Wednesday, 18 December 2013

ပြစ်ဒဏ်ကျ ထောက်လှမ်းရေး ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် လက်မခံဟုဆို

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ထိန်းသိမ်း အရေးယူ ခံရစဉ်တွင် တစ်ပါတည်း ဖမ်းဆီး အကျဉ်းကျခံရပြီး မလွတ်မြောက်သေး သည့် ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်၍ လွတ်ငြိမ်း ချမ်းသာခွင့်ပြုမည် ဆိုပါက လုံးဝလက်မခံမည် မဟုတ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ထုတ်ပြန် ပြောကြားသည်။

KIA ၏ လူသစ်စုဆောင်းမှု ဒီဇင်ဘာဒုတိယပတ်အတွင်း အယောက်(၁၂၀)ကျော် အထိ ရှိလာ

Photo: KIA ၏ လူသစ်စုဆောင်းမှု ဒီဇင်ဘာဒုတိယပတ်အတွင်း အယောက်(၁၂၀)ကျော် အထိ ရှိလာ
Wednesday, December 18, 2013

ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၄ ရက်ညနေ ၄ နာရီခန့်က ကချင်လွတ် လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ ဒေသခံရှမ်းလူငယ်(၅)ဦးအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြန်ရာ ဒီဇင်ဘာ ဒုတိယပတ်အတွင်း KIA ၏ လူသစ်စုဆောင်းခံရသော ဒေသခံရွာသားအ ယောက်(၁၂၀)ကျော်ရှိလာပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သရှိရသည်။

``မန်ဝိန်းကြီးနဲ့ မန်ဟွေရွာကြားက လမ်းဆုံမှာ ဖမ်းသွားတာတွေ့ပါတယ်။ 
ဆိုင်ကယ်ပေါ်မှာ မီးသွေးအိတ်တွေ တင်လာတဲ့ လူငယ်(၂)ဦးကို KIA က တားပြီး ဖမ်းတယ်။ ရှေ့ဆင့်နောက်ဆင့် ကျွန်တော်နဲ့အတူ ကြံခုတ် ပြန်လာတဲ့ ရှမ်းလူငယ်(၃)ဦးကို ထပ်ပြီး ဖမ်းပြန်တယ်။ ကျွန်တော်က တောတိုးနေလို့ လွတ်ခဲ့တာ´´ဟု ကြံခုတ် ပြန်လာစဉ် မျက်မြင်ကြုံတွေ့ခဲ့သော မန်ဝိန်းကြီးရွာသားတစ်ဦးက ပြောပြသည်။

တနိုင်းမြို့နယ် ပယင်းမှော်တွင်လည်း ဒီဇင်ဘာ ၁၄ ရက်နေ့က KIA တပ်မဟာ(၂)၊ ရင်း(၁၄)မှ မှော်လုပ်သား (၁၀)ဦးခန့်အားလည်းကောင်း၊ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် နန်ဗျူတစ်ဝိုက်ရှိ ရွှေမှော်များမှ ဒေသခံ(၂၅)ဦးခန့် အားလည်းကောင်း လူသစ်အဖြစ် KIA တပ်ရင်း(၁၄)ဌာနချုပ်ဟောင်း ကောင်ဂျာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း တနိုင်းမြို့ခံဈေးသည် တစ်ဦးဆီမှ သိရသည်။ 

``မန်စီတင်မကပါဘူး။ ဗန်းမော်၊ ၀ိုင်းမော်၊ မိုးညှင်းဘက်တွေမှာလည်း KIA က လူသစ်တောက်လျှောက် စုနေ လို့ တရုတ်ဘက်ကို ထွက်ပြေးကုန်ကြပြီ၊ တစ်ချို့ကတော့ ရှမ်းပြည် နမ့်ခမ်းဘက်ကို သွားကြတယ်။ ပေးပို့လာ တဲ့စာရင်းအရဆိုရင် လူသစ်စုခံရတဲ့ ဒေသခံရွာသား(၁၂၀)ကျော်ရှိပါပြီ´´ဟု မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၄ ရက်နေ့တွင် မန်စီမြို့နယ် ချောင်းထောက်ကျေးရွာနှင့် မံဖွကျေးရွာအနီးဝန်းကျင်တွင် စပါးရိတ်သိမ်းနေသော ရွာသား(၂၁)ဦးအား လည်းကောင်း၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် ၀ိုင်းမော်မြို့နယ် နောင်စီပေါရွာသား
(၂)ဦးအားလည်းကောင်း၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် မန်စီမြို့နယ် တုံပလွေ၊ မန်ဝိန်းလေး၊ သစ်ဆုံး၊ ဆူးပုတ်ကုန်းကျေးရွာများမှ သစ်ကယ်ရီသမား များနှင့် ဒေသခံတောင်သူ(၁၇)ဦးအားလည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဗန်းမော်မြို့ သိန်လင်ကျေးရွာ အနောက်တောင်ဘက်ရှိ လယ်တောတွင် စပါးရိတ်နေသော ရွာသား(၄)ဦးအားလည်းကောင်း၊ ဒီဇင်ဘာ(၁၃) ရက်နေ့တွင် မန်စီမြို့နယ် ဟန်ထက်ကျေးရွာနှင့် မိုင်းခေါင်၊ ပန်ဆက်၊ တုံပလွေရွာများမှ ဒေသခံရွာသား(၃၀)ဦး အား လက်ပြန်ကြိုးတုပ်၍လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မိုးမောက်မြို့နယ် နန့်ဆိုင်းကျေးရွာမှ မောင်လရှီးနော်အပါအ၀င်(၈)ဦး၊ မန်စီမြို့နယ်နားလုံးနှင့် ကုန်ခမ်းရွာကြား ကြံခုတ်နေသော ရှမ်းလူငယ်(၄)ဦး အားလည်းကောင်း၊ ဖမ်းဆီးမှုအပါအ၀င် ဒီဇင်ဘာ(၁၅)ရက်နေ့အထိ KIA မှ လူသစ်စုဆောင်းသွားသော ဒေသခံရှမ်း၊ ဗမာ၊ ကချင်လူမျိုးရွာသားများမှာ စုစုပေါင်းဦးရေ(၁၂၀)ကျော်ရှိပြီဖြစ်ကြောင်း ယင်းအစိုးရရုံးမှ သိရှိ ရပါသည်။

ခွန်နော်
ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၄ ရက်ညနေ ၄ နာရီခန့်က ကချင်လွတ် လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ ဒေသခံရှမ်းလူငယ်(၅)ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြန်ရာ ဒီဇင်ဘာ ဒုတိယပတ်အတွင်း KIA ၏ လူသစ်စုဆောင်းခံရသော ဒေသခံ ရွာသားအ ယောက်(၁၂၀)ကျော်ရှိလာပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သရှိရသည်။

မြောက်ပိုင်းကျောင်းသားများသေဆုံးမှု ဖြေရှင်းချက်ပေးရန် အစီရင်ခံစာရေးနေပြီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော်မှ မြောက်ပိုင်းတွင် ကျောင်းသားများ သေဆုံးမှုနှင့်ပတ် သက်၍ စစ်တမ်းပြန်လည်ကောက်ယူ မှုများ ပြုလုပ်ခဲ့ပြီး ကောက်ယူထားသည့် စစ်တမ်းများကို အတည် ပြုကာ အစီရင်ခံစာအဖြစ် စတင်ရေးသားမည်ဟု အစီခံစာရေးသားရန် တာဝန်ယူထားသူ ကိုကျော်ကျော် လင်းက မဇိ္ဈမသို့ ပြောသည်။

မန္တလေးတွင် ယာဉ်တိုက်မှုနှင့် မူးယစ်ဆေးဝါးမှု အများဆုံး ချမ်းအေးသာစံမြို့နယ်ဖြစ်

မန္တလေးမြို့၏ ဗဟိုကျသော မြို့နယ်တစ်ခုဖြစ်သည့် ချမ်းအေးသာစံမြို့နယ်သည် သက်ဆိုင်ရာဌာနများ ၏ စစ်တမ်းများအရ အခြားမြို့နယ် ခြောက်ခုထက် ယာဉ်တိုက်မှုဖြစ်ပွားနှုန်းနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရ ရှိမှု အများဆုံးဖြစ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ပြောကြားလိုက်သည်။

ကေအိုင်အေ၏ အနိုင်ကျင့်မှုကို ခံနေရသော ရှမ်းမျိုးနွယ်စုများ

Photo: ကေအိုင်အေ၏ အနိုင်ကျင့်မှုကို ခံနေရသော ရှမ်းမျိုးနွယ်စုများ
Wednesday, December 18, 2013

ယနေ့ သတင်းမီဒီယာဝက်ဆိုဒ် တော်တော်များများမှာ KIAအဖွဲ့မှ ကချင်ပြည် နယ်အတွင်းမှာရှိသော ရှမ်းမျိုးနွယ်စု များအပေါ် ကာယကံရှင် ဆန္ဒမပါဘဲ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ ၊ ဆက်ကြေး ကောက်ခံမှုများ အား နေ့တိုင်းလိုလိုပင် တွေ့မြင်နေရပါသည်။ ကချင်ပြည်နယ်သည် ၁၉၄၈ခုနှစ် မတိုင်မီက မြေပြန့်တောင်ပေါ် ခွဲခြားအုပ်ချုပ်ခဲ့သော်လည်း လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ကချင်ပြည်နယ် သတ်မှတ် သည့်အချိန်တွင် ရှမ်းနယ်မြေ များစွာ ပါဝင်သွားခဲ့ပါတယ်။ ကချင်ပြည်နယ်ကို အဓိက ခရိုင်ကြီး(၄)ခုဖြင့် ဖွဲ့စည်းထားပြီး ခရိုင်(၄)မြို့၏ အမည်များဟာ ရှမ်းနာမည်များသာ ဖြစ်ပါတယ်။

KIA ပေါ်ပေါက်လာပြီးသည့် နောက်ပိုင်း ရှမ်းရွာများတွင် KIA ဆက်ကြေး ကောက်မခံရသော ၊ လူသစ်စုဆောင်းခြင်း မခံရသော၊ အသတ် မခံရသော ကျေးရွာများမှာ မရှိသလောက်ပင် ဖြစ်ပါတယ်။ဒီဒုက္ခတွေကို ကျနော်တို့ ရှမ်းလူမျိုးတွေ ခံစားလာရတာဟာ အခုမှ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ခံစားလာခဲ့ရတာပါ။ KIA၏ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံစားခဲ့ရပေမယ့် ဒေသခံများမှာ အသက်အန္တရာယ် ကျရောက်လာမည်ကို စိုးရိမ်ခဲ့သည့်အတွက် မည်သည့်အဖွဲ့အစည်းကိုမှ တင်ပြတိုင်တန်း ခဲ့ခြင်း မရှိခဲ့ပါဘူး။ငြိမ်းချမ်းရေးဆွေးနွေးမှု မပြုလုပ်မီ အစိုးရနှင့်တိုက်ပွဲများ ဖြစ်နေသောကာလတွင်လည်း KIAအဖွဲ့များမှာ လမ်းတံတားများ ဖျက်ဆီးခြင်း ၊ လူသစ်စုဆောင်းခြင်း ၊ မိုင်းထောင်ဖောက်ခွဲခြင်းစတဲ့ လုပ်ရပ်တွေကို ပြုလုပ်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူလူထုတွေ ထိခိုက်နစ်နာမှုတွေ များစွာ ကြုံတွေ့ခဲ့ရပါတယ်။ KIAရဲ့ လုပ်ရပ်တွေကို မနှစ်မြိုပေမယ့် ထိုအချိန်ကတည်း က ကြောက်ရွံခဲ့ရ၍သာ ငြိမ်ခံနေခဲရတာပါ။

ယခုလို တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်ဆဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပြီးသည့် နောက်ပိုင်းကာလတွင် ဒီဒုက္ခတွေကို ပိုမိုပြီး သိသိသာသာ ခံစားလာရပါတယ်။KIAဟာ ကိုယ်ပိုင်တပ်မတော် ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မဟုတ်ပေမယ့် ကိုယ့်ပြည်နယ် ဒေသအတွင်းမှာရှိသော ၄င်းတို့၏ မျိုးနွယ်စုများမှလွဲ၍ တခြားမျိုးနွယ်စု များအပေါ်တွင် တစ်နေ့ထက်တစ်နေ့ ထင်ထင်ပေါ်ပေါ် လူသစ်စုမှုများ၊ ဆက်ကြေး ကောက်မှုများ ပြုလုပ်လာတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာရှိသော ရှမ်းနီပါတီနှင့် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့များမှ ကေအိုင်အေအဖွဲ့အား အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း မပြုရန် မေတ္တာရပ်ခံထားသောလည်း ကေအိုင်အေ အဖွဲ့က ရှမ်းရွာသားများ အား ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေပါတယ်။ ကေအိုင်အေအဖွဲ့က ယခုလဆန်းပိုင်းကစပြိး တပ်သားသစ် စုဆောင်းနေမှုများဟာ ယနေ့တိုင်ပင် ဖြစ်ပြီး အများစုမှာ ရှမ်းရွာသားပဲ ဖြစ်ပါတယ်။KIAရဲ့ လူသစ်စုဆောင်မှု များ တွင် အသက်မပြည့် သေးသူများလည်း အများအပြား ပါဝင်နေပါတယ်။ ယခုဆိုလျင် ရွာထဲတွင်သာ လာရောက် စုဆောင်းခြင်း မဟုတ်တော့ဘဲ လုပ်ငန်းခွင်များထဲအထိပါ လာရောက်ပြီး အတင်းအဓမ္မ စုဆောင်းခြင်း ပြုလုပ်လာပါတယ်။ဒီနှစ် ဒီဇင်ဘာလအတွင်းတွင် ကေအိုင်အေကနေ ဖမ်းဆီးထားတာ အယောက်(၁၀၀)ကျော် ရှိနေပါပြီ။ ထွက်ပြေးလွတ်မြောက် လာသူများကိုလည်း ကေအိုင်အေ က တဖန်ပြန်လည်ဖမ်းဆီးပါတယ်။

ကေအိုင်အေမှ အခုလိုလုပ်ရပ်များ ပြုလုပ်နေခြင်းဟာ ငြိမ်းချမ်းရေးကို မလိုလားဘဲ “၀”တွေလို ကိုယ်ပိုင်တပ်မတော် ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင် ပဌာန်းခွင့်ရယူလို၍ ပြုလုပ်နေခြင်း ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ကျနော်တို့ ရှမ်းလူမျိုးတွေက “၀”အထူးဒေသမှာဆိုရင်လည်း “၀”တပ်တွေရဲ့ ဆက်ကြေးကောက်ခံခြင်း ၊ လူသစ်စုဆောင်းခြင်း တွေကို ခံရပါတယ်။ ဘယ်နေရာ ဘယ်ဒေသမှာဖြစ်ဖြစ် ကျနော်တို့ ရှမ်းမျိုးနွယ်စုတွေဟာ အခံဘက်ကပဲ ဖြစ်နေပါတယ်။သို့ဖြစ်ပါ၍ ကျနော်တို့ ရှမ်းမျိုးနွယ်စုများဘက်မှ တာဝန်ရှိသူများက မျှမျှတတဖြစ်အောင် ပြုလုပ်ပေးစေလိုပါတယ်။ အကယ်၍ ထိုသိုမျှတမှုရရှိအောင် တာဝန်ရှိသူများမှ ပြုလုပ်ပေးခြင်း မရှိလျင် လက်နက် ကိုင်ပြီး တိုက်ခိုက်ရုံမျှလွဲပြီး တခြားနည်းဖြင့် တရားမျတမှုကို ရရှိနိုင်တော့မည် မဟုတ်ပါကြောင်း ပြောကြားလိုက်ချင်ပါတော့သည်။

စိုင်းအိုက်ပီး
ယနေ့ သတင်းမီဒီယာဝက်ဆိုဒ် တော်တော်များများမှာ KIAအဖွဲ့မှ ကချင်ပြည် နယ်အတွင်းမှာရှိသော ရှမ်းမျိုးနွယ်စု များအပေါ် ကာယကံရှင် ဆန္ဒမပါဘဲ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ ၊ ဆက်ကြေး ကောက်ခံမှုများ အား နေ့တိုင်းလိုလိုပင် တွေ့မြင်နေရပါသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဇန်နဝါရီလတွင် ကျင်းပမည်

အာဆီယံဥက္ကဋ္ဌတာဝန်လွှဲပြောင်းရယူထားသော မြန်မာနိုင်ငံတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံ များမှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပုဂံမြို့ရှိ အော်ရီယမ်ပဲလေ့စ် ဟိုတယ်၌ ပြုလုပ်မည် ဖြစ်ကြောင်း အာဆီယံရေးရာ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မြောက်ကိုရီးယားနဲ့ လက်နက်ရောင်းဝယ်မှု အရာရှိ ၁ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို အရေးယူ

မြန်မာ့တပ်မတော် အရာရှိတစ်ဦးနဲ့ မြန်မာကုမ္ပဏီ ၃ ခုကို မြောက်ကိုရီးယားလက်နက် အရောင်းအ၀ယ် ကိစ္စမှာ ပါဝင်ပတ်သက်မှုနဲ့ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့က ပိတ်ဆို့အရေးယူလိုက် ပါတယ်။

ဧရာဝတီမြစ်ဝှမ်း သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု ဒေသခံများ စားဝတ်နေရေး အခက်ကြုံဟုဆို

ဧရာဝတီမြစ်ဝှမ်းအတွင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများ (ကမ်းပါးပြိုခြင်း၊ ရေကြောင်း ပြောင်းလဲခြင်း) နှင့် လူတို့ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာရသော ပတ်ဝန်းကျင်အနေအထားများ (လျှပ်စစ် ရှော့တိုက် ငါးဖမ်းခြင်း၊ သစ်တောပြုန်းတီးခြင်း) တို့ကြောင့် ဒေသခံများ စားဝတ်နေရေး အခက်အခဲများ ကြုံနေကြရသည်ဟု သုတေသနစစ်တမ်းများအရ သိရသည်။

KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကချင်အမျိုးသားများ၏ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ

ကချင်အမျိုးသားများ၏ အနာဂတ်နှင့် ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ် ရှင်းလင်းရန်နှင့် ဆွေးနွေးတိုင်ပင် ရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တွင် ကချင်ခေါင်းဆောင်များ လိုင်ဇာမြို့တွင် ဒီဇင် ဘာလ ၁၇ ရက်တွင် စတင် ကျင်းပလျက်ရှိသည်။

ဂျာမန်ဆေးကုမ္ပဏီ မြန်မာနိုင်ငံ၌ ဆေးဝါးစက်ရုံ တည်မည်

ဂျာမန်ဆေးကုမ္ပဏီတစ်ခုဖြစ်သည့် stadaသည် ရန်ကုန်မြို့၌ စက်ရုံတစ်ခုတည်ဆောက်ကာ၂၀၁၅နောက် ပိုင်းမှစတင်ပြီး ဆေးဝါးများ ထုတ်လုပ်သွားမည်ဟု ကုမ္ပဏီအမှုဆောင်ချုပ်ဖြစ်သူ Hartmut Retzlaff ၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၁၅ ရက်က ဖော်ပြထားသည်။

သန်းခေါင်စာရင်းကောက်မည့်အဖွဲ့ကို PNLO လုံခြုံရေးတာဝန်ယူမည်

လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင်၂၀၁၄ ခုနှစ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာ ရင်းကောက်ယူမည့်အဖွဲ့၏ လုံခြုံရေးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က တာဝန်ယူ သွားမည်ဟု တောင်ကြီးမြို့ရှိ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ခွန်သောမက်က ဒီဇင်ဘာ ၁၇ရက်တွင် ပြော သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငွေကျပ်သိန်း ၄၀၀ ဖြင့် ကနဦး မ,တည် လှူဒါန်း

Photo: ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငွေကျပ်သိန်း ၄၀၀ ဖြင့် ကနဦး မ,တည် လှူဒါန်း
Wednesday, December 18, 2013

ရွှေတောင်စားစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မှု အောင်ပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

တနသာင်္ရီတိုင်း ဒေသကြီးရှိ ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စား စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်မှုအောင်ပွဲ၊ ရှေးဟောင်းသမိုင်းဝင် ရဟန္တာ သိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက ရွှေတောင်စားစေတီတော် ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

၎င်းအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့မှ စေတီတော်ဝင်း အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရဟန္တာသိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်းအတွက် ဘုရားဂေါပက အဖွဲ့သို့ အလှူတော်ငွေ ကျပ်သိန်း ၆၀၀ လှူဒါန်းခဲ့ပြီး စေတီတော်ဝင်း အတွင်းရှိ အသစ်တည်ဆောက်ထားသော ဘုရားကြီးပြတိုက်ကို ဖွင့်လှစ်ပေးခဲ့သည်။

နှစ်ပေါင်း ၂၅၀ သက်တမ်းရှိပြီဖြစ်သော ရွှေတောင်စား စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်နှင့် ဘက်စုံပြုပြင်နိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငွေကျပ်သိန်း ၄၀၀ ဖြင့် ကနဦး မ,တည်လှူဒါန်းခဲ့ပြီး ဘုရားဖူးလာ ပြည်သူများနှင့် စေတနာရှင်များမှ အလှူငွေ ကျပ် ၈၁၉၆၀၅၈၅၁ ရရှိခဲ့ကာ ယနေ့အထိ ကျပ် ၇၄၁၉၂၅၃၄၇ သုံးစွဲပြီးဖြစ်ကြောင်း၊ ရှေးဟောင်းသမိုင်းဝင် ရဟန္တာသိမ်တော်ကြီး ပြုပြင်တည်ဆောက်မှုအတွက် လက်ရှိတွင် ကျပ်သိန်း ၄၄၀ ကျော်သုံး စွဲထားပြီး ပြုပြင်မှု အားလုံးပြီးစီးပါက ကျပ်သိန်း ၆၇၀ ကျော်ခန့် ကုန်ကျမည်ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့မှ သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မတ် ၁၃ ရက်တွင် ရွှေတောင်စား စေတီတော်မြတ်ကြီး၏ စတုတ္ထ ရွှေထီးတော်အသစ်ကို ထားဝယ်ဇာတိဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မိသားစုတို့က လှူဒါန်းခဲ့ပြီး ထားဝယ်မြို့သို့ လာရောက်၍ ထီးတော်တင်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။

EMG

ရွှေတောင်စားစေတီသို့ ရောက်ရှိလာသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်
ရွှေတောင်စားစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မှု အောင်ပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်
တနသာင်္ရီတိုင်း ဒေသကြီးရှိ ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စား စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်မှုအောင်ပွဲ၊ ရှေးဟောင်းသမိုင်းဝင် ရဟန္တာ သိမ်တော် ကြီး ပြုပြင်မွမ်းမံခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက ရွှေတောင်စားစေတီတော် ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သူရိယနေ၀န်းဂျာနယ်နှင့် ပတ်သက်သည့် ပြန်ကြားရေးတောင်းဆိုမှု စာနယ်ဇင်းကောင်စီ လိုက်လျောမည်မဟုတ်

သူရိယနေ၀န်းဂျာနယ်တွင် ဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့်မညီညွတ်ဘဲ အစိုးရကို ထိ ခိုက် စေသည်ဟု ဆိုကာ ညှိနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ(ယာယီ) သို့ အကြောင်းကြားခဲ့သော်လည်း စာနယ်ဇင်းကောင်စီဘက်မှ ၀င်ရောက်ညှိနှိုင်းပေးမည် မဟုတ်ဟု စာနယ် ဇင်းကောင်စီ အတွင်းရေးမှူးဦးကျော်မင်းဆွေက ဒီဇင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြော သည်။

ဘယ်သူတွေ ဘာပြောပြော ဦးဇော်ဇော်ကို အဲလိုမျိုးစိတ်ဓာတ်တွေကြောင့် ပိုလေးစားမိတယ်။ ဘောလုံးပွဲပဋိပက္ခတွင် ထိန်းသိမ်းခံရသူများကို ဦးဇော်ဇော်က ခရီးစရိတ်ပေး

Photo: ဘယ်သူတွေ ဘာပြောပြော ဦးဇော်ဇော်ကို အဲလိုမျိုးစိတ်ဓာတ်တွေကြောင့် ပိုလေးစားမိတယ်။ ဘောလုံးပွဲပဋိပက္ခတွင် ထိန်းသိမ်းခံရသူများကို ဦးဇော်ဇော်က ခရီးစရိတ်ပေး 
Wednesday, December 18, 2013

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ မြန်မာ နှင့် အင်ဒိုနီရှား ဘောလုံးပွဲအပြီး သုဝဏ္ဏဘောလုံးကွင်း ပြင်ပတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့ရာမှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော အမျိုးသား ကိုးဦးအနက် ရန်ကုန်မြို့တော်တွင် နေထိုင်သူ ရှစ်ဦးကို ခရီးစရိတ် တစ်ဦးလျှင် ကျပ် ငါးသောင်း နှင့် မန္တလေးမှ လာရောက်အားပေးသော အမျိုးသား တစ်ဦကို ခရီးစရိတ် ကျပ် တစ်သိန်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ခရီးစရိတ်ပေးခဲ့သည်။ “ဘောလုံးကို ချစ်လို့ မရည်ရွယ်ဘဲ ဖြစ်ခဲ့တဲ့ ပြဿနာမှာ ထိန်းသိမ်းခံထားရတဲ့ ပရိသတ်အတွက် ပြန်လည်လွှတ်ပေးဖို့ ကျွန်တော်ကိုယ်တိုင် မေတ္တာရပ်ခံအပ်တာပါ။မျိုးချစ်စိတ်ကြောင့် ဖြစ်ရတဲ့အတွက် သူတို့တွေ အချုပ်ခန်းထဲမှာ ရှိနေသရွေ့ ကျွန်တော်ဘယ်လိုမှ အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး ”ဟု ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ရှင်းပြသည်။ အင်ဒိုနီးရှားကို ပင်နယ်တီ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ဘောလုံးပွဲစဉ်တွင် ကွင်းတွင်းသို့ ဝင်လာသူ မြန်မာ လူငယ် ပရိသတ် သုံးဦးနှင့် ကွင်းပြင်ပတွင် လုံထိန်းရဲတပ်ဖွဲ့များကို ခဲဖြင့် ပစ်ပေါက်ခဲ့သော လူငယ်ခြောက်ဦး တို့ကို လုံခြုံရေးအရ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ဒီဇင်ဘာလ ၁၆ရက် ည ၁၁ နာရီခန့်က ဖမ်းဆီး ထိန်းသိမ်းခဲ့ရာ ဦးဇော်ဇော်၏ မေတ္တာရပ်ခံမှုကြောင့် ဒီဇင်ဘာလ ၁၇ ရက် ညနေ ၆ နာရီက အုပ်ထိန်းသူ မိဘများ၏ ရှေ့မှောက်တွင် ခံဝန်လက်မှတ် ရေးထိုးကာ ပြန်လည် လွတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ဝင်းနိုင်က ပြောကြားသည်။ “တစ်ဖက်အသင်းကို စိတ်ဆိုးလို့ လုပ်တာမဟုတ်ဘဲ ကိုယ့်အသင်း က ဘောလုံးကို ဘယ်လိုကန်နေတာလဲ ဆိုတာ ကြည့်ပြီး မခံချင်စိတ်တွေကြွလာတာကြောင့် ကွင်းတွင်းကွင်းပြင်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွား ရတာကို နားလည်ပေးနိုင်ပေမယ့် နောင်လာမယ့် ပွဲတွေမှာ ဒီလိုထပ်မံ မဖြစ်ပွားစေချင်လို့ပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်က ဆိုသည်။ ရဲတပ်ဖွဲ့အနေနှင့် ပြည်သူ၏ မျိုးချစ်စိတ်၊ နိုင်လိုစိတ်ကြောင့် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ကို ဝင်ရောက် တားမြစ်ခြင်း မပြုလိုသော်လည်း အများပြည်သူ၏ လုံခြုံရေးအတွက် ဝင်ရောက် ထိန်းသိမ်း ပေးခြင်းဖြစ်ကြောင်း ၊ ရဲစခန်းတွင် ထိန်းသိမ်းခဲ့သူ အမျိုးသား ကိုးဦးကို ဘောလုံးပွဲများကို ယခုလိုပဋိပက္ခအသွင်မျိုးမဟုတ်ဘဲ နိုင်ငံကြီးသား ပီသစွာ ဆက်လက် အားပေးရန် ဖိတ်ခေါ်ကြောင်း ဦးဇော်ဇော်က ပြောကြားသည်။ “အိုမန်နဲ့ ပွဲတုန်းကတစ်ခါ ပြဿနာဖြစ်ခဲ့တာကြောင့် ဖီဖာက အိမ်ကွင်း ကျင်းပခွင့် သုံးနှစ် ပိတ်ခဲ့တာ အင်္ဂလန် ရှေ့နေဌားပြီး ပြန်လည် ကျင်းပခွင့်ရအောင် ဒဏ်ကြေး ဒေါ်လာ တစ်သောင်းပေးဆောင်ပြီး မနည်းကြိုးစား ခဲ့ရတာ။ အခုဖြစ်တဲ့ ပြဿနာကိုလည်း ဖီဖာက အရေးမယူနိုင်ဘူးလို့ မပြော နိုင်ဘူး ” ဦးဇော်ဇော်က ရှင်းပြသည်။ ထိန်းသိမ်းခံရသူများကို ဂရုဏာဖြင့် ပြန်လွတ်ပေးခဲ့သည့် အတွက် အလွန်ပင် ဝမ်းသာကြောင်း ထိန်းသိမ်း ခံထားသူ ကိုးဦးအနက်မှ ပုဇွန်တောင် မြို့နယ်၊ ရေကျော်ဈေးအနီးတွင် နေထိုင်သော လူငယ်၏ မိခင် ဒေါ်ခင်မာအေးက ပြောကြားသည်။ 

The Voice Weekly
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ မြန်မာ နှင့် အင်ဒိုနီရှား ဘောလုံးပွဲအပြီး သုဝဏ္ဏဘောလုံးကွင်း ပြင်ပတွင် ရဲတပ်ဖွဲ့ ဝင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့ရာမှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော အမျိုးသားကိုးဦးအနက် ရန်ကုန်မြို့တော် တွင် နေထိုင်သူ ရှစ်ဦးကို ခရီးစရိတ် တစ်ဦးလျှင် ကျပ် ငါးသောင်း နှင့် မန္တလေးမှ လာရောက်အားပေးသော အမျိုးသားတစ်ဦကို ခရီးစရိတ် ကျပ်တစ်သိန်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ခရီးစရိတ်ပေးခဲ့ သည်။

ဂျပန်နိုင်ငံ ခရီးစဉ်မှ သမ္မတဦးသိန်းစိန် ပြန်လည်ရောက်ရှိ

S-18-12
ဂျပန်ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် သမ္မတ ဦးသိန်းစိန်အား ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်
ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ-ဂျပန် ဆက်ဆံရေး နှစ်(၄၀)ပြည့် ထိပ်သီးဆွေးနွေးပွဲ တက်ရောက် ပြီးနောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံမှ ဒီဇင်ဘာ ၁၇ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန် လည်ရောက် ရှိ လာခဲ့သည်။

တစ်နိုင်ငံလုံး မည်သည့်နေရာတွင်မဆို လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခွင့်ပေးရန် ပုဂ္ဂလိကသို့ အဆိုပြုလွှာခေါ်ယူ၊ မြို့နယ် ၈၄ မြို့နယ်အား ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုသို့ ဓာတ်အားဖြန့်ဖြူးခွင့် ချထားပြီးဖြစ်

တစ်နိုင်ငံလုံး မည်သည့်နေရာတွင်မဆို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ပေးရန် ပုဂ္ဂလိကသို့ အဆိုပြု လွှာ ခေါ် ယူမှုအား လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒီဇင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာအလုပ်သမားများ အတွက် နိုင်ငံ ကူး လက်မှတ်နှင့် အထောက်အထားထုတ်ပေးရေး One stop Service အစီအစဉ် ယာယီရပ်ဆိုင်း

F.18.12
ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအလုပ်သမားများအား နိုင်ငံကူးလက်မှတ် များကို မြန်မာအရာရှိများက ထုတ်ပေးနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇောလင်း)
ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်နှင့် အထောက် အထားများထုတ်ပေးမည့် One stop Service Center ဖွင့်လှစ်မှုကို ယာယီရပ်ဆိုင်း ထားကြောင်း  ထိုင်း အခြေစိုက် မဲဆောက်နယ်စပ် အလုပ်သမားများအဖွဲ့မှ ဦးမိုးကြိုးက ပြောကြားသည်။

အင်ဒိုနီးရှားနှင့်ပွဲ မတိုင်မီ အစည်းအဝေး၌ ပတ်ဆောင်ဟွာက အင်ဒိုနီးရှားကို ရှုံးနိမ့်၍ မရဟု ပြောကြားခဲ့ကြောင်း မြန်မာအသင်းအုပ်ချုပ်သူ ဦးစိုးမိုး ပြောကြား

မြန်မာယူ-၂၃ အသင်း၏ အုပ်ချုပ်သူ ဦးစိုးမိုးက တောင်ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာ အနေဖြင့် အုပ်စုအဆင့်၌ Head to Head စည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ကို မသိရှိခဲ့ဟု ပြောကြားခြင်းမှာ မှန်ကန်မှုမရှိဘဲ ယင်းပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ၎င်းကိုယ်တိုင်က အင်ဒိုနီးရှားကို ရှုံးနိမ့်၍မရကြောင်း သတိပေးခဲ့သည်ဟု ပြောကြားသည်။

သျှမ်းပါတီ ပူးပေါင်းရေး ကမ်းလှမ်းမှု တလပြည့်သော်လည်း တိုးတက်မှု မရှိသေး

ပူးပေါင်းရေးအတွက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က သျှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ SNDP ထံ ကမ်းလှမ်းထားမှု တလပြည့်ပြီဖြစ်သော်လည်း တိုးတက်မှု မရှိသေး ကြောင်း နှစ် ပါတီလုံးက ပြောပါသည်။

တပ်သားသစ် ကောက်ယူမှုအား ရှုပ်ချ ဆန္ဒပြရန် သျှမ်းအသိုင်းအဝိုင်း စီစဉ်

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း သျှမ်းရွာသားများ တပ်သားသစ် စုဆောင်းခြင်း ခံရမှုအား ရှုပ်ချသည့် အနေဖြင့် ဆန္ဒပြရန် သျှမ်းလူမှုအသိုင်းအဝိုင်းက စီစဉ်နေကြောင်း တိုင်းလိုင် သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီက ပြောပါသည်။