေး ကွက် စောင့်ကြည့်ရေးအဖွဲ့ CIES Football Observatory က ထုတ်ပြန်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ယာဉ်စီးခပိုတောင်းသည့် တိုင်စာပေါင်း တစ်လအတွင်း ၈၀ ကျော်ရှိဟု မထသပြော
ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် ခရီးသည်တင်ယာဉ် လိုင်းများတွင် ယာဉ်စီးခပိုမို တောင်းခံနေ ကြခြင်းကြောင့် မထ သ (ဗဟို)သို့ သြဂုတ်လအတွင်း တိုင်စာပေါင်း ၈၀ ကျော် ရောက် ရှိခဲ့ပြီး သက်ဆိုင်ရာ ယာဉ်လိုင်း များအလိုက် အရေးယူဆောင် ရွက်ခဲ့ကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
မန္တလေးတိုင်းအတွင်းရှိ ကျေးလက်အသေးစားကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများအား ချေးငွေပေးအပ်
မြင်းခြံခရိုင် ရန္တပိုကျေးရွာမှ ကျေးလတ်အသေးစားကုန်ထုတ်လုပ်ငန်း တစ်မျိုးဖြစ်သည့် အိုးလုပ်ငန်း လုပ်ကိုင်နေသူနှစ်ဦး (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးတိုင်းဒေသကြီး အတွင်း ကျေးရွာပေါင်းကိုးဆယ် ကျော်ရှိ ကျေးလက် အသေးစား ကုန်ထုတ် လုပ်ကိုင်သူတစ်သောင်း သုံးထောင်ကျော်အား စက်တင်ဘာ ၄ရက်မှ စတင်၍ ကျပ်သိန်း တစ်သောင်းနှ စ်ထောင် ထုတ်ချေး ပေးမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဆီဒိုးနားဟိုတယ်အနီး ကားခြောက်စီးဆင့်တိုက်
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဆီဒိုးနား ဟိုတယ်အနီး မီးပွိုင့်တွင် စက်တင်ဘာလ ၃ ရက် ည ကိုးနာရီခွဲခန့် က ယာဉ်ခြောက်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာမည်ဟု UNFC ညီလာခံအပြီး ထုတ်ပြန်
UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ(လယ်)အား ဇူလိုင်လကကျင်းပသည့် လိုင်ဇာထိပ်သီး အစည်းအဝေး တွင် တွေ့ရစဉ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပထမအကြိမ် ညီလာခံ၏ ရွေးချယ် တာဝန် ပေးအပ်ချက်အရ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ဖက်ဒရယ်ကောင်စီတို့ သည် ပြည်ထောင် စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာ၍ တိုင်းရင်းသားအားလုံး ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု UNFC ညီလာခံအပြီးတွင် ထုတ်ပြန်ကြေညာလိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ladies' Code အဖွဲ့ဝင် အွန်ဘီ ယာဉ်မတော်တဆမှုဖြင့် သေဆုံး
စက်တင်ဘာ ၃ ရက် နံနက်အစောပိုင်းက ဖြစ်ပွား ခဲ့သော မော်တော် ယာဉ် မတော် တဆမှုတွင် ကိုရီးယား အမျိုးသမီး ကေပေါ့ပ် Ladies' Code အဖွဲ့ ဝင် အွန်ဘီသေဆုံးသွားပြီး အခြားအဖွဲ့ဝင်နှစ်ဦးမှာ လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
သမ္မတ ဦးသိန်းစိန် ဥရောပသို့ ရောက် ရှိနေစဉ် မြန်မာ့လူ့အခွင့်အရေး စိုးရိမ် ဖွယ်ရာ အချို့နှင့်ပတ်သက်၍ တိုက် တွန်းသည့် အိတ်ဖွင့်ပေးစာ ကို နိုင်ငံ တကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ အပါအ၀င် အဖွဲ့အစည်း သုံးခုက EU သို့ ပေးပို့
ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ် အား စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (Photo: AFP)
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ မြှင့်တင်ရန်အတွက် ကုသမဂ္ဂအထွေထွေ ညီလာခံ တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများအတွက် ဖြေရှင်းချက်နှင့် ဆုံးဖြတ်ချက်တစ်ခု ယခုနှစ် တွင် ထပ်မံချမှတ်နိုင်ရန် အတွက် တိုက်တွန်းပေးရန် ပြောကြားထားသည့် အိတ်ဖွင့်ပေးစာတစ်စောင် ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)၊ နိုင်ငံတကာလူ့အခွင့်အရေး ဖက်ဒရေးရှင်း (the International Federation for Human Rights-FIDH) နှင့် FIDH အဖွဲ့ဝင် Alternative ASEAN Network on Burma (ALTSEAN-Burma) တို့က ဥရောပသမဂ္ဂ (EU) သို့ စက်တင်ဘာ ၁ ရက်က ပေးပို့ခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
အပေါ်ကအမိန့်ရမှလုပ်တတ်သည့်အကျင့်ကိုဖျောက်ဖျက်ရန် ဒုသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက စစ်တွေတွင် တိုက်တွန်းပြောကြား
ဒုတိယ သမ္မတ စိုင်းမောက်ခမ်းမှ စစ်တွေတွင် အစိုးရ တာဝန်ရှိသူများ၊ ရပိမိရပ်ဖများနှင့် တွေ့ဆုံနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ/ ခိုင်ခိုင်ဇံ)
ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများအပါအဝင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စား လှယ် များ အနေဖြင့် ‘ အပေါ်က အမိန့်ရမှ ထလုပ်တတ်သည့် အကျင့်ကိုဖျောက်ဖျလုပ်ဆောင်ရန်’ ဒုတိယ သမ္မတ ဒေါက် တာ စိုင်းမောက်ခမ်းက စစ်တွေခရီးစဉ်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ယခုနှစ်ကုန်ထိ ဆက်သွယ်ရေး ဆင်းမ်ကတ်ငါးသန်းရောင်းမည်
ဈေးကွက်အတွင်း၌ လူ အများစိတ်ဝင်စားပြီး ၀ယ်ယူသူ များပြားနေသည့် MPTဆင်းမ် ကတ်များကို စက်တင်ဘာ လမှစ ၍ ၂၀၁၄နှစ်ကုန်အထိ ဆင်းမ် ကတ်ငါးသန်းကျော်အထိ ရောင်းချပေးသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ဝင်ငွေနည်းလူတန်းစားအတွက် ဆန်ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရန် ကမ္ဘာ့ဘဏ်နှင့် ဆွေးနွေးနေ
ပြည်တွင်းရှိ ၀င်ငွေနည်း ဆင်းရဲသားလူတန်းစားများ ဈေး နှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူစားသုံးနိုင်ရန် နှုန်းထားတစ်ခု သတ်မှတ် ဖြန့်ဖြူးပေးရေး ကမ္ဘာ့ ဘဏ်နှင့် ဆွေးနွေးမှုများ ပြုလုပ် နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဂျနီဖာလောရင့်စ်၏ ဓာတ်ပုံများခိုးယူခံရပြီး အနုပညာကြယ်ပွင့်အချို့၏ အကောင့်များချိုးဖျက်ခံရကြောင်း အက်ပဲလ်ကုမ္ပဏီဝန်ခံ
အက်ပဲလ် ကုမ္ပဏီ၏ဝန်ဆောင်မှုများကို တိုက်ခိုက်မှုမှမဟုတ်ဘဲ လူတစ်ဦး ချင်းစီ၏ အကောင့်များမှ ဓာတ်ပုံ များကို ခိုးယူခြင်းဖြင့်သာ မင်း သမီးဂျနီဖာလောရင့်စ်နှင့် အခြား အောင်မြင်ကျော်ကြားသူ အမျိုး သမီးများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို ဟက်ကာများရရှိ သွားခြင်းဖြစ်ကြောင်း အက်ပဲလ် ကုမ္ပဏီက ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
အစိုးရ၏ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ NCCT တို့၏ အပစ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်တွင် စတင်ရန် အစိုးရ အဆိုပြု
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲ ကို စက်တင်ဘာ ၂၂ ရက်တွင် စတင်ပြုလုပ်ရန် အစိုးရဘက်က အဆိုပြုထားကြောင်း နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
NATO ထိပ်သီးညီလာခံတက်ဖို့ အိုဘားမား ဗြိတိန်ကိုရောက်
နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ အမေရိကန်သမ္မတ Barack Obama ဟာ အခု UK နိုင်ငံမှာ ရောက်ရှိနေပါတယ်။ ယူကရိန်းမှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ ဆီးရီးယားနဲ့ အီရတ်မှာ Islamic State အစွန်းရောက်တွေ ရဲ့ အန္တရာယ်တွေကို နေတိုးထိပ်သီးဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးကြမယ် လို့ မျှော် လင့်ရ ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ခေါင်းဖြတ်သတ်မှုတွေနဲ့ခြောက်လို့ ISIS ကို အမေရိကန်မကြောက်
ဒုတိယမြောက် အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို ခေါင်းဖြတ်သတ် လိုက်တဲ့အတွက် အမေရိ ကန်ပြည်ထောင်စုက ကြောက်လန့်သွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Barack Obama က ပြောဆို လိုက်ပါတယ်။ အဲဒီလုပ်ရပ်အတွက် အရှက်ရစေရမယ်၊ နောက်ပြီး အစ္စလာမ်မစ်နိုင်ငံတော်လို့ သူတို့ကိုယ် သူတို့ ခေါ်ကြ တဲ့ စစ်သွေးကြွတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
Wednesday, 3 September 2014
စိတ်ဓာတ်က တန်ဖိုးမရှိတာလား၊ ဘွဲ့ဝတ်စုံက တန်ဖိုးမရှိတာလား
မကြာသေးခင်က ဂျာနယ်တစ်စောင်ရဲ့ ကာတွန်းမှာ ဘွဲ့ဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ပုံကို ကလေးတစ်ယောက် က ကြည့်ပြီး တော့ သူ့ဖခင်ကို “ဒါဆန္ဒပြဝတ်စုံလား ဟင်” လို့ မေးလိုက်တာကို တွေ့ပြီး အတော်လေး စိတ် မကောင်း ဖြစ်သွားမိပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်မာနိုင်ငံ သုတေသနအသင်း ပြန်လည်ဖွဲ့စည်းမည်
ပြည်ပတက္ကသိုလ်တစ်ခုတွင် သုတေသနလုပ်နေသူတစ်ဦးကိုတွေ့ရစဉ်
နှစ်ပေါင်းသုံးဆယ်ကျော် ဖွဲ့စည်းခွင့်မရရှိခဲ့သော မြန်မာနိုင် ငံသုတေသနအသင်းကို ပြန်လည် ဖွဲ့စည်း၍ သုတေသနလုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရန် ဆောင် ရွက်မည်ကြောင်း ဒေါက်တာ အောင်ထွန်းသက် ကပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြို့သစ်စီမံကိန်းနောက်ကွယ်မှ ပဟေဠိများ
အတွဲ (၁၃)၊ အမှတ်(၂၆)
လှိုင်သာယာ−တွံတေး ကားလမ်းနံဘေးရှိ မြေကွက်များကို ရန်ကုန်မြို့သစ်စီမံကိန်းအတွင်း ပါဝင်မည်ဟု တွက်ချက်ကာ လိုက်လံဝယ်ယူရန် လေ့လာနေသော လုပ်ငန်းရှင်အချို့၏ ကားများကို တွေ့ရစဉ် [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]
ဆက်လက်ဖတ်ရှုပါရန် »
ယနေ့နံနက် ပျဉ်းမနားဈေးရှေ့နေအိမ်ဆိုင်ခန်းခြောက်ခန်း တနာရီကြာမီးလောင် ခဲ့ရာငွေကျပ်၁၂၅သိန်းခန့်ဆုံးရုံး
ပျဉ်းမနားဈေးရှေ့ကနေအိမ်ဆိုင်ခန်းခြောက်ခန်း ယနေ့နံနက်နှစ်နာရီခန့်ကစတင်ပြီးတနာရီကြာမီးလောင်ခဲ့ ရာငွေကျပ် ၁၂၅သိန်းခန့်ဆုံးရှူံးခဲ့ပြီး စတင်လောင်ကျွမ်းခဲ့ရခြင်း အကြောင်းအရင်းကိုတော့ စစ်ဆေးဆဲဖြစ် တယ်လို့ပျဉ်းမနားရဲတပ်ဖွဲ့မှသိရပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)