Tuesday 16 July 2013

ရန်ကုန် -နေပြည်တော်- မန္တလေး ကွန်ကရစ် အမြန် လမ်းမကြီး ၌ ဆိုးရွား သည့် ယာဉ် မတော်တဆ မှုများ ဆက်တိုက် ဖြစ်ပေါ်နေ ချိန် နေပြည်တော် ရှိ ကွန်ကရစ်လမ်း များအား နိုင်လွန် ကတ္တရာ ထပ်ပိုးလွှာ ခင်းနေ

Photo: ရန်ကုန်-နေပြည်တော်-မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီး၌ ဆိုးရွားသည့် ယာဉ်မတော်တဆမှုများ ဆက်တိုက် ဖြစ်ပေါ်နေချိန် နေပြည်တော်ရှိ ကွန်ကရစ်လမ်းများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းနေ
Tuesday, 16 July 2013

ကွန်ကရစ် အမျိုးအစား ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်း
မကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားနေသည့် အချိန်တွင် တစ်မိုင်လျှင် ကျပ်သန်း ၁၄၃၁ ကုန်ကျခံ ဖောက်လုပ်ထားသည့် နေပြည်တော်ရှိ ကွန်ကရစ် လမ်းမကြီးများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းအား အမြန်ဆောင်ရွက်လျက် ရှိနေသည်။

နေပြည်တော် လမ်းများအား ခင်းကျင်းရာတွင် တစ်မိုင်လျှင် ကျပ် ၁ ဒသမ ၄၃ ဘီလျံကျော် ကုန်ကျရာ၌ ပါဝင်သည့် အပိုင်းများမှာ ၄၈ ပေ x ၁၃ လက်မ ကွန်ကရစ်လမ်း တစ်မိုင်အတွက် ကျပ် ၇၇၂ သန်း၊ လမ်းလယ်ကျွန်း လုပ်ငန်းအတွက် တစ်မိုင်ကျပ် ၉၂ သန်း၊ လမ်းဘေးဝဲယာ မြေသားမြောင်း တစ်မိုင်လျှင် ကျပ် ၇ သန်း၊ လမ်းလယ်ကျွန်း ရေရရှိရေးလုပ်ငန်း တစ်မိုင်လျှင် ၁၆၆ သန်း၊ လမ်းလျှပ်စစ်မီးလုပ်ငန်း တစ်မိုင်ကျပ်သန်း ၂၁၀ နှင့် လမ်းလယ်
ကျွန်း လမ်းဘေးဝဲယာ မြေယာရှုခင်း လုပ်ငန်းအတွက် တစ်မိုင်လျှင် ကျပ် ၁၈၄ သန်း စုစုပေါင်း တစ်မိုင်လျှင် ကျပ် ၁၄၃၁ သန်း (ကျပ် ၁ ဒသမ ၄၃၁ ဘီလျံ) အထိ ကုန်ကျခြင်း ဖြစ်သည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားသည့် ကွန်ကရစ် လမ်းမကြီး တစ်လျှောက်၊ အစိုးရ၀န်ကြီး ရုံးများနှင့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြုလုပ်မည့် အားကစားကွင်း၊ အားကစားရုံ၊ အားကစားရွာသို့ ဆက်သွယ်ထားသည့် ရာဇသင်္ဂဟ လမ်းမကြီး၊ ပျဉ်းမနား-နေပြည်တော်
-တောင်ညို ကွန်ကရစ် လမ်းမကြီးများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းကျင်းခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ ခင်းကျင်းခဲ့ကြောင်း သိရသည်။

နေပြည်တော် လမ်းပိုင်းများ ခင်းကျင်းနေမှုနှင့် ပတ်သက်သည့် သတင်း အချက်အလက်များအား နေပြည်တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနသို့ မေးမြန်းခဲ့ရာ၌ သတင်းဖြေကြားမည့်သူထံ အဆင့်ဆင့် လွှဲပြောင်းခဲ့ကြောင်း၊ ဒုတိယ မြို့တော်ဝန် ခွင့်ပြုချက် ရရှိမှသာ ဖြေကြားနိုင်
မည် ဖြစ်ကြောင်း၊ ဒုတိယ မြို့တော်ဝန်ထံသို့ သွားရောက်ရာ အစည်းအဝေး တက်ရောက်နေသည်ဟု ပြောကြားသည့် အတွက် ဖြေကြားမှု တစ်စုံတစ်ရာ မရရှိကြောင်း သိရသည်။

ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော်-မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီးအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းရန်အတွက်မူ တရုတ်နိုင်ငံမှ ငွေချေးပေးထားကြောင်းနှင့် ယခုအချိန်
အထိ တစ်ပိုင်းတစ်စပင် ခင်းကျင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍရေး နှစ်များအတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အမြန်လမ်းမကြီးအား နိုင်လွန်ကတ္တရာ ခင်းကျင်းနိုင်ရန် အတွက်တရုတ်
နိုင်ငံမှ အတိုးနှင့်ထုတ်ချေးထားသည့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်
ဖြင့် အမြန်လမ်းမကြီးအား အဆင့်မြင့် နိုင်လွန်ထပ်ပိုးလွှာ ကတ္တရာခင်းရန် အမျိုးသား စီမံကိန်းသို့ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း
စတင်နိုင်ရန် တင်ပြထားသည်။

အဆိုပါ အမြန်လမ်းမကြီးသည် စတင်ဖွင့်လှစ်သည့် ၂၀၀၉ ခုနှစ် မတ်လမှ ယခုအချိန်ထိ ယာဉ်မတော်တဆမှု ၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ခရီးသည်
သေဆုံးသူ ၂၅၀ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၈၀၀ ကျော် အထိ ရှိလာပြီ
ဖြစ်သည်။ ၎င်းလမ်းမသည် တစ်နိုင်ငံလုံး ဟိုင်းဝေးလမ်း အရှည် စုစုပေါင်း၏ ၁ ဒသမ ၈၅ ရာခိုင်နှုန်းသာ ရှိသော်လည်း လူသေဆုံးမှုနှုန်းမှာ ၁၃ ဒသမ ၅၄ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၃၆၆ မိုင် ၃ ဖာလုံ ရှည်လျားပြီး ၄င်းလမ်းမကြီးပေါ်တွင် အမြန်လမ်း ရဲတပ်ဖွဲ့ ရဲစခန်းများ တည်ရှိပြီး တစ်နေ့
လျှင် ပျမ်းမျှယာဉ်အစီးရေပေါင်း ၇၀၀၀ ၀န်းကျင် ဖြတ်သန်းသွားလာကြောင်း
သိရသည်။
eleven media group
ကွန်ကရစ် အမျိုးအစား ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ် ပွားနေသည့်အချိန်တွင် တစ်မိုင်လျှင် ကျပ်သန်း ၁၄၃၁ ကုန်ကျခံ ဖောက်လုပ်ထားသည့် နေပြည်တော်ရှိ ကွန်ကရစ်လမ်းမကြီးများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းအား အမြန်ဆောင်ရွက်လျက် ရှိနေ သည်။
နေပြည်တော် လမ်းများအား ခင်းကျင်းရာတွင် တစ်မိုင်လျှင် ကျပ် ၁ ဒသမ ၄၃ ဘီလျံကျော် ကုန်ကျရာ၌ ပါဝင်သည့် အပိုင်းများမှာ ၄၈ ပေ x ၁၃ လက်မ ကွန်ကရစ်လမ်း တစ်မိုင်အတွက် ကျပ် ၇၇၂ သန်း၊ လမ်းလယ်ကျွန်း လုပ်ငန်းအတွက် တစ်မိုင်ကျပ် ၉၂ သန်း၊ လမ်းဘေးဝဲယာ မြေသားမြောင်း တစ်မိုင်လျှင် ကျပ် ၇ သန်း၊ လမ်းလယ်ကျွန်း ရေရရှိရေးလုပ်ငန်း တစ်မိုင်လျှင် ၁၆၆ သန်း၊ လမ်းလျှပ်စစ်မီးလုပ်ငန်း တစ်မိုင်ကျပ်သန်း ၂၁၀ နှင့် လမ်းလယ်ကျွန်း လမ်းဘေးဝဲယာ မြေယာရှုခင်းလုပ်ငန်းအတွက် တစ်မိုင်လျှင် ကျပ် ၁၈၄ သန်း စုစုပေါင်း တစ်မိုင်လျှင် ကျပ် ၁၄၃၁ သန်း (ကျပ် ၁ ဒသမ ၄၃၁ ဘီလျံ) အထိ ကုန်ကျခြင်း ဖြစ်သည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားသည့် ကွန်ကရစ် လမ်းမကြီး တစ်လျှောက်၊ အစိုးရ၀န်ကြီး ရုံးများနှင့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြုလုပ်မည့် အားကစားကွင်း၊ အားကစားရုံ၊ အားကစားရွာသို့ ဆက်သွယ်ထားသည့် ရာဇသင်္ဂဟ လမ်းမကြီး၊ ပျဉ်းမနား-နေပြည်တော်-တောင်ညို ကွန်ကရစ် လမ်းမကြီး များအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းကျင်းခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း တွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ ခင်းကျင်းခဲ့ကြောင်း သိရသည်။

နေပြည်တော် လမ်းပိုင်းများ ခင်းကျင်းနေမှုနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ အား နေပြည်တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနသို့ မေးမြန်းခဲ့ရာ၌ သတင်းဖြေကြားမည့်သူထံ အဆင့်ဆင့် လွှဲပြောင်းခဲ့ကြောင်း၊ ဒုတိယ မြို့တော်ဝန် ခွင့်ပြုချက် ရရှိမှ သာ ဖြေကြားနိုင်မည် ဖြစ်ကြောင်း၊ ဒုတိယ မြို့တော်ဝန်ထံသို့ သွားရောက်ရာ အစည်းအဝေး တက်ရောက်နေသည်ဟု ပြောကြားသည့် အတွက် ဖြေကြားမှု တစ်စုံတစ်ရာ မရရှိကြောင်း သိရသည်။

ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော်-မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီးအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းရန်အတွက်မူ တရုတ်နိုင်ငံမှ ငွေချေးပေး ထားကြောင်းနှင့် ယခုအချိန်အထိ တစ်ပိုင်းတစ်စပင် ခင်းကျင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍရေး နှစ်များအတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အမြန်လမ်းမကြီး အား နိုင်လွန်ကတ္တရာ ခင်းကျင်းနိုင်ရန် အတွက်တရုတ်နိုင်ငံမှ အတိုးနှင့်ထုတ်ချေးထားသည့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဖြင့် အမြန်လမ်းမကြီးအား အဆင့်မြင့် နိုင်လွန်ထပ်ပိုးလွှာ ကတ္တရာ ခင်းရန် အမျိုးသား စီမံကိန်းသို့ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းစတင်နိုင်ရန် တင်ပြထားသည်။

အဆိုပါ အမြန်လမ်းမကြီးသည် စတင်ဖွင့်လှစ်သည့် ၂၀၀၉ ခုနှစ် မတ်လမှ ယခုအချိန်ထိ ယာဉ်မတော် တဆမှု ၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ခရီးသည် သေဆုံးသူ ၂၅၀ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၈၀၀ ကျော် အထိ ရှိလာပြီဖြစ်သည်။ ၎င်းလမ်းမသည် တစ်နိုင်ငံလုံး ဟိုင်းဝေးလမ်း အရှည် စုစုပေါင်း၏ ၁ ဒသမ ၈၅ ရာခိုင်နှုန်းသာ ရှိသော်လည်း လူသေဆုံးမှုနှုန်းမှာ ၁၃ ဒသမ ၅၄ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၃၆၆ မိုင် ၃ ဖာလုံ ရှည်လျားပြီး ၄င်းလမ်းမကြီးပေါ်တွင် အမြန်လမ်း ရဲတပ်ဖွဲ့ ရဲစခန်းများ တည်ရှိပြီး တစ်နေ့လျှင် ပျမ်းမျှယာဉ်အစီးရေပေါင်း ၇၀၀၀ ၀န်းကျင် ဖြတ်သန်းသွားလာကြောင်း သိရသည်။
eleven media group

No comments:

Post a Comment