Tuesday 16 July 2013

Game ဒီဇိုင်းနှင့် Animation ဖန် တီး ပုံများ ရှင်း လင်းပြောကြား မည်

ပြည်တွင်းပြည်ပရှိ Gamr နှင့် Animation စီးပွားရေးလုပ်ငန်းများ၊ Game Design နှင့် Animation ဖန်တီး ပြုလုပ်ပုံများ အကြောင်းကို စင်ကာပူနိုင်ငံ၌ Game နှင့် Animation ဘာသာရပ်များကို ပို့ချပေးနေသည့် MAGES Institute of Excellent ကျောင်းမှ တာဝန်ရှိ တစ်ဦး က ဇူလိုင်လ ၂၀ ရက် စနေနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ CROWN Education Learning Center ၌ ရှင်း လင်းပြော ကြားသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသော ဂိမ်းဝါသနာရှင်များသည် Diploma in Game Design နှင့် Diploma in Animation ဘာသာရပ်များကို လည်းကောင်း၊ ဘွဲ့တစ်ခုခုရရှိပြီး သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ၂ နှစ်ရှိသူများ အနေနှင့် Post Graduate Diploma in Game Design ကို လည်းကောင်း လျှောက်ထားနိုင်ကြောင်း၊ ထူးချွန်သူများအတွက် တစ်စိတ်တစ်ပိုင်း ပညာသင်ထောက်ပံ့ကြေး ၂၀ ရာခိုင်နှုန်းကို ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း၊ MAGES သည် အိုင်ယာလန်ရှိ Institute of Technology, Carlow နှင့် အသိအမှတ်ပြု ချိတ်ဆက်ထားသော Diploma နှင့် Advanced Diploma သင်ယူပြီး ဒီဂရီနောက်ဆုံးနှစ် တစ်နှစ် ပရိုဂရမ်သို့ လည်းကောင်း၊ Diploma သင်ယူပြီးနောက် ကနေဒါ Brock University ၏ ဒီဂရီ ၂ နှစ် ပရိုဂရမ်သို့ လည်းကောင်း ဆက်လက် တက်ရောက်နိုင်ကြောင်း ယင်းကျောင်းက ထုတ်ပြန်ထားသည်။

“ ‘Angry Bird’ ဂိမ်းကို တီထွင်တဲ့ ပုဂ္ဂိုလ်ဟာ သန်းကြွယ်သူဌေးကြီး ဖြစ်တဲ့အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။ Playstation 3, 4 အထိ အဆင့်ဆင့်နည်းပညာသစ်တီထွင်ပြီး ထုတ်ကုန်ပစ္စည်းအဖြစ် ရောင်းချကြတာ ဖြစ်တဲ့အတွက် Game နှင့် Animation ဟာ ဖျော်ဖြေမှု သက်သက်သာမက စီးပွားရေး လုပ်ငန်းကြီးအဖြစ်ပါ အသုံးချလို့ ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း 3D Animation ကာတွန်း ကားတွေ၊ ဂိမ်းတွေ နှစ်သက်တဲ့ လူငယ်တွေ များလာတဲ့အတွက် ဖန်တီးမှု အတတ်ပညာများကို သိရှိစေဖို့ Info Talk ကို စီစဉ်ရခြင်းပဲ ဖြစ်ပါတယ်” ဟု Crown Education မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

MAGES သည် Games နှင့် Animation ကုမ္ပဏီများနှင့် ချိတ်ဆက်ထားသည့် Industrial Intership အစီအစဉ်များ ပါဝင်ပြီး လုပ်ငန်းခွင်များတွင် လက်တွေ့လေ့လာသင်ယူရမည် ဖြစ်ကြောင်း၊ ယင်း၏ အောင်လက်မှတ်များကို နိုင်ငံတကာရှိ လုပ်ငန်းရှင်များက အသိအမှတ် ပြုထားကာ အလုပ်အကိုင် အာမခံချက် ရှိကြောင်း ယင်းကျောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

အသေးစိတ်သိရှိလိုပါက CROWN Education အမှတ် ၂၇၀၊ ပထမထပ်၊ အခန်း (1 B)၊ ပြည်လမ်း၊ မြေနီကုန်း၊ ဖုန်း နံပါတ် - ၀၉-၇၃၂၇၃၂၇၇ နှင့် ၀၉-၅၀၈၅၁၈၅ တို့သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။
The Voice Weekly

No comments:

Post a Comment