Sunday 14 June 2015

မြောက်ပိုင်းဒေသစစ်ပွဲရပ်ရန်နှင့် ဒုက္ခသည်များ ကူညီခွင့်ရရန် ကမ္ဘာ့ခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာပေးပို့မည်

မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွင် ထိုးစစ်ဆင်နွှဲနေခြင်းကို ချက် ချင်းရပ်စဲရန်နှင့် စစ်ရှောင် ဒုက္ခ သည်များဆီသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အထောက် အပံ့များ အတားအဆီးမရှိ သွား လာကူညီခွင့်ပြုနိုင်ရန် အရပ်ဘက် အဖွဲ့အ စည်း ၇၅ ဖွဲ့မှ ကမ္ဘာ့ခေါင်း ဆောင်များထံ ဇွန်လ ၈ ရက် (ယ နေ့)တွင် အိတ်ဖွင့်ပေးစာပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
 ကချင်ငြိမ်းချမ်းရေးကွန်ရက် အပါအ၀င် ပြည်တွင်းငြိမ်းချမ်း ရေးလိုလားသည့် အရပ်ဘက်အ ဖွဲ့အစည်းပေါင်း ၇၅ ဖွဲ့ စုပေါင်း လက်မှတ်ထိုးကာ ကုလသမဂ္ဂ လူ သားချင်း စာနာထောက်ထားရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) နှင့် ကမ္ဘာ့ခေါင်း ဆောင်များထံ စစ်ဘေးဒုက္ခသည် များ၏ အခက်အခဲမျိုးစုံအတွက် အိတ်ဖွင့်ပေးစာ ပေးပို့မည်ဖြစ် ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန် ရက်မှ ဒေါ်ခွန်ဂျာက ပြောသည်။ ကချင်စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် စစ်ဘေးဒုက္ခ သည် ၁၂၀,၀၀၀ ခန့်ရှိနေကြောင်း နောက်ဆုံးကောက်ယူထားသည့် စစ်တမ်းများအရ သတင်းရရှိ သည်။


‘‘အခုဆိုရင် ဒုက္ခသည်တွေ စားဖို့သောက်ဖို့ အခက်အခဲဖြစ် နေတယ်။ အဲဒီအတွက် ထောက်ပံ့ ဖို့ဆိုရင် ကမ္ဘာ့ခေါင်းဆောင်ကြီး တွေပဲ ဆုံးဖြတ်ချက်ချရတယ်  လေ။ ဥပမာဆိုလို့ရှိရင် အစိုးရက မြန်မာပြည်ကိုငြိမ်းချမ်းရေးအ တွက် ရန်ပုံငွေတွေအများကြီး ကူ ညီကြတာရှိတယ်လေ။ ငြိမ်းချမ်း ရေးအတွက် မဟုတ်ဘဲ လူသား ချင်းစာနာထောက်ထားမှုဆိုတဲ့ ဒုက္ခသည်တွေကို ကူညီဖို့အတွက် လျှော့ချလိုက်တယ်။ အဲဒီလိုဆုံး ဖြတ်ချက် ချလိုက်တာ ခေါင်း ဆောင်ကြီးတွေပဲ ဖြစ်နေတယ်။ ဒါကြောင့် သူတို့ဆုံးဖြတ်ချက် တွေ ပြောင်းလဲလာအောင်ဆိုပြီး အိတ်ဖွင့်ပေးစာပေးပို့သွားမှာပါ’’ ဟု ဒေါ်ခွန်ဂျာက ပြောသည်။

ကုလသမဂ္ဂ လူသားချင်းစာ နာထောက်ထားရေးဆိုင်ရာ ညှိ နှိုင်းဆောင်ရွက်ရေးရုံး (UNOC- HA) က ၎င်းတို့၏ လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှု အစီအစဉ်အရ ၂၀၁၅ ဇွန်လမှ စတင်ကာ ငွေ ကြေးထောက်ပံ့မှု လျှော့ချခြင်း များ ဆက်လက်ပြုလုပ်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထား သည်။ ကချင်စစ်ပြေးဒုက္ခသည် တစ်ဦးလျှင် တစ်နေ့ ၄၀၀ကျပ်နှင့် ညီမျှသော ထောက်ပံ့ရေးပစ္စည်း များရနေသေးသော်လည်း UNOC -HA ၏ ဆုံးဖြတ်ချက်အရ ဇွန်လ ကုန်မှစတင်ကာ တစ်နေ့လျှင် ကျပ်နှစ်ရာပင် မပြည့်သောထောက် ပံ့မှုသာ ရတော့မည်ဖြစ်သော ကြောင့် ယင်းအခြေအနေမှာ အ လွန်စိုးရိမ်ဖွယ်ရာကောင်းကြောင်း ဒေါ်ခွန်ဂျာက ဆိုသည်။

ကချင်ပြည်နယ်တွင် အစိုးရ နှင့် ကေအိုင်အေ တစ်ကျော့ပြန် တိုက်ပွဲများ ၂၀၁၁ ဇွန်လ ၉ ရက် က စတင်ခဲ့ပြီး ယနေ့တွင် လေး နှစ်ပြည့်မည်ဖြစ်သည်။ (၄)နှစ် မြောက်နှစ်ပတ်လည်တွင်ရန်ကုန် မြို့တွင်သာမက တောင်တန်းဒေ သများရှိ တိုင်းရင်းသားများကပါ ပြည်တွင်းစစ်အဆုံးသတ်ရေး ဆု တောင်းပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
7 day

No comments:

Post a Comment