Tuesday 16 July 2013

မနော့ရွှေမှော်တွင် KIA အဖွဲ့၏ ဖမ်းဆီးခံရသော ဒေသခံ(၈)ဦးအနက် (၂)ဦး ပြန်လည် ထွက်ပြေး လွတ်မြောက်

Photo: မနော့ရွှေမှော်တွင် KIA အဖွဲ့၏ ဖမ်းဆီးခံရသော ဒေသခံ(၈)ဦးအနက် (၂)ဦး ပြန်လည်ထွက်ပြေးလွတ်မြောက်
Tuesday, 16 July 2013

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာရှိ မနော့ရွှေမှော်တွင် အင်ဝိုင်းဖြင့် ရွှေကျင်လုပ်ငန်း လုပ်ကိုင် နေကြသော ဒေသခံရွာသား(၈)ဦး
အား KIA အဖွဲ့ တစ်ဖွဲ့က လွန်ခဲ့သော တစ်ပတ်ခန့်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ရာ ဇူလိုင် ၁၃ ရက်နေ့တွင် ဒေသခံရွာသား(၂)ဦး ပြန်လည်ထွက်ပြေး
လွတ်မြောက် လာခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့က မြစ်ကြီးနားမြို့နယ် မော်ဖောင်းအထက်ကျေးရွာ မှာ နေ ပါတယ်၊ ကျွန်တော် ဦးစီး အဖွဲ့ဝင်(၈) ဦးနဲ့ မနော့ ရွှေမှော်ထဲမှာ အင်ဝိုင်းနဲ့
ရွှေကျင်ကြတာပါ၊ လွန်ခဲ့တဲ့တစ်ပတ်လောက်က ည ၁၀ နာရီလောက်မှာ ကချင်လွတ်လပ်ရေး တပ်ဖွဲ့တစ်ဖွဲ့ရောက်လာပြီး ကျွန်တော်အပါအ၀င်
(၈)ဦးလုံးကို ရွှေမှော်တောင်ဘက် တောထဲကို ခေါ်သွားပါတယ်၊ နောက် တစ်နေ့မှာ ကျွန်တော်တို့ ၂ ယောက် ထွက်ပြေးခဲ့ကြပါတယ်၊ ဇူလိုင် ၁၃ ရက်နေ့မှာတော့ မိုးကောင်းမြို့နယ်၊ ပင်ဘော ကျေးရွာကို တောတိုးရင်း
ရောက်လာခဲ့ပါတယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို သတင်းပို့လိုက်တော့ ဟိုပင်မြို့နယ်ရဲစခန်းမှာ ကျွန်တော်တို့ကို လိုက်အပ်ပေးပါတယ်” ဟု ထွက်ပြေးလွတ်မြောက်လာသူ မော်ဖောင်းအထက် ရွာသားတစ်ဦးက
ပြောပြ သွားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခံရသော ဒေသခံရွာသား(၆)ဦင်္းအား
ပြန်လည်လွတ်မြောက်ရေး ဟိုပင် မြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူ
ထားကြောင်း သိရှိရပါသည်။

နော်ထူးဇော်
Kachin Daily News
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာရှိ မနော့ရွှေမှော်တွင် အင်ဝိုင်းဖြင့် ရွှေကျင်လုပ်ငန်း လုပ်ကိုင် နေကြသော ဒေသခံရွာသား(၈)ဦးအား KIA အဖွဲ့ တစ်ဖွဲ့က လွန်ခဲ့သော တစ်ပတ်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဇူလိုင် ၁၃ ရက်နေ့တွင် ဒေသခံရွာသား(၂)ဦး ပြန်လည်ထွက်ပြေးလွတ်မြောက် လာခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့က မြစ်ကြီးနားမြို့နယ် မော်ဖောင်းအထက်ကျေးရွာ မှာ နေ ပါတယ်၊ ကျွန်တော် ဦးစီး အဖွဲ့ဝင်(၈) ဦးနဲ့ မနော့ ရွှေမှော်ထဲမှာ အင်ဝိုင်းနဲ့ ရွှေကျင်ကြတာပါ၊ လွန်ခဲ့တဲ့တစ်ပတ်လောက်က ည ၁၀ နာရီလောက်မှာ ကချင်လွတ်လပ်ရေး တပ်ဖွဲ့တစ်ဖွဲ့ရောက်လာပြီး ကျွန်တော်အပါအ၀င် (၈)ဦးလုံး ကို ရွှေမှော်တောင်ဘက် တောထဲကို ခေါ်သွားပါတယ်၊ နောက် တစ်နေ့မှာ ကျွန်တော်တို့ ၂ ယောက် ထွက်ပြေးခဲ့ကြပါတယ်၊ ဇူလိုင် ၁၃ ရက်နေ့မှာတော့ မိုးကောင်းမြို့နယ်၊ ပင်ဘော ကျေးရွာကို တောတိုး ရင်း ရောက်လာခဲ့ပါတယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို သတင်းပို့လိုက်တော့ ဟိုပင်မြို့နယ်ရဲစခန်းမှာ ကျွန်တော်တို့ကို လိုက်အပ်ပေးပါတယ်” ဟု ထွက်ပြေးလွတ်မြောက်လာသူ မော်ဖောင်းအထက် ရွာသား တစ်ဦး က ပြောပြ သွားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခံရသော ဒေသခံရွာသား(၆)ဦင်္းအား ပြန်လည်လွတ်မြောက်ရေး ဟိုပင် မြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

နော်ထူးဇော်
Kachin Daily News

No comments:

Post a Comment