Tuesday 16 July 2013

မြ၀တီ နယ်စပ် စခန်းမှ သုံးလ အတွင်း အမေရိ ကန်ဒေါ်လာ ၈၆ သန်းကျော် ကုန်သွယ်နိုင်ခဲ့

Photo: မြ၀တီ နယ်စပ်စခန်းမှ သုံးလအတွင်း အမေရိကန်ဒေါ်လာ ၈၆ သန်းကျော် ကုန်သွယ်နိုင်ခဲ့
Tuesday, 16 July 2013

မြ၀တီနယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းမှ ဘဏ္ဍာနှစ်သစ်၏ အစဖြစ်
သော ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ကုန်သွယ်မှု ပြုခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၇၉၁ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း
မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။

တစ်နိုင်ငံလုံးရှိ နယ်စပ်စခန်းများမှ သုံးလအတွင်း အမေရိကန်ဒေါ်လာ ၃၇၃ သန်းကျော် ကုန်သွယ်နိုင်ခဲ့ပြီး ပို့ကုန်တင်ပို့မှုမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၈၅ သန်း ကျော် ကုန်သွယ်နိုင်ခဲ့၍ ပို့ကုန် ကုန်သွယ်မှု များပြားခဲ့သော်လည်း
မြ၀တီ နယ်စပ်စခန်း အနေဖြင့် ပြည်တွင်းသို့ သွင်းကုန် ကုန်သွယ်မှုတွင် သုံးဆကျော် မြင့်တက်နေဆဲ ဖြစ်သည်ဟု ဆိုခဲ့သည်။

မြ၀တီနယ်စပ်မှ ပြည်တွင်းစားသုံးမှု ဈေးကွက်သို့ တင်သွင်းမှုမှာ သုံးလ
အတွင်း အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၇၉၆ သန်း ကုန်သွယ်နိုင်ခဲ့
သလို ပြည်ပတင်ပို့မှုတွင်လည်း အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၉၉၅ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီနယ်စပ်မှ ပြည်တွင်းသို့ တင်ပို့ရာတွင် ဆန်နှင့် လယ်ယာထွက် ပစ္စည်းများ၊ ငါး၊ ကဏန်းနှင့် ရေထွက်ပစ္စည်းများ အများဆုံး တင်ပို့ခဲ့ပြီး၊ သစ်တောထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက် ပစ္စည်းများ တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှုမှာ မရှိသလောက် လျော့နည်းနေသေးကြောင်း သိရသည်။

မြ၀တီ နယ်စပ်မှတစ်ဆင့် ပဲမျိုးစုံတင်ပို့မှုတွင် မြေပဲဆန်သည် ထိုင်းနိုင်ငံ၏
ဈေးကွက် လိုအပ်ချက်အရ ထိုင်းနိုင်ငံအတွင်း ဈေးကွက်ရရှိလျက်ရှိကာ မဲဆောက်မှတစ်ဆင့် ဘန်ကောက် ဈေးကွက်အထိ တင်ပို့လျက်ရှိကာ ယင်းမှတစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ တင်ပို့လျက် ရှိသည်ဟု ဆိုသည်။

ဒေါနတောင်ကျော် ကုန်သွယ်လမ်းမှ ပြည်တွင်းဈေးကွက်သို့ တင်သွင်းရာတွင်
ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးနှင့် လူသုံးကုန်၊ စားသုံးကုန်များ၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ စားအုန်းဆီ၊ အချိုမှုန့်နှင့် ဆိုင်ကယ်များ၊ ကားများတင်သွင်း လျက်ရှိကြောင်း သိရသည်။

တစ်ဖက်နိုင်ငံမှ တင်သွင်းသည့် ဆိုင်ကယ်အများစုမှာ Honda Click၊ Honda Alpha၊ Dream၊ Wave အမျိုးအစားများဖြစ်ပြီး Honda Alpha အမျိုးအစား
မှာ ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ တင်သွင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

eleven media group
မြ၀တီနယ်စပ် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ဘဏ္ဍာနှစ်သစ်၏ အစဖြစ်သော ဧပြီ၊ မေ၊ ဇွန် သုံးလ အတွင်း ကုန်သွယ်မှု ပြုခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၇၉၁ သန်း ကုန်သွယ်နိုင် ခဲ့ကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။ တစ်နိုင်ငံလုံးရှိ နယ်စပ်စခန်းများမှ သုံးလအတွင်း အမေရိကန်ဒေါ်လာ ၃၇၃ သန်းကျော် ကုန်သွယ်နိုင်ခဲ့ပြီး ပို့ကုန်တင်ပို့မှုမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၈၅ သန်းကျော် ကုန်သွယ်နိုင်ခဲ့၍ ပို့ကုန် ကုန်သွယ်မှု များပြား ခဲ့သော်လည်း မြ၀တီ နယ်စပ်စခန်း အနေဖြင့် ပြည်တွင်းသို့ သွင်းကုန် ကုန်သွယ်မှုတွင် သုံးဆကျော် မြင့် တက်နေဆဲ ဖြစ်သည်ဟု ဆိုခဲ့သည်။

မြ၀တီနယ်စပ်မှ ပြည်တွင်းစားသုံးမှု ဈေးကွက်သို့ တင်သွင်းမှုမှာ သုံးလအတွင်း အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၇၉၆ သန်း ကုန်သွယ်နိုင်ခဲ့သလို ပြည်ပတင်ပို့မှုတွင်လည်း အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၉၉၅ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီနယ်စပ်မှ ပြည်တွင်းသို့ တင်ပို့ရာတွင် ဆန်နှင့် လယ်ယာထွက် ပစ္စည်းများ၊ ငါး၊ ကဏန်းနှင့် ရေထွက်ပစ္စည်းများ အများဆုံး တင်ပို့ခဲ့ပြီး၊ သစ်တောထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက် ပစ္စည်းများ တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှုမှာ မရှိသလောက် လျော့နည်းနေသေးကြောင်း သိရသည်။

မြ၀တီ နယ်စပ်မှတစ်ဆင့် ပဲမျိုးစုံတင်ပို့မှုတွင် မြေပဲဆန်သည် ထိုင်းနိုင်ငံ၏ ဈေးကွက် လိုအပ်ချက်အရ ထိုင်းနိုင်ငံအတွင်း ဈေးကွက်ရရှိလျက်ရှိကာ မဲဆောက်မှတစ်ဆင့် ဘန်ကောက် ဈေးကွက်အထိ တင်ပို့လျက်ရှိကာ ယင်းမှတစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ တင်ပို့လျက် ရှိသည်ဟု ဆိုသည်။

ဒေါနတောင်ကျော် ကုန်သွယ်လမ်းမှ ပြည်တွင်းဈေးကွက်သို့ တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးနှင့် လူသုံးကုန်၊ စားသုံးကုန်များ၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ စားအုန်းဆီ၊ အချိုမှုန့်နှင့် ဆိုင်ကယ်များ၊ ကားများတင်သွင်း လျက်ရှိကြောင်း သိရသည်။

တစ်ဖက်နိုင်ငံမှ တင်သွင်းသည့် ဆိုင်ကယ်အများစုမှာ Honda Click၊ Honda Alpha၊ Dream၊ Wave အမျိုးအစားများဖြစ်ပြီး Honda Alpha အမျိုးအစားမှာ ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်ပြီး ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ တင်သွင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
eleven media group

No comments:

Post a Comment