Tuesday 16 July 2013

မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိ ကန်ဒေါ်လာ သန်း ၆၂၀ ကျော် ကုန်သွယ် မှုပြုလုပ်

Photo: မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော် ကုန်သွယ်မှုပြုလုပ်
Tuesday, 16 July 2013 

သုံးလအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၂၀ ဒသမ ၂၀၅ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ခဲ့သဖြင့် ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ နီးပါးအား မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၈ ရက်အထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၄၅၂ ဒသမ ၁၈၄ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ် လာ ၄၄၂ ဒသမ ၁၂၄ သန်း ကုန်သွယ်မှု ပြုလုပ်ခဲ့သဖြင့် စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာ ၈၉၄ ဒသမ ၃၀၈ သန်း ရှိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခုမှကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ-
တရုတ် နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေး စခန်းမှ အများဆုံး ကုန်သွယ်မှု
 ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် ပို့ကုန်
အဖြစ် လယ်ယာထွက်ကုန်များအား အများဆုံး တင်ပို့ပြီး မော်တော်ဆိုင်
ကယ်၊ ယာဉ်နှင့် ယာဉ်ယန္တရားများကို အများဆုံး ပြန်လည် တင်သွင်းခြင်း
 ဖြစ်ကြောင်း သိရသည်။

ယခုလပိုင်း အတွင်း၌ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ နယ်စပ်ကုန်
သွယ်ရေး စခန်းအသစ်များကို ဖွင့်လှစ်ခဲ့ပြီး ထပ်မံ၍ ဖွင့်လှစ်ရန်လည်း စီစဉ်လျက် ရှိနေပြီး တရားဝင် ကုန်သွယ်မှုများ ပိုမိုတိုးတက်လာစေရန် အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နယ်စပ်မှတစ်ဆင့် တရားမ၀င် ၀င်ရောက်လျက်ရှိသည့် ကုန်စည်များကိုလည်း Mobile Team များဖွဲ့၍ ထိရောက်စွာ စစ်ဆေးလျက် ရှိကြောင်း၊ Mobile Team ဖြင့် စတင်ဖမ်းဆီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၇ ရက်အထိ ဖမ်းဆီးခဲ့သည့် အမှုတွဲပေါင်းမှာ ၁၆၅၈ ခုရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်း ၄၉၀၀ ကျော်ဖိုးရှိသည့် ကုန်စည်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် တစ်ပိုင်တစ်နိုင် ကုန်သွယ်မှု
များအတွက် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ်ကို ခွင့်ပြုပေးခဲ့ခြင်းကြောင့် တရားဝင် ကုန်သွယ်မှုမှာလည်း များပြားလာကြောင်း သိရသည်။

eleven media group
သုံးလအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၂၀ ဒသမ ၂၀၅ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ခဲ့သဖြင့် ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ နီးပါးအား မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၈ ရက်အထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၄၅၂ ဒသမ ၁၈၄ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ် လာ ၄၄၂ ဒသမ ၁၂၄ သန်း ကုန်သွယ်မှု ပြုလုပ်ခဲ့သဖြင့် စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာ ၈၉၄ ဒသမ ၃၀၈ သန်း ရှိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခုမှကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ကုန်သွယ်ရေး စခန်းမှ အများဆုံး ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် ပို့ကုန်အဖြစ် လယ်ယာထွက်ကုန် များအား အများဆုံး တင်ပို့ပြီး မော်တော်ဆိုင်ကယ်၊ ယာဉ်နှင့် ယာဉ်ယန္တရားများကို အများဆုံး ပြန်လည် တင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလပိုင်း အတွင်း၌ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ နယ်စပ်ကုန်သွယ်ရေး စခန်းအသစ်များကို ဖွင့်လှစ် ခဲ့ပြီး ထပ်မံ၍ ဖွင့်လှစ်ရန်လည်း စီစဉ်လျက် ရှိနေပြီး တရားဝင် ကုန်သွယ်မှုများ ပိုမိုတိုးတက်လာစေရန် အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နယ်စပ်မှတစ်ဆင့် တရားမ၀င် ၀င်ရောက်လျက်ရှိသည့် ကုန်စည်များကိုလည်း Mobile Team များဖွဲ့၍ ထိရောက်စွာ စစ်ဆေးလျက် ရှိကြောင်း၊ Mobile Team ဖြင့် စတင်ဖမ်းဆီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၇ ရက်အထိ ဖမ်းဆီးခဲ့သည့် အမှုတွဲပေါင်းမှာ ၁၆၅၈ ခုရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်း ၄၉၀၀ ကျော်ဖိုးရှိသည့် ကုန်စည်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုများအတွက် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ်ကို ခွင့်ပြုပေးခဲ့ခြင်းကြောင့် တရားဝင် ကုန်သွယ်မှုမှာလည်း များပြားလာကြောင်း သိရသည်။
eleven media group

No comments:

Post a Comment