Sunday 14 June 2015

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ဒုတိယအကြိမ်ညီလာခံကျင်းပမည်

ပညာရေးစနစ်ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၏ ဒုတိယအကြိမ်ညီလာခံကို ဇွန်လ ၁၈ မှ ၂၀ ရက်အထိ ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်ရှိ မျက်မမြင် ခရစ်ယာန်မိတ်သဟာရခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
 ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး၊ ငြိမ်းချမ်းရေးတည် ဆောက်ရေးနှင့် ဒီမိုကရေစီရေးအတွက် အဓိကဦးတည်မည်ဖြစ် ပြီး ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၏ ဆောင်ရွက်ချက်များကို အစီရင်ခံ တင်ပြရန်၊ ပညာရေးနှင့် ဆက်နွှယ်သော လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးနှင့် ဥပဒေဆိုင်ရာကိစ္စများ ဆွေးနွေးရန်၊ ဖွဲ့စည်းပုံကို တိုင်ပင်ဆွေးနွေးပြီး ပိုမိုခိုင်မာသည့် ကွန်ရက်အဖြစ် ထူထောင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ  ချမှတ်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။


မြန်မာနိုင်ငံဒေသအသီးသီး ရှိ ပညာရေးစနစ်ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်နှင့် ချိတ်ဆက်ထားသည့် ပညာရေးအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားပညာ ရေးအဖွဲ့အစည်းများ၊ရွှေ့ပြောင်း ကလေးများ၏ ပညာရေးအဖွဲ့အစည်းများ၊ မသန်စွမ်းပညာရေး အဖွဲ့အစည်းများ၊ ဘာသာရေးအခြေပြုပညာရေးအဖွဲ့အစည်း များ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့များ၊ ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ၊ ပြည်သူများနှင့်ပညာရှင်များ စုစုပေါင်း တစ်ထောင်ခန့် တက်ရောက်မည်ဖြစ်သည်။

ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်သည် ပထမအကြိမ်ပညာရေး ညီလာခံကို ၂၀၁၃ ဇွန်လ ၈ နှင့် ၉ ရက်များတွင် ကျင်းပပြုလုပ်၍ အမျိုးသားပညာရေးမူဝါဒ  ရေးဆွဲခဲ့သော အဖွဲ့အစည်းဖြစ်သည်။

ထို့ပြင် ၂၀၁၄ စက်တင်ဘာ၃၀ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့သည့် ကျောင်းသားခေါင်းဆောင် များနှင့် ပူးပေါင်း၍ ပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်ပြီး အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဆောင်ရွက်ခဲ့သော အဖွဲ့ အစည်းဖြစ်သည်။
7 day

No comments:

Post a Comment