Sunday 14 June 2015

တောင်ကြီးမြို့မဈေး နာရီစင်ရှိ အချိန်မမှန်တော့သည့်နာရီများ အသစ်လဲ

နှစ်ပေါင်း ၂၀ ကျော် ကြာသည်အထိ မပြုမပြင်ထားရှိခဲ့၍ အချိန်မမှန်တော့သည့် တောင်ကြီးမြို့ မြို့မဈေးနာရီစင်ရှိ နာရီများကို အသစ်လဲလှယ်နေကြောင်း တောင်ကြီးဒေသခံများက ပြောသည်။
 ‘‘အရင်ကဆို အဲဒီနာရီစင်က နာရီကြည့်ဖို့မပြောနဲ့။ ညညဆို ညဈေးတန်းနဲ့လည်းနီးတော့ အညစ်အကြေးတွေ စွန့်ပစ်ကြ တယ်။ အခု ပြန်ပြင်နေတာတွေ့ရတော့ ကောင်းပါတယ်’’ ဟု တောင်ကြီးဒေသခံ အသက် (၂၅) နှစ်အရွယ် ကိုသက်ပိုင်က ပြောကြားသည်။

ဇွန်လ ၆ ရက်မှစ၍ တောင် ကြီးမြို့ မြို့မဈေးကြီးအနီးရှိ နာရီ စင်ကြီးမှ နာရီများကို ဖြုတ်ချကာ LED ဒစ်ဂျစ်တယ် နာရီများတပ် ဆင်နေပြီး အလှူရှင်ကုမ္ပဏီတစ် ခုက လှူဒါန်းခြင်း ဖြစ်သည်ဟု တောင်ကြီးမြို့နယ် စည်ပင်သာ ယာရေးဦးစီးဌာနမှ အမှုဆောင် အရာရှိ ဦးစိုးနိုင်ဦးက ပြောသည်။

‘‘ပျက်စီးနေတာလည်းကြာ ပြီ။ မြို့အတွက်လည်း မသင့် တော်ဘူး။ အလှူရှင်ကလည်း လုပ်ဆောင်ပေးချင်တယ်ဆိုလို့ နာရီအသစ်တွေ လဲပေးနေတာပါ’’ဟု ဦးစိုးနိုင်ဦးက ပြောသည်။

နာရီစင် မျက်နှာစာလေးခု အတွက် ယခု လဲလှယ်တပ်ဆင် လိုက်သည့် ဒစ်ဂျစ်တယ်အချက် ပြ LED ဒစ်ဂျစ်တယ်စနစ်သုံး နာရီလေးလုံးအတွက် ကုန်ကျငွေကျပ်သိန်း ၂၀ ကျော် ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

တောင်ကြီးမြို့ မြို့မဈေးကြီး အနီးရှိ နာရီစင်ကြီးသည် ၁၉၉၃ က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်အေးလက် ထက်တွင် ဈေးအပိုင်း (၂)ဆောက် လုပ်ခြင်းနှင့်အတူ တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့ပြီး နှစ်ပေါင်း ၂၀ကျော်သက်တမ်းရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
7 day

No comments:

Post a Comment