ပြည်တွင်းပြည်ပရှိ
Gamr နှင့် Animation စီးပွားရေးလုပ်ငန်းများ၊ Game Design နှင့်
Animation ဖန်တီး ပြုလုပ်ပုံများ အကြောင်းကို စင်ကာပူနိုင်ငံ၌ Game နှင့်
Animation ဘာသာရပ်များကို ပို့ချပေးနေသည့် MAGES Institute of Excellent
ကျောင်းမှ တာဝန်ရှိ တစ်ဦး က ဇူလိုင်လ ၂၀ ရက် စနေနေ့ မွန်းလွဲ ၂ နာရီတွင်
ရန်ကုန်မြို့ CROWN Education Learning Center ၌ ရှင်း လင်းပြော ကြားသွားမည် ဖြစ်သည်။
Tuesday, 16 July 2013
ကိုယ်ဝန်ဆောင် များ အနား မကပ်ရန်

မိုက်ကရိုဝေ့ဖ် မီးဖို၊ ဆံပင်အခြောက်ခံစက်နှင့် ဖုန်စုပ်စက်တို့ ကဲ့သို့စွမ်းအင်နှင့် လျှပ်စစ်သုံးကိရိယာများ ဟာ ကြိမ်နှုန်းနိမ့် သံလိုက်စက်ကွင်းကို ထုတ်လွှတ်ပါတယ်။ သူတေသီများက ကိုယ်ဝန်ဆောင်များအား ကြိမ်နှုန်းနိမ့် သံလိုက် စက်ကွင်းများနှင့် ထိတွေ့မှုကို သတိထားရန် တိုက်တွန်း လိုက်ပါတယ်။
သမ္မတဦးသိန်းစိန်ကို လန်ဒန်မှာ ဆန္ဒပြ
![]() |
| လန်ဒန်ရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ၀ိုင်းဆန္ဒပြနေကြစဉ် (၁၅ ဇူလိုင် ၂၀၁၃) ဓာတ်ပုံ - Burma Campaign UK |
ဗြိတိန်နိုင်ငံရောက် မြန်မာသမ္မတ ဦးသိန်းစိန်ကို ဗြိတိန်အစိုးရက အကောင်းမြင် ကြိုဆိုတဲ့အပေါ် စိတ်ပျက် မိတယ်လို့ Burma Campaign UK က ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူ့အခွင့်အရေးဆိုင် ရာတွေ ဆွေးနွေးဖို့ ရှိနေတဲ့ မြန်မာသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ် တို့ တွေ့ဆုံကြမယ့်အချိန်မှာပဲ အင်္ဂလန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဝန်ကြီးချုပ်အိမ်တော်ရှေ့မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေဆဲ အခြေအနေတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြထားပါတယ်။
မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိ ကန်ဒေါ်လာ သန်း ၆၂၀ ကျော် ကုန်သွယ် မှုပြုလုပ်

သုံးလအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၂၀ ဒသမ ၂၀၅ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ခဲ့သဖြင့် ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ နီးပါးအား မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နည်းဗျူ ဟာမြောက် လေတပ်မှ မဟာ ဗျူ ဟာမြောက် လေတပ်ဖြစ် လာရေး ဝိုင်းဝန်း ကြိုးပမ်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံမူများ တွင် နိုင်ငံတော်နှင့် သက်ဆိုင်သည့် ပုဒ်မ(၅)၌ နိုင်ငံတော်၏ မြေထု၊ ရေထုနှင့် လေထုတို့ ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ဖြစ်သည့် နေ့တွင် တည်ရှိသည့် အတိုင်းဖြစ် သည် ဟု ပြ ဋ္ဌာန်းထားသည်။
မြ၀တီ နယ်စပ် စခန်းမှ သုံးလ အတွင်း အမေရိ ကန်ဒေါ်လာ ၈၆ သန်းကျော် ကုန်သွယ်နိုင်ခဲ့

မြ၀တီနယ်စပ် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ဘဏ္ဍာနှစ်သစ်၏ အစဖြစ်သော ဧပြီ၊ မေ၊ ဇွန် သုံးလ အတွင်း ကုန်သွယ်မှု ပြုခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၇၉၁ သန်း ကုန်သွယ်နိုင် ခဲ့ကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။
ဆီးချိုနှင့် အိမ်တွင်းကုထုံးများ

ဆီးချိုရောဂါသည် ဇီဝရုပ် ဖြစ်ပျက်မှုမမှန်၍ ဖြစ်သော ရောဂါ အစုအဝေး ( metabolic syndrome)အုပ်စု ထဲတွင် ပါဝင်ပြီး ယင်းက ခန္ဓာ ကိုယ်မှ အင်ဆူလင် လုံလောက်စွာ မထုတ်နိုင်သော အခြေအနေ သို့မဟုတ် ခန္ဓာကိုယ်မှ အင်ဆူလင် အား အာရုံခံစားမှုနှုန်းကို ကျစေပြီး နောက်ဆက်တွဲ ရောဂါများစွာ
မနော့ရွှေမှော်တွင် KIA အဖွဲ့၏ ဖမ်းဆီးခံရသော ဒေသခံ(၈)ဦးအနက် (၂)ဦး ပြန်လည် ထွက်ပြေး လွတ်မြောက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာရှိ မနော့ရွှေမှော်တွင် အင်ဝိုင်းဖြင့် ရွှေကျင်လုပ်ငန်း လုပ်ကိုင် နေကြသော ဒေသခံရွာသား(၈)ဦးအား KIA အဖွဲ့ တစ်ဖွဲ့က လွန်ခဲ့သော တစ်ပတ်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဇူလိုင် ၁၃ ရက်နေ့တွင် ဒေသခံရွာသား(၂)ဦး ပြန်လည်ထွက်ပြေးလွတ်မြောက် လာခဲ့ကြောင်း သိရသည်။
ရန်ကုန် -နေပြည်တော်- မန္တလေး ကွန်ကရစ် အမြန် လမ်းမကြီး ၌ ဆိုးရွား သည့် ယာဉ် မတော်တဆ မှုများ ဆက်တိုက် ဖြစ်ပေါ်နေ ချိန် နေပြည်တော် ရှိ ကွန်ကရစ်လမ်း များအား နိုင်လွန် ကတ္တရာ ထပ်ပိုးလွှာ ခင်းနေ

ကွန်ကရစ် အမျိုးအစား ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ် ပွားနေသည့်အချိန်တွင် တစ်မိုင်လျှင် ကျပ်သန်း ၁၄၃၁ ကုန်ကျခံ ဖောက်လုပ်ထားသည့် နေပြည်တော်ရှိ ကွန်ကရစ်လမ်းမကြီးများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းအား အမြန်ဆောင်ရွက်လျက် ရှိနေ သည်။
မြင်းခြံမြို့နယ်ရှိ ဆီမီးခုံ ဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်း ကို ရက်အနည်းငယ် အတွင်း စတင်မည်

မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ် အတွင်းရှိ ဆီမီးခုံဆိပ်ကမ်း တည်ဆောက်ခြင်း လုပ်ငန်းများအား လာမည့်ရက် အနည်းငယ်အတွင်း စတင်ဆောင်ရွက်မည်ဟု သိရှိရသည်။
Monday, 15 July 2013
ပြည်သူများ ကန့်ကွက် ဆန္ဒပြမှုကြောင့် ယူရေနီယံ စက်ရုံ စီမံကိန်းကို တရုတ်အစိုးရ ရပ်ဆိုင်း
တရုတ်နိုင်ငံ တောင်ပိုင်းတွင် ယူရေနီယံ ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ရာပေါင်းများစွာသော ပြည်သူများက ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရက ရုတ်တရက် ဖျက်သိမ်းလိုက်ကြောင်း ဒေသခံ ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်ကို Reuters သတင်း ဌာနက ကိုးကား ဖော်ပြသည်။
ဗုဒ္ဒဘာသာ ယဉ်ကျေးမှုသင်တန်း ဓမ္မစကူလ် ကလေးမြို့တွင် ဖွင့်မည်

ဇူလိုင်လ (၂၁) ရက် တနင်္ဂနွေနေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇူလိုင်လ ဗုဒ္ဒဘာသာ ယဉ်ကျေးမှု သင်တန်းဓမ္မစကူလ်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သက္ကယ်ချောင်းတံတား တစ်ပတ်မပြည့်မီ ချဉ်းကပ်လမ်းများ ကွဲအက်ကာ မြေသားနိမ့်ကျ
![]() |
| သက္ကယ်ချောင်း မြစ်ကူးတံတားအား တွေ့ရစဉ် |
ပုသိမ်မြို့နှင့် ငပုတောမြို့သို့ ဆက်သွယ်ထားသည့် သက္ကယ်ချောင်း
မြစ်ကူးတံတားအား လွန်ခဲ့သည့် ဇူလိုင် ၇ ရက်က အများပြည်သူများ
သွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ရက်သတ္တပတ် မပြည့်မီတွင်
တံတား၏
ချဉ်းကပ်လမ်း လမ်းလယ်မှနေ၍ ကွဲအက်မှုများ စတင်ဖြစ်ပေါ်လာပြီး လမ်းတစ်ခြမ်း
နိမ့်ကျ မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မေလ ၂၅ မှ ဇူလိုင် ၉ ရက်အထိ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ ၇၃၄၂ ဦးရှိလာ
၂၀၁၃ ခုနှစ် မေ ၂၅ ရက်မှ ဇူလိုင် ၉ ရက်အထိ တစ်လကျော် ကာလအတွင်း
မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ စုစုပေါင်း ၇၃၄၂
ဦးရှိပြီး ထိုသူများထဲတွင် CI မြန်မာနိုင်ငံ
ဖွဲ့စည်းပုံပြင်ဆင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများကို ဦးစားပေး ဆောင်ရွက်ရန်တို့ကို KIO ကိုယ်စားပြု အလုပ်အဖွဲ့ထံ ကချင်လူမှု အဖွဲ့အစည်းများ တင်ပြမည်
ကချင်လူမှုရေး အဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်းများသည် ဇူလိုင် ၉
ရက်နှင့် ၁၀ ရက် များက မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲမှ ကချင်ပြည် သူ လူထုများ
ဝိုင်းဝန်းအကြံပြု ဆွေးနွေးချက်များကို KIO ကိုယ်စားပြုTechnical Advisory
Team အလုပ် အဖွဲ့ထံ တင်ပြသွားမည်ဟု သိရသည်။
Sunday, 14 July 2013
ဇွန်လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိခဲ့ပြီး ဆိုင်ကယ်တိုက်မှုကြောင့် သေဆုံးသူ ၉၀ ကျော်ရှိ

တောင်ဥက္ကလာပ မြို့နယ်တွင် မော်တော်ယာဉ် မတော်တဆမှု တစ်ခုအား မေလအတွင်း က မြင်တွေ့ ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
၂၀၁၃ ခုနှစ် ဇွန်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်
မော်တော်ယာဉ် မတော်တဆ
Subscribe to:
Posts (Atom)




