Monday 15 July 2013

ပြည်သူများ ကန့်ကွက် ဆန္ဒပြမှုကြောင့် ယူရေနီယံ စက်ရုံ စီမံကိန်းကို တရုတ်အစိုးရ ရပ်ဆိုင်း

Photo: ပြည်သူများ ကန့်ကွက် ဆန္ဒပြမှုကြောင့် ယူရေနီယံ စက်ရုံ စီမံကိန်းကို တရုတ်အစိုးရ ရပ်ဆိုင်း
Monday, 15 July 2013 

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ယူရေနီယံ ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ရာပေါင်းများစွာသော ပြည်သူများက ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရက ရုတ်တရက် ဖျက်သိမ်းလိုက်ကြောင်း ဒေသခံ ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်ကို Reuters သတင်း ဌာနက ကိုးကား ဖော်ပြသည်။

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ အဓိက ထွန်းကားရာ ဂွမ်ဒေါင်း ပြည်နယ်ရှိ ပုလဲ မြစ်ဝကျွန်းပေါ် ဒေသတွင် ဟက်တာ ၂၃၀ ကျယ်ဝန်းသော မြေနေရာ၌ ယူရေနီယံ ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ပြည်သူ ရာပေါင်းများစွာက ကန့်ကွက်ခဲ့ကြရာ အိမ်နီးချင်း ဟောင် ကောင်နှင့် မက်ကာအိုထိပင် ကူးစက် ပျံ့နှံ့သွားသည်။

ထိုသို့ ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်တွင် ဟီဆန်မြို့ အစိုးရအဖွဲ့က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ‘ပြည်သူလူထု၏ ဆန္ဒကို လေးစား လိုက်နာသောအားဖြင့် CNNC စီမံကိန်းကို ဒေသ အစိုးရအနေနှင့် အဆိုပြုတော့မည် မဟုတ်ပေ’ ဟု ဖော်ပြထားသည်။

နိုင်ငံပိုင် တရုတ် အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်း CNNCနှင့် ဂွမ်ဒေါင်း နျူကလီးယား ပါဝါ ကော်ပိုရေးရှင်း GNPC တို့သည် ဖော်ပြပါ
 ဒေသတွင် ဒေါ်လာ ၆ ဘီလီယံ တန်ဖိုးရှိ ယူရေနီယံ စက်ရုံ စီမံကိန်းကြီးကို တည်ဆောက်သွားရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

လတ်တလော အနေအထားတွင် စီမံကိန်း ဖျက်သိမ်းလိုက်ရခြင်းနှင့် ပတ်သက်၍ အစိုးရနှင့် ကုမ္ပဏီမှ အရာရှိများကို ဆက်သွယ် မေးမြန်း၍ မရနိုင်သော်လည်း ဘေဂျင်းအခြေစိုက် နျူကလီးယားပါဝါ ကျွမ်း ကျင်သူ တစ်ဦး အဆိုအရ စီမံကိန်းသည် ဒေသ အစိုးရတို့၏ ထောက်ပြ ပြောဆိုမှု များကြောင့် ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

၎င်း၏အဆိုအရ အဆိုပါ စက်ရုံ စီမံကိန်း ၂၀၁၀ ပြည့်နှစ်တွင် ပြီးဆုံးမည်ဆိုပါ က တစ်နှစ်လျှင် ယူရေနီယံ လောင်စာ တန်ချိန် တန်ပေါင်း ၁၀၀၀ ခန့် ထုတ်လုပ်နိုင်မည် ဖြစ်သည်။

စီမံကိန်းအကြောင်း သိရှိထားသည့် အရာရှိ တစ်ဦးက “နျူကလီးယား စွမ်းအင် စက်ရုံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယူရေနီယံ ထုတ်လုပ်မယ့် စက်ရုံက ပိုပြီး လုံခြုံမှု ရှိပါတယ်” ဟု ပြောကြားသည်။

ဂွမ်ဒေါင်းဒေသခံ ပြည်သူများသည် ဇူလိုင်လ ၁၂ ရက်နေ့က ယင်းစီမံကိန်းကို ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့တွင်လည်း ပိုမို ကြီးမားသော ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။

ယူရေနီယံ စီမံကိန်း ဖျက်သိမ်းလိုက်မှုက အစိုးရ အရာရှိများ အပါအဝင်
 ပြည်သူများစွာကို အံ့အားသင့် စေခဲ့ကြောင်း၊ တရုတ် အစိုးရသည် ယခုအခါ သဘာဝပတ်ဝန်းကျင် အရေးကိစ္စနှင့် ပတ်သက်လာ ပါက ဒေသခံများ၏ ဆန္ဒပြ ကန့်ကွက်မှုများကို ပိုမို အလေးပေး လာကြောင်း စောင့်ကြည့်
 လေ့လာသူများက ဆိုသည်။

The Voice Weekly
တရုတ်နိုင်ငံ တောင်ပိုင်းတွင် ယူရေနီယံ ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ရာပေါင်းများစွာသော ပြည်သူများက ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရက ရုတ်တရက် ဖျက်သိမ်းလိုက်ကြောင်း ဒေသခံ ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်ကို Reuters သတင်း ဌာနက ကိုးကား ဖော်ပြသည်။

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ အဓိက ထွန်းကားရာ ဂွမ်ဒေါင်း ပြည်နယ်ရှိ ပုလဲ မြစ်ဝကျွန်းပေါ် ဒေသ တွင် ဟက်တာ ၂၃၀ ကျယ်ဝန်းသော မြေနေရာ၌ ယူရေနီယံ ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ပြည်သူ ရာပေါင်းများစွာက ကန့်ကွက်ခဲ့ကြရာ အိမ်နီးချင်း ဟောင် ကောင်နှင့် မက်ကာအို ထိပင် ကူးစက် ပျံ့နှံ့သွားသည်။

ထိုသို့ ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်တွင် ဟီဆန်မြို့ အစိုးရအဖွဲ့က ၎င်း၏ ဝက်ဘ် ဆိုက်တွင် ‘ပြည်သူလူထု၏ ဆန္ဒကို လေးစား လိုက်နာသောအားဖြင့် CNNC စီမံကိန်းကို ဒေသ အစိုးရအနေနှင့် အဆိုပြုတော့မည် မဟုတ်ပေ’ ဟု ဖော်ပြထားသည်။

နိုင်ငံပိုင် တရုတ် အမျိုးသား နျူကလီးယား ကော်ပိုရေးရှင်း CNNCနှင့် ဂွမ်ဒေါင်း နျူကလီးယား ပါဝါ ကော်ပိုရေးရှင်း GNPC တို့သည် ဖော်ပြပါဒေသတွင် ဒေါ်လာ ၆ ဘီလီယံ တန်ဖိုးရှိ ယူရေနီယံ စက်ရုံ စီမံကိန်းကြီးကို တည်ဆောက်သွားရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

လတ်တလော အနေအထားတွင် စီမံကိန်း ဖျက်သိမ်းလိုက်ရခြင်းနှင့် ပတ်သက်၍ အစိုးရနှင့် ကုမ္ပဏီမှ အရာရှိများကို ဆက်သွယ် မေးမြန်း၍ မရနိုင်သော်လည်း ဘေဂျင်းအခြေစိုက် နျူကလီးယားပါဝါ ကျွမ်း ကျင်သူ တစ်ဦး အဆိုအရ စီမံကိန်းသည် ဒေသအစိုးရတို့၏ ထောက်ပြ ပြောဆိုမှု များကြောင့် ဖျက်သိမ်း လိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

၎င်း၏အဆိုအရ အဆိုပါ စက်ရုံ စီမံကိန်း ၂၀၁၀ ပြည့်နှစ်တွင် ပြီးဆုံးမည်ဆိုပါ က တစ်နှစ်လျှင် ယူရေနီယံ လောင်စာ တန်ချိန် တန်ပေါင်း ၁၀၀၀ ခန့် ထုတ်လုပ်နိုင်မည် ဖြစ်သည်။

စီမံကိန်းအကြောင်း သိရှိထားသည့် အရာရှိ တစ်ဦးက “နျူကလီးယား စွမ်းအင် စက်ရုံနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် ယူရေနီယံ ထုတ်လုပ်မယ့် စက်ရုံက ပိုပြီး လုံခြုံမှု ရှိပါတယ်” ဟု ပြောကြားသည်။

ဂွမ်ဒေါင်းဒေသခံ ပြည်သူများသည် ဇူလိုင်လ ၁၂ ရက်နေ့က ယင်းစီမံကိန်းကို ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ် ခဲ့ပြီး တနင်္ဂနွေနေ့တွင်လည်း ပိုမို ကြီးမားသော ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။

ယူရေနီယံစီမံကိန်း ဖျက်သိမ်းလိုက်မှုက အစိုးရအရာရှိများအပါအဝင် ပြည်သူများစွာကို အံ့အားသင့် စေ ခဲ့ကြောင်း၊ တရုတ် အစိုးရသည် ယခုအခါ သဘာဝပတ်ဝန်းကျင် အရေးကိစ္စနှင့် ပတ်သက်လာ ပါက ဒေသခံများ၏ ဆန္ဒပြ ကန့်ကွက်မှုများကို ပိုမို အလေးပေး လာကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။
The Voice Weekly

No comments:

Post a Comment