Monday, 25 August 2014

ကွမ်းခြံကုန်းတွင် အေးရှားဝေါ တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းဒေသခံများ ကန့်ကွက်

Photo: ကွမ်းခြံကုန်းတွင် အေးရှားဝေါ တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံ စီမံ ကိန်းဒေသခံများ ကန့်ကွက်
Monday, August 25, 2014

ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာတွင် ကျောက် မီးသွေးစက်ရုံစီမံကိန်း တည်ဆောက်ရန် ဒေသခံများနှင့် တွေ့ဆုံခဲ့ရာ ဒေသခံများက ကန့်ကွက် ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံ ကျေးရွာတွင် အေးရှားဝေါကုမ္ပဏီ က စုစုပေါင်း မဂ္ဂါဝပ်သုံးထောင် ကျော်ထွက်ရှိမည့် ကျောက်မီး သွေးစက်ရုံနှင့် တန်ချိန်နှစ်သောင်းရှိ သင်္ဘောများဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတားတစ်ခု    တည်ဆောက်ရန် ပြင်ဆင်လျက်ရှိသည်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် ဇန်န၀ါရီလ ဆန်းတွင် ပထမအကြိမ် လူထုတွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်စဉ်ကဒေသခံများ ကန့်ကွက်ခဲ့ပြီး ယခုသြဂုတ်လတွင်   ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်   လူထုတွေ့ဆုံမှု တွင်လည်း  ဒေသခံများက  ကန့် ကွက်ခဲ့ကြသည်။

သောင်ခုံကျေးရွာတွင် အေးရှားဝေါကုမ္ပဏီပိုင် ကောင်း မြတ်သောမြေကုမ္ပဏီမှ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုလေ့လာ ဆန်းစစ်ချက် (EIA) ဆောင်ရွက် ခဲ့ကာ သန့်စင်သော ကျောက်မီး သွေးနည်းစနစ်ကို အသုံးပြု၍ ထုတ်လုပ်သွားမည်ဖြစ်ပြီး စက်ရုံ မှ စွန့်ပစ်ပစ္စည်းများကိုလည်း ကမ္ဘာ့ဘဏ်မှ သတ်မှတ်ထား သည့် နည်းစနစ်အတိုင်း  ပြုလုပ် သွားမည်ဟု ကုမ္ပဏီ၏ အထွေ ထွေမန်နေဂျာ ဦးမြင့်ဦးက  ပြော သည်။

ကျောက်မီးသွေးစက်ရုံ ဆောက်လုပ်မည့်နေရာကို ယခင် က အေးရှားဝေါကုမ္ပဏီပိုင် လက်ခွဲဖြစ်သည့် Green Asia ကုမ္ပဏီ အမည်ဖြင့် စက်မှုလယ်ယာစိုက် ပျိုးမှုအတွက်ဆိုကာ ဒေသခံများ ထံမှ လယ်ယာမြေများဝယ်ယူခဲ့ ပြီး    လယ်လုပ်ကိုင်ခြင်းမရှိဘဲ ယခုတွင်မှ    ကျောက်မီးသွေး စက်ရုံဆောက်လုပ်ရန် ဆောင် ရွက်နေခြင်းဖြစ်သည်ဟု ကွမ်းခြံ ကုန်းကွန်ရက်မှ ဦးမျိုးမြင့်အောင်က ပြောသည်။

‘‘ကျောက်မီးသွေးက သဘာ ၀ပတ်ဝန်းကျင်ရော ဒေသခံတွေ ရဲ့ ကျန်းမာရေးကိုရော ထိခိုက်စေ တယ်။ ဒီစက်ရုံကြောင့် ဆိုးကျိုး တွေဖြစ်တော့ တခြားနိုင်ငံတွေ မှာ ပြည်သူလူထုရဲ့ ဆန့်ကျင်မှု တွေကြောင့် လျှော့ချလာတာကို တွေ့ရတယ်။ အဲဒီလိုမျိုး အန္တရာယ်ရှိတဲ့ စက်ရုံတွေ ကိုယ့်နိုင်ငံမှာ လာလုပ်မယ်ဆိုတာ ဒေသခံပြည်သူတွေရဲ့  နစ်နာမှုတွေကို တားဆီး ဆန့်ကျင်တဲ့အနေနဲ့ ကန့်ကွက်တာ’’ဟု ၎င်းကဆိုသည်။

ထို့အပြင် ယင်းစက်ရုံတည် ဆောက်မည်ဆိုပါက ယင်းစက်ရုံ မှဖြစ်ပေါ်လာမည့် အနံအသက်နှင့် ဆိုးကျိုးများကြောင့် ဒေသခံများ နေရပ် စွန့်ခွာရမည်ကို စိုးရိမ်လျက်ရှိသည်ဟု     ဦးမျိုးမြင့် အောင်ကပြောသည်။

‘‘ကျောက်မီးသွေးဓာတ်အား ပေးစက်ရုံက ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း များတယ်။ သူတို့ က ဘယ်လိုဆောက်မလဲဆိုတာ လည်း မသိဘူး။ အရင်တစ်ကြိမ် ရှင်းပြတုန်းက ကုမ္ပဏီက ကောင်းကျိုးတွေ ပြောပြတယ်။ ဆိုးကျိုး သိပ်မရှိဘူးလို့    ပြောတယ်။ တကယ်လို့ ဆိုးကျိုးတွေဖြစ်ရင် ဒေသခံတွေပဲ ခံစားရမှာ။  အဲဒါ ကြောင့် ကန့်ကွက်တယ်’’  ဟု သောင်ခုံကျေးရွာဒေသခံတစ်ဦး က ပြောသည်။

ယင်းကျောက်မီးသွေးစက် ရုံတည်ဆောက်ရန်     ပတ် ၀န်းကျင်ဆိုင်ရာ ထိခိုက်မှုလေ့ လာဆန်းစစ်ချက် (EIA) ကို မြန်မာအတိုင်ပင်ခံ အင်ဂျင်နီယာကုမ္ပဏီ လီမိတက် (MEC) က လေးလတာကွင်းဆင်းလေ့လာခဲ့ပြီး  လေ့လာမှုများအရ ထိခိုက်မှုအနည်းငယ် သာရှိသည်ဟု ယင်းကုမ္ပဏီမှ အစီအစဉ်ညှိနှိုင်းရေးမှူး    ဦးညီညီ အောင်ကပြောသည်။

ယင်းလေ့လာဆန်းစစ်ချက် တွင် ကျောက်မီးသွေးသိုလှောင် ရာနေရာသည် ဒေသခံများနေ ထိုင်ရာ ကျေးရွာများနှင့် ဝေးကွာ သည့်နေရာတွင် တည်ရှိပြီး ဒေသမျိုးရင်းပန်းမန်နှင့် တိရစ္ဆာန်များအပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းငယ်ဖြစ်၍   မျိုးသုဉ်းမည့် အန္တရာယ်ရှိသည့် မျိုးစိတ်များနေထိုင်ကျက်စားခြင်း    မရှိသည့်အပြင် စီမံကိန်းမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ၏အနံ့အသက်၊ ဆူညံမှုများလည်း  အနည်းငယ်သာ ရှိသည်ဟု ၎င်းကဆိုသည်။

ဒုတိယအကြိမ် လူထုတွေ့ ဆုံမှုကို သြဂုတ် ၂၃ ရက်တွင် ကွမ်းခြံကုန်းမြို့နယ်၌ ပြုလုပ်ခဲ့ပြီး ပြည် သူလူထု၏    တုံ့ပြန်မှုကိုရယူ၍ ၀န်ကြီးဌာနသို့ အစီရင်ခံစာတင် သွင်းကာ လုပ်ငန်းစဉ်များ ဆက် လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

7Day DAILY 

ဒေသခံများနှင့်တွေ့ဆုံပွဲတွင် ထကန့်ကွက်သည့်ဒေသခံအချို့ ( ဓာတ်ပုံ−ခိုင်ခိုင်စိုး)
ဒေသခံများနှင့်တွေ့ဆုံပွဲတွင် ထကန့်ကွက်သည့်ဒေသခံအချို့ ( ဓာတ်ပုံ−ခိုင်ခိုင်စိုး)
ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာတွင် ကျောက် မီးသွေးစက်ရုံစီမံကိန်း တည်ဆောက်ရန် ဒေသခံ များနှင့် တွေ့ဆုံ ခဲ့ရာ ဒေသခံများက ကန့်ကွက် ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတွင် သုံးတန်အထက်ယာဉ်မ၀င်ရလမ်းများ ထပ်တိုးကန့်သတ်

 Photo: မန္တလေးတွင် သုံးတန်အထက်ယာဉ်မ၀င်ရလမ်းများ ထပ်တိုးကန့်သတ်
Monday, August 25, 2014

မန္တလေးမြို့တွင်းသို့ သုံးတန်အထက် ယာဉ်မ၀င်ရ လမ်းများတိုးချဲ့ သတ်မှတ်ခြင်း ကို  စက်တင်ဘာ ၁ ရက်တွင် စတင်မည်ဟု သတင်းရရှိသည်။

ယခင်က သုံးတန်နှင့် အထက်ယာဉ်များ မြို့တွင်းသို့ မ၀င်ရန်   ကန့်သတ်ထားသော် လည်း စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ အမရပူရနှင့် ပြည်ကြီး တံခွန်မြို့နယ်အတွင်းရှိ လမ်းများသို့ သုံးတန်အထက်ယာဉ်များဝင် ရောက်နေသဖြင့်  ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပွားလာ၍ ထပ်တိုးကန့်သတ်ရခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဌာနမှူး ဒေါ်ခင်မေဌေးကပြော သည်။

အမရပူရနှင့် ပြည်ကြီးတံခွန် မြို့နယ်များရှိ စက်မှုပန်းခြံထောင့် မှ ရန်ကုန်-မန္တလေးလမ်း၊ တံခွန် တိုင်ပတ်လမ်း၊ ကပ်ကျော်တာ ပေါင်လမ်း၊ အာရှဘဏ်လမ်းတို့ ကိုသာ ၀င်ရောက်ခွင့်မပြုခြင်းဖြစ် ကြောင်း ဌာနမှူးကပြောသည်။

ထို့ကြောင့် သုံးတန်အထက် ယာဉ်များမှာ မြောက်ဘက်တွင် ကမ်းနားလမ်းနှင့်   မြို့ပတ်လမ်း ဆုံ(ညောင်ကွဲ)၊  ကျွဲရေကုန်း၊အရှေ့ဘက်တွင် မန္တလေး-ပြင်ဦး လွင်လမ်း၊ မနော်ဟရီလမ်း၊ ၆၂ လမ်း၊ အင်းခရုလမ်း၊ စက်မှုပန်း ခြံလမ်း၊ ရန်ကုန်-မန္တလေးလမ်း ဆုံ၊ ထုံးဘို-မြစ်ငယ်လမ်းဆုံ၊ တောင်ဘက်တွင် ရန်ကုန်-မန္တ လေးလမ်း၊ ထုံးဘိုမြစ်ငယ်လမ်း ဆုံ၊ စစ်ကိုင်း-မြစ်ငယ်လမ်း၊ အ နောက်ဘက်တွင် စစ်ကိုင်းလမ်းခွဲ (ရွှေကြက်ယက်)၊ မြို့ပတ်ကမ်း နားလမ်းအစရှိသည့် လမ်းပိုင်း များကို  အသုံးပြုပြေးဆွဲရမည် ဖြစ်သည်။

ထိုလမ်းကြောင်းအတိုင်း သုံးတန်အထက်ယာဉ်များသွား လာနိုင်ပြီး ကန့်သတ်ထားသည့် လမ်းပိုင်း အ၀င်ဝများတွင် မ၀င် ရဆိုင်းဘုတ်များကိုလည်း တပ် ဆင်မည်ဖြစ်ကြောင်း၊ ကန့်သတ် ထားသည့် နယ်မြေဧရိယာအ တွင်း ၀င်ရောက်လာပါက ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက အသိပေးကြေ ညာချက်ထုတ်ပြန်ထားသည်။

7Day DAILY 

ယာဉ်ကြောရှုပ်ထွေးသော မန္တလေးမြို့တွင်းတစ်နေရာ (ဓာတ်ပုံ−ဂျေမောင်မောင် (အမရပူရ))
ယာဉ်ကြောရှုပ်ထွေးသော မန္တလေးမြို့တွင်းတစ်နေရာ (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))
မန္တလေးမြို့တွင်းသို့ သုံးတန်အထက် ယာဉ်မ၀င်ရ လမ်းများတိုးချဲ့သတ်မှတ်ခြင်းကို  စက်တင်ဘာ ၁ ရက် တွင် စတင်မည်ဟု သတင်းရရှိသည်။

မန္တလေး ယဉ်ကျေးမှုပြပွဲများ နိုင်ငံခြားသား ပိုမိုစိတ်ဝင်စားရန် အရှိန်မြှင့်

မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံတွင် နှစ်ပတ်တစ် ကြိမ်ကျင်းပမည့် မြန်မာယဉ်ကျေး မှုပြပွဲများ ကို နိုင် ငံခြားသားများ စိတ်ဝင်စားမှုပိုမိုမြင့်တက်လာစေရန်  အရှိန်မြှင့်လုပ်ဆောင်နေ ကြောင်း သတင်းရရှိသည်။

အမြန်လမ်းဘေးရှိ ရော်ဘာခြံများ သြဂုတ် ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ ရန် သတိပေး

Photo: အမြန်လမ်းဘေးရှိ ရော်ဘာခြံများ သြဂုတ် ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ ရန် သတိပေး
Monday, August 25, 2014

ရန်ကုန်−နေပြည်တော် အမြန်လမ်းဘေးရှိ ရော်ဘာစိုက်ပျိုးရေးခြံများကိုသြဂုတ် ၂၈ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေး ရန် လှည်းကူးမြို့နယ် အုပ်ချုပ် ရေးမှူးက သတိပေးထားကြောင်း သတင်းရရှိသည်။

အမြန်လမ်းဘေးရှိ  ဧက ထောင်နှင့်ချီသည့်  ရော်ဘာခြံများ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး လက်ရှိ ရော်ဘာစိုက်ပျိုးရေးလုပ် ဆောင်နေသည့် လုပ်ငန်းရှင်များ နှင့် တပ်မ ၁၁၊ တပ်မတော်မှ ကျောထောက်နောက်ခံ ပြုထား သည့် မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း (MEC) တို့အကြား ကာ လရှည်ကြာ အငြင်းပွားနေခဲ့ခြင်း ဖြစ်သည်။

လုပ်ကိုင်ခွင့် အငြင်းပွားနေ သည့် ယင်းမြေနေရာများတွင်လက်ရှိရော်ဘာစိုက်ပျိုးသူ ၆၀ ခန့် က အခိုင်အမာ စိုက်ခင်းများ စိုက် ပျိုးထားပြီး မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းကလည်း ယင်းမြေနေရာသည် ၎င်းတို့ ပိုင်ဆိုင်သည့် နေရာဖြစ်ကြောင်း သတိပေးဆိုင်း ဘုတ်များ နေရာအနှံ့အပြားတွင် စိုက်ထူထားသည်။

‘‘ရင်းနှီးထားတဲ့ ပမာဏက နည်းတာမဟုတ်ဘူး။ ကျွန်တော် တို့က  အကျိုးတူလုပ်ဖို့  ပြောတာ ညှိလို့ မရဘူး။ အပင်တွေက တော်တော်စိုက်ထားပြီးပြီ။ ဒီအ ခြေအနေရောက်မှ ထွက်သွားရ မယ်ဆိုရင် ကျွန်တော်တို့ ဆုံးရှုံး မှုက နည်းမှာမဟုတ်ဘူး’’ဟု အ ငြင်းပွားနေသည့် စိုက်ပျိုးမြေများ တွင် လက်ရှိ စိုက်ပျိုးနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ပြီး လှည်းကူးမြို့နယ် အုပ်ချုပ်ရေး မှူးရုံးနှင့် မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းထံ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

 ယင်းမြေနေရာများသည် တပ်မတော်ပိုင် မြေနေရာများဖြစ် ပြီး မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းက တရားဝင် လုပ်ကိုင်ခွင့်ရထားသည့် မြေနေရာများ ဖြစ်ကြောင်း၊ စီမံကိန်းဧရိယာအတွင်း တရားမ၀င် ၀င်ရောက်မှုများအတွက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ အရာရှိတစ်ဦးက သတင်း ထောက်များအား ထုတ်ဖော်ပြော ဆိုထားသည်။

7Day DAILY 

အမြန်လမ်းဘေးရှိ ရော်ဘာစိုက်ခင်းတစ်ခု ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
အမြန်လမ်းဘေးရှိ ရော်ဘာစိုက်ခင်းတစ်ခု ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်−နေပြည်တော် အမြန်လမ်းဘေးရှိ ရော်ဘာစိုက်ပျိုးရေးခြံများကိုသြဂုတ် ၂၈ ရက် နောက်ဆုံး ထား ပြော င်းရွှေ့ပေး ရန် လှည်းကူးမြို့နယ် အုပ်ချုပ် ရေးမှူးက သတိပေးထားကြောင်း သတင်းရရှိသည်။

နှမ်းဈေးကောင်းသော်လည်း မိုးဦးနှမ်းအထွက်နှုန်း ထက်ဝက်ကျော် လျော့

 အောင်လံ၊ ဆင်ပေါင် ၀ဲနှင့် သရက်မြို့နယ်များတွင် မိုးဦး နှမ်းများပေါ်ချိန်ရောက်ပြီး နှမ်း ဈေးကောင်းသော် လည်း မိုးဦးမိုး ခေါင်ကာ  နှမ်းပွင့်သီးချိန်၌ မိုးအဆက်မပြတ် ရွာသွန်းခဲ့သော ကြောင့် ထက်ဝက်ကျော် အထွက် လျော့ကြောင်း ဒေသခံတောင်သူ များက ပြောကြားသည်။

ငွေရေးကြေးရေး အဖွဲ့အစည်းများ ကျပ် ၁၈၀ ဘီလီယံကျော် ထုတ်ချေးထား

ပြည်တွင်းရှိ ငွေရေး ကြေးရေးအဖွဲ့အစည်း ၂၀၀ ခန့်ရှိ ပြီး ၎င်းတို့က ကျပ်ငွေ ၁၈၀ ဘီလီ ယံကျော် ထုတ်ချေးထားကြောင်း သတင်းရရှိသည်။

အညာဒေသအချို့ မိုးခေါင်၍ သောက်သုံးရေပြတ်လပ်

Photo: အညာဒေသအချို့ မိုးခေါင်၍ သောက်သုံးရေပြတ်လပ်
Monday, August 25, 2014

 မြန်မာနိုင်ငံအလယ် ပိုင်းဒေသအချို့တွင် မိုးခေါင်ရေရှားသောကြောင့် သောက် သုံးရေပြတ်လပ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ပြော သည်။

ယခုနှစ်မိုးရာသီတွင် လ ပေါင်းများစွာ မိုးခေါင်ခြင်းကြောင့်ကန်ရေကို အဓိကထားအသုံးပြု နေရသည့် ပခုက္ကူနှင့် မြိုင်မြို့နယ် အတွင်းရှိ ကုန်းတွင်းကျသည့် ကျေးရွာအချို့၌ သောက်သုံး ရေပြတ်လပ်မှုများ ကြုံတွေ့နေရ ကြောင်း ဒေသခံများကပြော သည်။

‘‘မိုးရေ အဓိကထားပြီး သောက်ရသုံးရတဲ့ ကုန်းတွင်း နည်းနည်းကျတဲ့ ရွာတွေမှာဆိုရင် သောက်သုံးရေပြဿနာရှိတယ်။ ရှိတဲ့ ရေတွင်းတွေကလည်း ငန်လို့ လူသောက်လို့မရတဲ့အခြေအနေ ဖြစ်နေတယ်’’ဟု သောက်သုံးရေ ရှားပါးမှုများကို အကူအညီပေးနေ သည့် ပခုက္ကူမြို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးသက် ကြူကပြောသည်။

အလားတူမိတ္ထီလာမြို့နယ်  အတွင်းရှိ ကန်ရေအားထားနေရ သည့်ကျေးရွာ အချို့သည်လည်း မိုးရွာသွန်းမှုတစ်လခန့်နောက်ကျ  သောကြောင့် သောက် သုံးရေ အခက်အခဲများ ဖြစ်ပွားလျက်ရှိ ကြောင်း ဒေသခံများက ပြော သည်။

‘‘မိုးလ တစ်လလောက် နောက်ကျတော့ ကန်ကိုအားထား နေရတဲ့ ရွာတွေဒုက္ခရောက်ကြ တယ်။ မိုးရွာတော့ ကန်ရေပြန်ရ ရင်လည်း အနည်ထိုင်အောင် စောင့်ရတာနဲ့ ချက်ချင်းသောက် လို့မရဘူး။ ဒီနှစ်ကလူတွေ တော် တော်ဒုက္ခရောက်ကြတယ်’’ဟု မိတ္ထီလာမြို့နယ်အတွင်းရှိ တောင် သူလယ်သမားအရေးတက်ကြွ လှုပ်ရှားသူဦးကျော်စိန်က ပြော သည်။

ယခုနှစ်တွင် ဒေသအချို့၌ နေရာကွက်ကျားမိုးခေါင်ရေရှား မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်း များလည်း နှောင့်နှေးလျက်ရှိ သည်။

7Day DAILY
မြန်မာနိုင်ငံအလယ် ပိုင်းဒေသအချို့တွင် မိုးခေါင်ရေရှားသောကြောင့် သောက် သုံးရေပြတ်လပ်မှုများ ဖြစ် ပွားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ကုလကိုယ်တိုင် ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးစွဲနေသရွေ့ ရခိုင်ပြဿနာဖြေရှင်းနိုင်မည် မဟုတ်ဟု စစ်တွေမြို့မိမြို့ဖအဖွဲ့က နမ်ဘီးယားကို ပြော

ကုလသမဂ္ဂအဖွဲ့ကိုယ် တိုင် ရိုဟင်ဂျာဟုခေါ်ဝေါ်သုံးနှုန်း နေသရွေ့ ရခိုင်ပြဿနာကို ဖြေ ရှင်းနိုင်မည် မဟုတ်ကြော င်း စစ် တွေမြို့မိမြို့ဖအဖွဲ့က ကုလအထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားနှင့် တွေ့ဆုံစဉ် ထည့် သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ ယူ-၁၉ အား ကျပ်သိန်းနှစ်ထောင်ကျော် ချီးမြှင့်

 ၂၀၁၄ ဘရူနိုင်းဘုရင့် ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၉ အသင်းအား အလှူရှင်များက ချီးမြှင့်ငွေကျပ်သိန်းနှစ်ထောင်ကျော်ရှိကြောင်း သတင်းရရှိသည်။

စားသုံးရန် မသင့်သောမုန့်များ ရောင်းနေသူများကို အရေးယူတော့မည်

စားသုံးရန် မသင့်သော မုန့်များ  ရောင်းချနေသည့် မန္တလေးမြို့အတွင်းရှိ လက်ကားမုန့်ဆိုင် များကို   စက်တင်ဘာမှ စတင်အရေးယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဥပဒေချိုးဖောက်သည့် အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချရန် သမ္မတမှတ်ချက်ပေး

Photo: ဥပဒေချိုးဖောက်သည့် အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချရန် သမ္မတမှတ်ချက်ပေး
Monday, August 25, 2014

အသစ်ပြင်ဆင်ရေးဆွဲ နေသော အငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင် ဥပဒေချိုးဖောက် သည့် အလုပ်ရှင်ကို ငွေဒဏ်ကျပ်ငါးသိန်း အပြင် ထောင်ဒဏ်ပါ ချမှတ်သင့် ကြောင်း သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဘောထားမှတ် ချက် ပေးပို့ထားကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အလုပ်သမားရေး ရာ အငြင်းပွားမှုဖြေရှင်းရေး ဥပ ဒေတွင် ဥပဒေ ချိုးဖောက်သည့် အလုပ်ရှင်ကို အရေးယူရာ၌ ဒဏ် ငွေကျပ်တစ်သိန်းသာ ပြဋ္ဌာန်းခဲ့၍ အလုပ်ရှင်အများစုမှာ လေးစား လိုက်နာမှုအားနည်းခဲ့သည်။

ထို့ကြောင့် ယင်းဥပဒေကို ပြန်လည်ပြင်ဆင်ရန် ညှိနှိုင်းဆွေး နွေးခဲ့ပြီးနောက် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့သည်။

ထိုသို့လွှတ်တော်သို့ တင် သွင်း အဆိုပြုရာတွင် ပြည်သူ့ လွှတ်တော်က ထောင်ဒဏ် ထည့် သွင်းဖော်ပြမှုကို ပယ်ချခဲ့၍ နိုင်ငံ တော် သမ္မတက ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ထည့်သွင်းပြဋ္ဌာန်း ရန် ပြည်ထောင်စုလွှတ်တော်သို့ သဘောထား မှတ်ချက်ပေးခဲ့ သည်။

‘‘ပြစ်ဒဏ်က အမြင့်ဆုံး ငါး သိန်းထိပဲ ချမှတ်နိုင်လို့ ပြစ်ဒဏ် မှာထောင်ပါ ချသင့်တယ်လို့ သမ္မ တက ပြည်ထောင်စုလွှတ်တော် ကို သဘောထားမှတ်ချက်ပေးပြီး အတည်ပြုခဲ့တယ်။ အမျိုးသား လွှတ်တော်မှာ ပြစ်ဒဏ်ပါတယ်’’ ဟု ပြည်ထောင်စုလွှတ်တော် ဥပ ဒေကြမ်းပူးပေါင်းကော်မတီဝင် တစ်ဦးက ပြောသည်။

‘‘သမ္မတက အခုလို သဘော ထားမှတ်ချက်ပေးတာ ကောင်းပါ တယ်။ ထိထိရောက်ရောက် အ ရေးယူပြီး အကောင်ထည်ဖော်တဲ့ သူတွေလည်း ထိရောက်ဖို့ လိုပါ တယ်။ ပြည်သူ့လွှတ်တော်မှာ ပယ်ချတဲ့အပိုင်း ပြောရရင် အ လုပ်သမားတွေကလည်း  နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုပါ တယ်။ အဲဒါကို စိုးရိမ်ပြီး ပယ်ချ တယ်ဆိုရင် အခုလာမယ့်သူတွေ က ဥပဒေချိုးဖောက်ဖို့ အဆင် သင့်ပြင်လာလို့လား။ အလုပ်သ မားတွေကတော့ ဥပဒေကို ချိုး ဖောက်ဖို့ ၀င်လာတဲ့ အလုပ်ရှင် တော့ အလိုမရှိပါဘူး’’ ဟု တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမား ဒေါ် မိုးဝေက ပြောသည်။

အဆိုပါ အလုပ်ရှင်၊ အလုပ် သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ထွက်ရှိပြီးနောက် အမှု ပေါင်း ၁၅၀၀ ကျော် ဖြေရှင်းခဲ့ သည်။ ယခုနှစ် ဇွန်လအတွင်း အအစိုးရက အလုပ်ရှင် အပါအ၀င် အလုပ်ရှင် ကိုယ်စားလှယ်များအားယဉ်ကျေးသိမ်မွေ့ ရက်တိုသင်တန်းကို အစိုးရက သင်ကြားပို့ချခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွား လျက်ရှိသော အလုပ်ရှင်၊ အလုပ် သမား အငြင်းပွားမှုများ၌ လုပ်ခလစာနည်းပါး၍ တိုးမြှင့်တောင်း ခံခြင်း၊ အလုပ်ရှင်က မချေမငံ ပြောဆိုဆက်ဆံခြင်း စသည့် အ ကြောင်းအရာများ အဓိကဖြစ်ပွား လျက်ရှိပြီး ၎င်းတို့အပေါ် မချေမငံ ပြောဆိုဆက်ဆံသော မန်နေဂျာ၊ ကြီးကြပ်ရေးမှူးနှင့်ခေါင်းဆောင် ပိုင်းကို အလုပ်မှ ထုတ်ပယ်ပေး ရန် တောင်းဆိုလျက်ရှိသည်။

7Day DAILY 

ဆန္ဒပြနေသည့် စက်ရုံအလုပ်သမားများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဆန္ဒပြနေသည့် စက်ရုံအလုပ်သမားများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
အသစ်ပြင်ဆင်ရေးဆွဲ နေသော အငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင် ဥပဒေချိုးဖောက်သည့် အလုပ်ရှင် ကို ငွေဒဏ်ကျပ်ငါးသိန်း အပြင် ထောင်ဒဏ်ပါ ချမှတ်သင့် ကြောင်း သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဘောထားမှတ် ချက် ပေးပို့ထားကြောင်း သတင်း ရရှိသည်။

အချုပ်ခန်းဖောက်ပြေးမှု များလာ၍ တစ်နေ့လျှင် ငါးကြိမ်ခန့် စစ်ဆေးမှုလုပ်မည်

မန္တလေးတိုင်းအတွင်း အချုပ်ခန်းဖောက်ပြေးသည့် ဖြစ်စဉ်မှာ ဆယ်ရက်ခန့်အတွင်း နှစ်ကြိမ်ဖြစ်ပွား ခဲ့ ရာ စောင့် ကြပ် သူ ပေါ့ဆမှုကြောင့် အဓိကဖြစ်၍ တစ်နေ့လျှင် ငါးကြိမ်ခန့် စစ်ဆေးမှုများကို အဆင့် လိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကို ပြော သည်။

သမ္မတနှင့် နိုင်ငံရေးမဆွေးနွေးခဲ့ဟု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခေါင်းဆောင် အချို့ ပြော

Photo: သမ္မတနှင့် နိုင်ငံရေးမဆွေးနွေးခဲ့ဟု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခေါင်းဆောင် အချို့ ပြော
Monday, August 25, 2014

နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးကိုသာ ဆွေးနွေးခဲ့သည်ဟု “၀”၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဥက္ကဋ္ဌများက မဇ္ဈိမကို သြဂုတ်လ ၂၄ ရက်တွင် ပြောသည်။

“ကျွန်တော်တို့ ပြည်နယ်တောင်းတဲ့အကြောင်း မဆွေးနွေးခဲ့ပါဘူး။ အခုအချိန်က ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတိုင်းပဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်နေပါတယ်။ ဒီအချိန်မှာက ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး မပြောသေးပါဘူး”ဟု “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ခွန်ထွန်းလူက ပြောသည်။

နိုင်ငံတော်သမ္မတနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဥက္ကဋ္ဌများ တွေ့ဆုံအပြီး ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့်လည်း ထပ်မံတွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုများအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသအတွင်း လုပ်ဆောင်ရန် လိုအပ်နေသည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကိုသာ ဆွေးနွေးခဲ့သည်ဟု စစ်ကိုင်းတိုင်းအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးနော်ရိုဆန်ဂျူးက ပြောသည်။

“ကျွန်တော်တို့ သမ္မတနဲ့တွေ့တာက ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ၀န်ကြီးတွေလည်း ပါပါတယ်။ အဓိကတော့ ကိုယ့်ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ပဲ ဆွေးနွေးတာပါ။ နိုင်ငံရေးအရ ဆွေးနွေးတာတွေ မရှိသလို ဖွဲ့စည်းပုံပြင်တာကိုလည်း မဆွေးနွေးပါဘူး”ဟု ၎င်းက ဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသခြောက်ခုမှ ဦးစီးများ၊ ဥက္ကဋ္ဌများနှင့် နိုင်ငံတော်သမ္မတက သြဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေး၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဒေသဖွံ့ဖြိုးရေး ကိစ္စများသာ ဆွေးနွေးခဲ့သည်ဟု ခေါင်းဆောင်အချို့က ပြောသည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ခြောက်ခုဖြစ်သည့် “၀” ၊ နာဂ၊ ပအိုဝ်း၊ ဓနု၊ ကိုးကန့်၊ ပလောင်တို့မှ ဥက္ကဋ္ဌများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

Mizzima - News in Burmese 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ခေါင်းဆောင်များပါ တက်ရောက်သည့် ဩဂုတ် ၂၂ ရက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၄-၁၅ ပထမလေးလပတ် တတိယမြောက်အစည်းအဝေး ကျင်းပစဉ်။ ဓာတ်ပုံ - သမ္မတရုံး
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ခေါင်းဆောင်များပါ တက်ရောက်သည့် ဩဂုတ် ၂၂ ရက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂၀၁၄-၁၅ ပထမလေးလပတ် တတိယမြောက်အစည်းအဝေး ကျင်းပစဉ်။ ဓာတ်ပုံ - သမ္မတရုံး
နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးကိုသာ ဆွေးနွေးခဲ့သည်ဟု “၀”၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဥက္ကဋ္ဌများက မဇ္ဈိမကို သြဂုတ်လ ၂၄ ရက်တွင် ပြောသည်။

ကုလသမဂ္ဂ ကျန်းမာရေးဝန်ထမ်းတစ်ဦး အီဘိုလာ ကူးစက်ခံရ


ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ကျန်းမာရေးစောင့်ရှောက်မှု ၀န်ထမ်းတစ်ဦး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း WHO က သြဂုတ် ၂၄ ရက်တွင် ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာလိုက်သည်။

အမေရိကန် ဂျာနယ်လစ်တစ်ဦးကို ဆီးရီးယားစစ်သွေးကြွများက လွှတ်ပေး


၂၀၁၂ ခုနှစ်မှစ၍ ဖမ်းဆီးခြင်းခံခဲ့ရသူ အမေရိကန်ဂျာနယ်လစ် သီအိုကားတစ်အား ဆီးရီးယားနိုင်ငံမှ နူ ဆရာ စစ်သွေးကြွများက လွှတ်ပေး လိုက်ကြောင်း သိရသည်။

အစ္စလာမ္မစ်စစ်သွေးကြွများက ဆီးရီးယးအစိုးရ လေတပ်စခန်းကို သိမ်းပိုက်

Photo: အစ္စလာမ္မစ်စစ်သွေးကြွများက ဆီးရီးယးအစိုးရ လေတပ်စခန်းကို သိမ်းပိုက်
Monday, August 25, 2014

အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ IS မှ သူပုန်များက ဆီးရီးယားအစိုးရ၏ လေတပ် စခန်းတစ်ခုကို သြဂုတ် ၂၄ ရက်က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

တက်ကာလေတပ်စခန်းသည် သမ္မတဘာရှာအာဆတ်အစိုးရ၏ ရက္ကာပြည်နယ် တွင်နောက်ဆုံးကျန်ရှိ သည့် ခြေကုပ်စခန်းတစ်ခုဖြစ်သည်။

အစိုးရတပ်များ လေတပ်စခန်းမှ ဆုတ်ခွာနေပြီဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်သံမှ ဖော်ပြခဲ့သည်။ အဆိုပါလေတပ်စခန်းအား စစ်သွေးကြွများက တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဘက်စလုံးမှ အကျအဆုံး များခဲ့ကြောင်း သိရသည်။

သုံးနှစ်ကြာမြင့်ပြီဖြစ်သည့် ဆီးရီးယားနိုင်ငံမတည်ငြိမ်မှုတွင် ဧပြီလ အထိ သေ ဆုံးသူ  ၁၉၁၀၀၀ ဦးရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ IS စစ်သွေးကြွများသည် ၎င်းတို့၏ နယ်မြေကို ဆီးရီးယာနိုင်ငံအရှေ့ပိုင်းနှင့် အီရတ်မြောက်ပိုင်း ဒေသများသို့ ချဲ့ထွင်ထိန်းချုပ်လာ ခဲ့သည်။

BBC
အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ IS မှ သူပုန်များက ဆီးရီးယားအစိုးရ၏ လေတပ် စခန်းတစ်ခုကို သြဂုတ် ၂၄ ရက်က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ကျူးကျော်အရေး ဖြေရှင်းရန် အဖြေရှိဟု အမျိုးသမီးငွေစုငွေချေးဖွံ့ဖြိုးရေး ကွန်ရက်ဆို

Photo: ကျူးကျော်အရေး ဖြေရှင်းရန် အဖြေရှိဟု အမျိုးသမီးငွေစုငွေချေးဖွံ့ဖြိုးရေး ကွန်ရက်ဆို
Monday, August 25, 2014

ကျူးကျော်အိမ်မှ အခြေခံလူတန်းစားများ နေအိမ်ပိုင်ရရှိရေးအတွက် ကိုယ့်အားကိုယ်ကိုး အမျိုးသမီးငွေစုငွေချေး ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်က မြေကွက်များ ၀ယ်ယူပြီး တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ကာ အဖွဲ့ဝင် ၉၃ ဦးကို အိမ်နေရာများ ချထားပေးပြီးဖြစ်၍ ကျူးကျော်အရေး ဖြေရှင်းရန် အဖြေရှိသည်ဟု ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးရေးအသင်း ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်က ပြောသည်။

ဒေါ်ဗန်လီဇာအောင်က“ကျူးကျော် ပြဿနာမှာဆိုရင် ဒီအိမ်ရာမဲ့ ပြဿနာပေါ့ များပြားလာတဲ့ ဥစ္စာကို ဖြေရှင်းလို့ မရဘူးဆိုတဲ့ ရှုထောင့်နဲ့နေနေတာ မှားတယ်လို့ ပြောချင်တယ်။ ဖြေရှင်းလို့ရတယ်။ လေးနှစ်ငါးနှစ်တာ လုပ်ဆောင်ရတဲ့ အတွေ့အကြုံနဲ့ ပြောတာ”ဟု ပြောသည်။

သြဂုတ်လ ၂၄ ရက်က တီးတိန်နှစ်ခြင်းအသင်းတော်တွင် ဆင်းရဲမှုဘ၀ကျရောက်နေသော အိမ်ထောင်မိသားစုများ စောင့်ရှောက်မြှင့်တင်ရေး ရန်ပုံငွေနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

အဆိုပါကွန်ရက်တွင် အဖွဲ့ပေါင်း ၃၀ နှင့် အဖွဲ့ဝင်ပေါင်း ၁,၀၀၀ ကျော်တို့ ချိတ်ဆက်ထားပြီး အဖွဲ့ဝင်များထဲမှ အဖွဲ့ဝင် ၉၃ ဦးကို မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက် ဒေါနလမ်း၊ ပေ ၂၀၀ x ၁၀၀ တွင် အိမ်အခန်း ၃၀၊ လှိုင်သာယာ၊ ဗိုလ်အောင်ကျော်လမ်း၊ ၂၃ ရပ်ကွက်ရှိ ပေ ၁၂၀ x ၆၀ တွင် အိမ် ၁၀ ခန်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာရှိ ပေ ၂၂၀ x ၂၁၀ တွင် အိမ် ၄၁ ခန်း အိမ်ရာများ ချထားပေးပြီဟု သတင်းထုတ်ပြန်သည်။

ငွေစုငွေချေးဥက္ကဋ္ဌ ဒေါ်ခင်ယုမော်က“ငွေစုထားတဲ့ ငွေတွေနဲ့ မြေတွေဝယ်တယ်။ တစ်နှစ်ပြည့်တဲ့သူတွေကို အိမ်ရာပေးတယ်။ ငွေစုလာတာ တစ်သိန်းရှိရမယ်။ တစ်ပတ်ကို တစ်ထောင်စုတယ်”ဟု ပြောသည်။

အဆိုပါအိမ်ရာနေထိုင်သူများတွင် ၉၀ ရာခိုင်းနှုန်းမှာ ကျူးကျော်များဖြစ်ပြီး ၁၀ ရာခိုင်နှုန်းမှာ အိမ်ငှားနေထိုင်သူများဖြစ်သည်ဟု အဆိုပါကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဒေါ်အုန်းမြိုင်က မဇ္ဈိမကို ပြောသည်။

Mizzima - News in Burmese 

၂၀၁၄ ဩဂုတ် ၂၄ ရက်က ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် အမျိုး သမီး ငွေစုငွေချေးအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းကွန်ရက် တို့မှ ပြုလုပ် ကျင်းပသော ဆင်းရဲမှုဘဝကို ကျရောက်နေကြသော အိမ်ထောင်မိသားစု များ စောင့်ရှောက်မြှင့်တင်ရေး ရန်ပုံငွေနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအကြောင်း ရှင်းလင်းပွဲကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-ဘိုဘို
၂၀၁၄ ဩဂုတ် ၂၄ ရက်က ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် အမျိုးသမီး ငွေစုငွေချေးအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းကွန်ရက်တို့မှ ပြုလုပ်ကျင်းပသော ဆင်းရဲမှုဘဝကို ကျရောက်နေကြသော အိမ်ထောင် မိသားစုများ စောင့်ရှောက်မြှင့်တင်ရေး ရန်ပုံငွေနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအကြောင်း ရှင်းလင်း ပွဲကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-ဘိုဘို

လျှပ်စစ်မလုံလောက်၍ မွေးကင်းစကုသရေး ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခက်ကြုံ

Photo: လျှပ်စစ်မလုံလောက်၍ မွေးကင်းစကုသရေး ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခက်ကြုံ
Monday, August 25, 2014

မွေးကင်းစတွင် အသားဝါတတ်သည့် ကလေးငယ်များကို ဓာတ်ကင်ကုသရန် လျှပ်စစ်မီးလုံလောက်မှု မရှိ၍ အခက်ကြုံနေရသည်ဟု ကလေးမြို့ ပြည် သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမိုမိုအောင် က ပြောသည်။

“မွေးမွေးချင်း အသားဝါနေတဲ့ ကလေးတွေကို ဓာတ်ကင်ပြီးတော့ ကုရမှာမို့ ကလေးဆောင်ကို မနက်ပိုင်းမှာ လျှပ်စစ်မီးလွှတ်ပေးဖို့ လျှပ်စစ်ရုံး ကို ပြောပါတယ်။ ဒါပေမဲ့ တစ်နာရီလောက်ပဲ မီးလာတယ်။ လျှပ်စစ်မီးမရတော့ ဓာတ်မကင်နိုင်တော့ဘဲ သွေးလဲပြီး ကုသနေရတယ်။ သွေးလွန် တုပ်ကွေးရာသီဆိုတော့ သွေးလဲကုသမှုထက် ဓာတ်ကင်တာက ပိုသင့်လျော်ပါမယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် ကုတင် ၄၈ လုံးရှိ ကလေးကုသဆောင်၌ တက်ရောက်ကုသသူ ၁၀၀ ကျော်ရှိသည်ဟု ၎င်းက ပြောသည်။ ၎င်းတို့အနက် သုံးပုံနှစ်ပုံသည် သွေးလွန်တုပ်ကွေးရောဂါကြောင့်ဖြစ်ပြီး တစ်ရက်လျှင် ၄၀ ကျော်ရှိသည်ဟု ဒေါက်တာ မိုမိုအောင်က ပြောသည်။

“ဆေးရုံကြီးရဲ့ အရေးပေါ်လူနာဆောင်တွေအတွက် လျှပ်စစ်မီးကို ဘယ်လို ခွဲဝေပေးနေတယ်ဆိုတာကို ခရိုင်လျှပ်စစ်ရုံးနဲ့ ဆွေးနွေးပါမယ်” ဟု ဆေးရုံ အုပ်ကြီး ဒေါက်တာဦးစိန်အေးက ပြောသည်။

ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသည် ဇီးချောင်းရေအားလျှပ်စစ်က ပေးသည့် ဓာတ်အားကိုသာ အားပြုနေရခြင်း ဖြစ်သည်။ ထို့ကြောင့် မြို့ပေါ်ရှိ စေတနာရှင်များ စုပေါင်း၍ ပြည်သူ့ဆေးရုံကြီး ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းနှင့် ဆေးရုံမီးလင်းရေးများအတွက် မီးစက်တစ်စုံစီကို ၂၀၀၉ ခုနှစ်တွင် လှူဒါန်းထားသော်လည်း စက်သုံးဆီ(ဒီဇယ်) မရှိ၍ မလည်ပတ်နိုင်ဟု ဆေးရုံအထောက်အကူပြုကော်မတီဝင် ဦးညီညီက ပြောသည်။

“ဇီးချောင်းက မီးရသရွေ့ကတော့ ဆေးရုံကြီးကိုတော့ ၂၄ နာရီ မီးပေးပါတယ်။ လုပ်ငန်းလုပ်ချိန်မို့ မီးပြတ်တာ ဖြစ်ပါလိမ့်မယ်။ မနေ့ညကလည်း တောင်ပေါ်မှာ မိုးရွာလို့ ဇီးချောင်းဖျားမှာ အမှိုက်တွေ ဒိုက်တွေ ပိတ်နေတယ်လို့ ကျွန်တော်လည်းသိရပါတယ်”ဟု ခရိုင်လျှပ်စစ်ရုံး အင်ဂျင်နီယာမှူး ဦးယုမော်က ပြောသည်။

Mizzima - News in Burmese 

ကလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ မွေးကင်းစကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်သူစိုး (ကလေး)
ကလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ မွေးကင်းစကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်သူစိုး (ကလေး)
မွေးကင်းစတွင် အသားဝါတတ်သည့် ကလေးငယ်များကို ဓာတ်ကင်ကုသရန် လျှပ်စစ်မီးလုံလောက်မှု မရှိ၍ အခက်ကြုံနေရသည်ဟု ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ မိုမိုအောင် က ပြောသည်။

ရွှေတိဂုံမှာ စက်ထုတ်ရွှေဆိုင်း တင်ဒါရ

ရွှေတိဂုံ စေတီတော်ကြီး အတွက် လုံးတော်ပြည့် ရွှေသင်္က္န်း ကပ်ဖို့၊ ရွှေဆိုင်းတင်ဒါ ခေါ်ယူရာမှာ အစဉ်အဆက် သုံးစွဲနေကျ ရိုးရာ လက်မှုလုပ်ငန်း ထွက် ရွှေဆိုင်းတွေ အစား၊ စက်နဲ့လုပ်တဲ့ ရွှေဆိုင်းတွေ က အဖိုးနှုန်း ချိုချိုနဲ့ တင်ဒါ အောင်သွားကြောင်း သိရပါတယ်။

ဖားကန့်မြို့ ၅ ရပ်ကွက် မိုးကြီးလို့ ရေလွှမ်း

Photo: ဖားကန့်မြို့ ၅ ရပ်ကွက် မိုးကြီးလို့ ရေလွှမ်း
Monday, August 25, 2014

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေ တာကြောင့် ဖားကန့်မြို့ပေါ်မှာ ရပ်ကွက် ၅ ရပ်ကွက်လောက် ရေနစ်မြုပ်နေ ပါတယ်။

ဖားကန့်မြို့နယ် ငှက်ပျောတော၊ မြို့မ၊ မရှီကထောင် စတဲ့မြို့ပေါ် ၅ ရပ်ကွက် မှာ ရေလွှမ်းနေတာလို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဟန်မြင့် က ပြောပါတယ်။

"နောက်ဆုံးအခြေအနေနဲ့ကတော့ မနက်က ၃ နာရီခွဲက စတက်တဲ့ရေပဲလေ၊ ဖားကန့်မှာ အနှစ် ၃၀ အတွင်း ဒီရေဟာ အကြီးဆုံးလို့ပြောရမှာပဲလေ၊ ခုဟာက ကြိုးတံတားတော့မြုပ်သွားပြီ၊ ဘုန်းကြီးကျောင်းတို့ မြေမြင့်တဲ့ နေရာလေးတွေလိုက်နေ အဲ့လောက်ပဲနေနေရတာပဲ၊ ခုချိန် ကတော့ ကယ်ဆယ်ရေး လုပ်နေကြတာပဲ၊ အိမ်တွေကတော့ မြုပ်တာပေါ့၊ မိုးရွာတာကြောင့် ရေကြီးတာလို့ ပြောလို့တော့ရတယ်"

အခုသီတင်းပတ်တွေမှာ မိုးရွာသွန်းမှုများတဲ့အတွက် ဧရာဝတီမြစ်ရေလည်း မြင့်တက် လာပြီး ဒီနှစ်အတွင်း ရေလွှမ်းမှုအများဆုံးဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် မြို့ရွာ အတော်များများ မှာ ရေကြီး၊ ရေလျှံခဲ့ပါတယ်။

RFA Burmese

ဖားကန့်မြို့။ ဓါတ်ပုံ - အင်တာနက်
ဖားကန့်မြို့။ ဓါတ်ပုံ - အင်တာနက် 
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေ တာကြောင့် ဖားကန့်မြို့ပေါ်မှာ ရပ် ကွက် ၅ ရပ်ကွက်လောက် ရေနစ်မြုပ်နေ ပါတယ်။