Monday 15 July 2013

ဗုဒ္ဒဘာသာ ယဉ်ကျေးမှုသင်တန်း ဓမ္မစကူလ် ကလေးမြို့တွင် ဖွင့်မည်

Photo: ဗုဒ္ဒဘာသာ ယဉ်ကျေးမှုသင်တန်း ဓမ္မစကူလ် ကလေးမြို့တွင် ဖွင့်မည်
Monday, 15 July 2013

ဇူလိုင်လ (၂၁) ရက် တနင်္ဂနွေနေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇူလိုင်လ ဗုဒ္ဒဘာသာ ယဉ်ကျေးမှု
သင်တန်းဓမ္မစကူလ်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ဓမ္မစကူးလ်ဆိုတာကို လူတွေ များသောအားဖြင့် မြင်တာနေတာက သူတစ်ပါး
ဘာသာကိုမုန်းတီးရေးအတွက် လုပ်ဆောင်နေကြတယ်လို့ဆိုတဲ့ အမြင်မျိုး
တွေပါ။ တကယ်တော့ဓမ္မစကူလ်ဆိုတာ နွေရာသီမှာ ကလေးတွေကို သင်ပေးတဲ့ဗုဒ္ဒဘာသာ ယဉ်ကျေးမှုသင်တန်းပါပဲ။ အခြားဘာသာ မုန်းတီးရေး
မပါပါဘူး။သင်မှာကလည်း ပြဌာန်းသင်ရိုးညွှန်းတမ်း စာအုပ်တွေနဲ့သင်မှာပါ။

သင်ရိုးတွေကိုလည်းစိတ်ဝင်စားရင် လေ့လာနိုင်ပါတယ်။ သင်ရိုးစာအုပ်မှာ ဗုဒ္ဒဖြစ်စဉ်၊ လက်တွေ့အသုံးချနိုင်မည့် ဗုဒ္ဒအဆုံးအမများ၊ ဗုဒ္ဒဘာသာ သမိုင်း၊ မြန်မာနိုင်ငံနှင့်ဗုဒ္ဒဘာသာ၊ နိုင်ငံတကာနှင့် ဗုဒ္ဒဘာသာ၊ စတဲ့ ခေါင်း
စဉ်နဲ့ အပိုင်းတွေခွဲပေးထားပါတယ် ကလေးမြို့မှာဆိုရင် ဓမ္မစကူးလ်ဆင့်ပွား
သင်တန်းကိုပညာရေးဌာန(၁၅) ခုက ဆရာ/မ (၃) ဦး စီကို ပြီးခဲ့သည့်ဇူလိုင်
လ (၄) ရက်နေ့စတင်ကာ သင်တန်း တစ်ပတ်ခန့် ဆင့်ပွားပေးခဲ့နိုင်တယ်။

အခုတော့ဓမ္မစကူးလ်များ လက်တွေ့ အကောင်အထည်ဖော်မှု စတင်တော့
မယ် လို့ဓမ္မစကူးလ်းများနှင့် ပတ်သက်၍လည်း အမျိုးဘာသာ သာသနာ
စောင့်ရှောက်သူများ(ကလေးမြို့)မှ အတွင်းရေးမှူး အောင်ချမ်းသာကျောင်းမှ
MRTV 4 ဆရာတော် ဦးကဉ္စနောဘာသ က မိန့်ကြားခဲ့ပါသည်။

ဓမ္မစကူးလ်ကျောင်းများအတွက် တက်ရောက်ကြမည့် ကလေးမြို့နှင့် နယ်တစ်ဝိုက်ရှိကျောင်းသား/သူများအားအနေဖြင့် ဇူလိုင်လ(၁၅) ရက်မှ (၁၈) ရက်နေ့အထိသက်ဆိုင်ရာဌာနအလိုက် ကျောင်းအပ်လက်ခံ
မည်ဖြစ်ပြီး ကျောင်းအပ်ရာတွင်မိဘ(သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင်
ကျောင်းအပ်ရမှာဖြစ်ပြီး ဌာနအလိုက်ကျောင်းသားဦးရေ သတ်မှတ်
ထားကာ တစ်ဌာနလျှင် အတန်းသုံးတန်းခွဲ၍ပထမတန်း(၄၀)ဦး၊ ဒုတိယ
တန်း(၄၀)ဦး၊တတိယတန်း(၄၀)ဦး တက်ရောက်ရန်သတ်မှတ်ထားသည်။

ဓမ္မစကူးလ် တက်ချိန်အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက်
(၈း၀၀) နာရီမှ (၁၀း၃၀) အထိ သတ်မှတ်ထားသည်။ ဓမ္မစကူးလ်အနေဖြင့်
ဗုဒ္ဒစာပေများအပြင် ကလေးငယ်များအတွက် စိတ်ဝင်စားဖွယ်ရာ အရုပ် ကလေးများဆက်နည်း၊ စက္ကူဖြင့် အရုပ်ကလေးများ ခေါက်ချိုးနည်းများကိုပါ
ထည့်သွင်းသင်ကြားပေးမည်ဖြစ်သည်။ မိမိ ရင်သွေးငယ်များအနေဖြင့်
အထူးသတိပေးချက်အနေဖြင့် အတန်းလိမ်လည် အပ်နှံခြင်း လက်မ
ခံကြောင်းကိုပါသိရပြီး လိမ်လည်အပ်နှံထားသည်ကို တွေ့ရှိပါက သင်တန်းမှ
ထုတ်ပယ်မည်ဖြစ်ကြောင်းကိုပါ ကြေငြာထားသည်။

ဓမ္မစကူးလ် ဖွင့်လှစ်မည့် နေရာဌာနများအနေဖြင့် အမက(၁၀)ဘုရင့်နောင်
လမ်း၊အောင်မင်္ဂလာ၊ အလက(၂) အောင်သစ္စာ၊ အမက(၄)(အမှတ်၈၉-
တပ်တွင်း)၊ အမက (၁၅)ညောင်ပင်သာ၊မင်္ဂလာဥယျာဉ်စာသင်တိုက်
၊အောင်ချမ်းသာ(ဘက)၊မြို့ဦးစံ (ဘက)၊နေသာပညာဒါန၊နှောညောင်ပင်ရွာ၊
ကံပုလဲရွာ၊တောင်သာရွာ၊ကျောင်းတိုက်ရွာ၊သာစည်ရွာ၊တောင်ဦးရွာ၊ပြင်သာရွာစုစုပေါင်း ဌာန(၁၅) ခု ရှိပြီး ၄င်းဌာနများမှာပင် နီးစပ်ရာကျောင်းအပ်ရ
မည်ဖြစ်သည်။

ဓမ္မစကူးလ် ဖောင်ဒေးရှင်း၏ဗုဒ္ဒဘာသာသင်ရိုးညွှန်းတမ်းများအားဘာသာရေး
အသွင်အနေဖြင့် မဟုတ်ပဲ ဗုဒ္ဒဘာသာ စာရိတ္တ ပညာရေးအသွင်(Buddhist
Ethical Education) ဖြင့် ရေးဆွဲထားကာ ပထမတန်းမှစ၍ အသက်အရွယ်
အလိုက်အတန်းစဉ် သတ်မှတ်ကာ သင်ကြားခွင့် ရစေရန် နည်းစနစ်ကို အသုံးပြုထားသည်။

စာအုပ်စာတန်းများအတွက်လည်း ကျောင်းသားကိုင် ဆရာကိုင် သင်ထောက်
ကူပစ္စည်းပြည့်စုံစွာ ဓမ္မစကူးလ် ဖောင်ဒေးရှင်းမှ စီစဉ်ထားပြီး သင်ရိုးအတွက်
ကလေးဗဟိုပြု ချဉ်းကပ်နည်းဖြင့် ရေးဆွဲထားသော ပထမဆုံး ဗုဒ္ဒဘာသာ
သင်ရိုးညွှန်းတမ်း တစ်ခုလည်း ဖြစ်နိုင်ကြောင်း သိရသည်။

Popular Myanmar News Journal
ဇူလိုင်လ (၂၁) ရက် တနင်္ဂနွေနေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇူလိုင်လ ဗုဒ္ဒဘာသာ ယဉ်ကျေးမှု သင်တန်းဓမ္မစကူလ်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ဓမ္မစကူးလ်ဆိုတာကို လူတွေ များသောအားဖြင့် မြင်တာနေတာက သူတစ်ပါးဘာသာကို မုန်းတီးရေး အတွက် လုပ်ဆောင်နေကြတယ်လို့ဆိုတဲ့ အမြင်မျိုးတွေပါ။ တကယ်တော့ဓမ္မစကူလ်ဆိုတာ နွေရာသီမှာ ကလေးတွေကို သင်ပေးတဲ့ဗုဒ္ဒဘာသာ ယဉ်ကျေးမှုသင်တန်းပါပဲ။ အခြားဘာသာ မုန်းတီးရေး မပါပါဘူး။ သင်မှာကလည်း ပြဌာန်းသင်ရိုးညွှန်းတမ်း စာအုပ်တွေနဲ့သင်မှာပါ။

သင်ရိုးတွေကိုလည်းစိတ်ဝင်စားရင် လေ့လာနိုင်ပါတယ်။ သင်ရိုးစာအုပ်မှာ ဗုဒ္ဒဖြစ်စဉ်၊ လက်တွေ့ အသုံးချနိုင်မည့် ဗုဒ္ဒအဆုံးအမများ၊ ဗုဒ္ဒဘာသာ သမိုင်း၊ မြန်မာနိုင်ငံနှင့်ဗုဒ္ဒဘာသာ၊ နိုင်ငံတကာနှင့် ဗုဒ္ဒဘာသာ၊ စတဲ့ ခေါင်းစဉ်နဲ့ အပိုင်းတွေခွဲပေးထားပါတယ် ကလေးမြို့မှာဆိုရင် ဓမ္မစကူးလ်ဆင့်ပွား သင်တန်းကိုပညာရေးဌာန(၁၅) ခုက ဆရာ/မ (၃) ဦး စီကို ပြီးခဲ့သည့်ဇူလိုင်လ (၄) ရက်နေ့စတင်ကာ သင်တန်း တစ်ပတ်ခန့် ဆင့်ပွားပေးခဲ့နိုင်တယ်။

အခုတော့ဓမ္မစကူးလ်များ လက်တွေ့ အကောင်အထည်ဖော်မှု စတင်တော့မယ် လို့ဓမ္မစကူးလ်းများနှင့် ပတ်သက်၍လည်း အမျိုးဘာသာသာသနာစောင့်ရှောက် သူများ(ကလေးမြို့)မှ အတွင်းရေးမှူး အောင်ချမ်း သာကျောင်းမှ MRTV 4 ဆရာတော် ဦးကဉ္စနောဘာသ က မိန့်ကြားခဲ့ပါသည်။

ဓမ္မစကူးလ်ကျောင်းများအတွက် တက်ရောက်ကြမည့် ကလေးမြို့နှင့် နယ်တစ်ဝိုက်ရှိကျောင်းသား/ သူများအားအနေဖြင့် ဇူလိုင်လ(၁၅) ရက်မှ (၁၈) ရက်နေ့အထိသက်ဆိုင်ရာ ဌာန အလိုက် ကျောင်းအပ် လက်ခံ မည်ဖြစ်ပြီး ကျောင်းအပ်ရာတွင်မိဘ(သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင် ကျောင်းအပ် ရမှာဖြစ်ပြီး ဌာနအလိုက်ကျောင်းသားဦးရေ သတ်မှတ်ထားကာ တစ်ဌာနလျှင် အတန်းသုံးတန်းခွဲ၍ပထမတန်း(၄၀)ဦး၊ ဒုတိယတန်း(၄၀)ဦး၊ တတိယ တန်း(၄၀)ဦး တက်ရောက်ရန်သတ်မှတ်ထားသည်။

ဓမ္မစကူးလ် တက်ချိန်အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် (၈း၀၀) နာရီမှ (၁၀း၃၀) အထိ သတ်မှတ်ထားသည်။ ဓမ္မစကူးလ်အနေဖြင့် ဗုဒ္ဒစာပေများအပြင် ကလေးငယ်များအတွက် စိတ်ဝင် စားဖွယ် ရာ အရုပ် ကလေးများဆက်နည်း၊ စက္ကူဖြင့် အရုပ်ကလေးများ ခေါက်ချိုးနည်းများကိုပါ ထည့်သွင်း သင်ကြားပေးမည်ဖြစ်သည်။ မိမိ ရင်သွေးငယ်များအနေဖြင့် အထူးသတိပေးချက်အနေဖြင့် အတန်းလိမ် လည် အပ်နှံခြင်း လက်မခံကြောင်း ကိုပါ သိရပြီး လိမ်လည်အပ်နှံထားသည်ကို တွေ့ရှိပါက သင်တန်းမှ ထုတ်ပယ်မည်ဖြစ်ကြောင်းကိုပါ ကြေငြာထားသည်။

ဓမ္မစကူးလ် ဖွင့်လှစ်မည့် နေရာဌာနများအနေဖြင့် အမက(၁၀)ဘုရင့်နောင် လမ်း၊အောင်မင်္ဂလာ၊ အလက(၂) အောင်သစ္စာ၊ အမက(၄)(အမှတ်၈၉- တပ်တွင်း)၊ အမက (၁၅)ညောင်ပင်သာ၊ မင်္ဂလာဥယျာဉ် စာသင်တိုက် ၊အောင်ချမ်းသာ(ဘက)၊မြို့ဦးစံ (ဘက)၊နေသာပညာဒါန၊နှောညောင်ပင်ရွာ၊ ကံပုလဲ ရွာ၊တောင်သာရွာ၊ကျောင်းတိုက်ရွာ၊သာစည်ရွာ၊တောင်ဦးရွာ၊ပြင်သာရွာစုစုပေါင်း ဌာန(၁၅) ခု ရှိပြီး ၄င်းဌာန များမှာပင် နီးစပ်ရာကျောင်းအပ်ရ မည်ဖြစ်သည်။

ဓမ္မစကူးလ် ဖောင်ဒေးရှင်း၏ဗုဒ္ဒဘာသာသင်ရိုးညွှန်းတမ်းများအားဘာသာရေးအသွင်အနေဖြင့် မဟုတ်ပဲ ဗုဒ္ဒဘာသာ စာရိတ္တ ပညာရေးအသွင် (Buddhist Ethical Education) ဖြင့် ရေးဆွဲထားကာ ပထမတန်းမှ စ၍ အသက်အရွယ် အလိုက်အတန်းစဉ် သတ်မှတ်ကာ သင်ကြားခွင့် ရစေရန် နည်းစနစ်ကို အသုံးပြုထား သည်။

စာအုပ်စာတန်းများအတွက်လည်း ကျောင်းသားကိုင် ဆရာကိုင် သင်ထောက်ကူပစ္စည်းပြည့်စုံစွာ ဓမ္မစကူးလ် ဖောင်ဒေးရှင်းမှ စီစဉ်ထားပြီး သင်ရိုးအတွက် ကလေးဗဟိုပြု ချဉ်းကပ်နည်းဖြင့် ရေးဆွဲ ထားသော ပထမဆုံး ဗုဒ္ဒဘာသာသင်ရိုးညွှန်းတမ်း တစ်ခုလည်း ဖြစ်နိုင်ကြောင်း သိရသည်။
Popular Myanmar News Journal

No comments:

Post a Comment