Tuesday, 16 July 2013

Game ဒီဇိုင်းနှင့် Animation ဖန် တီး ပုံများ ရှင်း လင်းပြောကြား မည်

ပြည်တွင်းပြည်ပရှိ Gamr နှင့် Animation စီးပွားရေးလုပ်ငန်းများ၊ Game Design နှင့် Animation ဖန်တီး ပြုလုပ်ပုံများ အကြောင်းကို စင်ကာပူနိုင်ငံ၌ Game နှင့် Animation ဘာသာရပ်များကို ပို့ချပေးနေသည့် MAGES Institute of Excellent ကျောင်းမှ တာဝန်ရှိ တစ်ဦး က ဇူလိုင်လ ၂၀ ရက် စနေနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ CROWN Education Learning Center ၌ ရှင်း လင်းပြော ကြားသွားမည် ဖြစ်သည်။

ကိုယ်ဝန်ဆောင် များ အနား မကပ်ရန်

Photo: ကိုယ်ဝန်ဆောင်များ အနားမကပ်ရန်

post By Myawady News, on July 16, 2013

မိုက်ကရိုဝေ့ဖ် မီးဖို၊ ဆံပင်အခြောက်ခံစက်နှင့် ဖုန်စုပ်စက်တို့ ကဲ့သို့စွမ်းအင်နှင့် လျှပ်စစ်သုံး ကိရိယာ များဟာ ကြိမ်နှုန်းနိမ့် သံလိုက်စက်ကွင်းကို ထုတ်လွှတ်ပါတယ်။ သူတေသီများက ကိုယ်ဝန်ဆောင်များအား ကြိမ်နှုန်းနိမ့် သံလိုက် စက်ကွင်းများနှင့် ထိတွေ့မှုကို သတိထားရန် တိုက်တွန်း လိုက်ပါတယ်။

သုတေသီများက အသက် ၁၃ နှစ် အရွယ်ရောက်နေပြီ ဖြစ်သော ကလေးငယ်များနှင့် ၎င်း၏ မိခင်များ၏ နောက်ကြောင်း ရာဇဝင်ကို ခြေရာခံ လေ့လာခဲ့ရာ ကိုယ်ဝန်ဆောင်စဉ် ထိုသံလိုက် စက်ကွင်းနှင့် ထိတွေ့မှု များခဲ့သော မိခင်များမှ မွေးဖွားလာသော ကလေးငယ်များသည် ထိတွေ့မှုနည်းသော မိခင်များ၏ ကလေး များထက် ရင်ကျပ်ရောဂါ ခံစားနိုင်ရခြေ ပိုများကြောင်းကို တွေ့ရှိခဲ့ကြပါတယ်။

ဇင်မာမြင့်
Good Healths
မိုက်ကရိုဝေ့ဖ် မီးဖို၊ ဆံပင်အခြောက်ခံစက်နှင့် ဖုန်စုပ်စက်တို့ ကဲ့သို့စွမ်းအင်နှင့် လျှပ်စစ်သုံးကိရိယာများ ဟာ ကြိမ်နှုန်းနိမ့် သံလိုက်စက်ကွင်းကို ထုတ်လွှတ်ပါတယ်။ သူတေသီများက ကိုယ်ဝန်ဆောင်များအား ကြိမ်နှုန်းနိမ့် သံလိုက် စက်ကွင်းများနှင့် ထိတွေ့မှုကို သတိထားရန် တိုက်တွန်း လိုက်ပါတယ်။

သမ္မတဦးသိန်းစိန်ကို လန်ဒန်မှာ ဆန္ဒပြ

Photo: သမ္မတဦးသိန်းစိန်ကို လန်ဒန်မှာ ဆန္ဒပြ 

post By Myawady News, on July 16, 2013

ဗြိတိန်နိုင်ငံရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ဗြိတိန်အစိုးရက အကောင်းမြင် ကြိုဆိုတဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK က ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေ ဆွေးနွေးဖို့ ရှိနေတဲ့ မြန်မာသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံကြမယ့်အချိန်မှာပဲ အင်္ဂလန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဝန်ကြီးချုပ်အိမ်တော်ရှေ့မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေဆဲ အခြေအနေတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြထားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဒုတိယအကြိမ်မြောက် ဥရောပခရီးစဉ်အဖြစ် မြန်မာနိုင်ငံကနေ ဒေသစံတော်ချိန် တနင်္ဂနွေမနက်ပိုင်းကစပြီးတော့ ထွက်ခွာလာခဲ့တဲ့ ဦးသိန်းစိန်နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ ၁၄ ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေ ၆ နာရီခွဲမှာ အင်္ဂလန်နိုင်ငံ Heathrow လေဆိပ်ကို ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆိုက်ရောက်လာတဲ့ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ ဗြိတိန်ခရီးစဉ်အတွင်း ၀န်ကြီးချုပ် ဒေးဗစ် ကမရွန်း (David Cameron) အစိုးရက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK ရဲ့ပြောခွင့်ရ (Mark Farmaner) က ဗွီအိုအေကိုပြောပါတယ်။

“ဗြိတိသျှအစိုးရက သမ္မတ ဦးသိန်းစိန်ကို ကောဇောနီ ခင်းပြီး ကြိုဆိုတဲ့အတွက် Burma Campaign UK အနေနဲ့ သိပ်ကို စိတ်ပျက်မိပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့  နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် (William Hague) ဆီကို လာပြီး တွေ့ဆုံမယ့်အစား The Hague မှာရှိတဲ့ နိုင်ငံတကာ စစ်ခုံရုံးကိုပဲ လည်ပတ်သင့်ပါတယ်။ သူဟာ အရင် အာဏာရှင် စစ်အစိုးရလက်ထက်ကတင်မဟုတ်ဘဲ အခုလက်ရှိ ရာထူး ထမ်းဆောင်စဉ် ကာလမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်မှာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိသလို ရခိုင်ပြည်နယ်မှာလည်း အလားတူပါပဲ။ ဒါ့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အကျဉ်းချတာတွေ ခြိမ်းခြောက်တာတွေ တွေ့ရပြီး လွန်ခဲ့တဲ့ တလအတွင်းမှာပဲ လူ ၇၀ ကို ထောင်ဒဏ် စီရင်ခဲ့ပါတယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်ဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးသမား မဟုတ်ဘူးလို့ ကျနော်တို့ သုံးသပ်ပါတယ်။”

သမ္မတရဲ့ ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း အပါအဝင်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် နဲ့လည်း သမ္မတဦးသိန်းစိန် တွေ့ဆုံဖို့ ရှိတာမို့ သမ္မတဦးသိန်းစိန်နဲ့ ဗြိတိန်တာဝန်ရှိသူတွေ တွေ့ဆုံတဲ့အခါမှာ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ရှိပြီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးနိုင်ချေ ရှိပါတယ်။

ဒါ့အပြင် တိုင်းရင်းသား ဒေသတွေက ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေမှာ မြန်မာစစ်တပ်ကို လူ့အခွင့်အရေးသင်တန်းတွေ ပေးနိုင်ဖို့ ဗြိတိန်အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီးလည်း Burma Campaign UK က Mark Farmaner က အခုလို ဆက်ပြောပါတယ်။

“ဗြိတိသျှအစိုးရက မြန်မာစစ်တပ်ကို လူ့အခွင့်အရေးနဲ့ ပတ်သတ်လို့ သင်တန်းပေးဖို့ ကမ်းလှမ်းထားပါတယ်။ သင်တန်းပေးရာမှာ လူ့အခွင့်အရေးကို အားပေးမယ်ဆိုပေမဲ့ အခုလို သင်တန်းပေးရင် ငါးစားနေတဲ့ ငါးမန်းကို ငါးမစားတော့အောင် သင်တန်းပေးသလို ဖြစ်နေမှာပါ။ လူ့အခွင့်အရေး ချိုးဖောက်နေတာ စစ်တပ်ကဖြစ်လို့ ဒီချိုးဖောက်သူတွေကို အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိသရွေ့ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။”

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တနင်္လာနေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းမှာ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကမရွန်းနဲ့ ဝန်ကြီးချုပ် အိမ်တော် အမှတ် (၁၀) ဒေါင်းနင်းလမ်း နေအိမ်မှာ တွေ့ဆုံကြဖို့ ရှိနေချိန်မှာပဲ ဗြိတိန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူ ကချင်အမျိုးသားအစည်းအရုံးနဲ့အတူ Burma Campaign UK အပါအဝင် တိုင်းရင်းသားအဖွဲ့တွေက ဆန့်ကျင်ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ ဒေါင်းနင်းလမ်းဆန္ဒပြပွဲမှာ ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ကချင်အမျိုးသား အစည်းအရုံးက Mr Ring Du Lachyung က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“International Community သုံး လေးဖွဲ့ ရှိပါတယ်။ ရှမ်း ethnic၊ ကရင် ethnic တို့ တခြား ဒီ တိုင်းရင်းသား ethnic တွေကိုရော ကျနော်တို့ ဖိတ်စာပို့တယ်။ သူတို့ကိုယ်တိုင် လာပါဝင်မှ ကျနော်တို့ ဒီမှာ သမ္မတ ဦးသိန်းစိန် အ၀င်အထွက် အားလုံး စည်းဝေးပြီးတဲ့အထိ ကျနော်တို့ အဲ့ဒီရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။”

ဗြိတိသျှဝန်ကြီးချုပ်နဲ့ တွေ့ဆုံနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ကချင်အမျိုးသား အစည်းအရုံးနဲ့ Burma Campaign UK အပါအဝင် တိုင်းရင်းသားအဖွဲ့တွေက ဆန္ဒပြနေချိန်မှာပဲ ဗြိတိသျှပါလီမန်ရှေ့မှာ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ UK ရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ဆန္ဒပြခဲ့ကြပါတယ်။

ရိုဟင်ဂျာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်ဖို့ အင်တာနက် အွန်လိုင်းကနေ လက်မှတ် တစ်သန်း ရရှိတယ်လို့ဆိုတဲ့ AVAAZ အဖွဲ့နဲ့အတူ Burmese Rohingya Organization UK တို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ Burmese Rohingya Org UK ရဲ့ အထွေထွေအတွင်းရေးမှူး Mr. Ahamed Jarmal က ဗြိတိန်အစိုးရအနေနဲ့ သမ္မတဦးသိန်းစိန်ကို အခုလို အရေးတယူနဲ့ ကြိုဆိုတဲ့အပေါ် ကန့်ကွက်ကြောင်း ပြောပါတယ်။

“ကျနော်တို့ ဆန္ဒပြကြရခြင်းဟာ စိုးရိမ်မကင်း ဖြစ်မှုတွေကို ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို အသိပေးလိုတဲ့အတွက် ဖြစ်ပါတယ်။ သူ့ကို အခုလို ဖိတ်ကြားတာ မှားပါတယ်။ ဝန်ကြီးချုပ် ကင်မရွန်းအနေနဲ့ သမ္မတဦးသိန်းစိန်ကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံဟာ နောက်ထပ် ရဝမ်ဒါနိုင်ငံလို အဖြစ်မျိုး မရောက်စေဖို့အတွက် အလေးအနက် သတိပေးသင့်ပါတယ်။”

တနင်္လာနေ့ ညနေပိုင်း Chatham House မှာလည်း UK ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ စုဝေးပြီး မြန်မာအစိုးရအဖွဲ့ကို ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ ကချင်အမျိုးသား အစည်းအရုံးက နိုင်ငံခြားရေးတာဝန်ခံ မခိုင်ထောင် က ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၅ ရက်တာကြာမြင့်မယ့် ဥရောပခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်ဟာ အင်္ဂလန်နိုင်ငံ ပြီးရင်တော့ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ 

VOA Burmese
လန်ဒန်ရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ၀ိုင်းဆန္ဒပြနေကြစဉ် (၁၅ ဇူလိုင် ၂၀၁၃) ဓာတ်ပုံ - Burma Campaign UK
လန်ဒန်ရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ၀ိုင်းဆန္ဒပြနေကြစဉ် (၁၅ ဇူလိုင် ၂၀၁၃) ဓာတ်ပုံ - Burma Campaign UK
ဗြိတိန်နိုင်ငံရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ဗြိတိန်အစိုးရက အကောင်းမြင် ကြိုဆိုတဲ့အပေါ် စိတ်ပျက် မိတယ်လို့ Burma Campaign UK က ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူ့အခွင့်အရေးဆိုင် ရာတွေ ဆွေးနွေးဖို့ ရှိနေတဲ့ မြန်မာသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ် တို့ တွေ့ဆုံကြမယ့်အချိန်မှာပဲ အင်္ဂလန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဝန်ကြီးချုပ်အိမ်တော်ရှေ့မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေဆဲ အခြေအနေတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြထားပါတယ်။

မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိ ကန်ဒေါ်လာ သန်း ၆၂၀ ကျော် ကုန်သွယ် မှုပြုလုပ်

Photo: မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော် ကုန်သွယ်မှုပြုလုပ်
Tuesday, 16 July 2013 

သုံးလအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၂၀ ဒသမ ၂၀၅ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ခဲ့သဖြင့် ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ နီးပါးအား မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၈ ရက်အထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၄၅၂ ဒသမ ၁၈၄ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ် လာ ၄၄၂ ဒသမ ၁၂၄ သန်း ကုန်သွယ်မှု ပြုလုပ်ခဲ့သဖြင့် စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာ ၈၉၄ ဒသမ ၃၀၈ သန်း ရှိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခုမှကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ-
တရုတ် နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေး စခန်းမှ အများဆုံး ကုန်သွယ်မှု
 ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် ပို့ကုန်
အဖြစ် လယ်ယာထွက်ကုန်များအား အများဆုံး တင်ပို့ပြီး မော်တော်ဆိုင်
ကယ်၊ ယာဉ်နှင့် ယာဉ်ယန္တရားများကို အများဆုံး ပြန်လည် တင်သွင်းခြင်း
 ဖြစ်ကြောင်း သိရသည်။

ယခုလပိုင်း အတွင်း၌ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ နယ်စပ်ကုန်
သွယ်ရေး စခန်းအသစ်များကို ဖွင့်လှစ်ခဲ့ပြီး ထပ်မံ၍ ဖွင့်လှစ်ရန်လည်း စီစဉ်လျက် ရှိနေပြီး တရားဝင် ကုန်သွယ်မှုများ ပိုမိုတိုးတက်လာစေရန် အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နယ်စပ်မှတစ်ဆင့် တရားမ၀င် ၀င်ရောက်လျက်ရှိသည့် ကုန်စည်များကိုလည်း Mobile Team များဖွဲ့၍ ထိရောက်စွာ စစ်ဆေးလျက် ရှိကြောင်း၊ Mobile Team ဖြင့် စတင်ဖမ်းဆီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၇ ရက်အထိ ဖမ်းဆီးခဲ့သည့် အမှုတွဲပေါင်းမှာ ၁၆၅၈ ခုရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်း ၄၉၀၀ ကျော်ဖိုးရှိသည့် ကုန်စည်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် တစ်ပိုင်တစ်နိုင် ကုန်သွယ်မှု
များအတွက် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ်ကို ခွင့်ပြုပေးခဲ့ခြင်းကြောင့် တရားဝင် ကုန်သွယ်မှုမှာလည်း များပြားလာကြောင်း သိရသည်။

eleven media group
သုံးလအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၂၀ ဒသမ ၂၀၅ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ခဲ့သဖြင့် ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ နီးပါးအား မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နည်းဗျူ ဟာမြောက် လေတပ်မှ မဟာ ဗျူ ဟာမြောက် လေတပ်ဖြစ် လာရေး ဝိုင်းဝန်း ကြိုးပမ်း

Photo: နည်းဗျူဟာမြောက် လေတပ်မှ မဟာဗျူဟာမြောက် လေတပ်ဖြစ်လာရေး ဝိုင်းဝန်းကြိုးပမ်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံ မူများတွင် နိုင်ငံတော်နှင့် သက်ဆိုင်သည့် ပုဒ်မ(၅)၌ နိုင်ငံတော်၏ မြေထု၊ ရေထုနှင့် လေထုတို့ ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ဖြစ်သည့် နေ့တွင် တည်ရှိသည့် အတိုင်းဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ၂ဝဝ၈ ခုနှစ် မေ ၂၉ ရက်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးက အတည်ပြု ပြဋ္ဌာန်းလိုက်ပြီး ဖြစ်သဖြင့် နိုင်ငံတော်၏ မြေ ထု၊ ရေထုနှင့် လေထုတို့ပါဝင်သော နယ်နိမိတ်ကို တပ်မတော်က ကာကွယ်ရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက တာဝန် ပေးအပ်ထားသည်။

ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် မိမိတို့နိုင်ငံ အချုပ်အခြာ အာဏာတည်တံ့ခိုင် မြဲရေး၊ မြေပြင် ပိုင်နက်၊ ရေပိုင်နက်နှင့် လေပိုင်နက်တို့ကို ကာကွယ် စောင့်ရှောက်ရန် ခေတ်မီ ဆန်းသစ်သော စစ်လက်နက် အင်အား တောင့်တင်းစေရန် ဖြည့်တင်း ပြင်ဆင်လျက် ရှိသည်။

ခေတ်မီ ဆန်းသစ်သော နည်းပညာ အသစ်များတွင် လေကြောင်းနှင့် အာကာသ သိပ္ပံပညာ ရပ်များသည် ထိပ်တန်းက ပါဝင်လျက် ရှိသည်။

ထို့ကြောင့် ပြည်ထောင်စု တပ်မတော်ကို အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီ မျိုးချစ်တပ်မတော် တစ်ရပ်တည်ထောင်ရန် အတွက် တပ်မတော်(လေ)ရှိ ခေတ်မီ တိုက်လေယာဉ်များအား မောင်းနှင်မည့် အရည်အသွေး ပြည့်မီသော လေသူရဲများ မွေးထုတ် ပေးလျက် ရှိသည်။

တပ်မတော်(လေ) အတွက် လိုအပ်သော လေသူရဲများကို စစ်တက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်း အရာရှိများမှ ရွေးချယ် လေ့ကျင့်ပေးလျက် ရှိရာ အမှတ်စဉ်(၇၅) လေယာဉ်မောင်း သင်တန်းကို ၂ဝ၁၂ ခုနှစ် ဇူလိုင် ၃ဝ ရက်တွင် အမှတ်(၁) လေယာဉ်မောင်း သင်တန်းကျောင်း၌ စတင် ဖွင့်လှစ်ခဲ့သည်။ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၄၉)မှ ကျောင်းဆင်း အရာရှိ ၃ ဦး၊ အမှတ်စဉ် (၅ဝ)မှ ကျောင်းဆင်း အရာရှိ ၁ဝ ဦး၊ အမှတ်စဉ်(၅၄)မှ ကျောင်းဆင်း အရာရှိ ၂၂ ဦး၊ တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁ဝ)မှ ကျောင်းဆင်း အရာရှိ ၁ ဦး၊ အမှတ်စဉ် (၁၁)မှ ကျောင်းဆင်း အရာရှိ ၆ ဦးနှင့် အမှတ်စဉ်(၁၂)မှ ကျောင်းဆင်း အရာရှိ ၃ ဦး စုစုပေါင်း ၄၇ ဦး ရွေးချယ်လေ့ကျင့်

Read More >> http://www.myawady.net.mm/allnews/editorial/item/19419-2013-07-13-09-45-56
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံမူများ တွင် နိုင်ငံတော်နှင့် သက်ဆိုင်သည့် ပုဒ်မ(၅)၌ နိုင်ငံတော်၏ မြေထု၊ ရေထုနှင့် လေထုတို့ ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ဖြစ်သည့် နေ့တွင် တည်ရှိသည့် အတိုင်းဖြစ် သည် ဟု ပြ ဋ္ဌာန်းထားသည်။

မြ၀တီ နယ်စပ် စခန်းမှ သုံးလ အတွင်း အမေရိ ကန်ဒေါ်လာ ၈၆ သန်းကျော် ကုန်သွယ်နိုင်ခဲ့

Photo: မြ၀တီ နယ်စပ်စခန်းမှ သုံးလအတွင်း အမေရိကန်ဒေါ်လာ ၈၆ သန်းကျော် ကုန်သွယ်နိုင်ခဲ့
Tuesday, 16 July 2013

မြ၀တီနယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းမှ ဘဏ္ဍာနှစ်သစ်၏ အစဖြစ်
သော ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ကုန်သွယ်မှု ပြုခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၇၉၁ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း
မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။

တစ်နိုင်ငံလုံးရှိ နယ်စပ်စခန်းများမှ သုံးလအတွင်း အမေရိကန်ဒေါ်လာ ၃၇၃ သန်းကျော် ကုန်သွယ်နိုင်ခဲ့ပြီး ပို့ကုန်တင်ပို့မှုမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၈၅ သန်း ကျော် ကုန်သွယ်နိုင်ခဲ့၍ ပို့ကုန် ကုန်သွယ်မှု များပြားခဲ့သော်လည်း
မြ၀တီ နယ်စပ်စခန်း အနေဖြင့် ပြည်တွင်းသို့ သွင်းကုန် ကုန်သွယ်မှုတွင် သုံးဆကျော် မြင့်တက်နေဆဲ ဖြစ်သည်ဟု ဆိုခဲ့သည်။

မြ၀တီနယ်စပ်မှ ပြည်တွင်းစားသုံးမှု ဈေးကွက်သို့ တင်သွင်းမှုမှာ သုံးလ
အတွင်း အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၇၉၆ သန်း ကုန်သွယ်နိုင်ခဲ့
သလို ပြည်ပတင်ပို့မှုတွင်လည်း အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၉၉၅ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီနယ်စပ်မှ ပြည်တွင်းသို့ တင်ပို့ရာတွင် ဆန်နှင့် လယ်ယာထွက် ပစ္စည်းများ၊ ငါး၊ ကဏန်းနှင့် ရေထွက်ပစ္စည်းများ အများဆုံး တင်ပို့ခဲ့ပြီး၊ သစ်တောထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက် ပစ္စည်းများ တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှုမှာ မရှိသလောက် လျော့နည်းနေသေးကြောင်း သိရသည်။

မြ၀တီ နယ်စပ်မှတစ်ဆင့် ပဲမျိုးစုံတင်ပို့မှုတွင် မြေပဲဆန်သည် ထိုင်းနိုင်ငံ၏
ဈေးကွက် လိုအပ်ချက်အရ ထိုင်းနိုင်ငံအတွင်း ဈေးကွက်ရရှိလျက်ရှိကာ မဲဆောက်မှတစ်ဆင့် ဘန်ကောက် ဈေးကွက်အထိ တင်ပို့လျက်ရှိကာ ယင်းမှတစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ တင်ပို့လျက် ရှိသည်ဟု ဆိုသည်။

ဒေါနတောင်ကျော် ကုန်သွယ်လမ်းမှ ပြည်တွင်းဈေးကွက်သို့ တင်သွင်းရာတွင်
ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးနှင့် လူသုံးကုန်၊ စားသုံးကုန်များ၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ စားအုန်းဆီ၊ အချိုမှုန့်နှင့် ဆိုင်ကယ်များ၊ ကားများတင်သွင်း လျက်ရှိကြောင်း သိရသည်။

တစ်ဖက်နိုင်ငံမှ တင်သွင်းသည့် ဆိုင်ကယ်အများစုမှာ Honda Click၊ Honda Alpha၊ Dream၊ Wave အမျိုးအစားများဖြစ်ပြီး Honda Alpha အမျိုးအစား
မှာ ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ တင်သွင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

eleven media group
မြ၀တီနယ်စပ် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ဘဏ္ဍာနှစ်သစ်၏ အစဖြစ်သော ဧပြီ၊ မေ၊ ဇွန် သုံးလ အတွင်း ကုန်သွယ်မှု ပြုခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၇၉၁ သန်း ကုန်သွယ်နိုင် ခဲ့ကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။

ဆီးချိုနှင့် အိမ်တွင်းကုထုံးများ

Photo: ဆီးချိုနှင့်အိမ်တွင်းကုထုံးများ
Monday, 15 July 2013

ဆီးချိုရောဂါသည် ဇီဝရုပ် ဖြစ်ပျက်မှုမမှန်၍ ဖြစ်သော ရောဂါ အစုအဝေး
( metabolic syndrome)အုပ်စုထဲတွင် ပါဝင်ပြီး ယင်းက ခန္ဓာ ကိုယ်မှ အင်ဆူလင် လုံလောက်စွာ မထုတ်နိုင်သော အခြေအနေ သို့မဟုတ် ခန္ဓာကိုယ်မှ အင်ဆူလင် အား အာရုံခံစားမှုနှုန်းကို ကျစေပြီး နောက်
ဆက်တွဲ ရောဂါများစွာကို ဖြစ်ပေါ်စေလေသည်။ ဆီးချို ရောဂါမှာ ယခု
အခါ ကမ္ဘာတစ်လွှားတွင် တဖြည်းဖြည်းများပြားလာပြီး ကုထုံးများမှာလည်း တဖြည်းဖြည်း များပြားလာခဲ့သည်။ ယင်းကဲ့သို့ များပြားလှ သော ဆီးချို
ကုထုံးများထဲတွင် အိမ်တွင်းကုထုံးများလည်း ပါဝင်လေသည်။

၁.ပင်စိမ်းရွက်
ပင်စိမ်းရွက်ထဲတွင် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများသာမက eugenol, methyl eugenol နဲ့ caryophyllene စတဲ့ ပန်ကရိယက အင်ဆူလင်
ထွက်ရာမှာ ကူညီပေး သောပစ္စည်းများ ထွက်စေသည့် အဆီများလည်း များစွာပါဝင်လေ သည်။ အသုံးပြုပုံမှာ ပင်စိမ်းရွက် ၂ရွက် ၃ရွက်သို့မဟုတ် ပင်စိမ်း ရွက်အရည်လက်ဖက်ရည်တစ်ဇွန်း အား အစားမစားမီ သောက်ပေး
ပါက သွေးတွင်းသကြားဓာတ်ထိန်းရာ မှာ အကူအညီဖြစ်စေပါတယ်။

၂.ပိုက်ဆံလျော်စေ့
ပိုက်ဆံလျော်စေ့တွင် အမျှင် ဓာတ် များစွာပါဝင်ပြီး အစာချေရာမှာ ကူညီပေးကာ အဆီနဲ့သကြားဓာတ် စုပ်ယူမူကိုလည်း မျှတစေပါတယ်။ ယင်းအစေ့အား စားသုံးခြင်းအားဖြင့် အစာစားပြီးနောက် သွေးတွင်း သကြားဓာတ်မြင့် တက်မှုအား ၂၈% ခန့်သက်သာစေသည်။

၃.သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်က အင်ဆူ လင်အာရုံခံစားမှု နှုန်းမြင့်တက်စေပြီး သွေးတွင်း
သကြားဓာတ်ကို လျော့ကျ စေပါတယ်။ တစ်ရက်လျှင် သစ်ကြံ ပိုးခေါက်၊ လက်ဖက်ရည်ဇွန်း တစ်ဝက် စားပေးခြင်းက အင်ဆူလင် အာရုံခံ စားမှု တိုးလာရုံသာမက ခန္ဓာကိုယ် အလေးချိန် ထိန်းရာမှာလည်း အကူ အညီပေးနိုင်ပြီး နှလုံးရောဂါ ဖြစ်ပွား နိုင်ခြေများကိုလည်း လျော့နည်းစေ သည်။

၎.လက်ဖက်စိမ်းရွက်
လက်ဖက်စိမ်းရွက်ဟာ အခြား အရွက်တွေနဲ့မတူဘဲ Polyphenol ပမာဏ
များစွာပါဝင်ပါတယ်။ Polyphenol ဟာ အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းသာမက သွေးတွင်းသကြားဓာတ်ကို လျော့ကျ စေရာမှာလည်း ကူညီပေးနိုင်သည်။

၅. ဒန့်သလွန်ရွက် - ဒန့်သလွန် ရွက်ဟာ လူရဲ့ခုခံအားစနစ်ကို မြှင့် တင်ပေးတဲ့အကောင်းဆုံးအစားအ စာတစ်ခုဖြစ်ပါတယ်။ ဆီးချိုဝေဒနာ ရှင်တွေမှာတော့ ဒန့်သလွန်ရွက်က အစာချေဖျက်မှုကို နှေးစေပြီး
သွေး ပေါင်ချိန်ကိုလည်းကျစေကာ အစာ စားလိုမှုကိုလည်း လျော့နည်း
စေပါသည်။

၆.ကြက်ဟင်းခါးသီး
ကြက်ဟင်း ခါးသီးကို တစ်ပတ်တစ်ခါ အနည်း ဆုံးစားပေးခြင်းဖြင့် ဆီးချို သက်သာ စေပါတယ်။ ရလဒ်ကိုပိုပြီး မြန်မြန် လိုချင်တယ်ဆိုလျှင် ကြက်ဟင်း ခါးသီးအရည် ၁ဖန်ခွက်အား သုံးရက် တစ်ကြိမ် သောက်ပေးနိုင်ပါတယ်။

မိုင်ကိ
ref: Medindai
Health Updates Journal
ဆီးချိုရောဂါသည် ဇီဝရုပ် ဖြစ်ပျက်မှုမမှန်၍ ဖြစ်သော ရောဂါ အစုအဝေး ( metabolic syndrome)အုပ်စု ထဲတွင် ပါဝင်ပြီး ယင်းက ခန္ဓာ ကိုယ်မှ အင်ဆူလင် လုံလောက်စွာ မထုတ်နိုင်သော အခြေအနေ သို့မဟုတ် ခန္ဓာကိုယ်မှ အင်ဆူလင် အား အာရုံခံစားမှုနှုန်းကို ကျစေပြီး နောက်ဆက်တွဲ ရောဂါများစွာ

မနော့ရွှေမှော်တွင် KIA အဖွဲ့၏ ဖမ်းဆီးခံရသော ဒေသခံ(၈)ဦးအနက် (၂)ဦး ပြန်လည် ထွက်ပြေး လွတ်မြောက်

Photo: မနော့ရွှေမှော်တွင် KIA အဖွဲ့၏ ဖမ်းဆီးခံရသော ဒေသခံ(၈)ဦးအနက် (၂)ဦး ပြန်လည်ထွက်ပြေးလွတ်မြောက်
Tuesday, 16 July 2013

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာရှိ မနော့ရွှေမှော်တွင် အင်ဝိုင်းဖြင့် ရွှေကျင်လုပ်ငန်း လုပ်ကိုင် နေကြသော ဒေသခံရွာသား(၈)ဦး
အား KIA အဖွဲ့ တစ်ဖွဲ့က လွန်ခဲ့သော တစ်ပတ်ခန့်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ရာ ဇူလိုင် ၁၃ ရက်နေ့တွင် ဒေသခံရွာသား(၂)ဦး ပြန်လည်ထွက်ပြေး
လွတ်မြောက် လာခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့က မြစ်ကြီးနားမြို့နယ် မော်ဖောင်းအထက်ကျေးရွာ မှာ နေ ပါတယ်၊ ကျွန်တော် ဦးစီး အဖွဲ့ဝင်(၈) ဦးနဲ့ မနော့ ရွှေမှော်ထဲမှာ အင်ဝိုင်းနဲ့
ရွှေကျင်ကြတာပါ၊ လွန်ခဲ့တဲ့တစ်ပတ်လောက်က ည ၁၀ နာရီလောက်မှာ ကချင်လွတ်လပ်ရေး တပ်ဖွဲ့တစ်ဖွဲ့ရောက်လာပြီး ကျွန်တော်အပါအ၀င်
(၈)ဦးလုံးကို ရွှေမှော်တောင်ဘက် တောထဲကို ခေါ်သွားပါတယ်၊ နောက် တစ်နေ့မှာ ကျွန်တော်တို့ ၂ ယောက် ထွက်ပြေးခဲ့ကြပါတယ်၊ ဇူလိုင် ၁၃ ရက်နေ့မှာတော့ မိုးကောင်းမြို့နယ်၊ ပင်ဘော ကျေးရွာကို တောတိုးရင်း
ရောက်လာခဲ့ပါတယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို သတင်းပို့လိုက်တော့ ဟိုပင်မြို့နယ်ရဲစခန်းမှာ ကျွန်တော်တို့ကို လိုက်အပ်ပေးပါတယ်” ဟု ထွက်ပြေးလွတ်မြောက်လာသူ မော်ဖောင်းအထက် ရွာသားတစ်ဦးက
ပြောပြ သွားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခံရသော ဒေသခံရွာသား(၆)ဦင်္းအား
ပြန်လည်လွတ်မြောက်ရေး ဟိုပင် မြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူ
ထားကြောင်း သိရှိရပါသည်။

နော်ထူးဇော်
Kachin Daily News
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာရှိ မနော့ရွှေမှော်တွင် အင်ဝိုင်းဖြင့် ရွှေကျင်လုပ်ငန်း လုပ်ကိုင် နေကြသော ဒေသခံရွာသား(၈)ဦးအား KIA အဖွဲ့ တစ်ဖွဲ့က လွန်ခဲ့သော တစ်ပတ်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဇူလိုင် ၁၃ ရက်နေ့တွင် ဒေသခံရွာသား(၂)ဦး ပြန်လည်ထွက်ပြေးလွတ်မြောက် လာခဲ့ကြောင်း သိရသည်။

ရန်ကုန် -နေပြည်တော်- မန္တလေး ကွန်ကရစ် အမြန် လမ်းမကြီး ၌ ဆိုးရွား သည့် ယာဉ် မတော်တဆ မှုများ ဆက်တိုက် ဖြစ်ပေါ်နေ ချိန် နေပြည်တော် ရှိ ကွန်ကရစ်လမ်း များအား နိုင်လွန် ကတ္တရာ ထပ်ပိုးလွှာ ခင်းနေ

Photo: ရန်ကုန်-နေပြည်တော်-မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီး၌ ဆိုးရွားသည့် ယာဉ်မတော်တဆမှုများ ဆက်တိုက် ဖြစ်ပေါ်နေချိန် နေပြည်တော်ရှိ ကွန်ကရစ်လမ်းများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းနေ
Tuesday, 16 July 2013

ကွန်ကရစ် အမျိုးအစား ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်း
မကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားနေသည့် အချိန်တွင် တစ်မိုင်လျှင် ကျပ်သန်း ၁၄၃၁ ကုန်ကျခံ ဖောက်လုပ်ထားသည့် နေပြည်တော်ရှိ ကွန်ကရစ် လမ်းမကြီးများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းအား အမြန်ဆောင်ရွက်လျက် ရှိနေသည်။

နေပြည်တော် လမ်းများအား ခင်းကျင်းရာတွင် တစ်မိုင်လျှင် ကျပ် ၁ ဒသမ ၄၃ ဘီလျံကျော် ကုန်ကျရာ၌ ပါဝင်သည့် အပိုင်းများမှာ ၄၈ ပေ x ၁၃ လက်မ ကွန်ကရစ်လမ်း တစ်မိုင်အတွက် ကျပ် ၇၇၂ သန်း၊ လမ်းလယ်ကျွန်း လုပ်ငန်းအတွက် တစ်မိုင်ကျပ် ၉၂ သန်း၊ လမ်းဘေးဝဲယာ မြေသားမြောင်း တစ်မိုင်လျှင် ကျပ် ၇ သန်း၊ လမ်းလယ်ကျွန်း ရေရရှိရေးလုပ်ငန်း တစ်မိုင်လျှင် ၁၆၆ သန်း၊ လမ်းလျှပ်စစ်မီးလုပ်ငန်း တစ်မိုင်ကျပ်သန်း ၂၁၀ နှင့် လမ်းလယ်
ကျွန်း လမ်းဘေးဝဲယာ မြေယာရှုခင်း လုပ်ငန်းအတွက် တစ်မိုင်လျှင် ကျပ် ၁၈၄ သန်း စုစုပေါင်း တစ်မိုင်လျှင် ကျပ် ၁၄၃၁ သန်း (ကျပ် ၁ ဒသမ ၄၃၁ ဘီလျံ) အထိ ကုန်ကျခြင်း ဖြစ်သည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားသည့် ကွန်ကရစ် လမ်းမကြီး တစ်လျှောက်၊ အစိုးရ၀န်ကြီး ရုံးများနှင့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြုလုပ်မည့် အားကစားကွင်း၊ အားကစားရုံ၊ အားကစားရွာသို့ ဆက်သွယ်ထားသည့် ရာဇသင်္ဂဟ လမ်းမကြီး၊ ပျဉ်းမနား-နေပြည်တော်
-တောင်ညို ကွန်ကရစ် လမ်းမကြီးများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းကျင်းခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ ခင်းကျင်းခဲ့ကြောင်း သိရသည်။

နေပြည်တော် လမ်းပိုင်းများ ခင်းကျင်းနေမှုနှင့် ပတ်သက်သည့် သတင်း အချက်အလက်များအား နေပြည်တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနသို့ မေးမြန်းခဲ့ရာ၌ သတင်းဖြေကြားမည့်သူထံ အဆင့်ဆင့် လွှဲပြောင်းခဲ့ကြောင်း၊ ဒုတိယ မြို့တော်ဝန် ခွင့်ပြုချက် ရရှိမှသာ ဖြေကြားနိုင်
မည် ဖြစ်ကြောင်း၊ ဒုတိယ မြို့တော်ဝန်ထံသို့ သွားရောက်ရာ အစည်းအဝေး တက်ရောက်နေသည်ဟု ပြောကြားသည့် အတွက် ဖြေကြားမှု တစ်စုံတစ်ရာ မရရှိကြောင်း သိရသည်။

ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော်-မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီးအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းရန်အတွက်မူ တရုတ်နိုင်ငံမှ ငွေချေးပေးထားကြောင်းနှင့် ယခုအချိန်
အထိ တစ်ပိုင်းတစ်စပင် ခင်းကျင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍရေး နှစ်များအတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အမြန်လမ်းမကြီးအား နိုင်လွန်ကတ္တရာ ခင်းကျင်းနိုင်ရန် အတွက်တရုတ်
နိုင်ငံမှ အတိုးနှင့်ထုတ်ချေးထားသည့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်
ဖြင့် အမြန်လမ်းမကြီးအား အဆင့်မြင့် နိုင်လွန်ထပ်ပိုးလွှာ ကတ္တရာခင်းရန် အမျိုးသား စီမံကိန်းသို့ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း
စတင်နိုင်ရန် တင်ပြထားသည်။

အဆိုပါ အမြန်လမ်းမကြီးသည် စတင်ဖွင့်လှစ်သည့် ၂၀၀၉ ခုနှစ် မတ်လမှ ယခုအချိန်ထိ ယာဉ်မတော်တဆမှု ၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ခရီးသည်
သေဆုံးသူ ၂၅၀ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၈၀၀ ကျော် အထိ ရှိလာပြီ
ဖြစ်သည်။ ၎င်းလမ်းမသည် တစ်နိုင်ငံလုံး ဟိုင်းဝေးလမ်း အရှည် စုစုပေါင်း၏ ၁ ဒသမ ၈၅ ရာခိုင်နှုန်းသာ ရှိသော်လည်း လူသေဆုံးမှုနှုန်းမှာ ၁၃ ဒသမ ၅၄ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၃၆၆ မိုင် ၃ ဖာလုံ ရှည်လျားပြီး ၄င်းလမ်းမကြီးပေါ်တွင် အမြန်လမ်း ရဲတပ်ဖွဲ့ ရဲစခန်းများ တည်ရှိပြီး တစ်နေ့
လျှင် ပျမ်းမျှယာဉ်အစီးရေပေါင်း ၇၀၀၀ ၀န်းကျင် ဖြတ်သန်းသွားလာကြောင်း
သိရသည်။
eleven media group
ကွန်ကရစ် အမျိုးအစား ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ် ပွားနေသည့်အချိန်တွင် တစ်မိုင်လျှင် ကျပ်သန်း ၁၄၃၁ ကုန်ကျခံ ဖောက်လုပ်ထားသည့် နေပြည်တော်ရှိ ကွန်ကရစ်လမ်းမကြီးများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းအား အမြန်ဆောင်ရွက်လျက် ရှိနေ သည်။

မြင်းခြံမြို့နယ်ရှိ ဆီမီးခုံ ဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်း ကို ရက်အနည်းငယ် အတွင်း စတင်မည်

Photo: မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်းကို ရက်အနည်းငယ်အတွင်း စတင်မည်
Tuesday, 16 July 2013 

မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ် အတွင်းရှိ ဆီမီးခုံဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်းများအား လာမည့်ရက် အနည်းငယ်အတွင်း စတင်ဆောင်ရွက်မည်ဟု သိရှိရသည်။

မြင်းခြံမြို့နယ် အတွင်းရှိသော ဆီမီးခုံမြို့၊ ဆီမီးခုံဆိပ်ကမ်း စီမံကိန်းအား လွန်ခဲ့သော တစ်နှစ်ကျော်မှ စတင်ခဲ့ပြီး ယခုအခါ ဆိပ်ကမ်းအား မြေပေါ်
ရေအောက် တည်ဆောက်ခြင်းများကို လာမည့်လအတွင်း စတင်နိုင်မည်ဟု သိရသည်။

''စီမံကိန်းက လွန်ခဲ့တဲ့ ၁၄ လလောက်ကပဲ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီမှာတာဝန်ကျတဲ့ ၀န်ထမ်းအချို့က မြို့သာစီမံကိန်းမှာလည်း တာဝန်
ထမ်းဆောင် ရတာတွေ ရှိ ပါတယ်။ လာမယ့် ဇူလိုင်လအကုန် ဒါမှမဟုတ် သြဂုတ်လဆန်းပိုင်း လောက်မှပဲ ၀န်ထမ်းအချို့နဲ့ စက်ယန္တရားတွေ ရောက်တဲ့
အခါ စတင်တည်ဆောက် သွားမှာပါ။ အကြီးစား စက်ယန္တရားတွေ၊ သံမဏိ
ပစ္စည်းတွေ တင်ဆောင်တဲ့ သင်္ဘောကြီးတွေ အများဆုံး ၀င်ရောက် ဆိုက်ကပ်
မှာပါ'' ဟု ဆီမီးခုံဆိပ်ကမ်း စီမံကိန်း၏ တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြော
ကြားသည်။

မြင်းခြံမြို့နယ် အတွင်းရှိ ဆီမီးခုံဆိပ်ကမ်း တည်ဆောက်ခြင်း စီမံကိန်းအား စတင် ဆောင်ရွက်စဉ် အခါက စီမံကိန်းအတွက် နေရာများ ၀ယ်ယူခြင်းနှင့် နစ်နာကြေးများ အတွက် လျော်ကြေးငွေများ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

eleven media group
မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ် အတွင်းရှိ ဆီမီးခုံဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်းများအား လာမည့်ရက် အနည်းငယ်အတွင်း စတင်ဆောင်ရွက်မည်ဟု သိရှိရသည်။

Monday, 15 July 2013

ပြည်သူများ ကန့်ကွက် ဆန္ဒပြမှုကြောင့် ယူရေနီယံ စက်ရုံ စီမံကိန်းကို တရုတ်အစိုးရ ရပ်ဆိုင်း

Photo: ပြည်သူများ ကန့်ကွက် ဆန္ဒပြမှုကြောင့် ယူရေနီယံ စက်ရုံ စီမံကိန်းကို တရုတ်အစိုးရ ရပ်ဆိုင်း
Monday, 15 July 2013 

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ယူရေနီယံ ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ရာပေါင်းများစွာသော ပြည်သူများက ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရက ရုတ်တရက် ဖျက်သိမ်းလိုက်ကြောင်း ဒေသခံ ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်ကို Reuters သတင်း ဌာနက ကိုးကား ဖော်ပြသည်။

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ အဓိက ထွန်းကားရာ ဂွမ်ဒေါင်း ပြည်နယ်ရှိ ပုလဲ မြစ်ဝကျွန်းပေါ် ဒေသတွင် ဟက်တာ ၂၃၀ ကျယ်ဝန်းသော မြေနေရာ၌ ယူရေနီယံ ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ပြည်သူ ရာပေါင်းများစွာက ကန့်ကွက်ခဲ့ကြရာ အိမ်နီးချင်း ဟောင် ကောင်နှင့် မက်ကာအိုထိပင် ကူးစက် ပျံ့နှံ့သွားသည်။

ထိုသို့ ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်တွင် ဟီဆန်မြို့ အစိုးရအဖွဲ့က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ‘ပြည်သူလူထု၏ ဆန္ဒကို လေးစား လိုက်နာသောအားဖြင့် CNNC စီမံကိန်းကို ဒေသ အစိုးရအနေနှင့် အဆိုပြုတော့မည် မဟုတ်ပေ’ ဟု ဖော်ပြထားသည်။

နိုင်ငံပိုင် တရုတ် အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်း CNNCနှင့် ဂွမ်ဒေါင်း နျူကလီးယား ပါဝါ ကော်ပိုရေးရှင်း GNPC တို့သည် ဖော်ပြပါ
 ဒေသတွင် ဒေါ်လာ ၆ ဘီလီယံ တန်ဖိုးရှိ ယူရေနီယံ စက်ရုံ စီမံကိန်းကြီးကို တည်ဆောက်သွားရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

လတ်တလော အနေအထားတွင် စီမံကိန်း ဖျက်သိမ်းလိုက်ရခြင်းနှင့် ပတ်သက်၍ အစိုးရနှင့် ကုမ္ပဏီမှ အရာရှိများကို ဆက်သွယ် မေးမြန်း၍ မရနိုင်သော်လည်း ဘေဂျင်းအခြေစိုက် နျူကလီးယားပါဝါ ကျွမ်း ကျင်သူ တစ်ဦး အဆိုအရ စီမံကိန်းသည် ဒေသ အစိုးရတို့၏ ထောက်ပြ ပြောဆိုမှု များကြောင့် ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

၎င်း၏အဆိုအရ အဆိုပါ စက်ရုံ စီမံကိန်း ၂၀၁၀ ပြည့်နှစ်တွင် ပြီးဆုံးမည်ဆိုပါ က တစ်နှစ်လျှင် ယူရေနီယံ လောင်စာ တန်ချိန် တန်ပေါင်း ၁၀၀၀ ခန့် ထုတ်လုပ်နိုင်မည် ဖြစ်သည်။

စီမံကိန်းအကြောင်း သိရှိထားသည့် အရာရှိ တစ်ဦးက “နျူကလီးယား စွမ်းအင် စက်ရုံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယူရေနီယံ ထုတ်လုပ်မယ့် စက်ရုံက ပိုပြီး လုံခြုံမှု ရှိပါတယ်” ဟု ပြောကြားသည်။

ဂွမ်ဒေါင်းဒေသခံ ပြည်သူများသည် ဇူလိုင်လ ၁၂ ရက်နေ့က ယင်းစီမံကိန်းကို ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့တွင်လည်း ပိုမို ကြီးမားသော ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။

ယူရေနီယံ စီမံကိန်း ဖျက်သိမ်းလိုက်မှုက အစိုးရ အရာရှိများ အပါအဝင်
 ပြည်သူများစွာကို အံ့အားသင့် စေခဲ့ကြောင်း၊ တရုတ် အစိုးရသည် ယခုအခါ သဘာဝပတ်ဝန်းကျင် အရေးကိစ္စနှင့် ပတ်သက်လာ ပါက ဒေသခံများ၏ ဆန္ဒပြ ကန့်ကွက်မှုများကို ပိုမို အလေးပေး လာကြောင်း စောင့်ကြည့်
 လေ့လာသူများက ဆိုသည်။

The Voice Weekly
တရုတ်နိုင်ငံ တောင်ပိုင်းတွင် ယူရေနီယံ ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ရာပေါင်းများစွာသော ပြည်သူများက ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရက ရုတ်တရက် ဖျက်သိမ်းလိုက်ကြောင်း ဒေသခံ ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်ကို Reuters သတင်း ဌာနက ကိုးကား ဖော်ပြသည်။

ဗုဒ္ဒဘာသာ ယဉ်ကျေးမှုသင်တန်း ဓမ္မစကူလ် ကလေးမြို့တွင် ဖွင့်မည်

Photo: ဗုဒ္ဒဘာသာ ယဉ်ကျေးမှုသင်တန်း ဓမ္မစကူလ် ကလေးမြို့တွင် ဖွင့်မည်
Monday, 15 July 2013

ဇူလိုင်လ (၂၁) ရက် တနင်္ဂနွေနေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇူလိုင်လ ဗုဒ္ဒဘာသာ ယဉ်ကျေးမှု
သင်တန်းဓမ္မစကူလ်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ဓမ္မစကူးလ်ဆိုတာကို လူတွေ များသောအားဖြင့် မြင်တာနေတာက သူတစ်ပါး
ဘာသာကိုမုန်းတီးရေးအတွက် လုပ်ဆောင်နေကြတယ်လို့ဆိုတဲ့ အမြင်မျိုး
တွေပါ။ တကယ်တော့ဓမ္မစကူလ်ဆိုတာ နွေရာသီမှာ ကလေးတွေကို သင်ပေးတဲ့ဗုဒ္ဒဘာသာ ယဉ်ကျေးမှုသင်တန်းပါပဲ။ အခြားဘာသာ မုန်းတီးရေး
မပါပါဘူး။သင်မှာကလည်း ပြဌာန်းသင်ရိုးညွှန်းတမ်း စာအုပ်တွေနဲ့သင်မှာပါ။

သင်ရိုးတွေကိုလည်းစိတ်ဝင်စားရင် လေ့လာနိုင်ပါတယ်။ သင်ရိုးစာအုပ်မှာ ဗုဒ္ဒဖြစ်စဉ်၊ လက်တွေ့အသုံးချနိုင်မည့် ဗုဒ္ဒအဆုံးအမများ၊ ဗုဒ္ဒဘာသာ သမိုင်း၊ မြန်မာနိုင်ငံနှင့်ဗုဒ္ဒဘာသာ၊ နိုင်ငံတကာနှင့် ဗုဒ္ဒဘာသာ၊ စတဲ့ ခေါင်း
စဉ်နဲ့ အပိုင်းတွေခွဲပေးထားပါတယ် ကလေးမြို့မှာဆိုရင် ဓမ္မစကူးလ်ဆင့်ပွား
သင်တန်းကိုပညာရေးဌာန(၁၅) ခုက ဆရာ/မ (၃) ဦး စီကို ပြီးခဲ့သည့်ဇူလိုင်
လ (၄) ရက်နေ့စတင်ကာ သင်တန်း တစ်ပတ်ခန့် ဆင့်ပွားပေးခဲ့နိုင်တယ်။

အခုတော့ဓမ္မစကူးလ်များ လက်တွေ့ အကောင်အထည်ဖော်မှု စတင်တော့
မယ် လို့ဓမ္မစကူးလ်းများနှင့် ပတ်သက်၍လည်း အမျိုးဘာသာ သာသနာ
စောင့်ရှောက်သူများ(ကလေးမြို့)မှ အတွင်းရေးမှူး အောင်ချမ်းသာကျောင်းမှ
MRTV 4 ဆရာတော် ဦးကဉ္စနောဘာသ က မိန့်ကြားခဲ့ပါသည်။

ဓမ္မစကူးလ်ကျောင်းများအတွက် တက်ရောက်ကြမည့် ကလေးမြို့နှင့် နယ်တစ်ဝိုက်ရှိကျောင်းသား/သူများအားအနေဖြင့် ဇူလိုင်လ(၁၅) ရက်မှ (၁၈) ရက်နေ့အထိသက်ဆိုင်ရာဌာနအလိုက် ကျောင်းအပ်လက်ခံ
မည်ဖြစ်ပြီး ကျောင်းအပ်ရာတွင်မိဘ(သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင်
ကျောင်းအပ်ရမှာဖြစ်ပြီး ဌာနအလိုက်ကျောင်းသားဦးရေ သတ်မှတ်
ထားကာ တစ်ဌာနလျှင် အတန်းသုံးတန်းခွဲ၍ပထမတန်း(၄၀)ဦး၊ ဒုတိယ
တန်း(၄၀)ဦး၊တတိယတန်း(၄၀)ဦး တက်ရောက်ရန်သတ်မှတ်ထားသည်။

ဓမ္မစကူးလ် တက်ချိန်အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက်
(၈း၀၀) နာရီမှ (၁၀း၃၀) အထိ သတ်မှတ်ထားသည်။ ဓမ္မစကူးလ်အနေဖြင့်
ဗုဒ္ဒစာပေများအပြင် ကလေးငယ်များအတွက် စိတ်ဝင်စားဖွယ်ရာ အရုပ် ကလေးများဆက်နည်း၊ စက္ကူဖြင့် အရုပ်ကလေးများ ခေါက်ချိုးနည်းများကိုပါ
ထည့်သွင်းသင်ကြားပေးမည်ဖြစ်သည်။ မိမိ ရင်သွေးငယ်များအနေဖြင့်
အထူးသတိပေးချက်အနေဖြင့် အတန်းလိမ်လည် အပ်နှံခြင်း လက်မ
ခံကြောင်းကိုပါသိရပြီး လိမ်လည်အပ်နှံထားသည်ကို တွေ့ရှိပါက သင်တန်းမှ
ထုတ်ပယ်မည်ဖြစ်ကြောင်းကိုပါ ကြေငြာထားသည်။

ဓမ္မစကူးလ် ဖွင့်လှစ်မည့် နေရာဌာနများအနေဖြင့် အမက(၁၀)ဘုရင့်နောင်
လမ်း၊အောင်မင်္ဂလာ၊ အလက(၂) အောင်သစ္စာ၊ အမက(၄)(အမှတ်၈၉-
တပ်တွင်း)၊ အမက (၁၅)ညောင်ပင်သာ၊မင်္ဂလာဥယျာဉ်စာသင်တိုက်
၊အောင်ချမ်းသာ(ဘက)၊မြို့ဦးစံ (ဘက)၊နေသာပညာဒါန၊နှောညောင်ပင်ရွာ၊
ကံပုလဲရွာ၊တောင်သာရွာ၊ကျောင်းတိုက်ရွာ၊သာစည်ရွာ၊တောင်ဦးရွာ၊ပြင်သာရွာစုစုပေါင်း ဌာန(၁၅) ခု ရှိပြီး ၄င်းဌာနများမှာပင် နီးစပ်ရာကျောင်းအပ်ရ
မည်ဖြစ်သည်။

ဓမ္မစကူးလ် ဖောင်ဒေးရှင်း၏ဗုဒ္ဒဘာသာသင်ရိုးညွှန်းတမ်းများအားဘာသာရေး
အသွင်အနေဖြင့် မဟုတ်ပဲ ဗုဒ္ဒဘာသာ စာရိတ္တ ပညာရေးအသွင်(Buddhist
Ethical Education) ဖြင့် ရေးဆွဲထားကာ ပထမတန်းမှစ၍ အသက်အရွယ်
အလိုက်အတန်းစဉ် သတ်မှတ်ကာ သင်ကြားခွင့် ရစေရန် နည်းစနစ်ကို အသုံးပြုထားသည်။

စာအုပ်စာတန်းများအတွက်လည်း ကျောင်းသားကိုင် ဆရာကိုင် သင်ထောက်
ကူပစ္စည်းပြည့်စုံစွာ ဓမ္မစကူးလ် ဖောင်ဒေးရှင်းမှ စီစဉ်ထားပြီး သင်ရိုးအတွက်
ကလေးဗဟိုပြု ချဉ်းကပ်နည်းဖြင့် ရေးဆွဲထားသော ပထမဆုံး ဗုဒ္ဒဘာသာ
သင်ရိုးညွှန်းတမ်း တစ်ခုလည်း ဖြစ်နိုင်ကြောင်း သိရသည်။

Popular Myanmar News Journal
ဇူလိုင်လ (၂၁) ရက် တနင်္ဂနွေနေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇူလိုင်လ ဗုဒ္ဒဘာသာ ယဉ်ကျေးမှု သင်တန်းဓမ္မစကူလ်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သက္ကယ်ချောင်းတံတား တစ်ပတ်မပြည့်မီ ချဉ်းကပ်လမ်းများ ကွဲအက်ကာ မြေသားနိမ့်ကျ

7.14.15
သက္ကယ်ချောင်း မြစ်ကူးတံတားအား တွေ့ရစဉ်
ပုသိမ်မြို့နှင့် ငပုတောမြို့သို့ ဆက်သွယ်ထားသည့် သက္ကယ်ချောင်း မြစ်ကူးတံတားအား လွန်ခဲ့သည့် ဇူလိုင် ၇ ရက်က အများပြည်သူများ သွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ရက်သတ္တပတ် မပြည့်မီတွင်
တံတား၏ ချဉ်းကပ်လမ်း လမ်းလယ်မှနေ၍ ကွဲအက်မှုများ စတင်ဖြစ်ပေါ်လာပြီး လမ်းတစ်ခြမ်း နိမ့်ကျ မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

'၀'အထူးဒေသနှင့် ပြည်နယ်အဆင့် တောင်းဆိုမှု ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်းသာ ဆောင်ရွက်မည်

7.14.1
ကျိုင်းတုံမြို့ရှိ UWSP ၏ ဆက်ဆံရေးရုံးနှင့် UWSA တပ်ဖွဲ့ဝင်များအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
'၀' အထူးဒေသ (၂) ကို ပြည်နယ်အဆင့် တောင်းဆိုမှုအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း

မေလ ၂၅ မှ ဇူလိုင် ၉ ရက်အထိ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ ၇၃၄၂ ဦးရှိလာ

၂၀၁၃ ခုနှစ် မေ ၂၅ ရက်မှ ဇူလိုင် ၉ ရက်အထိ တစ်လကျော် ကာလအတွင်း မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ စုစုပေါင်း ၇၃၄၂ ဦးရှိပြီး ထိုသူများထဲတွင် CI မြန်မာနိုင်ငံ

ဖွဲ့စည်းပုံပြင်ဆင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများကို ဦးစားပေး ဆောင်ရွက်ရန်တို့ကို KIO ကိုယ်စားပြု အလုပ်အဖွဲ့ထံ ကချင်လူမှု အဖွဲ့အစည်းများ တင်ပြမည်

ကချင်လူမှုရေး အဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်းများသည် ဇူလိုင် ၉ ရက်နှင့် ၁၀ ရက် များက မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲမှ ကချင်ပြည် သူ လူထုများ ၀ိုင်းဝန်းအကြံပြု ဆွေးနွေးချက်များကို KIO ကိုယ်စားပြုTechnical Advisory Team အလုပ် အဖွဲ့ထံ တင်ပြသွားမည်ဟု သိရသည်။

Sunday, 14 July 2013

မိုဘိုင်းဖုန်း များကထွက်သော လျှပ်စစ် သံလိုက်လှိုင်းများကြောင့် လူ့ကျန်းမာရေး ထိခိုက်သည် ဆိုခြင်းမှာ မဟုတ်

မိုဘိုင်းဖုန်း သုံးခြင်း၊ ၀ိုင်ဖိုင် ချိတ်ဆက်ကာ အင်တာနက် သုံးခြင်း များကြောင့် ကျန်းမာရေးကို ထိခိုက်စေ သည် ကင်ဆာ ရောဂါကို ဖြစ်ပွား စေသည်၊

အမေရိကန်မှ ရန်ကုန်-မန္တလေး အမြန်လမ်းအား ရှစ်လမ်းသွားအဖြစ် တည်ဆောက်နိုင်ရေး ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်

yanman-july14
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်နေရာအား တွေ့ရစဉ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့နိုင်ရေးအတွက် အမေရိကန်နိုင်ငံမှ ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်သွားပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ယနေ့ (ဇူလိုင် ၁၄) နံနက် သွားရောက်မည်

uthiensein-july14
ယခုနှစ်မတ်လက သွားရောက်ခဲ့သော ဥရောပ ငါးနိုင်ငံ ခရီးစဉ်အတွင်း သမ္မ တဦးသိန်းစိန်အား သြစတြီးယား သမ္မတက ကြိုဆိုနေစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ယနေ့ (ဇူလိုင် ၁၄ ရက်) နံနက်ပိုင်းတွင်

ဇွန်လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိခဲ့ပြီး ဆိုင်ကယ်တိုက်မှုကြောင့် သေဆုံးသူ ၉၀ ကျော်ရှိ

accidentinmyanmar-july14
တောင်ဥက္ကလာပ မြို့နယ်တွင် မော်တော်ယာဉ် မတော်တဆမှု တစ်ခုအား မေလအတွင်း က မြင်တွေ့ ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
၂၀၁၃ ခုနှစ် ဇွန်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မော်တော်ယာဉ် မတော်တဆ