မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Monday, 31 March 2014
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးနိုင်အောင် လမ်းဖွင့်ထားမယ်ဟု သမ္မတပြောကြား
၂ဝဝ၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးတွင် အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်သည့် အချက်နှ င့် ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ခွဲထွက်မည်ဆိုသည့်အချက်များမှလွဲ၍ အခြားကိစ္စများအားလုံး ကို ဆွေးနွေးနိုင်ကြောင်း နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ပြောခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း တက္ကသိုလ်ကျောင်း သား များ ဆန္ဒပြ
ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ရေးဆွဲနေသော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဆန့်ကျင် ကန့် ကွက်ကြော င်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ ငါးဖွဲ့ ပူးပေါင်းကာ မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ လှည်းတန်း (ဦးထွန်းလင်းခြံလမ်းထိပ်)၌ ဆန္ဒပြပွဲတစ်ခုကျင်းပခဲ့ကြောင်း ရန်ကုန်စီးပွားရေးတက္က သိုလ် ကျောင်းသားသမဂ္ဂဝင် ကိုမင်းသူကျော်က ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
မြန်အောင်တွင်ရောင်းသည့် ငါးပိများ၌ အန္တရာယ်ရှိ ဆိုးဆေးများပါနေဟု ဧရာဝတီတိုင်း FDA ပြော
ဧရာဝတီတိုင်း မြန် အောင်မြို့နယ်အတွင်း ဖြန့်ချိ ရောင်းချနေသော ငါးပိများတွင် ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေသောဆိုးဆေး Rohdamine -B ပါဝင်နေသည်ဟု ဧရာဝတီ တိုင်းဒေသကြီး အစား အသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှသတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
တရားမဝင် ဟန်းဆက် တင်သွင်းလမ်းကြောင်း အခွန်ဘုတ်အဖွဲ့နှင့် မိုဘိုင်းလ် ကုမ္ပဏီများ ပူးပေါင်း ဖော်ထုတ်မည်ဟုဆို
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဟန်းဆက် ဝင်ရောက်မှု များပြားနေခြင်းကြောင့် အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နှင့် မိုဘိုင်းလ် ကုမ္ပဏီကြီးများ ပူးပေါင်း၍ ဟန်းဆက် ဝင်ရောက်နေသည့် လမ်းကြောင်း များကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
သုံးနှစ်သားအစိုးရ နှင့် အပြောင်းအလဲ ဗျူဟာသုံးရပ်
၂၀၁၄ ခု၊ မတ်လ ၃၀ ရက်တွင် မြန်မာ့ဒီမိုကရေစီအကူးအပြောင်း ပုံဖော်နေသည့် သမ္မတဦးသိန်းစိန် အစိုးရ သုံးနှစ်ပြည့်မြောက်သွားပြီ ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ လေ့လာသူများက တော့ အစိုးရ ၏ သုံးနှစ်တာကာလ အပြောင်းအလဲ မဟာဗျူဟာကြီးသုံးရပ်အပေါ် မေးခွန်းပေါင်းများစွာဖြင့် ဆန်း စစ်ကြည့်ကြ မည် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးယန္တရားများတွင် မည်၍ မည် မျှ ရွေ့ နေ ပါသနည်း။
ဆက်လက်ဖတ်ရှုပါရန် »
အခြေခံဥပဒေ ပြင်ဆင်ရေး ပန်းဘဲတန်း မြို့နယ်အတွင်း ဆန္ဒထုတ်ဖော်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပန်း ဘဲတန်း မြို့နယ်အတွင်း နေထိုင်သူ ၁၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော် သူများထံမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏဖြစ်
မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နေထိုင်သည့် ရန်ကုန်မြို့တော်၌ ယခုနှစ် နွေရာသီတွင် လျှပ်စစ်ဓာတ် အား ပြတ်တောက်မှု မရှိစေရန် လုပ်ဆောင် သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက မတ်လ ၇ ရက်နေ့က အတည်ပြု ပြောကြားခဲ့သော်လည်း ရန်ကုန်မြို့တော်တွင် မတ်လ တတိယပတ်မှ စတင်ကာ မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မြို့ခံများ ကပြော ကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
လွယ်ဂျယ်မြို့ လွယ်ဟိုးကိုက်တောင်ပေါ်သို့ ဗုဒ္ဓရုပ်ပွားတော်များပင့်ဆောင်
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ရှမ်းဘာသာဖြင့် လွယ်ဟိုးကိုက်တောင်(ခေါ်) ကြက် မောက်တောင် ယခုအခါ(ဘုရား ကုန်း)ပေါ်တွင် ကိန်းဝပ်စံပယ်တော် မူသည့် ဗုဒ္ဓရုပ်ပွားတော်အဆူ ၂ဝ နှင့် ရဟန္တာရုပ်တုတော် ရှစ်ဆူတို့အား မန္တလေးမြို့မှ ပင့်ဆောင်ခဲ့ပြီး မြို့သူမြို့သားများစုပေါင်း၍ ဝန်ချီ စက်ကြီးများ အသုံးပြုကာ ယခုလအတွင်း အောင် မြင်စွာဖြင့် တည်ထားကိုးကွယ်နိုင်ခဲ့ ကြသည်။
ဆက်လက်ဖတ်ရှုပါရန် »
မော်တော်ယာဉ် စလစ်စနစ် ဖျက်သိမ်းမည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား
မော်တော်ယာဉ်အို ယာဉ်ဟောင်းများကို မော်တော်ယာဉ်သစ်များဖြင့် အစားထိုး လဲလှယ်ရေး စီမံချက်အရ ထုတ်ပေးနေသော စလစ်စနစ်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရေဒါ ဖမ်းမမိသော တတိယမြောက် ဖရီးဂိတ်စစ်ရေယာဉ် ရေချ
မြန်မာ့တပ်မတော် (ရေ)ကတည်ဆောက်ခဲ့သော တတိယမြောက် Frigate (ဖရီးဂိတ်)စစ်ရေယာဉ် ရေချပွဲ ကို မတ်လ ၃၀ ရက်တွင် သီလ၀ါဆိပ်ကမ်း ရှိ ရေတပ်သင်္ဘောကျင်း၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ရေကစားမဏ္ဍပ်ပါမစ်လက်လွှဲဈေး အမြင့်ဆုံး ကျပ်သိန်း ၃၀၀ ၀န်းကျင် ဈေးပေါက်
ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ ရေကစားမဏ္ဍပ်ပါမစ်များကို ပါမစ်လက်ဝယ်ရှိသူ ပွဲစားများက တစ် ဆင့်ခံ ရောင်း ချမှု များဖြစ် ပေါ်နေပြီး မဏ္ဍပ်ပါမစ်ပေါက် ဈေးမှာ အမြင့်ဆုံးကျပ်သိန်း သုံး ရာဝန်းကျင် အထိ ဖြစ်နေကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
အသဲကွဲလျှင် အမျိုးသားများက ပိုခံစားရ
လန်ဒန်ရှိ တက္ကသိုလ်တစ်ခုမှ စိတ်ပညာ ပါမောက္ခ ဦးစီးလို့ ပြုလုပ်ခဲ့တဲ့ စစ်တမ်း တစ်ခုအရ ဖြစ်ပါတယ်။ Relation တစ်ခု ပြီးစုံ သွားတဲ့ အခါတိုင်း ချစ်သူနဲ့ ပြတ်ဆဲ သွားတဲ့ အခါတိုင်း အမှန်တကယ် အခံစားရ ဆုံးက အမျိုးသားဘက်က ဖြစ်ကြောင်း သိရ ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေ စောင့်ကြည့်နေဆဲ
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာ ယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေဟာ စောင့် ကြည့် ရမယ့် အခြေအနေမှာပဲ ရှိသေးတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
နှိပ်စက်ခံရမှုကြောင့် အသက် ၁၄ နှစ်အရွယ် အိမ်ဖော်မိန်းကလေး ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူ
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ ဒေါ်သီရိကိုကိုနိုင်၏ နေအိမ်တွင် အိမ်ဖော် အဖြစ် လုပ်ကိုင်နေသော မထက်ထက် အသက် (၁၄) နှစ်သည် အိမ်ရှင်၏ အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက် မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေ ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
လှုပ်လှုပ်ရှားရှားဖြစ်လာသည့် ရန်ကုန်သင်္ကြန်အကြိုမြင်ကွင်း
နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကား ရောက်ရှိတော့မည်။ သင်္ကြန်တေးများ လည်းဟိုမှသည်မှ ပျံ့လွင့်နေပြီး သင်္ကြန်ပွဲတော်အတွက် အတွေး ကိုယ်စီဖြင့် လူတိုင်းပြင်ဆင်နေကြ ပြီဖြစ်ရာ အရွယ်စုံမျှော်လင့်ရသော သင်္ကြန်၊ ပျော်ရွှင်ရသော သင်္ကြန် ပွဲတော်ကာလပင်။
ဆက်လက်ဖတ်ရှုပါရန် »
ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်လှန်၊ ဘင်္ဂါလီများ စတင် သပိတ်မှောက်
နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့် မပြုဟု အစိုးရက တရားဝင် ထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်မှုကို ရုပ်သိမ်းလိုက်သော်လည်း ဘင်္ဂါလီများက စတင် သပိတ်မှောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
တိုင်းရင်းသား လက်နက်ကိုင်များကို တပ်မတော်တွင် ပြန်လည် ခန့်အပ်မည်ဟုဆို
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည် အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဘရာဇီး နိုင်ငံ အမေဇုန် ချိုင့်ဝှမ်း အတွင်းရှိ မျိုးနွယ်စု တစ်စုက ပထမ ဆုံး တွေ့ဖူး သည့် လေယာဉ်ကို တိုက်ခိုက်ရန် ကြိုးပမ်း
ဘရာဇီးနိုင်ငံရှိ အမေဇုန် ချိုင့်ဝှမ်း၏ ဝေးလံ ခေါင်ဖျားသည့် Acre ပြည်နယ်တွင် ဓာတ်ပုံရိုက်သည်ကိုပင် ထိတ်လန့်အံ့သြ ကြသည့် မျိုးနွယ်စု တစ်စုက လေယာဉ်ပျံ တစ်စင်းကို တွေ့မြင် ခဲ့ကြပြီး နောက်ပိုင်းတွင် တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ပျောက်ဆုံး လေယာဉ် ပြန် တွေ့ ပြီ ဆို သော် လည်း မလေးရှား ဝန်ကြီးချုပ် က တိကျ ပြည့်စုံစွာ ရှင်းမပြနိုင်သေး သည့် အတွက် ကျန်ရစ်သူ မိသား စုများ ဒေါသထွက်
MH370 သည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ထိုးကျသွားခြင်း ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် က ကြေညာကာ ကျန်ရစ်သူများထံ တရားဝင် အကြောင်းကြား လိုက်သည်။ သို့သော်လည်း ကျန်ရစ်ခဲ့သော ခရီးသည်များ၏ မိသားစုများ နှင့်ဆွေမျိုးများသည် စနေနေ့က တရုတ်ပြည်တွင် စိတ်ခံစားချက်များ ဆူပွက်လာကာ မလေးရှား အရာရှိများအား ပျောက်သွား သော လေယာဉ်၏ ခရီးစဉ်ကို စုံစမ်း စစ်ဆေးနေခြ င်းနှင့် ပတ်သက်၍ ကြန့်ကြာနေခြင်း၊ ဖုံးကွယ်ထားခြင်းနှင့် လိမ်ညာနေခြင်းဖြစ်ကြောင်း ဒေါသတကြီး စွပ်စွဲအော်ဟစ်ပြော ကြားခဲ့ကြောင်း သိရသည်။ ယခုလည်း ဝန်ကြီးချုပ်၏ ကြေညာချက်အပေါ်တွင် စိတ်ဆိုး ကာ လူသတ်သမားတွေဟု ပြောနေကြသည့်အပြင် မလေးရှား အစိုးရက မိမိတို့ကိုပါ အရူးလုပ်နေကြေ ကြာင်း ပြောခဲ့သည်ဟု သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း အား ညနေ ၅ နာရီကျော်ပါက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ညအချိန်တွင် ယင်းလမ်းကြောင်းပေါ်မှ သစ်ခိုးထုတ်မှုများရှိနေဟုဆို
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးရှိ သစ်တောများအား ခုတ်ယူထားမှု ကို တွေ့ရစဉ်
စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်တွင် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းအား ညနေ ၅ နာရီကျော်လွန် ပါက သွားလာခွင့်ပိတ်ပင်ထားပြီး အဆိုပါလမ်းကြောင်းပေါ်မှ ညအချိန်တွင် သစ်ခိုးထုတ်မှု များ ဖြစ်ပေါ်နေကြောင်း SHINGNIP Kachin Legal Aid Network Group မှ ဥက္ကဋ္ဌ ဦးခွန်နောင် က ပြည်သူ့ခုံသမာဓိဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)