Thursday, 13 December 2012

မီးခိုးမထွက်၊ ဆီစားနှုန်း ၇၀%အထိ သက်သာသည့် ရေငွေ့စက်ဖြင့် ယာဉ်မောင်းနှင်တော့မည်

Photo: မီးခိုးမထွက်၊ ဆီစားနှုန်း ၇၀%အထိ သက်သာသည့် ရေငွေ့စက်ဖြင့် ယာဉ်မောင်းနှင်တော့မည်
Thursday, 13 December 2012

ချင်းတွင်းမြစ်အတွင်း မုံရွာနှင့်ဟုမ္မလင်းမြို့သို့ ပြေးဆွဲနေသော ခရီးသည်တင် ရှပ်ပြေးရေယာဉ်တွင် ရေဓာတ်ငွေ့စက်တပ်ဆင် ကာ လောင်စာဆီနှင့်ပူးတွဲ၍ လာမည့် ဒီဇင်ဘာ (၁၅)ရက်နေ့တွင် စတင် မောင်းနှင်သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ ဒီဇင်ဘာ(၁၅)ရက်နေ့မှာ မုံရွာကိုသွားပြီးခရီးသည်တင်
ရှပ်ပြေးရယာဉ်ကို ရေဓာတ်ငွေ့ စက် သွားတပ်ဆင်ပေးမှာပါ။ ကုန်ကျ
စရိတ်အနေနဲ့ကတော့ တပ်ဆင်ခတွေဘာတွေအပါ ခန့်မှန်းခြေ သိန်း (၄၀)လောက်ရှိမယ်”ဟု ရေဓာတ်ငွေ့စက်တီထွင်သူ သုတေသီအင်ဂျင်နီယာ ဦးကျော်ကျော်က ပြောသည်။

၂၀၁၁ခုနှစ် ဒီဇင်ဘာလအတွင်းက ရှပ်ပြေးရေယာဉ် တစ်စီးအား ရန်ကုန်မြစ်အတွင်း ရေဓာတ်ငွေ့ဖြင့် ပူးတွဲစမ်းသပ်မောင်းနှင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်းကားမျိုးစုံ ၁၄ စီးအား ရေဓာတ်ငွေ့ ဖြင့် ပူးတွဲ စမ်းသပ်မောင်းနှင်ခဲ့ပြီးဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

ရေဓာတ်ငွေ့ ရေမော်လီကျူးထဲတွင်ပါဝင်နေသော အောက်စီဂျင်
အက်တမ်နှင့် ဟိုက်ဒရိုဂျင်အက်တမ် အား HHO Gasအဖြစ် လျှပ်စစ်ဓာတ်ဖြိုခွဲနည်းစဉ်သုံးပြီး ရေမှ ဓာတ်ခွဲထုတ်ယူကာ 
၎င်းဓာတ်ငွေ့အား pubbler ကြားခြံ့ပီး မော်တော်ယာဉ်၏ လေသန့်ရှင်းစနစ်
(Air Cleaner)ထဲသို့ ထည့်သွင်းကာ အင်ဂျင်  အတွင်းတွင် လောင်စာဆီ
နှင့်အတူလောင်ကျွမ်းစေခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းအဆင့် ရေဓာတ်ငွေ့ဆိုင်ရာပညာရပ်ဟောပြောပွဲနဲ့ သရုပ်ပြပွဲကို ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ မုံရွာ မှာ လုပ်တယ်၊အဲ့ဒီကို HONDA CRV 2000 Model အင်ဂျင်အား 2000 CC ကားနဲ့ ရန်ကုန်မုံရွာ အသွားအပြန်မောင်းတယ်၊ ဓာတ်ဆီတစ်ဂါလံကို ရေဓာတ်ငွေ့နဲ့ ပူးတွဲမောင်းတာ ၅၇.၄ KGM/GAL
မောင်းနှင်နှိင်ပြီး ရေဓာတ်ငွေမပါဘဲ မောင်းတာ -၃၇KGM/GALသာ
မောင်းနှင်နှိင်ကာ ရေဓာတ်ငွေ့တပ် ဆင်မောင်းနှင်တာက ၂၀.၄ KGM/GAL ပိုရရှိတယ်” ဟုသုတေသီအင်ဂျင်နီယာဦးကျော်ကျာ်ကပြောသည်။

ရေဓာတ်ငွေ့အားအင်ဂျင်များတွင်ပူးတွဲအသုံးပြုခြင်းဖြင့် အင်ဂျင်စွမ်းအား၂ဆမှ ၃ဆအထိတိုးမြှင့်လာ ခြင်း၊မလိုအပ်သော မီးခိုးမည်းများထွက်ရှိမှုမှ ၈၀ရာခိုင်နှုန်းအထိလျှော့ကျစေနိုင်ခြင်း၊ အဝေးပြေးလမ်း များတွင် လောင်စာဆီစားနှုန်း ၇၂ရာခိုင်နှုန်း အထိလျှော့ကျ စေခြင်း၊ ရေတစ်လီတာမှသည် ရေဓာတ် ငွေ့အဖြစ် 
၁၈၁၀ လီတာအထိ ထွက်ရှိခြင်း လက်ရှိအသုံးပြုနေသော အင်ဂျင်များအား
ပြုပြင်ရန်မလိုခြင်း၊ ထပ်မံဖြည့်တင်းပေးရသောအရာသည်သာမန်ရေသာ
လျှင်ဖြစ်၍ကုန်ကျစရိတ် မရှိတော့ခြင်းနှင့် ဘေးထွက်ပစ္စည်းမှာ
ရေခိုးရေငွေ့သာလျှင်ဖြစ်သဖြင့် ပတ်ဝန်းကျင် သန့်ရှင်းစိမ်းလန်းစိုပြေခြင်း အကျိုးကျေးဇူးများရရှိနိုင်ကြောင်းသိရသည်။

ကမ္ဘာတွင် ရေဓာတ်ငွေ့ဖြင့် ယာဉ်များ စက်ယန္တရားများ မီးစက်များ
ပူးတွဲအသုံးပြု့သည့် နိုင်ငံများလည်း ရှိပြီး အမေရိကန် ၊ရုရှား၊ဂျာမနီ၊
တရုတ်၊အန္ဒိယ၊မလေးရှား၊ထိုင်းနှင့်စင်္ကာပူနိုင်ငံတို့မှ တွင်ကျယ်စွာ အသုံးပြုလျှက်ရှိကြောင်း သိရသည်။

ရေဓာတ်ငွေ့ဖြင့်မီးစက်များ၊ကားများ၊ရေယာဉ်များ၊တွင် တပ်ဆင်မောင်းနှင်
နိုင်ပြီဖြစ်ကြောင်းနှင့် မီးရထားများတွင် ရေဓာတ်ငွေ့နှင့်ပူးတွဲမောင်းနှင်နိုင်ရန် မီးရထားစက်ခေါင်းများအား လေ့လာပြီးကြောင်းနှင့် အဆင်သင့်
တပ်ဆင်နှိင်ရန် လုပ်ဆောင်ပြီးကြောင်း သိရသည်။

သန့်ဇင်ဝင်း(မြစ်မခ)
Myit Makha Mediagroupချင်းတွင်းမြစ်အတွင်း မုံရွာနှင့်ဟုမ္မလင်းမြို့သို့ ပြေးဆွဲနေသော ခရီး သည်တင် ရှပ်ပြေးရေယာဉ်တွင် ရေဓာတ်ငွေ့စက် တပ်ဆင် ကာ လောင် စာ ဆီနှင့် ပူးတွဲ၍ လာမည့် ဒီဇင်ဘာ (၁၅)ရက်နေ့တွင်

MOSA ကို ဖျက်သိမ်း၍ MSF သို့ လွှဲပြောင်းတာဝန်ပေး

Photo: MOSA ကို ဖျက်သိမ်း၍ MSF သို့ လွှဲပြောင်းတာဝန်ပေး
Thursday, 13 December 2012

အဖွဲ့ဝင် သင်္ဘောသားပေါင်း (သုံးသောင်း)ကျော်ရှိခဲ့ သည့်
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများ အသင်း (MOSA)အား ဖျက်သိမ်း၍  ၄င်းအဖွဲ့၏ လုပ်ပိုင်ခွင့်များကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)သို့ ဒီဇင်ဘာ(၁၂)ရက်နေ့ နံနက်ပိုင်းက လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့သည်။

MOSA (Myanmar Overseas Seafarers Association ) မှ MSF (Myanmar Seaman’s Federation) သို့ လွှဲပြောင်း တာဝန်ပေးအပ်ရခြင်းမှာ MSFသည် နိုင်ငံတကာအဖွဲ့အစည်းများမှ အထောက်အပံ့များရရှိလျက်ရှိပြီး သင်္ဘောသားများအတွက် တွင်ကျယ်စွာ လုပ်ကိုင်နိုင်သောကြောင့် ဖြစ်သည်ဟု MOSA မှ အတွင်းရေးမှူးက ဆိုသည်။

“MOSA နဲ့ MSF ယှဉ်ရင်MSF က ပိုကျယ်ပြန့်၊ ပိုအသေးစိတ်ကျတယ်။ လုပ်ပိုင်ခွင့်ပိုရှိတဲ့အတွက် အခုလိုလွှဲပြောင်း လိုက်တာပါ။ နိုင်ငံတကာမှာ ရှိတဲ့အဖွဲ့အစည်းတွေကလည်း မိုဆာကို လူရာမသွင်း ခဲ့ဘူး။ ပြီးတော့ မိုဆာအနေနဲ့လုပ်ရင် ကန့်သတ်မှုတွေလည်း ရှိတယ် ” ဟု မိုဆာမှ အတွင်း ရေးမှူးကပ္ပတိန်စိုးမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအသင်း(MOSA)သည် သင်္ဘောသားများ၏ လစာနှင့် ပတ်သက်၍ လုပ်ကိုင်ပေးနိုင်စွမ်း မရှိခြင်းနှင့် နိုင်ငံတကာ အကူအညီ ထောက်ပံမှု မရှိခြင်းကလည်း အခက်အခဲဖြစ်ပေါ်စေကြောင်း ၄င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအသင်း (MOSA) ကို ၂၀၀၂ခုနှစ် မေလမှစ၍ စတင်ဖွဲ့စည်း ခဲ့ပြီး အဖွဲ့ဝင်သင်္ဘောသားပေါင်း (သုံးသောင်း)ကျော်ရှိခဲ့သည်ဟု သိရှိရသည်။

MOSA အသင်းမှ မလုပ်ပေးနိုင်သည့် ကိစ္စရပ်များကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ် သမားများအဖွဲ့ချုပ် (MSF)မှ တာဝန်ယူဆောင်ရွက်
ပေးမည်ဖြစ်ပြီး အဓိကအားဖြင့် အလုပ်သမား များ၏ လစာ၊
လျော်ကြေးအစရှိသည့် ကိစ္စရပ်များကို တာဝန်ယူ ဖြေရှင်းပေးမည်
ဖြစ်သည်ဟု MSFမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ် (MSF)သည် သင်္ဘောသားများ ဖွဲ့စည်းထားသော အဖွဲ့ အစည်းဖြစ်ရန် လိုအပ်ကြောင်းနှင့် အဆိုပါ အဖွဲ့ချုပ်အနေဖြင့် သင်္ဘောသား များ ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များကို ပွင့်လင်းစွာ ချပြရန် လိုအပ်သည်ဟု သင်္ဘောသားတစ်ဦးက အကြံ ပြုပြောဆိုသည်။

“သဘောင်္သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ရင်တော့
ကောင်းတာပေါ့။ အုံနာတွေ မပါရဘူး။ ဒီထဲမှာမှ ကွန်စတီကျူးရှင်းကို ချပြရမယ်။ သင်္ဘောသားတွေအတွက် လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေ အကြောင်း ကို ၀င်တဲ့ သင်္ဘောတိုင်း ချပြရမယ်”ဟု လုပ်သက်(၈)နှစ်ရှိသူ သင်္ဘောသားကိုကျော်မြင့်ဦး က ပြောသည်။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားအဖွဲ့ချုပ်(MSF)ကို စတင်ဖွဲ့လှစ်သည့် နေ့မှစ၍ သုံးလအကြာတွင် အမှုဆောင်အဖွဲ့ဝင်
များကို ရွေးကောက်တင်မြောက်သွားမည်ဖြစ်ပြီး အဆိုပါ ရွေးကောက်
တင်မြောက်ခြင်းကို (၂)နှစ် တစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်သည်ဟု MSF မှ သတင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
 
ယမင်း(မြစ်မခ)
Myit Makha Mediagroupအဖွဲ့ဝင် သင်္ဘောသားပေါင်း (သုံးသောင်း)ကျော်ရှိခဲ့ သည့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အသင်း (MOSA)အား ဖျက်သိမ်း၍ ၄င်းအဖွဲ့၏ လုပ်ပိုင်ခွင့်များကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ် သမားများအဖွဲ့ချုပ်(MSF)သို့ ဒီဇင်ဘာ(၁၂)ရက်နေ့ နံနက်

Gangnam Style အကကို အပြင်းအထန် ကခုန်ရင်း ဗြိတိန်သားတစ်ဦး သေဆုံး


Gangnam Style အကကို အပြင်းအထန် ကခုန်ရင်း ဗြိတိန်သားတစ်ဦး သေဆုံး

Posted on Dec 13 12 - 03:51 AM

နာမည်ကျော် Gangnam Styleအကကို ခရစ္စမတ် ပါတီတွင် အပြင်းအထန် ကခုန်ရင်း ဗြိတိန်၌ လူတစ်ဦး နှလုံးရောဂါဖောက်ကာ သေဆုံးသွားကြောင်း သိရှိရသည်။ တောင်ကိုရီးယား Rapဂီတ ကြယ်ပွင့် PSY၏ ကမ္ဘာကျော် သီချင်းမှ အကအတိုင်း လိုက်ကရင်း ကလေး(၃)ဦး၏ ဖခင်ဖြစ်သူ အာမွန်း ကီလ်ဘရိုက် သေဆုံးသွားခြင်း ဖြစ်သည်။ လန်ကက်ရှိုင်းယားရှိ ဘလက်ဘန်း အရပ်တွင် နေထိုင်သော ကီလ်ဘရိုက်သည် အသက်(၄၆)နှစ် ရှိနေပြီဖြစ်ပြီး ယခင်ကတည်းက နှလုံးရောဂါ အခံရှိနှင့်သူဟု ဆိုသည်။ ၎င်းသည် Gangnam Style ကဟန်အတိုင်း မြင်းစီးနေပုံ ခုန်ပေါက် ကခုန်နေရင်း ရုတ်တရက် နှလုံးဖောက်ပြန်မှုနှင့် ကြုံသွားခြင်းဟု The Sun သတင်းစာက ဖော်ပြခဲ့သည်။

ITမန်နေဂျာ တစ်ဦးဖြစ်သော ကီလ်ဘရိုက်သည် ဇနီးဖြစ်သူ ဂျူလီယာနှင့်အတူ ခရစ္စမတ် ပါတီပွဲ တစ်ခုအား ဒါဝမ်ရှိ ဝှိုဟောလ်ကလပ်တွင် ကျင်းပနေသည်။ ယင်းကြေကွဲစရာ အဖြစ်မျိုး ပေါ်ပေါက်ခဲ့သည့် စနေနေ့သည် ဂျူလီယာ၏ မွေးနေ့လည်း ဖြစ်သည်။ ကီလ်ဘရိုက် အနေဖြင့် ရင်ဘတ် နာကျင်လာကြောင်း ပြောဆိုပြီးနောက် လဲကျသွားရာ ဂျူလီယာက ရှေးဦးသူနာပြုနည်းနှင့် ပြုစုခဲ့သေးသည်။ (၅)မိနစ်အတွင်း ကယ်ဆယ်ရေး ဝန်ထမ်းများ ရောက်ရှိလာကာ တော်ဝင်ဘလက်ဘန်း ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ကီလ်ဘရိုက်၏ အသက်ကို မမီတော့ချေ။

(၂၃)နှစ်ကြာ ပေါင်းသင်းခဲ့သည့် ခင်ပွန်းနှင့် ပတ်သက်ပြီး ဂျူလီယာက "သူဟာ ခင်ပွန်းကောင်း တစ်ယောက် ဖြစ်တဲ့အပြင် ဘဝမှာ အကောင်းဆုံး မိတ်ဆွေ တစ်ယောက်ပါ။ ကျွန်မတို့နှစ်ယောက်ဟာ ခက်ခဲတဲ့ အချိန်တွေမှာတောင် ကောင်းမွန်တဲ့ မိသားစု ဘဝကို တည်ထောင်နိုင်ခဲ့တယ်။ သူက ကရတာကို သဘောကျတယ်။ ခရစ္စမတ် ပါတီမှာ Gangnam Styleအကကို သူကပြနေတဲ့ထိ ကျွန်မတို့ နှစ်ယောက်ရဲ့ အချိန်တွေဟာ ပျော်ဖို့ ကောင်းခဲ့ပါတယ်။ သူက စင်ပေါ်မှာ တက်ကရင်း လူတိုင်းကို ဖျော်ဖြေနေတာပါ။ ပြီးတော့ ရင်ဘတ်နာတယ်ဆိုပြီး လဲသွားပါတယ်"ဟု ကြေကြေကွဲကွဲ ပြောကြားခဲ့သည်။

သူမက "ဆေးရုံကား ရောက်လာတဲ့ထိ သူအသက်ရှင်ဖို့ ကျွန်မ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့ ဆေးရုံရောက်တော့ သူထွက်သွားပြီဆိုတာ သိခဲ့ရပါတယ်။ ကျွန်မရဲ့ အမျိုးသားက ဉာဏ်ရည် ထက်မြက်ပြီး ကလေးတွေကို ချစ်တတ်သူပါ။ သူတို့ကို ပညာတတ်လေးတွေ ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့တယ်။ သူကွယ်လွန်တဲ့ထိ ကျွန်မတို့ရဲ့ ကမ္ဘာလေးကို တွေးနေမယ်ဆိုတာ ကျွန်မ သေချာသိနေတယ်"ဟုလည်း ဆိုသည်။ ကီလ်ဘရိုက်တွင် အသက်(၂၂)နှစ်၊ (၂၁)နှစ်နှင့် အသက်(၁၈)နှစ်ရှိ ကလေး(၃)ဦး ကျန်ခဲ့ပြီး အားလုံး တက္ကသိုလ် တက်နေကြောင်း သိရှိရသည်။

Source: TheSun

အေးချမ်းမွန်မှ  Planet Myanmar Network  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Planet Myanmar Network
နာမည်ကျော် Gangnam Styleအကကို ခရစ္စမတ် ပါတီတွင် အပြင်းအထန် ကခုန်ရင်း ဗြိတိန်၌ လူတစ်ဦး နှလုံးရောဂါဖောက်ကာ သေဆုံးသွားကြောင်း သိရှိရသည်။ တောင်ကိုရီးယား Rapဂီတ ကြယ်ပွင့် PSY၏ ကမ္ဘာကျော် သီချင်းမှ အကအတိုင်း လိုက်ကရင်း ကလေး(၃)ဦး၏ ဖခင်ဖြစ်သူ အာမွန်း ကီလ်ဘရိုက် သေဆုံးသွားခြင်း ဖြစ်သည်။ လန်ကက်ရှိုင်းယားရှိ ဘလက်ဘန်း အရပ်တွင် နေထိုင်သော ကီလ်ဘရိုက်သည် အသက်(၄၆)နှစ် ရှိနေပြီဖြစ်ပြီး ယခင်ကတည်းက နှလုံးရောဂါ အခံရှိနှင့်သူဟု ဆိုသည်။ ၎င်းသည် Gangnam Style ကဟန်အတိုင်း မြင်းစီးနေပုံ ခုန်ပေါက်ကခုန်နေရင်း

တရုတ်နိုင်ငံတွင် လေယာဉ်အပိုင်စီးသူ ၃ ဦးကို သေဒဏ်ချမှတ်


တရုတ်နိုင်ငံတွင် လေယာဉ်အပိုင်စီးသူ ၃ ဦးကို သေဒဏ်ချမှတ်

13.12.2012

တရုတ်နိုင်ငံသည် လေယာဉ်အပိုင်စီးသူ(၃)ဦးကိုယခုအခါ သေဒဏ်စီရင်ချက်ချမှတ်လိုက်ကြောင်း သိရှိရသည်။ တရုတ်တရားရုံး တစ်ခုက ဇွန်လအတွင်း ခရီးသည်တင် လေယာဉ်တစ်ခုကို အကြမ်းဖက် အပိုင်စီးခဲ့သူများအနက် (၃)ဦးကို သေစားသေစေ အမိန့်ချမှတ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့သည်။ ကျန်တစ်ဦးမှာမူ အဖမ်းခံရသည်နှင့်မိမိအပြစ်ကျူးလွန်ကြောင်း ဝန်ခံခဲ့သူဖြစ်ရာ ထောင
်ဒဏ်တစ်သက် ချမှတ်ခံရသည်။ ဇွန်လ(၂၉)ရက်နေ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်မြောက်ပိုင်း ရှင်ဂျီအန်း အွိုင်ဂွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ တရားရုံးက ဘာသာရေးနှင့် ဆက်နွယ်သည်ဆိုသော အကြမ်းဖက် သမားများကို ညှာတာနေ စရာ မရှိဟု ဆုံးဖြတ်လိုက်သည်။

ထိုဖြစ်စဉ်တွင် အကြမ်းဖက်သမား (၂)ဦးမှာလည်း သေဆုံးခဲ့သည်။ ရှင်ဟွာ သတင်းဌာနက ယခုဖြစ်စဉ်တွင် အကြမ်းဖက် သမားများသည် မည်သည့် ဘာသာရေး အစွန်းရောက် အဖွဲ့နှင့် ဆက်နွယ်သည် ဆိုခြင်းကို တိတိကျကျ မဖော်ပြခဲ့ချေ။ ရှင်ဂျီအန်း ဒေသတွင်မူ မွတ်ဆလင် ဘာသာဝင် အများအပြား နေထိုင်ကြောင်းမူ သိရှိရသည်။ လေယာဉ်ကို အပိုင်စီးရန် ကြိုးစားသူများကို လေယာဉ်အမှုထမ်းများက ခုခံကြပြီးနောက် အကြမ်းဖက်သမား (၂)ဦး သေဆုံး သွားသလို ဝန်ထမ်းနှင့် ခရီးသည် (၂၄)ဦးလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။

တီယန်ဂျင်း လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် GS7554သည် ဟိုတန်လေဆိပ်မှ ပျံတက်လာပြီးဦးတည်သည့် နေရာမရောက်မီ ပြဿနာကြုံခဲ့ခြင်း ဖြစ်သည်။ လေယာဉ်သည် ဒေသ၏ မြို့တော် အာရမ်ကွီသို့ ပျံသန်းခဲ့ခြင်း ဖြစ်သည်။ ရှင်ဟွာ သတင်းဌာနက ထိုသူများသည် ဘာသာရေး တစ်ခု၏ ထူးမြတ်မှုကို အော်ဟစ်ကာ အမှုထမ်းများကို စတင် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၎င်းတို့သည် လေယာဉ်မှူး အခန်းကို ထုရိုက်ဖွင့်ရန် ကြိုးပမ်းခဲ့ပြီး နောက်ဆုံးတွင် အမှုထမ်းများနှင့် ခရီးသည်များက အသာစီးယူနိုင်ခဲ့သည်။ တရားရုံးက အကြမ်းဖတ် သမားများတွင် ဖောက်ခွဲရေး ပစ္စည်းများ၊ သတ္တုစများနှင့် မီးခြစ်များပါ တွေ့ရှိခဲ့ကြောင်း ဆိုသည်။

ရှင်ဟွာ သတင်းဌာနက တရားရုံးသည် ဥပဒေကြောင်း အခွင့်အရေးအရ ခုခံလျှောက်လှဲ သူများကို ဒေသတွင်း ဘာသာစကား သုံးစွဲခွင့် ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ရှင်ဂျီအန်း အွိုင်ဂွာ ဒေသသည် မွန်ဂိုလီးယားနှင့် ယခင်ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံများနှင့် နယ်နိမိတ်ချင်း ကပ်၍ တည်ရှိသည်။ ယင်းတို့သည် တူရကီနှင့် နီးစပ်သော ဘာသာစကားကို အဓိက အသုံးပြုသည်။ အဆိုပါ ဒေသခံ အများစုသည် မိမိတို့ ပြည်နယ်အတွင်း ပြည်မကြီးမှ ဟန်မျိုးနွယ် တရုတ်များ အခြေချ နေထိုင်ခြင်းကို မနှစ်မြို့ကြောင်း ဝန်ခံပြောဆိုခဲ့ကြသည်။

ကိုးဒီသွေးတရုတ်နိုင်ငံသည် လေယာဉ်အပိုင်စီးသူ(၃)ဦးကိုယခုအခါ သေဒဏ် စီရင် ချက်ချ မှတ် လိုက်ကြောင်း သိရှိရသည်။ တရုတ်တရားရုံး တစ်ခုက ဇွန်လ အတွင်း ခရီးသည်တင် လေယာဉ်တစ်ခုကို အကြမ်းဖက် အပိုင်စီးခဲ့သူများ အနက် (၃) ဦးကို သေစားသေစေ အမိန့်ချမှတ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့သည်။ ကျန်တစ်ဦးမှာမူ အဖမ်းခံရသည်နှင့်မိမိအပြစ်ကျူွးန်ကြောင်း ဝန်ခံခဲ့သူဖြစ်ရာ ထောငဒဏ်တစ်သက် ချမှတ်ခံရသည်။ ဇွန်လ(၂၉) ရက်နေ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်မြောက်ပိုင်း ရှင်ဂျီအန်း အွိုင်ဂွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ တရားရုံးက ဘာသာရေးနှင့်

NOKIA မှ ၆၂ ဒေါ်လာတန် FACEBOOK ဖုန်း မိတ်ဆက်


NOKIA မှ ၆၂ ဒေါ်လာတန် FACEBOOK ဖုန်း မိတ်ဆက်

http://www.myawady.com.mm/tech/globaltechnews/item/1642

Facebook သုံးရန် သီးခြား ထုတ်လုပ် လိုက်သည့် Asha 205 နှင့် Asha 206 စမတ်ဖုန်း တို့ကို ဖင်လန်နိုင်ငံ အခြေစိုက် Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရှိ ရပါသည်။  ခလုတ် တစ်ချက် နှိပ်ရုံဖြင့် Facebook အသုံးပြုနိုင်အောင် စီစဉ်ပေး ထားကြောင်းနှင့် ဈေးနှုန်း ကိုလည်း မျှတအောင် စီစဉ်ပေး ထားကြောင်းလည်း
သိရှိရသည်။ မျက်နှာပြင် အကျယ် ၂ ဒသမ ၄ လက်မရှိပြီး  Querty Keyboard ပါဝင်တဲ့ ၎င်းဖုန်းသည် အသုံးပြုရန်အတွက် မျက်နှာပြင် ကျဉ်းလွန်းနေသော်လည်း သိမ်းဆည်းနိုင်မှု ပမာဏမှာ 32 GB ပါဝင်ပြီး ဘက်ထရီ သက်တမ်းမှာ ၁၁ နာရီကြာ အသုံးပြုနိုင်ခြင်းကြောင့် ဆွဲဆောင်မှုတစ်ခု ရှိနေနိုင်ပါသည်။ ၎င်းဖုန်းတွင် ထူးခြားချက်အနေဖြင့် Facebook ခလုတ် တစ်ခုတည်း သာမက Slam လို့ခေါ်တဲ့ Feature တစ်ခုကိုလည်း ထည့်သွင်း မိတ်ဆက်ထားပါသည်။ ၎င်းသည် ဓာတ်ပုံရိုက်ပြီးနောက် Send ကို ရွေးချယ်ပြီး Slam ဆိုတဲ့ List ထဲမှာ အနီးဆုံး Bluetooth ပါဝင်တဲ့ ပစ္စည်းများကို ရှာဖွေပေးနိုင်ခြင်းပဲ ဖြစ်ပါသည်။ အရောင်ကိုတော့ ပန်းရောင်၊ အပြာ၊ အဝါ၊ အနက်နဲ့ အဖြူဆိုပြီး ငါးမျိုးထုတ်လုပ်မည်ဟု ဆိုသည်။ ဈေးနှုန်းကို ၆၂ ဒေါ်လာဖြင့် နှစ်မကုန်ခင် ရောင်းချနိုင်ရန် စီစဉ်နေကြောင်းကို သိရှိရပါသည်။
Facebook သုံးရန် သီးခြား ထုတ်လုပ် လိုက်သည့် Asha 205 နှင့်Asha 206 စမတ်ဖုန်း တို့ကို ဖင်လန်နိုင်ငံ အခြေစိုက် Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရှိ ရပါသည်။ ခလုတ် တစ်ချက် နှိပ်ရုံဖြင့် Facebook အသုံးပြုနိုင်အောင် စီစဉ်ပေး ထားကြောင်းနှင့် ဈေးနှုန်းကိုလည်း မျှတအောင် စီစဉ်ပေး ထားကြောင်းလည်းသိရှိရသည်။ မျက်နှာပြင် အကျယ် ၂ ဒသမ ၄ လက်မ ရှိပြီး Querty Keyboard ပါဝင်တဲ့ ၎င်းဖုန်းသည်

စစ်ကိုင်းငလျင် တလပြည့် နောက်ဆက်တွဲ

DVB TV News
စစ်ကိုင်းငလျင် တလပြည့် နောက်ဆက်တွဲ 

ရွှေအောင် DVB ၁၃ ဒီဇင်ဘာ ၂၀၁၂

- စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်က ရစ်ခ်ျတာစကေး ၆ ဒ သ မ ၈ အ ဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက် ဒီနေ့ထိ နောက်ဆက်တွဲငလျင် ၉၂ကြိမ်ထိ လှုပ်ခဲ့တယ်လို့ စုံစမ်းသိ ရှိ ရပါတယ်။

- ငလျင်ဒဏ်ခံစားခဲ့၇တဲ့ ဒေသတွေဘက်က ပြည်သူတွေ အခြေအနေမေးကြည့်တော့ စစ်ကိုင်းတိုင်း၊ ရွှေဘို ခ၇ိုင်ထဲက စဥ့်ကူးမြို့မှာတော့ မြို့ခံတွေဟာ အခုအချိန်ထိ အိမ်တွေထဲ မအိပ်ရဲကြသေးလို့ အိမ်ပြင်ကွက်လပ် တွေမှာ ထွက်အိပ်နေကြတုန်းပဲဖြစ်တယ်လို့ မြို့ခံ တဦးဖြစ်တဲ့ မဂွိုက်က ပြောပြပါတယ်။

- အလားတူ ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ သပိတ်ကျဉ်းမြို့နယ်မှာလဲ ပျက်စီးသွားတဲ့ သာသနိက အဆောက်အအုံ တွေ၊ လူနေအိမ်ခြေအဆောက်အဦတွေရဲ့ ၁၀ ရာခိုင်နှုန်း လောက်တောင်မပြင်ရသေးဘူးလို့ မြို့ခံ ဦးတိုးတိုးက ပြောပြပါတယ်။

- သပိတ်ကျဉ်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမျိုးဟန်ကတော့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး သွား ပြီမို့ အခု ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေပြီ ဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။

- ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁၇က်မှာ လှုပ်ခဲ့တဲ့ ငလျင်ကြီးနောက် နောက်ဆက်တွဲ ငလျင်တွေဟာ တလကျော်ကြာ တဲ့ထိ ဆက်လှုပ်နေပြီး အများဆုံး ၂လလောက်ထိ ဆက်လှုပ်နိုင်တယ်လို့ မြန်မာနိုင်မြေငလျင်အသင်းက ဦးစိုး သူရထွန်းက ပြောပါတယ်။

-နိုဝင်ဘာငလျင်နဲ့ ပတ်သက်လို့ နောက်ထပ် နှစ်အတန်ကြာတဲ့အထိ ထပ်လှုပ်နိုင် စရာ အကြောင်း မရှိ တော့ ပါ ဘူး လို့လဲ သူက ဆက်ပြောပြသွားပါတယ်။

- စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် အတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင် ဒဏ်ကြောင့် သေဆုံးသူ ၂ ဦး၊ ပျောက်ဆုံး သူ ၅ ဦး၊ ဒဏ်ရာရသူ ၂၆ ဦးနှင့် ပြိုကျ ပျက်စီးတဲ့ အဆောက်အဦးပေါင်း ၁၁၈ ခု ရှိပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၂၆၉၂. ၅ သိန်းခန့် ရှိနိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

- အစိုးရက ငလျင်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် ငွေကျပ်သန်းပေါင်း ၁၀၀ သုံးစွဲသွား မယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
- စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ဒီနေ့ ထိ နောက် ဆက်တွဲ ငလျင် ၉၂ကြိမ်ထိ လှုပ်ခဲ့တယ်လို့ စုံစမ်းသိ ရှိ ရပါ တယ်။
- ငလျင်ဒဏ်ခံစားခဲ့၇တဲ့ ဒေသတွေဘက်က ပြည်သူတွေ အခြေ အနေမေးကြည့်တော့ စစ်ကိုင်းတိုင်း၊ ရွှေဘို ခ၇ိုင်ထဲက စဥ့်ကူးမြို့

တောင်ကုတ်တွင် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုကွန်ယက် အစည်းဝေးကျင်းပမည်

Arakan Review

တောင်ကုတ်တွင် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုကွန်ယက် အစည်းဝေးကျင်းပမည်

ရခိုင်ပြည်နုယ်တောင်ကုတ်မြို့တွင် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုကွန်ယက် အစည်းဝေးကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ အဆိုပါအစည်းဝေးကို တောင်ကုတ်မြို့နယ် လူမှုကွန်ယက်အဖွဲ့မှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့ထိ နှစ်ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း Arakan Review မှ သတင်းရရှိသည်။

၎င်းအစည်းဝေးမှာ ရခိုင်ပြည်လုံးဆိုင်ရာ လူမှုကွန်ယက်အစည်းဝေးတစ်ရပ် ဖြစ်ပြီး အစည်းဝေးသို့ ရခိုင်ပြည်ရှိမြို့နယ်အားလုံးမှ လူမှုကွန် ယက်အဖွဲ့များ၊ လူငယ်ကွန်ယက်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်မည်ဖြစ်ပြီး တစ်မြို့နယ်မှ ကိုယ်စားလှယ် (၂) ဦးစီ ဖိတ်ခေါ်သွားမည်ဖြစ်သည်။

“အခုလို အစည်းအဝေးပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ပြည် ဒေသအသီးသီးမှာ ရှိနေကြတဲ့ မြို့နယ်တွေ အားလုံး ချိတ်ဆက်မိလာစေဖို့၊ သတင်းအချက်အလက်တွေကို အလွယ်တကူ မျှဝေရရှိစေဖို့ စတဲ့ အချက်တွေကို အခြေခံ ရည်ရွယ်ပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အစည်းအဝေးက ချမှတ်လာမယ့် ဆုံးဖြတ်ချက်တွေကို လက်တွေ့အကောင်အ ထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ရခိုင်တပြည်လုံးအရေးကို လိုက်ပါဆောင်ရွက်နိုင်ဖို့ ရခိုင်လူမှုကွန်ယက်အသင်း တသင်းကို မြို့နယ်ပေါင်းစုံ ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်အရ တရားဝင်ဖွဲ့စည်းသွားဖို့ထိ ရည်ရွယ်ပါတယ်” ဟု အစည်းဝေးဖြစ်မြောက်ရေး ကော်မတီနှင့်နီးစပ်သူ ကိုဦးကျော်သိန်းက Arakan Review သို့ ပြောသည်။

နိုဝင်ဘာလ (၂၄-၂၅) ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်လူငယ် ဖိုရင်တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ ၄င်းဖိုရင်ကို ဝံလက် ဒေသဖွံ့ဖြိုးရေ ဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပ ပြုလုပ်သွားကြောင်းလည်းသိရသည်။ရခိုင်ပြည်နုယ်တောင်ကုတ်မြို့တွင် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုကွန်ယက် အစည်းဝေးကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ အဆိုပါ အစည်းဝေးကို တောင်ကုတ်မြို့နယ် လူမှုကွန်ယက်အဖွဲ့မှ ဦးဆောင် ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့  ထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Arakan

မိုဘိုင်းအင်တာနက်အသုံးပြုမှု ပိုမိုလျင်မြန်စွာ မြင့်တက်လာ


မိုဘိုင်းအင်တာနက်အသုံးပြုမှု ပိုမိုလျင်မြန်စွာ မြင့်တက်လာ

http://www.myawady.com.mm/tech/localtechnews/item/1692

စမတ်ဖုန်းနှင့် app များကဲ့သို့သော မည်သည့် နေရာမှ မဆို အလွယ်တကူ အသုံးပြု နိုင်သည့် မိုဘိုင်း ပစ္စည်းနှင့် နည်းစနစ်များ ပိုမို များပြား လာခြင်းနှင့် အတူ မိုဘိုင်းဖြင့် အင်တာနက် အသုံးပြု မှုသည်လည်း ပိုမို လျင်မြန်စွာ တိုးတက် လာကြောင်း ကွန်ရက်ပိုင်း ဆိုင်ရာ ကျွမ်းကျင် ပညာရှင် တစ်ဦးဖြစ်သူ VC Mary Meeker ၏နှစ်ကုန် အင်တာနက် အသုံးပြုမှု အစီ ရင်ခံ စာတွင် ဖော်ပြ ထားကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း မိုဘိုင်းအင်တာနက် အသုံးပြုမှုသည် ပိုမိုလျင်မြန်စွာ တိုးတက်လာ နေပြီဖြစ်ပြီး အချို့သော နေရာများတွင် desktop အင်တာနက် အသုံးပြုမှုထက် ပိုမိုများပြား နေ သည်။ အင်တာနက် အသုံးပြုမှုများ အားလုံး၏ ၁၃ ရာခိုင်နှုန်းသည် မိုဘိုင်း ပစ္စည်းများမှ ဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်က မိုဘိုင်း အင်တာနက် အသုံးပြုမှုသည် ၄ ရာခိုင်နှုန်းသာ ရှိကြောင်း Meeker ၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။ အိန္ဒိယ နည်းပညာ လောကတွင်မူ မိုဘိုင်း အင်တာနက် အသုံးပြုမှုသည် desktop အင်တာနက် အသုံးပြုမှု ကို ကျော်လွန်ကာ ၆၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ မိုဘိုင်း ကဏ္ဍသည်လည်း ပိုမို လျင်မြန်စွာ တိုးတက်လျက် ရှိကာ လာမည့် ၃ နှစ်တာ ကာလအတွင်း စမတ်ဖုန်းနှင့် tablet ကဲ့သို့သော  မိုဘိုင်း ပစ္စည်းများ၏ ရောင်းအားသည် ဆက်လက် မြင့်တက် လာမည် ဖြစ်ကြောင်း Meeker ကဆိုသည်။  ၂၀၁၅ ခုနှစ် မိုဘိုင်းပစ္စည်းများ ၏ ရောင်းအားသည် ၁.၇ ဘီလီယံကျော် ရှိလာနိုင်ပြီး တစ်ချိန်တည်းမှာပင် PC နှင့် Laptop များ၏ ရောင်းအားမှာမူ သန်း ၄၀၀ ခန့်သာ ဆက်လက် ရှိနိုင်တော့ကြောင်း အစီရင်ခံစာ ၏ အဆိုအရ သိရသည်။ ထို့ပြင် နည်းပညာပိုင်း ဆိုင်ရာ ပြောင်းလဲ တိုးတက် လာမှုများကိုလည်း အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားပြီး နှစ်အနည်းငယ် အတွင်း တီထွင် ဖန် တီး နိုင်လာသည့် နည်းပညာဆိုင်ရာ ထုတ်ကုန်များနှင့် နည်းပညာသစ်များ၊ နည်းစနစ်သစ်များ ကိုလည်း ဖော်ပြ ပေးထားသည်။

ရေးသားသူ -ဟေမာ

Ref : Yadanarponစမတ်ဖုန်းနှင့် app များကဲ့သို့သော မည်သည့် နေရာမှ မဆို အလွယ်တကူ အသုံးပြု နိုင်သည့် မိုဘိုင်း ပစ္စည်းနှင့် နည်းစနစ်များ ပိုမို များပြားလာခြင်းနှင့် အတူမိုဘိုင်းဖြင့် အင်တာနက်အသုံးပြုမှုသည် လည်း ပိုမိုလျင်မြန်စွာ တိုးတက်လာကြောင်း ကွန်ရက်ပိုင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်သူ VC Mary Meeker ၏နှစ်ကုန်

၂၀၁၂ ခုနှစ် အတွင်း အင်တာနက်တွင် ကမ္ဘာ့ လူရှာ အများဆုံး စကားလုံးများ

http://www.myawady.com.mm/tech/localtechnews/item/1698

၂၀၁၂ ခုနှစ်အတွင်း အင်တာနက်မှာ လူရှာ အများဆုံး စကားလုံး ၁၀ လုံး စာရင်းကို Google Zeitgeist မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီစာရင်းက ဗြိတိန်နိုင်ငံ တစ်ခု တည်းမှာပဲ ကောက်တဲ့ စာရင်း ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် တစ်နှစ်တာ အတွင်း အထူးခြားဆုံး ဖြစ်ရပ်နဲ့ ဗဟုသုတ လေးတွေမို့ မျှဝေပေးလိုက် ရပါတယ်။
Google Zeitgeist ဟာ နှစ်စဉ် တစ်နှစ်ကုန်တိုင်းမှာ လူရှာအများဆုံး စကားလုံးများကို Google ကနေ စစ်တမ်း ကောက်ယူပေးလျက် ရှိပါတယ်။ ယခု ကောက်ပေးလိုက်တဲ့ စာရင်းအရ-

1. Euro 2012

2. Olympic tickets

3. Whitney Houston

4. Kate Middleton

5. April Jones

6. Netflix

7. Natwest online

8. iPad 3

9. Gary Barlow

10. Gangnam Style

အစရှိတဲ့ စကားလုံးများ ဖြစ်ပါတယ်။ Euro 2012 က ထိပ်ဆုံးမှာ ရပ်တည်ပါတယ်။ ပိုလန်နဲ့ ယူကရိန်းမှာ ပူးတွဲကျင်းပတဲ့ ဘောလုံးပွဲ ဖြစ် ပါတယ်။ အိုလံပစ် ပွဲလက်မှတ် (Olympic tickets) ကတော့ ဒုတိယ လိုက်ပါတယ်။ လန်ဒန်မှာ ကျင်းပတဲ့ အိုလံပစ်ပွဲ ကြောင့် ဖြစ်ပါတယ်။ တတိယကတော့ ကွယ်လွန်သွားရှာတဲ့ အမေကန်က ဂရန်မီဆုရ အမျိုးသမီး အဆိုတော်ကြီး Whitney Houston ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် အတွင်း အင်တာနက်တွင် ကမ္ဘာ့ လူရှာ အများဆုံး စကားလုံးများ

အင်တာနက် ဈေးနှုန်း နိုင်ငံတကာ စံနှုန်းဖြင့် ကောက်ခံမည် ဆိုသော်လည်း ဝန်ဆောင်မှုမှာ နိုင်ငံတကာ အဆင့် မမီနိုင်


အင်တာနက် ဈေးနှုန်း နိုင်ငံတကာ စံနှုန်းဖြင့် ကောက်ခံမည် ဆိုသော်လည်း ဝန်ဆောင်မှုမှာ နိုင်ငံတကာ အဆင့် မမီနိုင်

http://www.myawady.com.mm/tech/localtechnews/item/1687

လက်ရှိ အင်တာနက် အသုံးပြုခ ဈေးနှုန်း များအား မြန်မာ့ ဆက်သွယ်ရေးက ၁၀၀ ကီလို ဘိုက်အား ၂ ကျပ် တိုးမြှင့် ကောက်ခံ ခြင်းသည် နိုင်ငံ တကာ စံနှုန်းများနှင့် အညီ ကောက်ယူခြင်းဟု  ဆိုသော်လည်း နိုင်ငံ တကာတွင် ပေးနေသော Service ဝန်ဆောင် မှုအား
အပြည့်အဝ ပေးရမည်ဖြစ်ပြီး လက်ရှိ အနေအထားရ မြန်မာနိုင်ငံ၏ အင်တာနက် ဝန်ဆောင်မှုမှာ ဈေးနှုန်းကသာ နိုင်ငံတကာ စံနှုန်းများကိုမီ၍ ဝန်ဆောင်မှုနှင့် မြန်နှုန်းမှာမူ အဆင့်မမီသေးကြောင်း၊ တစ်နေ့လျှင် ဝင်ငွေ ကိုးရာကျပ်မျှသာ ရသော ကျေး လက်နေ ပြည်သူများ အတွက်ဆိုလျှင် အင်တာနက် သုံးစွဲနိုင်ရန် ပို၍ပင် အလှမ်းဝေးကြောင်း၊ မြန် မာ့နိုင်ငံ၌ အင်တာနက် အသုံးပြုခအား တိုးမြှင့်ခြင်း အပေါ် ဦးဆောင် ကန့်ကွက်သူ တစ်ဦးဖြစ်သူ ဦးနေမျိုးဇင်က ပြောကြား သွားသည်။ 

'လက်ရှိ ဆက်သွယ်ရေးရဲ့ အင်တာနက် အသုံးပြုခ ၁၀၀ ကီလိုဘိုက်ကို ၂ ကျပ်ဆိုတာ မြန်မာပြည်ရဲ့ အခြေခံ လူတန်းစားအတွက် တော်တော်ကို ဝန်ပိစေတဲ့ ပမာဏပါ။ သူတို့ ကပြောရင် နိုင်ငံတကာ စံနှုန်းနဲ့အညီ ကောက်တယ်လို့ ပြောတယ်။ ဟုတ်ပြီ။ ဒါဆို နိုင်ငံတကာ စံနှုန်းနဲ့တော့ ကောက်ချင်တယ်။ ဝန်ဆောင်မှုကတော့ ဗလချာဆိုတာတော့ မဖြစ် သင့်ဘူး။ တရားဥပဒေ စိုးမိုးရေးအတွက် အင်တာနက် နည်းပညာ လွတ်လပ်ချိုသာစွာ သုံးစွဲနိုင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် အခြေခံ လူတန်းစားတွေ အနေနဲ့ ဈေးနှုန်း သက်သက် သာသာနဲ့ ဝန်ဆောင် မှုကောင်းစွာ အင်တာနက် သုံးစွဲနိုင်ဖို့ အတွက် အစိုးရနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဌာနမှာ တာဝန် အပြည့်အဝ ရှိတယ်' ဟု ဦးနေမျိုးဇင် က ပြောကြားသွားသည်။ 

မြန်မာ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်က သက်ဆိုင်ရာသို့ ဆက်သွယ်ရေး ကဏ္ဍနဲ့ ပတ်သက်၍ အချက် (၃) ချက် ဆက်လက် တောင်းဆို သွားမည်ဖြစ်ပြီး ယင်းတို့မှာ အင်တာနက် အသုံးပြု ခအား ၁၀၀ ကီလိုဘိုက်လျှင် ၂ ကျပ်နှုန်း ကောက်ခံခြင်းအား လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၌ လုပ်ငန်းရှင် ခရိုနီ အချို့၏ ဈေးကစား၊ ချုပ်ကိုင်ထားခြင်းများအား ပွင့်လင်းမြင်သာမှုရှိစွာ လူထုသို့ ချပြသွားရန်နှင့် အီလက်ထရောနစ် အက်ဥပဒေထဲမှ ပြောင်းလဲ လာပြီဖြစ် သာ ခေတ်စနစ်နှင့် လျော်ညီမှု မရှိသည့် အချို့သော အချက်များအား ပြင်ဆင်ပေးရန် စသည်တို့ ဖြစ်ကြောင်း သိရှိရသည်။
အင်တာနက် ဈေးနှုန်း နိုင်ငံတကာ စံနှုန်းဖြင့် ကောက်ခံမည် ဆိုသော် လည်း ဝန်ဆောင်မှုမှာ နိုင်ငံတကာအဆင့်မမီနိုင်လက်ရှိ အင်တာနက် အသုံးပြုခ ဈေးနှုန်းများအား မြန်မာ့ဆက်သွယ်ရေးက ၁၀၀ ကီလို ဘိုက်အား ၂ ကျပ် တိုးမြှင့် ကောက်ခံ ခြင်းသည် နိုင်ငံတကာ စံနှုန်း များနှင့် အညီ ကောက်ယူခြင်းဟု ဆိုသော်လည်း နိုင်ငံ တကာ

ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် မြန်မာပြည်လာမည်

မြန်မာ့ စီးပွားရေး သတင်းများ  ဒီဇင်ဘာ ၁၃၊ ၂၀၁၂

ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် မြန်မာပြည်လာမည်

ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်ထရာသည် ထားဝယ်ရေနက်ဆိပ်ကမ်းဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာသို့ တနင်္လာနေ့ (ဒီဇင်ဘာ ၁၇) တွင် လာရောက်မည်ဖြစ်ကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ်ယင်လပ်ခ်၏ ဧည့်သည်တော်အဖွဲ့တွင် လက်ထောက်ဝန်ကြီးချုပ် ကစ်တီရတ်နာရာစန်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ချတ်ချက်စီသီပန်၊ စွမ်းအင်ဝန်ကြီး ပုန်သက်ရွတ်ခ်တာပုန်ပီဆယ်နှင့်အတူ စာနယ်ဇင်းသမားများလည်း ပါမည်ဟု သိရသည်။ 

ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် အာခွန်မ်တမ်ပီတရာပိုင်ဆစ်ကလည်း ၀န်ကြီးချုပ် ယင်လပ်ခ်၏ ခရီးစဉ်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး မြန်မာ-ထိုင်း ပူးတွဲကော်မရှင်၏ ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပမည်ဟုဆိုထားသည်။ ၎င်းက မြန်မာနှင့်ထိုင်းတို့သည် ထးဝယ်အထူးစီးပွားရေးဇုန်အတွက် အပြန်အလှန် ဆွေးနွေးဖလှယ်သွားမည်ဟု ပြောသည်။

Ref : The Nation




အဓမ္မသိမ်းလယ်မြေများ ဦးပိုင်နှင့် ဗိုလ်ချုပ်များ ယူထားကြောင်း စစ်ဆေးတွေ့ရှိ

ရခိုင်ပြည်နယ်၌ လယ်မြေ အဓမ္မသိမ်းယူမှုကို စစ်တပ်က အများဆုံး လုပ်ထားကြောင်း၊ သိမ်းထားသည့် လယ်မြေများကိုလည်း သိမ်းယူသည့် စစ်တပ်အတွက် အသုံးမပြုဘဲ စီးပွားရေး ဦးပိုင်လီမီတက် အမည်ပေါက်၊ စစ်ဗိုလ်ချုပ် ဆွေမျိုးများ၏ အမည်ပေါက်ဖြင့် လုပ်ဆောင်ထားသည်ကို တွေ့ရကြောင်း စုံးစမ်းရေး ကော်မရှင်အဖွဲ့ထံမှ သိရသည်။
“စစ်တပ်ပိုင်မြေဆိုပြီး အဓမ္မ သိမ်းထားတာတွေ မြို့နယ်အများစုမှာ တွေ့ရတယ်။ ဒါပေမယ့် စစ်တပ်က အသုံးပြုနေတာ မတွေ့ရဘဲ ဦးပိုင် အမည်ဖောက်ပေးထားတာ၊ စီးပွားရေးသမားတွေကို ငှားစားထားတွေကို တွေ့ရတယ်” ဟု လယ်ယာမြေ သိမ်းယူမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ပြီး စစ်တပ် လွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး စိုးရွှေ ဦးဆောင်သော လယ်ယာမြေ သိမ်းယူမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်း လှည့်လည် စစ်ဆေးနေရာ ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ အမ်း၊ မင်းပြား၊ တောင်ကုတ် စသည့် မြို့နယ်များတွင် စစ်ဆေးလျက်ရှိသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရ စစ်တပ်က အဓမ္မသိမ်းယူထားသည့် လယ်ယာမြေဆိုင်ရာ အမှုများကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေးပြီးနောက် မူလပိုင်ရှင် လယ်သမားများ ပြန်လည်ရရှိရေး ဆောင်ရွက်သွားမည်ဟု သိရသည်။ကျောက်ဖြူမြို့နယ် အတွင်းရှိ လယ်မြေအများစုကို ထိုဒေသ၌ အခြေစိုက်ထားသည့် ဓည၀တီ ရေတပ်စခန်းဌာနချုပ် လက်အောက်ခံ တပ်ရင်းများနှင့် ခြေမြန်တပ်ရင်း ၅၄၂၊ ထောက်လှမ်းရေးတပ်တို့က သိမ်းဆည်းထားကြောင်း ဦးဘရှိန်က ပြောသည်။
စစ်တပ်မှ သိမ်းယူထားသည့် လယ်မြေများသည် ဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ကိုင်စားသောက်လာသည့် လယ်မြေများ ဖြစ်ကြောင်း၊ တချို့သော လယ်ယာမြေကွက်များမှာ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သော်လည်း အမည်ပေါက် လုပ်ဆောင်ထားမှု မရှိကြောင်း  ကျောက်ဖြူမြို့နယ် ဂုံးချိန်ရွာခံ လယ်သမားတဦးက ပြောသည်။၎င်းက “ဘိုးစဉ်ဘောင်ဆက် ဒီလိုပဲ လုပ်စားလာကြတော့ အမည်ပေါက်လုပ်ထားရမှန်း ကျနော်တို့ နားမလည်ပါဘူး။ အခုတော့ ကျနော်တို့ လယ်တွေကို  စစ်တပ်နာမည်၊ ဦးပိုင်နာမည်၊ စစ်ဗိုလ်ချုပ် သားသမီးတွေ၊ ဇနီး စတဲ့ နာမည်တွေနဲ့ချည်းပဲ” ဟု ဆိုသည်။
ကျောက်ဖြူမြို့နယ်၌ တည်ဆောက်နေသော ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဂက်စ်ပိုက်လိုင်း ဖြတ်သန်းရာ လမ်းကြောင်းတလျှောက်ရှိ လယ်မြေများ၊ နွားစားကျက်မြေများကို ထိုဒေသရှိ စစ်တပ်များနှင့် ရခိုင်ပြည်နယ် စစ်တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့ကြသည့် စစ်ဗိုလ်ချုပ်များ၏ မိသားစုပိုင်များအဖြစ် လုပ်ဆောင်၍ စီမံကိန်း ကုမ္ပဏီများကို ကျပ်သိန်းပေါင်းများစွာဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ဒေသ၌ တိုင်းမှူး တာဝန်ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စ် စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ၍ ရရှိခဲ့ကြကြောင်း သိရသည်။ကျောက်ဖြူ အခြေစိုက် ထောက်လှမ်းရေးတပ်တခုက သိမ်းထားသည့် စေတီယျကျေးရွာအနီးရှိ မြေကွက်နှင့် အုန်းခြံတချို့၏ ပိုင်ရှင်နာမည်တွင် ရခိုင်ပြည်နယ်၏ စစ်တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ယခင် နအဖအစိုးရ အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ၀င်းမြင့်၏ သမီး အမည်ပေါက်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဦးဘရှိန်က ပြောသည်။
၎င်းက “ထောက်လှမ်းရေးတပ် ၁၀ က သိမ်းထားတာကို ဗိုလ်ချုပ် ၀င်းမြင့် သမီး နန်းရတနာဝင်း နာမည်နဲ့လုပ်ထားတာ တွေ့တယ်၊ လယ်ဧက မများပေမယ့် မတရား သိမ်းယူထားတာ တွေ့ရတယ်။ အုန်းခင်း တချို့လည်း ပါဝင်နေတယ်။ ဒါတွေကို မူလပိုင်ရှင်ကို ပြန်ပေးသင့်တယ်။ ပြန်ပေးအောင်လည်း တိုက်တွန်းသွားမှာပါ” ဟု ဆိုသည်။
ကျောက်ဖြူမြို့နယ်နှင့် သံတွဲမြို့နယ်တို့ရှိ စစ်တပ်က အဓမ္မ သိမ်းယူထားသော လယ်မြေများအား မူလပိုင်ရှင် လယ်သမားများကို ပြန်ပေးရန် မည်သို့လုပ်ဆောင်ပေးမည်ကို သိလိုကြောင်း လွှတ်တော်အစည်းအဝေး၌ မေးမြန်းခဲ့ဖူးရာ ထိုမြေများသည် စစ်တပ်အသုံးပြုရန် တရားဝင် သိမ်းယူထားသည့်အတွက် ပြန်လည်ပေးရန် မရှိဟု ထိုစဉ်က ကာကွယ်ရေးဝန်ကြီးက ဖြေဆိုခဲ့သည်ဟု ဦးဘရှိန်က ပြောသည်။သံတွဲမြို့နယ်၊ ငပလီကမ်းခြေ အနီးရှိ ဒေသခံများ ပိုင်ဆိုင်သည့် အုန်းသီးခြံများကို စစ်တပ်က သိမ်းယူ၍ အနီးရှိ ဟိုတယ်အား ကျပ် သိန်း ၁၀၀ ဖြင့် ပြန်လည် အငှားချထားကြောင်း သိရပြီး၊ ဂွမြို့နယ်အတွင်း သိမ်းယူထားသည့် လယ်မြေများကို စစ်တပ်က သိမ်းယူ၍ စီးပွားဦးပိုင် အမည်လုပ်ဆောင်ထားကြောင်း၊ စစ်တပ်သိမ်းမြေ အများစုမှာ ဦးပိုင်ထံ လွှဲအပ်ပေးထားကြောင်း သိရသည်။
မြန်မာတနိုင်ငံလုံးတွင် စစ်တပ်နှင့် ၎င်းတို့နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက သိမ်းယူထားသည့် လယ်မြေဧက သိန်းပေါင်း များစွာရှိကြောင်း၊ ထိုကိစ္စများကို စုံစမ်းစစ်ဆေးရန် ပြည်ထောင်စု လွှတ်တော်က တိုင်းနှင့် ပြည်နယ်အလိုက် ကော်မရှင်များ ဖွဲ့စည်းပေးထားကြောင်း၊ မိမိတို့ တာဝန်ယူထားရာ ဒေသများမှ စစ်ဆေးတွေရှိချက်များကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။ယခင် စစ်အုပ်ချုပ်ရေးကာလ ဖြစ်၍ အမိန့်အာဏာကျင့်သုံး၍ အဓမ္မ သိမ်းယူခဲ့သော်လည်း ယခုအခါ လယ်သမားများထံ ပြန်လည် ပေးအပ်သင့်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရန် အဓိက တာဝန်ရှိသူမှာ ပြည်ထောင်စု အစိုးရသာ ဖြစ်ကြောင်း ဦးဘရှိန်က ပြောသည်။
“ကျနော်တို့က စစ်ဆေးတွေ့ရှိမှုတွေကို ပြည်ထောင်စုလွှတ်တော် တင်ပြပြီး အတည်ပြုချက်ယူမယ်၊ ပြီးရင် အစိုးရရဲ့ သက်ဆိုင်ရာ ဌာနတွေကို ပေးပို့မယ်။ အစိုးရဌာနတွေက ဘယ်လောက် လိုက်နာ ဆောင်ရွက်ပေးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ” ဟု ၎င်းက ဆိုသည်။




NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်ထရာသည် ထားဝယ်ရေနက် ဆိပ်ကမ်းဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ် ရန် မြန်မာသို့ တနင်္လာနေ့ (ဒီဇင်ဘာ ၁၇)တွင် လာရောက်

မိုးကြိုးသွားက ပေးသော တက်တူး

ပုံမှာ မြင်တွေ့ရတာကို တက်တူးလို့ ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ယင်းဟာ တက်တူးမဟုတ်ပဲ မိုးကြိုးပစ်လို့ရတဲ့ အမာရွတ် ဖြစ်ပါတယ်။
အင်္ဂလိပ်လိုတော့ Lichtenberg figure လို့ခေါ်ပါတယ်။ အမြဲတမ်း မဟုတ်ပေ မယ့် မိုးကြိုးအပစ်ခံရရင် ရတတ်တဲ့ အမာရွတ်အများစုက ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ တက်တူးထိုးထားသလိုပဲ အပွင့် ပွင့် တွေနဲ့ လှနေ ပါတယ်။ မိုးကြိုးအပစ်ခံရပြီး ကံကောင်းလို့ အသက် ရှင် သွားတဲ့ လူနာတွေ ဆီကနေ မှတ်တမ်း တင်ထားတဲ့
Arakan Review

ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် အဓိကလူသွားလာမှု အများဆုံးဖြစ်သော ဗန္ဓုလတံတား အန္တရာယ်များနေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် အဓိကလူသွားလာမှု အများဆုံးဖြစ်သော ဗန္ဓုလတံတားမှာ ဟောင်းနွမ်းပြိုပျက်နေပြီဖြစ်ကာ ပြန် လည် ပြုပြင်ခြင်း မရှိသည့်အတွက် သွားလာရန် အလွန်အန္တရာယ် ရှိနေပြီး အချိန်မရွေး ပျက်စီးနိုင်သောကြောင့် ဒေသခံပြည်သူ လူထုများ စိုးရိမ်နေကြကြောင်း သိရှိရသည်။“ဗန္ဓုလတံတားက လူတွေ သီးသန့် သွားလာနေတဲ့ တံတားတစင်းမဟုတ်ဘူး။ မြောက်ဦးမြို့ကို ဆိုက်ရောက်လာကြတဲ့ သင်္ဘော၊ တခြား မော်တော်တွေကနေ ကုန်ပစ္စည်းတွေကို မြို့တွင်းကို သယ်ဆောင်တဲ့အခါလည်း ဒီတံတားကိုပဲ အသုံးပြုနေကြရတာ။ ဒီလို မရှိမဖြစ် အသုံးပြုနေရတဲ့ တံတားကို သက်ဆိုင်ရာတွေက စနစ်တကျ ထိန်းသိမ်းပြုပြင်မှု လုံးဝမရှိတော့ တံတားအခြေအနေ က တော်တော်ဆိုးဝါးနေပြီ။ အချိန်မရွေး ကျိုးပဲ့သွားနိုင်တော့ တံတားကို အသုံးပြုနေရသူတွေ အားလုံးက စိုးရိမ်နေကြတယ်” ဟု  မြောက်ဦးမြို့မှ ကုန်သည်တစ်ဦးက Arakan Review သို့ ပြောသည်။

ဗန္ဓုလတံတားမှာ ၂၀၀၁ ခုနှစ်က ပြိုကျခဲ့သည့်အချိန်က ပြန်လည်တည်ဆောက်ထားသည့် တံတားဖြစ်ကာ ယခုအခါလုံးဝ ပြို ပျက်နေပြီဖြစ်ကာ လူသွားလာရန် မသင့်တော်လောက်အောင် အန္တရာယ်များပြားနေသော တံတားအိုကြီးမှာ ယခင်ပြိုပျက်ခဲ့သည့် တံတားကို ပြန်လည် ပြုပြင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“တံတကားက အရမ်းကျဉ်းတော့ တဖက်နဲ့ တဖက်ကို အသွားအလာ လုပ်ဖို့ ရပ်နားပေးနေရတဲ့အတွက် နှောင့်နှေးမှုတွေ ဖြစ်စေ တယ်။ အယင်တုန်းက တံတား အဟောင်းရော၊ အသစ်ပါ နှစ်ခုလုံးကို အသုံးပြုခဲ့ကြတဲ့ အချိန်တွေက အဆင်ပြေခဲ့ပေမယ့် အခုတော့ တံတားတစင်းက သုံးမရဘဲ ပျက်စီးသွားတော့ အခက်အခဲ ဖြစ်နေရတယ်” ဟု သူက ဖြည့်စွက် ပြောကြားသည်။

ယင်းတံတားမှာ အရှည်ပေ (၁၅၀) ရှိပြီး တိုင်များမှာ အာမခံသစ်များဖြင့် ပြုလုပ်ထားခြင်း မဟုတ်သဖြင့် တိုင်များမှာ ဆွေးမြေ့ လာနေပြီ ဖြစ်ကာ ယမန်နှစ် မိုးတွင်းကာလက ရေပြည့်လျှံမှုကြောင့် ပိုမိုပျက်စီးသွားခဲ့သည်။ ယင်းသို့တံတား ပြိုကျရခြင်းမှာ စည်ပင်သာယာရေးအဖွဲ့၏ အာရုံစိုက်မှု အားနည်းပြီး တံတားများအား ပြုပြင်ထားခြင်းမရှိသည့် အတွက်ကြောင့်ပင်ဖြစ်သည်။

၎င်းချောင်း မှာ ရေစီးပြင်းထန်သည့် နေရာတစ်ခုဖြစ်သဖြင့် မတော်တဆ ပြိုကျသွားမည်ကိုလည်း မြို့သူမြို့သားများ စိုးရိမ်နေ ကြကြောင်း သိရသည်။

ထို့ကြောင့် ဗန္ဓုလတံတားအား အသစ်ပြန်လည် ဆောက်လုပ်ပေးရန် လိုအပ်နေပြီး ယခုနှစ်မိုးရာသီတွင် တံတားဟောင်းပြို ကျနိုင်ခြေ ရှိနေကြောင်းနှင့် အဆိုပါတံတား ပြိုကျပါက တံတားအသစ်မှာလည်း ပျက်စီးသွားသွားမည်ဖြစ်ကြောင်း၊ မြောက်ဦး မြို့တွင်းတွင် ယင်းသို့ ပြိုကျမည့် အန္တရာယ်နှင့်ကြုံတွေ့နေရသည့် တံတားအများအပြား ရှိနေပြီး အမြန်ဆုံးဆောက်လုပ်ရန် လိုအပ်နေသော တံတားများမှာ ဗန္ဓုလတံတား၊ ဝါဈေးတံတား၊ ကန်လှတံတား၊ ရေပေါက်ဝတံတား၊ တို့ဖြစ်သည်။

ဝါဈေးတံတားမှာ လွန်ခဲ့သည့်နှစ်က ဆောက်လုပ်ခဲ့သည့်တံတား ဖြစ်သ်ာလည်း ချောင်းကို ကျဉ်းအောင်ဘေးနှစ်ဖက်ကို မြေဖို့ ကာ ချောင်းဧရိယာ၏ သုံးပုံနှစ်ပုံကိုသာ တံတားဆောက်လုပ်ထားခြင်းဖြစ်သဖြင့် ဘေးနှစ်ဖက်မှ အသစ်ဖို့ထားသည့် မြေများ မှာ လျော့ဆင်းလာကာ တံတားမှာလည်း ခိုင်ခံ့မှုမရှိသည့်အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေရှိနေကြောင်း မြောက်ဦး မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် အဓိကလူသွားလာမှု အများ ဆုံးဖြစ်သော ဗန္ဓုလတံတား အန္တရာယ်များနေ ရခိုင်ပြည် နယ် မြောက်ဦးမြို့ တွင် အဓိကလူသွားလာမှု အများဆုံးဖြစ်သော

စင်ကာပူကမ်းလွန်ရှိ ဗီယက်နမ်သင်္ဘောပေါ်တွင် မြန်မာမှ ထွက်ပြေးလာဟုဆိုသူ လူ ၄၀ ကို စင်ကာပူဝင်ခွင့်မပေး


စင်ကာပူကမ်းလွန်ရှိ ဗီယက်နမ်သင်္ဘောပေါ်တွင် မြန်မာမှ ထွက်ပြေးလာဟုဆိုသူ လူ ၄၀ ကို စင်ကာပူဝင်ခွင့်မပေး
Thursday, 13 December 2012

ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံ ပင်လယ်ပြင်အနီးမှ ကယ်တင်ခဲ့ရသော သင်္ဘောပျက်မှ အသက်ရှိကျန်ရစ်သူ လူ ၄၀ ခန့်သည် စင်ကာပူ
ကမ်းလွန်ပင်လယ်ပြင်အနီး၌ ဗီယက်နမ်ကုန်တင်သင်္ဘောတစ်စီးပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ထိုလူများသည် ဒီဇင်ဘာ ၅ ရက်နေ့က ပင်လယ်အတွင်း လှေနစ်မြုပ်ပြီးနောက် ဗီယက်နမ်သင်္ဘောက ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ အဆိုအရ သိရသည်။ အဆိုပါ ကယ်တင်ခံထားရသူများမှာ နိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂါလီများ ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရသေးကြောင်း၊ ၎င်းတို့ကမူ မြန်မာမှလာသည်ဟုပြောပြီး မည်သည့်အထောက်အထားမှ မပြနိုင်သေးကြောင်း ဆိုသည်။

စင်ကာပူအာဏာပိုင်များသည် ယင်း Nothern Shipping Joint Stock Co. (Nosco) ပိုင် သင်္ဘောအား စင်ကာပူ၌ ကမ်းကပ်ခွင့် ပိတ်ပင်ထားသည်။ Nosco ကုမ္ပဏီသည် ၎င်းတို့ သင်္ဘောပေါ်မှလူများအတွက် ဗီယက်နမ်ရှိ
မြန်မာသံရုံးနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနတို့သို့ အကူအညီတောင်း ထားပြီး သင်္ဘောပေါ်မှ လူများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချရမှု
အခြေအနေမှာ စိုးရိမ်ရကြောင်းပြောသည်။ 

ကုမ္ပဏီ၏ လက်ထောက်အထွေထွေ ဒါရိုက်တာ ငုယင်ကောင်သန်က "သင်္ဘောက သင်္ဘောသား ၂၄ ယောက်အတွက်ပဲ လုပ်ထားတာပါ။ လူပို ၄၀ ရှိနေတော့ လုံခြုံရေးအရရော၊ အစားအသောက်ထောက်ပံ့မှုပိုင်းအရပါ စိုးရိမ်နေရပါတယ်။ ကယ်ထားတဲ့သူတချို့ဆို အ၀တ်အစား လုံလုံလောက်လောက် မရှိပါဘူး" ဟု ပြောသည်။

စင်ကာပူသည် ကုလသမဂ္ဂ၏ နိုင်ငံရေးခိုလှုံသူ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတားခြင်းမရှိ၍ ထိုသူများကို လက်ခံဖွယ်မရှိကြောင်း၊ သို့သော် ယခင်ကလည်း ထိုသို့ ခိုလှုံလာသူများကို အခြားနိုင်ငံများသို့ ရောက်ရှိသွားရေးကိုမူ ကူညီခဲ့ကြောင်း သတင်းက
ဖော်ပြသည်။

Ref : WSJ
7Day News Journal
ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံ ပင်လယ်ပြင်အနီးမှ ကယ်တင် ခဲ့ရသော သင်္ဘောပျက်မှ အသက်ရှိကျန်ရစ်သူ လူ ၄၀ ခန့်သည် စင်ကာပူကမ်းလွန်ပင်လယ်ပြင်အနီး၌ ဗီယက်နမ်ကုန်တင်သင်္ဘော တစ်စီးပေါ်တွင် ရှိနေ ဆဲဖြစ်ကြောင်း သိရသည်။ ထိုလူများသည် ဒီဇင်ဘာ ၅ ရက်နေ့က ပင်လယ်အတွင်း လှေနစ်မြုပ်ပြီးနောက် ဗီယက်နမ်သင်္ဘောက ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ

ချင်းအမျိုးသားတပ်ဦးနဲ့ ကလေးမြို့ခံတွေ တွေ့ဆုံ



အစိုးရနဲ့ ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးပြီးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ ငြိမ်းချမ်းရေး ကိုယ်စား လှယ် အဖွဲ့ဟာ ဒီကနေ့မှာတော့ စစ်ကိုင်းတိုင်း ကလေးမြို့ကို ပြန်သွားကြပြီး ကလေး-ကဘောဒေ သရှိ

ဘုရားများဖျက်ဆီးခိုးယူမှု




၁၁-၁၂-၂၀၁၂ ရက်နေ့ ၂၀၄၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြိုနယ်၊ ဟံသာဝတီ ကျေးရွာ အုပ်စု၊ တောင်ဈေးကြီးရပ်ကွက်နေအောင်မြင့်ထွန်းနှင့် မြင့်သန်းတို့သည် ကျေးရွာရှိ စန္ဒာမုနိဘုရားတွင် ဘုရားဝင်းညစောင့်တာဝန်ဆောင်ရွက်နေစဉ် ဘုရားတောင်ဘက်ရှိ အဆောက်အဦ အတွင်းမှ ထုရိုက် သံများကြားရ၍ ဓါတ်မီးဖြင့်ထိုးကြည့်ရာ ကိုရင်(၃)ပါး(စိစစ်ဆဲ)သည် အုတ်တံတိုင်းအား ကျော် ကာ တောင်

ကလေး မြို့နယ်၌ ဘိန်းစိမ်းများ ဖမ်းဆီး ရမိ


ကလေးမြို့နယ် စခန်းကြီး ရဲစခန်းမှ ဒုတိယ ရဲအုပ် ဆန်းဦးနှင့် အဖွဲ့သည် သတင်းအရ ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခွဲက ကလေးမြို့နယ် မြေလင်းကျေးရွာ အနီး၌ ဘိန်းစိမ်းများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရ

ကနေဒါကုမ္ပဏီက ကိုယ်ပျောက်ဝတ်ရုံ တီထွင်

ကနေဒါကုမ္ပဏီက ကိုယ်ပျောက်ဝတ်ရုံ တီထွင်
Wednesday, 12 December 2012 

ကနေဒါနိုင်ငံရှိ Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ ရေဒါဖြင့်
ထောက်လှမ်း၍မရနိုင်သော ကိုယ်ပျောက်ဝတ်ရုံအား တီထွင်လိုက်ကြောင်း သိရသည်။ အဆိုပါဝတ်ရုံသည် ပတ်ဝန်းကျင်ရှိ အလင်းလှိုင်းများကို ညွှတ်ကွေးစေပြီး ဝတ်ဆင်ထားသူအား လုံးဝမြင်နိုင်ခြင်း မရှိပေ။ ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှ မှော်ဝတ်ရုံနှင့်တူသော အဆိုပါဝတ်ရုံသည် ဂူဂဲ၏ night-vision ဖြင့်ပင် ထောက်လှမ်းနိုင်စွမ်းမရှိဟု တီထွင်သူများက
ဆိုသည်။

ကိုယ်ပျောက်ဝတ်ရုံသည် ပေါ့ပါး၍ ကင်မရာ၊ ဘက်ထရီ၊ အလင်းပေးမှုများ မလိုအပ်ပဲ အသုံးပြုနိုင်သည်ဟု သိရသည်။ ယင်းဝတ်ရုံကို နေ့ဘက်တွင် မမြင်နိုင်သကဲ့သို့ ရေဒါဖြင့်ထောက်လှမ်း၍လည်းမရနိုင်ကြောင်း Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် မစ္စတာ ကရာမာက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းဝတ်ရုံ၏ အသုံးဝင်ပုံကိုသာ ကြေညာမည်ဖြစ်ပြီး ဝတ်ရုံ၏ မည်သည့် အသေးစိတ် အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားသွားမည်မဟုတ်ဟု ကုမ္ပဏီပိုင် website တွင် ရေးသားထားသည်။


http://www.dailymail.co.uk/sciencetech/article-2245935/The-camouflage-fabric-make-soldiers-INVISIBLE-Company-claims-Pentagon-backing-miracle-material.html

Planet Myanmar Network ကနေဒါနိုင်ငံရှိ Hyperstealth Biotechnology ကော် ပိုရေးရှင်းမှ ရေဒါဖြင့်ထောက်လှမ်း ၍မ ရနိုင်သော ကိုယ်ပျောက် ဝတ်ရုံအား တီထွင်လိုက်ကြောင်း သိရသည်။ အဆိုပါဝတ်ရုံသည် ပတ်ဝန်းကျင်ရှိ အလင်းလှိုင်းများကို ညွှတ်ကွေးစေပြီး ဝတ်ဆင်ထား သူအား လုံးဝမြင်နိုင်ခြင်း မရှိပေ။ ဟယ်ရီပေါ် တာဇာတ်လမ်း ထဲမှ မှော်ဝတ်ရုံနှင့်တူသော အဆိုပါဝတ်ရုံသည် ဂူဂဲ၏ night-

တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..

တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..

Dec 13, 2012

ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကားအတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင်ခင်က ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူ အညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင်လည်း ကေအိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။


ကေအိုင်အေ စိုးမိုးသည့် နယ်နိမိတ်အတွင်း အံ့သြသင့်ဖွယ် တရုတ်ဖုန်းများ လွယ်ကူစွာ အသုံးပြု၍ ရနေကြောင်း၊ ကေအိုင်အေတို့၏ ဆက်သွယ်ရေး စနစ် အရမ်းမြင့်ကြောင်း ရှေ့တန်းမှ ပြန်လာသည့် အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ အစက ကျွန်တော်တို့ ထင်ထားတာ ကေအိုင်အေက တောထဲက သူပုန်လို့ပဲ ထင်ထားတာ၊ အခုမှ ဒီကောင်တွေက FM တွေ၊ အင်တာနက် နည်းပညာတွေနဲ့၊ နောက်ဆုံး တိုက်ပွဲမှာ ထိခိုက် ဆုံးရှုံးမှုတွေ ရှိရင်တောင် ချက်ချင်း ရိုက်ပြီး ဌာနချုပ်ကို ပို့ပေးနိုင်တယ်လို့ ပြောကြ တယ်။ ဒီလို နည်းပညာတွေက တရုတ်ကလွဲပြိး ဘယ်သူမှ ထောက်ပံ့မှာ မဟုတ်ဘူး ဟု ၄င်းက ဆက်ပြောခဲ့သည်။

သူတို့မှာ လက်နက်သစ်တွေလည်း အများကြီးပဲ။ အထူးသဖြင့် တရုတ်က လက်နက်တွေကို ပိုပြီး အသုံးပြု တယ် ထင်တယ်။ ပြီးခဲ့တဲ့ အခေါက် ကျွန်တော်တို့ သိမ်းမိတုန်းက ရတဲ့  ကေအိုင်အေရဲ့ ရိက္ခာခြောက်ေ တွက သေချာထုပ်ပိုးထားတာ၊ ရေးထားတဲ့ စာတွေကလည်း တရုတ်စာတွေနဲ့။ ကျွန်တော့်အထင်တော့ တရုတ် က တိုက်ရိုက်ထောက်ပံ့နေပြီလို့ ထင်တာပဲ ဟု အဆိုပါ အရာရှိနှင့် ပါလာသည့် အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ သည်။

ကေအိုင်အေအဖွဲ့သည် တစ်ပတ်အတွင်း လူသစ် ၃၀၀ ကျော်ကို ဖမ်းဆီးစုဆောင်းကာ တပ်သားသစ် အဖြစ် သိမ်းသွင်းခဲ့ကြောင်း၊ ယခင်ကျေးရွာများမှသာ စုဆောင်းခဲ့သော်လည်း ယခုအခါ ကားလမ်းများနှင့် လုပ်ငန်း များအထိ တိုးချဲ့စုဆောင်းနေသဖြင့် ကချင်ပြည်နယ်အတွင်း အထိတ်တလန့် ဖြင့် နေထိုင်နေ ရသည်။

ပိုမိုယုတ်မာသော အကြံအစည်ကား ကေအိုင်အေမှ စုစည်းဖွဲ့စည်းထားသည့် ဂေါ်ရခါးတပ်ရင်း ခေါ် ဘင်္ဂလီ တပ်ရင်း အား ဒုက္ခသည်များ  အဖြစ် ၄င်းတို့မှ စောင့်ရှောက်ထားရကြောင်း မှတ်တမ်း ရိုက်ကူး မည်ဖြစ်ပြီး အထောက် အပံ့များ တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

(Oppositeye)
ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကား အတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင် ခင်က ဗကပ ဆီမှ အကူ အညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူအညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင် လည်း ကေ အိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည်

အမျိုးသားဥယျာဉ်ကြီးများတွင်လည်း သစ်ခိုးထုတ်မှုများ ရှိနေ


အမျိုးသားဥယျာဉ်ကြီးများတွင်လည်း သစ်ခိုးထုတ်မှုများ ရှိနေ

12 Dec 2012

မြန်မာနိုင်ငံရှိ အမျိုးသားဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးစည်သူလွင်က ပြောကြား လိုက်သည်။ မြန်မာနိုင်ငံရှိ အာဆီယံ အမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ထားသည့် အမျိုးသားဥယျာဉ်များမှာ- ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်၊ အင်းတော်ကြီးတောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်နှင့် နတ်မတောင်အမျိုးသား ဥယျာဉ်တို့ ဖြစ်ကာ လက်ရှိတွင် အဆိုပါအမျိုးသား ဥယျာဉ်များတွင် သစ်ခိုးထုတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဦးစည်သူလွင်က “ကျွန်တော်တို့ သစ်ခိုးထုတ်မှုတွေက နေရာတိုင်းမှာ ရှိနေတာပါပဲ။ ဒါပေမယ့် အမျိုးသားဥယျာဉ်လို နေရာမျိုးတွေမှာ သစ်ခိုးထုတ်မှုတွေ ကို တွေ့ရတာကတော့ တော်တော်ဆိုးတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုများ ဖြစ်ရခြင်းမှာ တရားမဝင် သစ်ခိုးထုတ်မှုများ၊ အလွန်အကျွံ သစ်ထုတ်ခြင်း၊ ပြန်လည်စိုက်ပျိုးမှု အားနည်းခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုများ ရှိသည့်အနက် ထင်းမီးသွေး လောင်စာအတွက် အသုံးပြုမှုများ သည်လည်း သစ်တောပြုန်းတီးမှုကို များစွာဖြစ်ပေါ်စေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောဆိုထားသည်။ 

အမျိုးသား ဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေမှု ပိုမိုများပြားလာခြင်းမှာ ဥပဒေကို လေးစားလိုက်နာမှု မရှိဘဲ လက်တစ်လုံးခြား လုပ်ကိုင်နေကြခြင်းကြောင့် ဖြစ်ကြောင်း သစ်တော ပညာရှင်များက သုံးသပ်ကြသည်။ ယင်းနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက “အမျိုးသားဥယျာဉ်လို့ဆိုတာ ဇီဝမျိုးကွဲ ထိန်းသိမ်းတဲ့ နေရာပါ။ အမျိုးသား ဥယျာဉ်လို့ သတ်မှတ်လိုက်တာနဲ့ အဲ့ဒီနေရာမှာရှိတဲ့ သတ္တုတူးတာ၊ တံတားဆောက်တာ ဘာမှလုပ်လို့ မရပါဘူး။ အခု ကျွန်တော်တို့နိုင်ငံ ဖြစ်နေတာတွေက ဘာရှိရှိ ရှိတာအကုန်တူးတယ်။ အမည်ပဲရှိတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ချက်မှာ သစ်တောဖုံးလွှမ်းမှု ဧရိယာ ၄၆ ရာခိုင်နှုန်း ရှိသည်ဆိုသော်လည်း သစ်တောပညာရှင်များ၏ အဆိုအရ မြန်မာနိုင်ငံတွင် သစ်တောဧရိယာ ၂၅ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း သိရှိရပါသည်။ 

(ရန်ကုန်တိုင်းမ်)

အေးချမ်းမွန်မှ  Zaw Mintun Zawmintun တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Zaw Mintun Zawmintun
မြန်မာနိုင်ငံရှိ အမျိုးသားဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးစည်သူလွင်က ပြောကြား လိုက်သည်။ မြန်မာနိုင်ငံရှိ အာဆီယံ အမွေ အနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ထားသည့် အမျိုးသား ဥယျာဉ် များမှာ- ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်၊ အင်းတော်ကြီးတောရိုင်း