Wednesday, 30 July 2014

UWSA နှင့် မူးယစ်/ NCCT / တရုတ်အရေး

Photo: UWSA နှင့် မူးယစ်/ NCCT / တရုတ်အရေး
Wednesday, July 30, 2014 

ပြီးခဲ့တဲ့အပတ်ထဲက "၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အကြီးအကဲကို မြန်မာ့တပ်မတော်အကြီးအကဲ တွေကနေ ခေါ်ယူတွေ့ဆုံတယ်လို့ သတင်းတွေကြားရပါတယ်။ ဘယ်သူက ခေါ်ယူတွေ့ဆုံပါသလဲ။ ဘာအကြောင်းတွေဆွေးနွေးဖြစ်ပါသလဲ ။ UWSA ၀ တပ်ဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ကို သျှမ်းသံတော်ဆင့်က မေးမြန်းထားပါတယ်။

မေး။ ။ ပြီးခဲ့တဲ့အပတ်ထဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၀ တပ်ဖွဲ့အကြီးအကဲကို ဖိတ်ခေါ် ပြီး ဆွေးနွေးတယ်လို့ ကြားရပါတယ်။ ဘာအကြောင်း ဆွေးနွေးခဲ့ပါသလဲ။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မဟုတ်ပါဘူး။ ကျနော်တို့ကိုဖိတ်ခေါ်တာ လားရှိုးတိုင်းမှူးပါ။ ဒါတင် မက ပါဘူး ကျိုင်းတုံတိုင်းမှူးကလည်း အထူးဒေသ ၄ ကို ဖိတ် ခေါ်ပါတယ်။ ပြောတဲ့ကိစ္စကတော့အတူတူဘဲ။ အိန္ဒိယ နယ်စပ် တမူးဘက်မှာ တရုတ်အမျိုးသား ၈ ဦး အဖမ်းခံရတဲ့ ကိစ္စ။ အခုနောက်ဆုံး မန္တလေး ထောင် မှာ စစ်ဆေး တဲ့ အခြေအနေတွေ ပြစ်ဒဏ်ပေးတာတွေ ကိုပြောပါတယ်။ ဒီလူတွေထဲက တယောက်ကို ၁၀ နှစ် ကျန် ၇ ယောက် ကို တယောက် ၁၃ နှစ်စီ ထောင်ချတယ်လို့ပြောတယ် ။ သူတို့တွေဟာ လားရှိုးဘက်မှာ လူသတ်မှု ဓါးပြတိုက်မှု တွေရှိခဲ့တယ် လို့ပြောပါတယ်။ ဒီအဖွဲ့တွေက မိုင်းလား ဘက်က ဝင်လာတယ်လို့ပြောတယ်။ အစက အလည် အပတ် အလုပ်လာရှာတာ။ ကိုးကန့်အဖွဲ့က စည်း ရုံး တယ် ။ ၀ ဒေသကိုလာပြီးတော့ သင်တန်း တက်တယ် ။ အဲ ဒီနောက်တော့ သံလွင်မြစ်အနောက်ခြမ်းကို သွားတယ်။ ဓါးပြတိုက်တယ် လူသတ် တယ်။ ပြီးတော့ အနောက်ဘက်ခြမ်းနယ်စပ်ကို အသွားမှာဖမ်းမိတာ - လို့ တိုင်းမှူးကပြောတယ်။

ကျနော်တို့တော့ အဲတာတွေ မသိဘူး။ သူတို့ကိုလည်း သင်တန်းမပို့ချပေးရဘူး။ ဘာသင်တန်းမှန်းတောင် မသိဘူး။ သူတို့ကိုသိတောင် မသိဘူး။ ကိုးကန့် အရေးအခင်းနောက်ပိုင်း ကျနော်တို့ ၀ ဒေသမှာ အရပ်သားအဖြစ် ရောက်နေကြတာ တွေရှိတယ်။ ဒါကြောင့် တိုင်းမှူးပြောခဲ့တာတွေကိုကျနော်တို့ လည်းအဖြေမပေးနိုင်တာ ဖြစ်တယ်။

ရှင်းရှင်းပြောရင် ဒီတရုတ် ၈ ယောက်က ကျနော်တို့နဲ့ ဘယ်လိုမှ ပတ်သက်ဆက်နွယ်တာမရှိပါဘူး။ မိုင်းလား ကနေ ဒီဘက်ကိုဖြတ်လာတုန်း ဒီမှာခဏတဖြုတ်နားတုန်း သင်တန်းရှိတယ်ဆိုတာတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့အကြောင်း ကျနော်တို့ ဘာမှမသိလိုက်ရပါဘူး။

မေး။ ။ ဟုတ်ကဲ့ ဒီ ၈ ယောက်ကို ဘယ်တုန်းက ထောင်ဒဏ်ချလိုက်တာလဲ။

ဖြေ။ ။ တလောလေးကပါဘဲ။ သတင်းစာထဲမှာထည့်တယ်ပြောတယ်။ ကျနော်တို့က မဖတ်လိုက်ရတော့ မသိလိုက်ပါဘူး။

မေး။ ။ အပစ်ရပ်ထားတယ်ဆိုပေမယ့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရအကြားတိုက်ခိုက်မှု တွေဆ က် တိုက်ဖြစ်နေတယ်။ ၀ နဲ့ သျှမ်းပြည်တပ်မတော်မြောက်ပိုင်း အခရာ ကျတဲ့ လမ်းကိုဖြတ်ချင်တာလို့ ပြောပါတယ်။

ဖြေ။ ။ ကျနော်တို့လည်း အဲဒီသတင်းတွေမှာ ဖတ်ရပါတယ်။ သျှမ်းပြည်တပ်မတော်က ထုတ်ပြန်ကြေငြာချက် တွေ တွေ့ရတယ်။ နေပြည်တော်အစိုးရနဲ့ အရေးပေါ်သွားတွေ့တယ်လို့လည်း သိရတယ်။ တိုင်းရင်းသား အချင်း ချင်း အခုငြိမ်းချမ်းရေး ဆွေးနွေးနေနတဲ့ကာလ ဒီလိုဖြစ်နေတာမကောင်းဘူး။ လွှတ်တော်က ဒုဝန်ကြီးဖြေကြား ထား တဲ့ကိစ္စ ကျနော်တို့ကြားတယ်။ ဟိုဘက်မှာ ဒီလိုဖြစ်နေပေမယ့် ၀ ကတော့ဘာမှမဖြစ်ဘူး။ စစ်သေနင်္ဂဟ ဗျူဟာဆိုတာ လေ့လာသူတွေတော့သိတယ်။ ဒီလိုဖြစ်တော့ ကျနော်တို့ဘက်က လူကြီးတွေလည်း ခံစားချက် တော့ရှိတာပေါ့။

မေး။ ။ မိုင်းပေါက်မှာ အကြီးအကဲ တွေက အစည်းအဝေးထိုင်တယ်လို့ ကြားရတယ်။ အနောက်ခြမ်းက စစ်ရေးတင်းမာနေတဲ့ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးတာ၊ မူးယစ်ကိစ္စဆွေးနွေးတာဖြစ်တယ်လို့ ကြားရတယ်။ ဒီအစည်းအဝေးက ကြာလည်းကြာနေပြီလို့ ကြားရပါတယ်။ ဒီကိစ္စ ပြောနိုင်ရင်ပြောပြ ပါလား။

ဖြေ။ ။ ဒီကိစ္စကတော့ အပြင်ကသတင်းတွေ ဒီလိုထွက်နေတာ မကြားရဘူး။ ဒါပေမယ့်ကျနော်တို့ဒီမှာ မိုင်းပေါက်မှာတင်မက ၀ ဒေသတခုလုံး ၆ လ ဦးပိုင်းကစပြီး ဒေသအတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေး လောင်း ကစားတိုက်ဖျက်ရေး မူးယစ်ဆေးသုံးစွဲရောင်းဝယ်မှုတိုက်ဖျက်ရေးအကုန်လုံး ရှင်းလင်းနေတယ်။ ကျနော်တို့စီမံကိန်းတခုက အဓိကက ကျနော်တို့ နိုင်ငံတော်နဲ့ငြိမ်းချမ်းရေးစယူပြီးတဲ့နောက်မှာ ၁၉၉၅-၉၆ ကစပြီးတော့ ၁၀ နှစ် ၁၅ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုပပျောက်ရေး ဆောင်ရွက်ဖို့ဆုံးဖြတ်တယ်။

အဲဒီကဏ္ဍ ၂ ပိုင်းသွားတယ်။ တပိုင်းက ဝါဒဖြန့်တယ်။ တပိုင်းက ပညာပေးတယ်။ အစားထိုးသီးနှံတွေ လက်ဖက်တို့ အခြားသီးနှံတို့ စိုက်တယ်။ ပြည်သူလူထုကိုပညာပေးတယ်။ သိအောင်နားလည်အောင်ရှင်းပြ ရတယ်။ ၁၀ နှစ်အတွင်းမှာ ၂၀၀၅ မှာ ကျနော်တို့ဒေသမှာ မူးယစ်တွေလုံးဝ ပပျောက်အောင်အောင်မြင်စွာ ဆောင်ရွက်နေခဲ့တယ်။ အခုဆိုရင်အောင်မြင်မှု ၉ နှစ် ပြည့်ပြီ။ ဘိန်းအစားထိုး ရော်ဘာ စိုက်ပျိုးထားတာ ဧက သုံးသိန်းနီးပါးရှိနေပြီ။ ဒါကြောင့်ဒေသတွင်းလူထု နေထိုင်မှု စီးပွါးရေးအားလုံး အရင်နဲ့အတူ ဖွံ့ဖြိုးတိုးတက်မှု ရှိခဲ့တယ်။ ကျနော်တို့ဒေသအတွင်းမှာ မစိုက်တော့ဘူးဆိုပေမယ့် တခြားဒေသကနေ စိုက်ပြီး ကျနော်တို့ဒေသ အတွင်းဖြတ်သန်းသယ်ဆောင်မှုတွေ ရှိတယ်။ တရုတ်ဘက်ကိုဝင်တယ်။ တရုတ်ကဖမ်းမိ ကျနော်တို့ကို ဖိအား ပေး၊ ဒါကြောင့်ကျနော်တို့လည်း ဒေသအတွင်းမူးယစ်ဆေးဝါးပပျောက်ရေးနှစ်ရှည်စီမံကိန်း ၆ လ ပိုင်းကတည်း က ကျနော်တို့ ဆုံးဖြတ်ချက်နဲ့ ဒေသတခုလုံးမှာ စစ်ဆေးတာ ဖမ်းဆီးတာ တိုက်ဖျက်တာတွေလုပ်နေပါတယ်။

ဒါကြောင့်ခုနမေးတဲ့ မိုင်းပေါက်အစည်းအဝေးမှာ ဒီကိစ္စတွေပါဝင်တယ်။ ပန်ဆန်းမှာလည်းလုပ်တယ်။ အတွင်း အပြင်ချိတ်ဆက်ပြီးတော့ တခြားကဘိန်းတွေယူလာပြီး ဒီမှာ လာချက်တာ ထုတ်လုပ်တာ တွေကို ဖမ်းတယ်။ မူးယစ်စွဲနေတဲ့လူတွေကိုလည်း ဖမ်းတယ်။ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ခေတ္တခေါ်ထားပြီးတော့ ပညာပေး တယ်။ ဒါမယ့်ထုတ်လုပ်တဲ့လူတွေကျတော့ ဘယ်လိုလုပ်မလဲဆိုတာ ကတော့ နောက်ထပ်ဆွေးနွေးဆုံးဖြတ် ရမှာဖြစ် တယ် ။ ဒါကြောင့်မို့ အဓိကဆောင်ရွက်နေတာ။ ကျနော်တို့ဆီမှာ ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက်သွားအောင် လုပ်ခဲ့တဲ့ အစီအစဉ်လိုမျိုး- အခု လုံးဝ မူးယစ်ကင်းစင်အောင် ဒုတိယခြေလှမ်းအနေနဲ့ကျနော်တို့ လုပ်နေခြင်းဖြစ်ပါတယ်။

မေး။ ။ ဆရာတို့ဘက်က မူးယစ်ကင်းစင်ပြီလို့ပြောဆိုပေမယ့် ၀တပ်ဖွဲ့က မူးယစ်ဆေးတွေ ယာဘတွေလုပ် နေတုန်းဘဲဆိုတဲ့ဝေဖန်သံတွေအပေါ်ကော ဘယ်လိုပြောချင်ပါသလဲခင်ဗျ။

ဖြေ။ ။ ဒီဝေဖန်သံတွေအတွက် အခု ကျနော်တို့လုပ်နေတဲ့စီမံကိန်းက လက်တွေ့ပြနေပါတယ်။ အကုန်ပါပါတယ်။ ၀ ဒေသမှာ ဒါတွေရှိသေးတယ်လို့သူတို့ဝေဖန်နေတာကတော့ - ဒါ လုံးဝ မရှိဘူး လို့ကျနော်တို့ မငြင်းဘူး။ အပြင်ကဝင်လာတွေလည်းရှိနေလို့လေ။ အတွင်း အပြင်ချိတ်ဆက်ပြီး ခိုးသွင်းနေတာတွေရှိတယ်။ အခြေအနေကတော့ ပြောနေစရာတောင်မလိုတော့ပါဘူး။ ဒါ လုံးဝ ပပျောက်အောင် လုပ်နေတာ။ ၀ ဒေသ ဘဏ္ဍာရေးအနေနဲ့ ဘိန်းအစားထိုး သီးနှံကရလာတဲ့ဝင်ငွေတွေဖြစ်ပါတယ်။ ကိုယ့်ဒေသအတွင်းက သတ္တုတွေတူးဖော်ထုတ်လုပ်နေတာဖြဟစ်တယ်။ ပြည်တွင်းပြည်ပစီးပွါးရေးရှိတယ်။

မေး။ ။ လိုင်ဇာမှာလုပ်နေတဲ့အစည်းအဝေးက ဆရာတို့ကိုဖိတ်ထားတယ်လို့ကြားတယ်။ လူလွှတ်အစည်းအဝေးတက်ခိုင်းတာတွေရှိလားခင်ဗျ။

ဖြေ။ ။ သူတို့ဖိတ်လာတယ်ဆိုတဲ့ ကိစ္စကဗျာ မီဒီယာတွေက မေးလာတာများနေပြီ။ ဒီလိုရှိတယ်။ လိုင်ဇာ အစည်း အဝေးမစခင် ဆုံးဖြတ်ချက်ချချခြင်း ချင်းမိုင်မှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိ ပုဂ္ဂိုလ် တဦးကပြောတယ်။ ၀ နဲ့ အထူး ၄ ကိုဖိတ်ထားတယ်တဲ့။ ဒီသတင်း ပျံ့နေတယ်။ တကယ့် လက်တွေ့ ကျတော့ ကျနော်တို့ကိုလာမေးတယ်။ ဖိတ်စာရလား။ ကျနော်တို့မရဘူး ခင်ဗျားတို့ဘယ်ဆီကိုပို့ထားလဲ။ ကျနော်တို့ မရဘူးဆိုတော့ သူတို့ပို့လာတယ်။ အထူး ၄ ကို ပို့ပေးတယ်။ ရုံးအဖွဲ့ဆီကိုပို့တာမဟုတ်ဘဲ သူတို့သိကျွမ်းတဲ့ ပုဂ္ဂိုလ်ဆီကနေတဆင့်ပို့လိုက်တာ၊ ကျနော်တို့ဆီကို အီးမေးနဲ့ပို့တဲ့ဟာက ဖွင့်ကြည့်လို့မရဘူး။ အဲတာ ကျနော်တို့ က အထူး ၄ ဆီကို မေးကြည့် တောင်းကြည့်တော့မှ တကယ်ဘဲ တွေ့ရပါတယ်။ သူတို့ ၄ ဖွဲ့ဖိတ်ထားပါတယ်။ ဒါပေမယ့် အစည်းအဝေး ၂ ရက်အလိုမှာမှ ရောက်လာတယ်။ ကျနော်တို့ဆီမှာက အခက်အခဲလေးတွေရှိ တာ တခုက - အရင်အစည်းအဝေးတွေတုန်းကဆိုရင် သူတို့ဆီက မူကြမ်းတွေဘာတွေတောင်းကြည့်တယ်လေ။ သူတို့ဘက်က မပို့လာတော့ ကျနော်တို့လူကြီးတွေက သိတဲ့အတိုင်းဘဲလေ။ ရှင်းပြရမယ် အချိန်ယူရဦးမယ် ဘာသာပြန်ရဦးမယ်ဆိုတော့လေ။ ဟဲဟဲဟဲ မသိဘဲနဲ့ ဆွေးနွေးပွဲဘယ်လိုသွားမလဲ ။ မဟုတ်ဘူးလား။ ဒါမယ့်နောက်မှ ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာယူပြီးရရှိလာတတော့ရှိပါတယ်။ ဒါလည်းအစည်းအဝေး နီးမှရတာလေ။ ကျနော်တို့လူကြီး ထိပ်သီးအစည်းအဝေးသွားတက်ပြီး ဟိုရောက်မှ ပါးစပ်ဟ နားထောင်နေရရင် ဘာထူးမှာလဲ။ မဟုတ်ဘူးလား။

ဒါမယ့်ဘာဘဲဖြစ်ဖြစ် သူတို့ရဲ့လိုင်ဇာအစည်းအဝေးကိုကျနော်တို့ထောက်ခံပါတယ်။ ဆုံးဖြတ်ချက် သင့်သင့်မြတ်မြတ် ရှိအောင် အကျိုးရှိအောင် ငြိမ်းချမ်းရေး အတွက် လမ်းခရီးမှာ တဆင့်တက်ပြီးတော့ တိုးတက်မှုရရှိအောင် ကျနော်တို့အားပေးပါတယ်။

မေး။ ။ တဖက်ကလည်း တိုင်းရင်းသားတွေကိုထိုးစစ်ဆင်နေတယ်။ တဘက်ကလည်း ငြိမ်းချမ်းရေးအတွက် လုပ်နေတယ်။ မကြာခင်မှာ တပြည်လုံးအပစ်ရပ်ဖို့လည်းပြောနေတယ်။

ဖြေ။ ။ ဒါနှစ်ဘက်ကြည့်ရမှာပါ။ သဘောတူညီချက်တွေကို တသွေမသိမ်းလိုက်နာကြလား။ ဘယ်လိုချိုးဖျက် နေလဲပေါ့နော်။ ၂ ဘက်ကြည့်ရမှာပါ၊

မေး။ ။ ဒေသခံပြည်သူလူထုကို ဘာတွေ ဖြည့်စွက်ပြောပြချင်ပါသလဲ ။

ဖြေ။ ။ လက်နက်ကိုင် အရင်ကတော့ တော်လှန်ရေးတပ်ဖွဲ့ပေါ့နော် သူတို့နဲ့အခု ဆွေးနွေးနေတယ်။ ဒါမယ့် ဒီလိုဖြစ်လာတာ နှစ်ပေါင်း ၆၀ ကျော်တော့ ပြည်သူလူထုက ခံစားနေရပြီ။ ကျနော်တို့တိုင်းပြည်မှာ ပဋိပက္ခ ဆိုတာ သာဓက ထိပ်ဆုံးမှာ ရှိနေပါပြီ။ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးပါဘူး။ ၂ ပိုင်းပေါ့ တပိုင်းက ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်မယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ မြန်ဆန်လာမယ်။ နောက်တပိုင်းက ကျနော်တို့ တိုင်းရင်းသားတွေ ဒုက္ခခံလာရတာ နှစ်ပေါင်း ၆၀။ ဒီဒုက္ခတွေမြန်မြန် ဖြေရှင်းနိုင်ပြီး ဒေသဖွံ့ဖြိုးရေးဆောင်ရွက် နိုင်ပြီး ပြည်သူလူထု နေထိုင်မှု မြင့်တင်နိုင်ဖို့ ကျနော်တို့မှန်းပြီးကြိုးစားရမှာဖြစ်တယ် ဒါအားလုံးရဲ့မျှော်လင့်ချက် ဘဲလို့ ယုံကြည်ပါတယ်။

ရှမ်းသံတော်ဆင့်
ပြီးခဲ့တဲ့အပတ်ထဲက "၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အကြီးအကဲကို မြန်မာ့တပ်မတော် အကြီး အကဲ တွေကနေ ခေါ်ယူတွေ့ဆုံတယ်လို့ သတင်းတွေကြားရပါတယ်။ ဘယ်သူက ခေါ်ယူတွေ့ဆုံ ပါသလဲ။ ဘာအကြောင်းတွေဆွေးနွေးဖြစ်ပါသလဲ ။ UWSA ၀ တပ်ဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ကို သျှမ်း သံတော်ဆင့် က မေးမြန်းထားပါတယ်။

ဘင်္ဂလား ပင်လယ်အော် တွင် လေဖိ အားနည်း ရပ်ဝန်း ဖြစ်ပေါ် ဒေသ အချို့ နေရာကွက် မိုးကြီးနိုင်

Photo: ဘင်္ဂလား ပင်လယ်အော် တွင် လေဖိ အားနည်း ရပ်ဝန်း ဖြစ်ပေါ် ဒေသ အချို့ နေရာကွက် မိုးကြီးနိုင်
Wednesday, July 30, 2014 

ဘင်္ဂလား ပင်လယ်အော် တွင် ဇူလိုင်လ အတွင်း သုံးကြိမ် မြောက်လေဖိ အားနည်း ရပ်ဝန်း ဖြစ်ပေါ်နေပြီး မုတ်သုံလေ အားကောင်း နေသောကြောင့် ဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင် သေးကြောင်း မိုး/ဇလဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော် မိုးဦး ကပြောသည်။

‘‘ လေဖိအားနည်း ရပ်ဝန်းက ကုန်းတစ်ဝက်၊ ရေတစ်ဝက အနေ အထားနဲ့ အိန္ဒိယ ကမ်းရိုးတန်း ဘက်ကိုတော့ ရွေ့နေတယ်။ မြန်မာနိုင်ငံ အတွက်တော့ နေရာကွက်ပြီး မိုးကြီးမယ့် အန္တရာယ် ရှိနေသေးတယ် ’’ဟု ဦးကျော်မိုးဦး က ပြော သည်။

နေရာကွက်၍ မိုးကြီးမည့် အန္တရာယ် ရှိသော ဒေသများ အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် မိုး/ဇလဌာနက သတိ ပေးထား သည်။ ထို့အပြင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မိုးသက် လေပြင်း ကျရောက် နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ လျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင် ကြောင်း သတင်း ထုတ်ပြန် ထား သည်။

ယခု ရက်ပိုင်း အတွင်း ဒေသအနှံ့ မိုးသည်း ထန်စွာ ရွာသွန်း နေသော ကြောင့် ဧရာဝတီ၊ စစ် တောင်း၊ သံလွင်နှင့် ချင်းတွင်း မြစ်တို့တွင် မြစ်ရေတက် လာပြီး ဘားအံ့မြို့တွင် သံလွင်မြစ်၏ စိုး ရိမ်ရေမှတ် အထက်သို့ ရောက်ရှိ နေကြောင်း မိုး/ဇလဌာနမှ သတင်း ရရှိသည်။

7 Day's News
ဘင်္ဂလား ပင်လယ်အော် တွင် ဇူလိုင်လ အတွင်း သုံးကြိမ် မြောက်လေဖိ အားနည်း ရပ်ဝန်း ဖြစ်ပေါ်နေပြီး မုတ်သုံလေ အားကောင်း နေသောကြောင့် ဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင် သေးကြောင်း မိုး/ဇလဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော် မိုးဦး ကပြောသည်။

ဆူးလေရှန်ဂရီလာရှေ့ ကားလေးစီးနှင့် လူငါးဦးကို တိုက်ပြီး ထွက်ပြေးသည့် ယာဉ်မောင်းကို ဖမ်းမိ

ရန်ကုန်၊ ဇူလိုင် ၂၉- ဇူလိုင်၂၈ရက် ည ၁ဝနာရီခန့်က မဟာဗန္ဓုလလမ်း ဘေးတွင် ရပ်ထားသော ကားလေးစီး နှင့် လူငါးဦးကို ဝင်တိုက်ပြီး ထွက် ပြေး တိမ်းရှောင်နေသည့် ယာဉ် မောင်းကို ဇူလိုင် ၂၉ရက် နံနက် အစောပိုင်းက စမ်းချောင်းမြို့နယ် တွင် ဖမ်းဆီးရမိခဲ့ကြောင်း ကျောက် တံတားမြို့နယ်ရဲစခန်းမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောသည်။

အင်းဝဘဏ် လီမိတက်၊ နေ ပြည် တော် ဇေ ယျာ သီ ရိ ဘဏ်ခွဲ (Mini Branch) ဖွင့်လှစ်

Photo: အင်းဝဘဏ် လီမိတက်၊ နေ ပြည် တော် ဇေ ယျာ သီ ရိ ဘဏ်ခွဲ (Mini Branch) ဖွင့်လှစ်
Wednesday, July 30, 2014

အင်းဝဘဏ် လီမိတက်၏ နေပြည်တော် ဇေယျာသီရိဘဏ်ခွဲ (Mini Branch) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ ဇေယျာသီရိ ကုန်ပဒေသာ တိုက်ရှိ အဆိုပါဘဏ်ခွဲ၌ ကျင်းပရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် ဗိုလ်ချုပ် ညိုစော၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင် အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အင်းဝဘဏ် လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြသိန်းက ဘဏ်ခွဲ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် ဗိုလ်ချုပ် ညိုစော၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန့်ဆွေနှင့် အင်းဝဘဏ် လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြသိန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။

ဆက်လက်ပြီး ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ဘဏ်ခွဲ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

၎င်းနောက် ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် တာက်ရောက် လာကြသူများက ဘဏ်ခွဲ အဆောက်အဦ အတွင်းသို့ လည်းကောင်း၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှမကြာမီ ဖွင့်လှစ်မည့် 2012 Call Center အားလည်းကောင်း လှည့် လည်ကြည့်ရှု လေ့လာကြသည်။

ယခု ဖွင့်လှစ်သော နေပြည်တော်၊ ဇေယျာ သီရိဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ ၃၆ ခုမြောက် ဘဏ်ခွဲဖြစ်ပြီး ၎င်းဘဏ်ခွဲတွင် ATM စက်ထား ရှိကာ Innwa ATM Debit Card များဖြင့် ငွေထုတ် ယူနိုင်ခြင်း၊ ငွေပေး ချေနိုင်ခြင်း၊ ငွေလက်ကျန် စစ်ဆေး နိုင်ခြင်းMini Statement ထုတ်ယူနိုင်ခြင်း၊ စာရင်း တစ်ခုမှ တစ်ခုသို့ လွှဲပြောင်း နိုင်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်းနှင့် အဆိုပါဘဏ်ခွဲ အနီး၌ သိရှိလိုသော သတင်း အချက်အလက် ဝန်ဆောင်မှု လုပ်ငန်း ဖြစ်သည့် 2012 Call Centerကိုလည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နေပြည်တော်၊ ဇေယျာသီရိ ဘဏ်ခွဲ ဖွင့်လှစ်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင် ရေဆင်းနယ်မြေရှိ တက္ကသိုလ်များ၊ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ အနေဖြင့် ငွေထုတ်ယူခြင်း၊ ငွေလွှဲခြင်းများကို အလွယ်တကူ လျှင်မြန်စွာ ဆောင်ရွက်နိုင် တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
အင်းဝဘဏ် လီမိတက်၏ နေပြည်တော် ဇေယျာသီရိဘဏ်ခွဲ (Mini Branch) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ ဇေယျာသီရိ ကုန်ပဒေသာ တိုက်ရှိ အဆိုပါဘဏ်ခွဲ၌ ကျင်းပရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာ ကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် ဗိုလ်ချုပ် ညိုစော၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင် အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပဋိပက္ခကြိုတင်အသိပေးစနစ် အကောင်အထည်ဖော်ရန် စီစဉ်

Photo: ပဋိပက္ခကြိုတင်အသိပေးစနစ် အကောင်အထည်ဖော်ရန် စီစဉ်
Wednesday, July 30, 2014

တိုက်ပွဲများကြိုတင် ကာကွယ်နိုင်ရန်အတွက် ပဋိပက္ခ ကြိုတင်သတိပေးစနစ်အကောင် အထည်ဖော်ရန် ပြင်ဆင်မှုလုပ် နေကြောင်း မြန်မာနိုင်ငံငြိမ်းချမ်း ရေးပြန်လည်ထူထောင်ရေးဗဟို ဌာနမှ အပစ်အခတ်ရပ်စဲရေးဆိုင် ရာ ညွှန်ကြားရေးမှူးဒေါက်တာ မင်းဇော်ဦးကပြောသည်။ယင်းစနစ်သည်အစိုးရတပ် မတော်နှင့်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကြားမြေပြင်အ ချက်အလက်များ ကောက်ယူ သုတေသနပြု၍ ပဋိပက္ခဖြစ်ပွား မည့်အရိပ်အယောင်ကို ကြိုတင် တွေ့ရှိနိုင်ပြီး ယင်းမှရရှိသည့် တွေ့ရှိချက်အပေါ်မူတည်၍ အ ခြေအနေကို နှစ်ဖက်အဖွဲ့အစည်း နှင့် လူမှုအဖွဲ့အစည်းများသိရှိရန် သတင်းပြန်ကြား၍ ပဋိပက္ခမဖြစ် ရေးကြိုတင်ကာကွယ်ရန်အချက် ပေးမည့် စနစ်ဖြစ်သည်။

‘‘ပြည်ထောင်စုအင်စတီကျု့ဒ်ကိုလည်း တင်ပြထားပြီးပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဘက်နဲ့ ဆွေးနွေးဖို့လည်း ပြ ဿနာမရှိပါဘူး။ အခုတစ်နိုင်ငံ လုံးအတိုင်းအတာအပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးပြီးရင် ဒီစ နစ်ကိစ္စကိုပြောရတော့မှာပါ’’ဟု ၎င်းက ပြောသည်။

ပဋိပက္ခကြိုတင်သတိပေးစ နစ်အတွက် အချက်အလက်များစု ဆောင်းထားပြီး အမေရိကန်အ စိုးရ၏ ပဋိပက္ခကြိုတင်သတိပေး စနစ်လုပ်ငန်းခွင်တွင် အတွေ့ အကြုံခုနစ်နှစ်ခန့် ရှိထားသူ အပါ အ၀င် ပညာရှင်အချို့လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးဗဟိုဌာနတွင် အဆင် သင့်ရှိနေပြီဟု ဆိုသည်။

နိုင်ငံတကာတွင် ဤစနစ်အ ကောင်အထည်ဖော်ရန်အတွက် သုံးနှစ်ခန့်အချိန်ယူ ပြင်ဆင်ရလေ့ ရှိပြီး အမေရိကန်ဒေါ်လာတစ် သန်းခွဲမှ သုံးသန်းအထိကုန်ကျ လေ့ရှိသည်။ မြန်မာနိုင်ငံအနေ ဖြင့်ငွေကြေး၊ ရင်းမြစ်နှင့် ပစ္စည်း ကိရိယာများအားစစချင်းတွင်နိုင် ငံတကာနှင့်အပြိုင်သုံးနိုင်မည်မ ဟုတ်ဘဲ ပြည်တွင်းရှိနည်းပညာ ရှင်များအပေါ် အဓိကအားထား လုပ်ကိုင်ရမည်ဟုဆိုသည်။

အမေရိကန်အစိုးရအနေ ဖြင့် ကုန်ကျစရိတ်ကို အစိုးရဘတ် ဂျက်မှကျခံလေ့ရှိသည်။ နိုင်ငံတ ကာအဖွဲ့အစည်းများ၏ ဘတ် ဂျက်နှင့်လည်ပတ်နေသည့် မြန် မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးဗဟိုဌာနအနေဖြင့်မူ ယခုပဋိပက္ခကြိုတင်သတိပေးစ နစ်အတွက် နိုင်ငံတကာအဖွဲ့အ စည်းများနှင့် ဘတ်ဂျက်ညှိနှိုင်းနေ ဆဲဟုဆိုသည်။

7Day Daily 

မြစ်ကြီးနားမြို့တွင်တွေ့ရသည့် ကေအိုင်အေတပ်သားများ(ဓာတ်ပုံ − အောင်ခိုင်)
မြစ်ကြီးနားမြို့တွင်တွေ့ရသည့် ကေအိုင်အေတပ်သားများ(ဓာတ်ပုံ − အောင်ခိုင်)
တိုက်ပွဲများကြိုတင် ကာကွယ်နိုင်ရန်အတွက် ပဋိပက္ခ ကြိုတင်သတိပေးစနစ်အကောင် အထည်ဖော် ရန် ပြင်ဆင်မှုလုပ် နေကြောင်း မြန်မာနိုင်ငံငြိမ်းချမ်း ရေးပြန်လည်ထူထောင်ရေးဗဟို ဌာနမှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူးဒေါက်တာ မင်းဇော်ဦးကပြောသည်။ယင်းစနစ်သည်အစိုးရတပ် မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကြားမြေပြင်အ ချက်အလက်များ ကောက်ယူ သုတေ သနပြု၍ ပဋိပက္ခဖြစ်ပွား မည့်အရိပ်အယောင်ကို ကြိုတင် တွေ့ရှိနိုင်ပြီး ယင်းမှရရှိ သည့် တွေ့ရှိ ချက်အပေါ်မူတည်၍ အ ခြေအနေကို နှစ်ဖက်အဖွဲ့အစည်း နှင့် လူမှုအဖွဲ့အစည်းများသိရှိရန် သတင်းပြန်ကြား၍ ပဋိပက္ခ မဖြစ် ရေးကြိုတင်ကာကွယ်ရန်အချက် ပေးမည့် စနစ်ဖြစ်သည်။

အသက် ၂၅ နှစ် ကျော်လာချိန်မှာ

သင့်အသက် ၂၅ နှစ် ရှိနေပြီလား။ ဒီအချိန်ဟာ ခန္ဓာကိုယ်တွင်း စနစ်တွေ အားလုံး အပြည့်အဝ ဖွံ့ဖြိုးပြီး အမြင့်မားဆုံး စွမ်းဆောင်နိုင်တဲ့ အချိန် ဖြစ်ပါတယ်။ ဒီအချိန်ဟာ သင်ရဲ့ ကျန်းမာရေးကို ကောင်းမွန်အောင် လုပ်ဖို့ အကောင်းဆုံး အချိန် ဖြစ်တာကြောင့် သင့်ကျန်းမာ ရေးနဲ့ သင့်အနာဂတ်ကို တည်ဆောက်ဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်နေပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် ဆရာဝန်တစ်ဦး သေဆုံး

Photo: အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် ဆရာဝန်တစ်ဦး သေဆုံး
Wednesday, July 30, 2014 

 Sierra Leone နိုင်ငံမှာ ပြန့်နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို ဦးဆောင်တိုက်ဖျက်နေတဲ့ ဆရာဝန်တစ်ဦးဟာ အဲဒီရောဂါနဲ့ သေဆုံးခဲ့ရပါတယ်။

ဒေါက်တာ Sheik Umar Khan ဟာ အီဘိုလာဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးမှာ Sierra Leone နိုင်ငံရဲ့ ကျန်းမာရေး ခေါင်းဆောင်ဖြစ်ပြီး လူနာပေါင်း အယောက် ၁၀၀ ကျော်ကို အောင်မြင်စွာ ကုသနိုင်ခဲ့တဲ့အတွက် နာမည်ကောင်းရခဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီလို လူနာကို ကုသပေးခဲ့သူ ကျန်းမာရေး လုပ်သားတချို့လည်း သေဆုံးခဲ့ရပြီး အဲဒီထဲမှာ အသက် ၃၉ နှစ်အရွယ် ဒေါက်တာ Sheik Umar Khan လည်း ပါဝင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ပိုး ပြန့်နှံ့နေတဲ့ Liberia နိုင်ငံမှာ သွားရောက်ကူညီခဲ့တဲ့ အမေရိကန်နိုင်ငံသား ကျန်းမာရေးအမှုထမ်း နှစ်ဦးလည်း ကူးစက်ခံနေရပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်ပိုးဟာ အနောက်အာဖရိက ဒေသမှာ ဖေဖော်ဝါရီလ ကတည်းက ပြန့်နှံ့နေတာဖြစ်ပြီး အဲဒီရောဂါပိုးကြောင့် Guinea, Liberia နဲ့ Sierra Leone နိုင်ငံမှာ လူပေါင်း ၆၇၂ ယောက် သေဆုံးရပြီ ဖြစ်ပါတယ်။

အဲဒီရောဂါပိုး ရှိပြီဆိုရင် အော့အန်တာတွေ၊ ဝမ်းသွားတာတွေနဲ့ ကိုယ်တွင်းနဲ့ ပြင်ပမှာ သွေးထွက်တာတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။

အဲဒီပိုးဟာ နိုင်ဂျီးရီးယားနိုင်ငံအထိ ပြန့်နှံ့လာတဲ့အတွက် အနောက်အာဖရိကတိုက်ရဲ့ လေကြောင်းလိုင်းနှစ်ခုဖြစ်တဲ့ Asky နဲ့ Arik Air  ကလည်း Sierra Leone နဲ့ Liberia နိုင်ငံ ပျံသန်းမှုကို ရပ်ဆိုင်းထားပါတယ်။

ABC Radio Australia
 Sierra ​Leone ​နိုင်ငံမှာ ​ပြန့်နှံ့နေတဲ့ ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကို ​ဦးဆောင်တိုက်ဖျက်နေတဲ့ ​ဆရာဝန်တစ်ဦး ဟာ ​အဲဒီရောဂါနဲ့ ​သေဆုံးခဲ့ရပါတယ်။

မြဝတီသတင်းစာပါ ပေါက်တောမြို့ဆိပ်ခံတံတားပြီးစီးကြောင်း သတင်းမှားယွင်း သည်ဟု မြို့ခံများဆို


( မြ၀တီ သတင်းစာတွင် ဇူလိုင်လ ၂၄ ရက်နေ့က ရေးသားဖေါ်ပြသော သတင်း)
မြ၀တီ သတင်းစာ မျက်နာဖုံးတွင် ဇူလိုင်လ(၂၄)ရက်နေ့က  “ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဆိပ်ခံ တံ တား တည်ဆောက်ပြီးစီး” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သော သတင်းမှာ မှားယွင်းကြောင်း ပေါက်တော မြို့ခံများက ပြောဆိုသည်။

လေဆင်နှာမောင်းကြောင့် မင်္ဂလာဒုံတွင် နေအိမ် ၄၀ခန့်ပျက်စီး

မင်္ဂလာဒုံမြို့နယ်၊ ရေ ကြည်အိုင်အနီးတွင် ဇူလိုင် ၁၉ ရက် နံနက်က လေဆင်နှာမောင်း တိုက်ခဲ့သဖြင့် အိမ်ခြေ ၄၀ခန့်နှင့် ကြက်မွေးမြူရေးခြံနှစ်ခြံပျက်စီး ကာ လူနှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲ ကော်မရှင် သမာသမတ် ကျနိုင်ပါ့မလား

အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက် ပွဲ ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို တင်းကျပ်လိုက်ခြင်းကြောင့် နိုင်ငံရေးပါတီများ၏ ကန့်ကွက်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ သည်။မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ များ၌ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း များ၏ မဲဆွယ်စည်းရုံးခွင့် ကို ရက် ၆၀ အစား ရက် ၃၀ သာပေးထားပြီး၊ မဲဆွယ်မည်ဆိုပါကလည်း ကြိုတင် ခွင့်ပြုချက် တောင်း ခံ ရန်နှင့် ယခင်ထက် များပြားသော ကန့်သတ်ချက်များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ဥပဒေများဖြင့် ဘောင်ခတ် ကန့်သတ်လိုက်သည့် အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ  ဦးတင်အေးသည် ဒု ဗိုလ်ချုပ်ကြီး ဟောင်း တဦးဖြစ်ခြင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး)၏ ဗဟို အလုပ်မှုဆောင် တဦးဖြစ် ခဲ့ခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ ရွေးကောက်ခံ အနိုင်ရခဲ့သူ ဖြစ်ခြင်း စသည်တို့ကြောင့် ဘက်လိုက်မှုများ ရှိလာနိုင်သည်ဟုဆိုကာ နိုင်ငံရေး ပါတီများ က လာမည့် ရွေးကောက်ပွဲများ အတွက် စိုးရိမ်မကင်း ဖြစ်နေကြသည်။

အူရီးဒူးဆင်းမ်ကတ်များ ကျပ် ၁၅၀၀ ဖြင့် မန္တလေးနှင့် နေပြည်တော်တွင် စရောင်း

Photo: အူရီးဒူးဆင်းမ်ကတ်များ ကျပ် ၁၅၀၀ ဖြင့် မန္တလေးနှင့် နေပြည်တော်တွင် စရောင်း
Wednesday, July 30, 2014

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် အူရီးဒူးကဆင်းမ်ကတ်များကို ဇူလိုင် ၂၉ ရက်တွင် မန္တလေးနှင့် နေပြည်တော်မြို့၌ စတင်ရောင်းချနေပြီဖြစ်ကြောင်း မန္တလေးမြို့ခံများ ထံမှ သတင်းရရှိသည်။

‘‘မြို့ထဲမှာရှိတဲ့ ဆိုင်တွေ တော်တော်များများမှာ ၀ယ်လို့ရ တယ်။ တစ်ယောက်ကို ၁၀ ကတ် အထိ ရောင်းပေးနေတယ်’’ဟု မန္တ လေးမဟာအောင်မြေမြို့နယ် တွင် နေထိုင်သူ ဒေါ်သင်းခိုင်က ပြောသည်။

အူရီးဒူး၏ မိုဘိုင်းဆင်းမ် ကတ်များကို ဇူလိုင် ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် စတင် ရောင်းချပေးခဲ့ပြီး ဆိုင်အများစု တွင် ငွေကျပ် ၁၅၀၀ ဖြင့် ရောင်း ချပေးနေသော်လည်း ကျပ် ၂၀၀၀ ဖြင့်ရောင်းချသည့် ဆိုင်များ လည်းရှိကြောင်း အသုံးပြုသူများ ကပြောသည်။

အူရီးဒူးအနေဖြင့် မိုဘိုင်း ဆင်းမ်ကတ်များကို ကနဦး ရောင်း ချပေးခြင်းဖြစ်ပြီး လတ်တ လောတွင် ဆိုင်တစ်ဆိုင်လျှင် ဆင်းမ်ကတ် ၄၀၀ စီနှင့် ငွေဖြည့်ကတ် ၁၀၀၀ စီကိုသာ ချ ထားပေးပြီး သြဂုတ် ၂ ရက်နေ့မှ သာ လိုသလောက်ရရှိနိုင်မည်ဖြစ်ကြောင်း မိုဘိုင်းအရောင်း ဆိုင်များမှ သတင်းရရှိသည်။

‘‘အူရီးဒူးဖုန်းတွေအတွက် ၁၄ ရက်အတွင်း ငွေဖြည့်ကတ်နဲ့ အင်တာနက်အသုံးပြုခတွေကို အခမဲ့သုံးခွင့်ရမှာဖြစ်ပါတယ်။ ငွေဖြည့်ကတ်ကတော့ လက်ရှိမှာ ၀ယ်လို့ရဦးမှာ မဟုတ်သေးဘူး။ ၂ ရက်နေ့လောက်မှ ၀ယ်လို့ရ မယ်’’ဟု မန္တလေးမြို့မှ 555 မိုဘိုင်းဖုန်းအရောင်းဆိုင်မှ အရောင်းတာဝန်ခံတစ်ဦးကပြောသည်။

လက်ရှိတွင် အူရီးဒူးသည် အဆိုပါဆင်းမ်ကတ်များရောင်းချ မှုနှင့် ပတ်သက်၍ တိတိကျကျ မထုတ်ပြန်သေးသည့်အတွက် တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခနှင့် အင်တာနက်အသုံးပြုခများကို မသိရှိရသေးပေ။

‘‘ကျွန်မတို့ဆိုင်ကတော့ ဒီ နေ့ညနေမှ စပြီးရောင်းပေးမှာပါ။ ဈေးနှုန်းကတော့ ကုမ္ပဏီက ချ ပေးထားတဲ့အတိုင်းပါပဲ’’ဟု ၎င်းကဆက်လက်ပြောသည်။

ဆင်းမ်ကတ်များဝယ်လိုပါ က ငွေကျပ် ၁၅၀၀၊ မှတ်ပုံတင် မိတ္တူနှင့် ဓာတ်ပုံတစ်ပုံတို့ဖြင့် ၀ယ်ယူရနိုင်ပါကြောင်း အသုံးပြု သူများကပြောသည်။

အချို့ဆိုင်များတွင် ဓာတ်ပုံ ပေးရန် မလိုဟုသိရသည်။

အူရီးဒူးဆင်းမ်ကတ်များကို ဆိုင်အားလုံးတွင် ရောင်းချခြင်း မဟုတ်သေးဘဲ ၎င်းတို့နှင့် Gold Partner စာချုပ် ချုပ်ဆိုထားသည့် ဆိုင်များတွင်သာ ကနဦးအနေဖြင့်ရောင်းချပေးခြင်းဖြစ်သည်။

မန္တလေးမြို့တွင် ယခုစတင် ရောင်းချပေးနေပြီဖြစ်သော် လည်းသြဂုတ် ၁ ရက် (သို့မဟုတ်) ၂ ရက်မှသာ ရန်ကုန်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့က ပြောသည်။

‘‘နေပြည်တော်နဲ့ မန္တလေး ကိုတော့ ဒီနေ့စပြီး မိတ်ဆက်မယ် လို့ပြောတယ်။ ရန်ကုန်မှာတော့ သြဂုတ် ၂ ရက်လောက်မှ စပြီး သုံးခွင့်ပေးမယ်လို့သိထားတယ်’’ ဟု လူကြီးမင်းဖုန်းဆိုင် အထွေ ထွေမန်နေဂျာကိုပြည်စိုးထွန်းက ပြောသည်။

‘‘လူမတိုးနိုင်ဘူး။ လိုတော့လိုချင်တယ်။ ၁၅၀၀နဲ့ ဆိုတော့အရမ်းတန်တယ်။ တချို့ဆိုင်တွေဆိုရင် သွားမေးတော့ ကုန်နေပြီ’’ဟု ဆင်းမ်ကတ်မရလိုက်သည့် ပျဉ်းမနားမြို့ခံ တစ်ဦးကပြောကြားသည်။ နေပြည်တော်တွင်လည်း တစ်ဆိုင်လျှင် ကတ် ၄၀၀ ခန့်ရ ပြီး နာရီဝက်အတွင်း ကတ်များ ကုန်သွားကြောင်း သိရသည်။

7Day Daily
ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် အူရီးဒူးကဆင်းမ်ကတ်များကို ဇူလိုင် ၂၉ ရက်တွင် မန္တလေးနှင့် နေပြည်တော်မြို့၌ စတင်ရောင်းချနေပြီဖြစ်ကြောင်း မန္တလေးမြို့ခံများ ထံမှ သတင်းရရှိသည်။

ဆက်လက် တိုက်ခိုက်မယ်လို့ ဟားမတ်စ်ပြော

Photo: ဆက်လက် တိုက်ခိုက်မယ်လို့ ဟားမတ်စ်ပြော
Wednesday, July 30, 2014 

 ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ရဲ့ လက်နက်ကိုင် တပ်စွယ် ဖြစ်တဲ့ al - Qassam တပ်ရဲ့ ခေါင်းဆောင် က၊ သူတို့ အနေနဲ့ အစ္စရေးနဲ့ အပစ်ရပ်စဲဖို့ သဘောတူမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အစ္စရေး ဘက်က ဗုံးကြဲနေတာ တွေ ရပ်ဆိုင်းပြီး၊ ဂါဇာ ကမ်းမြှောင် ပိတ်ဆို့မှု ကို ရုတ်သိမ်းတဲ့ အထိ ဆက်လက် တိုက်ခိုက်သွားမယ် လို့ ဆိုပါတယ်။

အခု ဂါဇာ စစ် စတင်တာ ၃ ပတ် ကြာမြင့်ခဲ့ အပြီး၊ တစ်ရက်တည်းမှာ တင် ပါလက်စတိုင်း ၁၀ဝ ကျော် သေဆုံးရတဲ့၊ အထိအခိုက် အများဆုံးရက်မှာ၊ ဒီလို ထုတ်ပြန်ချက် ပေါ်ထွက်လာ တာ ဖြစ်ပါတယ်။

အစ္စရေးတို့ရဲ့ ဗုံးဒဏ်ကြောင့်၊ ဂါဇာရဲ့ နေရာ အတော်များများ ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။

ဂါဇာမှာ ပါလက်စတိုင်း ဒုက္ခသည် ၂ သိန်းကျော် ကို ထောက်ပံ့ပေးထား တဲ့ ကုလသမဂ္ဂ ကလည်း၊ သူတို့မှာ ထောက်ပံ့ရေး ပစ္စည်းတွေ ကုန်လု နီးပါး ဖြစ်နေပြီလို့ ပြောပါတယ်။

ဂါဇာမှာ ရှိတဲ့ လျှပ်စစ် စက်ရုံလည်း ထိခိုက် ပျက်စီးခဲ့ရတာ ဖြစ်တဲ့အတွက်၊ အခု စစ်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို၊ ဂါဇာက လူတွေ ရေရှည် ဆက်လက် ခံစားရနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက် လာနေပါတယ်။

လာမယ့် ရက် အနည်းငယ် အတွင်း ဂါဇာမှာ လျှပ်စစ် လုံးဝ ပြတ်တောက် သွားတော့မယ် လို့ ခန့်မှန်း ရပါတယ်။

ဒီလိုဆိုရင် ဆေးရုံ ဆေးခန်းတွေက အရေးပေါ် ဌာနတွေ၊ ခွဲစိတ်ခန်းတွေ ဘာမှ အသုံးပြုလို့ ရနိုင်တော့မှာ မဟုတ်ဘူး လို့ ဂါဇာက ကျန်းမာရေး ဒုဝန်ကြီး ယူစွပ်ဖ် အဘူ အယ်လ် ရစ်ခ်ျ က ဆိုပါတယ်။

ဒါပေမယ့်၊ အစ္စရေးဘက်ကလည်း ရေရှည်စစ် ဆင်နွှဲမယ် ဆိုပြီး သတိပေးထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ရဲ့ လက်နက်ကိုင် တပ်စွယ် ဖြစ်တဲ့ al - Qassam တပ်ရဲ့ ခေါင်းဆောင် က၊ သူတို့ အနေနဲ့ အစ္စရေးနဲ့ အပစ်ရပ်စဲဖို့ သဘောတူမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

မြန်မာမှာ ကျားထိန်းသိမ်းရေး လုပ်ငန်း အခက်အခဲဖြစ်နေလို့ဆို

Photo: မြန်မာမှာ ကျားထိန်းသိမ်းရေး လုပ်ငန်း အခက်အခဲဖြစ်နေလို့ဆို
Wednesday, July 30, 2014 

 မြန်မာနိုင်ငံနဲ့ တချို့အာဆီယံ အသင်းဝင် နိုင်ငံတွေမှာ ကျားအကောင်ရေနဲ့ ပတ်သက်ပြီး သတင်း အချက် အလက်တွေ မရှိတဲ့အတွက် ကျားထိန်းသိမ်းရေး လုပ်ငန်းမှာ အခက်အခဲ ဖြစ်နေရတယ်လို့ ကမ္ဘာ့တောရိုင်း သဘာဝ စောင့်ရှောက်ရေး အဖွဲ့ WWF က ပြောပါတယ်။

၂၀၁၀ ပြည့်နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ ညီလာခံအတွင်း ကမ္ဘာပေါ်မှာ ကျားအကောင်ရေ ၃၂၀၀ လောက်သာ ကျန်ရှိတော့မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

ကျားတွေ မျိုးတုန်းပျောက်ကွယ်နိုင်တဲ့ အနေအထားကြောင့် ၂၀၂၂ ခုနှစ်မှာ ကျားအကောင်ရေ နှစ်ဆဖြစ်တဲ့ ၆၀၀၀ ကျော်ရှိလာအောင် လုပ်ဆောင်ကြမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၁၀ ညီလာခံ နောက်ပိုင်းမှာ ကျားအကောင်ပေါင်း ဘယ်လောက်ရှိသလဲဆိုတာကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့က ပုံမှန် လုပ်ဆောင်လာတဲ့အတွက် ထိန်းသိမ်းရေးမှာ အထောက်အကူဖြစ်စေတယ်လို့ WWF အဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အချက်အလက် ပြုစုထားတဲ့ မှတ်တမ်းတွေ မရှိတဲ့အတွက် ကျားအကောင်ရေ ထိန်းသိမ်းရေးအတွက် အခက်အခဲ ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲဒီနိုင်ငံတွေမှာ တစ်နှစ်အတွင်း စနစ်ကျတဲ့ အချက်အလက် မှတ်တမ်းတွေကို ပြုစုဖို့လည်း Tiger Day ကျားများနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အပျော်သဘောနဲ့ အမဲလိုက်တဲ့သူတွေ၊ ငွေကြေးအတွက် အမဲလိုက်သူတွေနဲ့ မြို့ပြချဲ့ထွင်မှု တွေကြောင့် ကျားရိုင်း အကောင်ရေတွေ တဖြေးဖြေး လျော့နည်း လာတာ ဖြစ်ကြောင်း လည်း ယူဆနေကြပါတယ်။

ABC Radio Australia
မန်မာနိုင်ငံနဲ့ ​တချို့အာဆီယံ ​အသင်းဝင် ​နိုင်ငံတွေမှာ ​ကျားအကောင်ရေနဲ့ ​ပတ်သက်ပြီး ​သတင်း အချက် အလက်တွေ ​မရှိတဲ့အတွက် ​ကျားထိန်းသိမ်းရေး လုပ်ငန်းမှာ ​အခက်အခဲ ​ဖြစ်နေရတယ်လို့ ​ကမ္ဘာ့တောရိုင်း သဘာဝ ​စောင့်ရှောက်ရေး အဖွဲ့ ​WWF ​က ​ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ရုရှားအပေါ် အိုဘားမားချမှတ်

Photo: ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ရုရှားအပေါ် အိုဘားမားချမှတ်
Wednesday, July 30, 2014 

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ခွဲထွက်ရေးသူပုန်တွေအပေါ် ရုရှားက ထောက်ပံ့ပေးနေမှုကို ကန့်ကွက်တဲ့အနေနဲ့ ရုရှားနိုင်ငံရဲ့ စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေး အစရှိတဲ့ ကဏ္ဍတွေကို ဦးတည်ပြီးတော့ ချမှတ်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေကို သမ္မတ အိုဘားမားက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အခုလို အရေးယူတာဟာ ဇူလိုင်လ ၇ ရက်နေ့က လိုက်ပါလာသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ရတဲ့ မလေးရှားခရီးသည်တင်လေယာဉ် ပစ်ချခံရမှုနဲ့ ဆက်စပ်နေပါတယ်လို့ သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့ အိမ်ဖြူတော်မှာ ပြောဆိုလိုက်ပါတယ်။ အဲ့ဒီလေယာဉ်ကို ယူကရိန်းလေယာဉ်နဲ့ မှားပြီးတော့ ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ သူပုန်တွေက ရုရှားလုပ် မစ်ဇိုင်းဒုံးပျံနဲ့ ပစ်ချခဲ့တာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ရုရှားနိုင်ငံအပေါ် လက်နက်တင်ပို့ရောင်းချမှု အပါအ၀င် ရုရှားနိုင်ငံရဲ့ ရေနံနဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ ရောင်းဝယ်မှုကို ပိတ်ပင်တားဆီးတဲ့ ပိတ်ဆို့အရေးယူမှုအသစ်ကို ဘရတ်စဲလ်မှာရှိတဲ့ ဥရောပသမဂ္ဂ ၂၈ နိုင်ငံက သံအမတ်ကြီးတွေက သဘောတူညီခဲ့ပါတယ်။

အီးယူအနေနဲ့ မလွဲမရှောင်သာတဲ့အတွက် ရုရှားအပေါ် အခုလို အရေးယူ ပိတ်ဆို့မှု လုပ်ရတာ ဖြစ်တယ်လို့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာ မာကဲ က ပြောဆိုပါတယ်။ ရုရှားနိုင်ငံဟာ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေယာဉ်ပျက်ကို စုံစမ်းစစ်ဆေးတဲ့ နိုင်ငံတကာစစ်ဆေးရေးအဖွဲ့နဲ့ ပူးတွဲလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံက သူ့စစ်တပ်ကို ယူကရိန်းနယ်စပ်အနီးမှာ ဖြန့်ကျက်တပ်စွဲထားသလို၊ ခွဲထွက်ရေးသူပုန်တွေကိုလည်း စစ်လက်နက်တွေ ဆက်လက်ပြီးတော့ ထောက်ပံ့နေဆဲဖြစ်တယ်လို့ မစ္စတာ အိုဘားမား က ပြောပါတယ်။ ရုရှားနိုင်ငံဘက်ကနေ မစ်ဇိုင်းဒုံး အမြောက်လက်နက်ကြီးတွေနဲ့ ယူကရိန်းနိုင်ငံဘက်ကို ပစ်ခတ်နေတာ တွေ့နေရတဲ့တိုင်အောင် ရုရှားက သူပုန်တွေကို လက်နက်ထောက်ပံ့နေတယ်လို့ ပြောဆိုထားတာကို ငြင်းပယ်နေဆဲ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ခွဲထွက်ရေးသူပုန်တွေအပေါ် ရုရှားက ထောက်ပံ့ပေးနေမှုကို ကန့်ကွက်တဲ့ အနေနဲ့ ရုရှားနိုင်ငံရဲ့ စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေးအစရှိတဲ့ ကဏ္ဍတွေကို ဦးတည်ပြီးတော့ ချမှတ် လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေကို သမ္မတ အိုဘားမားက ထုတ်ဖော်ကြေညာ လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဆောင်ရွက်နေ၍ စစ်မှန်သော ပြည် တွင်း စစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရန် အခက်အခဲများစွာရှိဟု လိုင်ဇာအစည်းအဝေး အလှည့်ကျသဘာပတိပြောကြား


ဇူလိုင် ၂၉ ရက်ကပြုလုပ်သော လိုင်ဇာထိပ်သီးအစည်းအဝေး၌ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က အဖွင့်အမှာစကား ပြောကြားစဉ်
လက်ရှိ ပြည်တွင်းစစ်ရပ်စဲရေး ကြိုးပမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဆောင်ရွက်နေ၍ စစ်မှန်သော ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးရရန် အခက်အခဲများစွာရှိသည်ဟု ဇူလိုင် ၂၉ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့၌ ပြုလုပ်ခဲ့သည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး စတုတ္ထမြောက်နေ့တွင် အလှည့်ကျသဘာပတိအဖြစ် ဆောင် ရွက်သော ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ဆိုသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအပါအ၀င် ကုမ္ပဏီသုံးခုမှ နိုင်ငံတော် သို့ ရွှေစင်ပိဿာချိန် ၁၀၀၀ နီးပါး ပေးသွင်းရန် ကြွေးကျန်ရှိကြောင်း စစ်ဆေးပေါ်ပေါက်

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၊ ရွှေမိုးယံကုမ္ပဏီနှင့် အာရှကမ္ဘာမြေ ကုမ္ပဏီတို့မှ နိုင်ငံတော် သို့ ပေး သွင်းရမည့် ရွှေကြွေးကျန်မှာ ပိဿာချိန် ၁၀၀၀ နီးပါးအထိရှိနေကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက စိစစ် ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင်းမှ ထွက်ရှိသည့် အမှိုက်များ အသုံးပြု၍ ဒလမြို့တွင် အမှိုက်မီးရှို့စက်တည်ဆောက်ကာ လျှပ်စစ်ထုတ်ရန် ကိုရီးယားကုမ္ပဏီတစ်ခု ကမ်းလှမ်း

Photo: ရန်ကုန်မြို့တွင်းမှ ထွက်ရှိသည့် အမှိုက်များ အသုံးပြု၍ ဒလမြို့တွင် အမှိုက်မီးရှို့စက်တည်ဆောက်ကာ လျှပ်စစ်ထုတ်ရန် ကိုရီးယားကုမ္ပဏီတစ်ခု ကမ်းလှမ်း
Wednesday, July 30, 2014

ရန်ကုန်မြို့တွင်း Down Town မြို့နယ်များမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်များကို အသုံးပြု၍ ရန်ကုန်တစ်ဖက်ကမ်း ဒလတွင် မီးရှို့စက်ထောင်ကာ မီးရှို့၍ လျှပ်စစ်ထုတ်ရန်အတွက် ကိုရီးယားကုမ္ပဏီတစ်ခုက ကမ်းလှမ်းခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

အဆိုပါကုမ္ပဏီက BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ယင်းမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားမှာ အမှိုက်မီးရှို့စက် လည်ပတ်ရုံသာရရှိမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ရန်ကုန်မြို့တွင်းမြို့နယ်များမှ ထွက်ရှိသည့် အမှိုက်များကို အသုံးပြုမည်ဖြစ်သောကြောင့် အဆိုပါမြို့နယ်များမှ အမှိုက်များ လျော့နည်းကာ ပတ်ဝန်းကျင်သန့်ရှင်းမှုအတွက် အထောက်အကူဖြစ်စေနိုင်မည်ဟု ဆိုသည်။

“အဲဒီကိုရီးယားကုမ္ပဏီကတော့ အမှိုက်မီးရှို့စက်ကို သူတို့နည်းပညာနဲ့ ဆောက်ပေးမယ်။ ကုန်ကျစရိတ်ကို ဌာနကပေးရမယ်။ ထွက်လာမယ့် လျှပ်စစ်ဓာတ်အားကတော့ စက်ရုံလည်ပတ်ရုံလာက်ပဲ ရမယ်။ သို့သော်လည်း မြို့တွင်းမြို့နယ်တွေမှာ အမှိုက်တွေ ရှင်းသွားမယ်။ ဒါပေမဲ့ ကျန်ကျစရိတ် နည်းနည်းများတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မင်္ဂလာဒုံတွင် အမှိုက်မီးရှို့စက်ထောင်မည့်စီမံကိန်းတစ်ခုကို လာမည့်ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားသောကြောင့် ယင်းသို့ကမ်းလှမ်းမှုအား မလုပ်ဖြစ်ရန် ရာခိုင်နှုန်းများနေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့ရှိ ထားဝယ်ချောင်အမှိုက်ပုံတို့တွင် အမှိုက်မှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ထိန်ပင်တွင် CHASSON INTERNA- TIONAL Korea Co.Ltd နှင့် ထားဝယ်ချောင်တွင် ZEYA & Association ကုမ္ပဏီတို့က လုပ်ကိုင်နေကြောင်း သိရသည်။

ထိန်ပင်အမှိုက်ပုံရှိ အမှိုက်တန်ချိန် ၈ဝဝ မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း နှင့် နေရောင်ခြည်သုံးစနစ်နည်းပညာကို အသုံးပြုကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည် ဖြစ်ပြီး ပထမတစ်နှစ်အနေဖြင့် တစ်နာရီလျှင် ၁၂ မဂ္ဂါဝပ်၊ ဒုတိယတစ်နှစ်အနေဖြင့် တစ်နာရီလျှင် ၁ဝ မဂ္ဂါဝပ်နှင့် နောက်ဆုံးနှစ်အနေဖြင့် တစ်နာရီလျှင် ၈ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း တစ်နာရီလျှင် ၃၆ မဂ္ဂါဝပ်ထုတ်လုပ်ရန်မှန်းထားကြောင်း သိရသည်။

ထားဝယ်ချောင်အမှိုက်ပုံရှိ အမှိုက်တန်ချိန် ၆ဝဝ အား အမှိုက်မီးရှို့စက်တည်ထောင်ကာ လျှစ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်ပြီး နှစ်နှစ်စီမံကိန်းဖြင့် တစ်နာရီလျှင် ၁၅ ဒသမ ၄ မဂ္ဂါဝပ် ထုတ်လုပ်ရန်မှန်းထားပြီး အသီးသီးရရှိလာမည့် လျှပ်စစ်ဓာတ်အားများအား ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သို့ ပြန်လည်ရောင်းချရန် ညှိနှိုင်းနေကြောင်း သိရသည်။     

Eleven Media Group 

ရန်ကုန်မြို့တွင်း ကမ်းနားလမ်းပေါ်တွင် အမှိုက်သိမ်းနေသည့် စည်ပင်ဝန်ထမ်းအား တွေ့ရစဉ်
ရန်ကုန်မြို့တွင်း ကမ်းနားလမ်းပေါ်တွင် အမှိုက်သိမ်းနေသည့် စည်ပင်ဝန်ထမ်းအား တွေ့ရစဉ်
ရန်ကုန်မြို့တွင်း Down Town မြို့နယ်များမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်များကို အသုံးပြု၍ ရန်ကုန် တစ်ဖက် ကမ်း ဒလတွင် မီးရှို့စက်ထောင်ကာ မီးရှို့၍ လျှပ်စစ်ထုတ်ရန်အတွက် ကိုရီးယားကုမ္ပဏီတစ်ခုက ကမ်း လှမ်း ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။

သမ္မတက စာနယ်ဇင်းကောင်စီ (ယာယီ) ကို တွေ့ဆုံခွင့်ပေးမည်

စာနယ်ဇင်းကောင်စီ(ယာယီ)ကို သမ္မတက တွေ့ဆုံခွင့်ပေးမည်ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီဝင်တစ်ဦး ထံမှ သိရသည်။

စွမ်းအင်ဝန်ကြီးဌာနက ပုဂ္ဂလိကစက်ရုံ ကိုးရုံသို့ သဘာဝဓာတ်ငွေ့ များ ကို ရောင်းရမည့်ဈေးထက် အဆ ၃၀ လျော့သည့်ဈေးဖြင့် ရောင်းပေး ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ

စွမ်းအင်ဝန်ကြီးဌာနမှ ပုဂ္ဂလိကသို့ ငှားရမ်းထားပြီး ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်နေသည့် စက်ရုံ ကိုးရုံသို့ သဘာဝ ဓာတ်ငွေ့ များကို ရောင်းချရာတွင် ရောင်းရမည့်ဈေးထက် အဆ ၃၀ လျော့နည်း သည့် ဈေးဖြင့် ရောင်း ချခဲ့ သည့်အတွက် နိုင်ငံတော်မှ ရသင့်သည့်ဝင်ငွေ မရပဲ ကျပ်သိန်းပေါင်း ၁၈၀၀၀ နီးပါးအထိ နစ်နာခဲ့ရကြောင်း သိရသည်။

မံစီမြို့နယ် တရားရုံးခြံစည်းရိုး အနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား

Photo: မံစီမြို့နယ် တရားရုံးခြံစည်းရိုး အနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား
Wednesday, July 30, 2014

ကချင်ပြည်နယ် မံစီမြို့နယ် တရားရုံး အနီး၌ ဇူလိုင် ၂၇ ရက် ည ၁ဝ နာရီခွဲ ခန့်တွင် ဆိုင်ကယ် သုံးစီးခန့် ဖြတ်မောင်း သွားသည့် အသံ ကြားရပြီး ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ၄င်းတရားရုံး ခြံစည်းရိုးအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ခြံစည်းရိုး ၏ အရှေ့ မြောက်ထောင့် နေရာ၌ အမြင့် ၁ ဒသမ ၅ ပေ၊ အောက်ခံအုတ်ရိုး အကျယ် ၃ ပေခန့်မှ ပွင့်ထွက် ပျက်စီးသွားပြီး အုတ်ရိုးပေါ်ရှိ သံဆန်ခါ ခြံစည်းရိုး အကျယ် ၄ပေ၊ အမြင့် ၁ ဒသမ ၅ ပေခန့် ပျက်စီး သွားကာ ခြံစည်းရိုး အတွင်း ၄င်းနေရာနှင့် ၁၅ ပေခန့် အကွာတွင် ရပ်ထားသော ခြောက်ဘီးယာဉ် ၏ဘေးတွင် အချင်း ၁ စင်တီမီတာခန့် ရှိ အပေါက် ၄ ပေါက်ခန့် ထိမှန်ကြောင်း နှင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့် နေရာအား စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ သွားရောက် စစ်ဆေးရာ ၁၁ လက်မ အရှည်ရှိ အင်တာနာ ဝါယာကြိုး အနက်ရောင် တစ်ချောင်း၊ သုည ဒသမ ၅ စင်တီမီတာ မှ ၁ ဒသမ ၅ စင်တီမီတာ ခန့်ရှိ ဗုံးစ ၁၅ ခုအား ရှာဖွေတွေ့ရှိ ခဲ့ပြီး ယမ်းအား ပေါက်ကွဲမှု အနေအထားအရ တီအမ်တီ ယမ်း ၅ ပေါင်ခန့် ရှိနိုင်ကြောင်း၊ ရီမုတ် မိုင်းအား ဆိုင်ကယ်ဖြင့် လာ ရောက်ချထားပြီး အဝေးမှ ရီမုတ်ဖြင့် ဖောက်ခွဲ သွားခြင်း ဖြစ်နိုင် ကြောင်းနှင့် အမှုမှန် ပေါ်ပေါက်စေ ရေး အတွက် စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရှိရသည်။

Yadanarpondaily
ကချင်ပြည်နယ် မံစီမြို့နယ် တရားရုံး အနီး၌ ဇူလိုင် ၂၇ ရက် ည ၁ဝ နာရီခွဲ ခန့်တွင် ဆိုင်ကယ် သုံးစီးခန့် ဖြတ်မောင်း သွားသည့် အသံ ကြားရပြီး ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ၄င်းတရားရုံး ခြံစည်းရိုးအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ခြံစည်းရိုး ၏ အရှေ့ မြောက်ထောင့် နေရာ၌ အမြင့် ၁ ဒသမ ၅ ပေ၊ အောက်ခံအုတ်ရိုး အကျယ် ၃ ပေခန့်မှ ပွင့်ထွက် ပျက်စီးသွားပြီး အုတ်ရိုးပေါ်ရှိ သံဆန်ခါ ခြံစည်းရိုး အကျယ် ၄ပေ၊ အမြင့် ၁ ဒသမ ၅ ပေခန့် ပျက်စီး သွားကာ ခြံစည်းရိုး အတွင်း ၄င်းနေရာနှင့် ၁၅ ပေခန့် အကွာတွင် ရပ်ထားသော ခြောက်ဘီးယာဉ် ၏ဘေးတွင် အချင်း ၁ စင်တီမီတာခန့် ရှိ အပေါက် ၄ ပေါက်ခန့် ထိမှန်ကြောင်း နှင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။