Sunday 14 June 2015

စင်ကာပူ ကုမ္ပဏီများ မားစ်ရောဂါကို တားဆီးရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်လျှက်ရှိ

 တောင်ကိုရီးယားနိုင်ငံက အသက်ရှူလမ်းကြောင်း ရောဂါ မားစ် (MERS) ရောဂါနှင့် တိုက်ပွဲဝင် ရုန်းကန်နေရချိန်တွင် နိုင်ငံအတွင်း အရှေ့အလယ်ပိုင်း အဆိုပါရောဂါ ဖြစ်ပွားမှုကို တားဆီးရန် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်လျှက်ရှိကြောင်း စင်ကာပူ ကုမ္ပဏီများက ပြောကြားသည်။
စင်ကာပူ အသေးစားနှင့် အလတ်စား လုပ်ငန်းများအသင်းကြီးက ကုမ္ပဏီများအနေဖြင့် ဆားစ်ရောဂါ (SARS) အတွေ့အကြုံများမှ သင်ခန်းစာယူပြီး ယခုကတည်းက အရေးပေါ်အစီအစဉ်များ ဆွဲထားကြရန် တိုက်တွန်းထားပါတယ်။


တောင်ကိုရီးယားတွင် ရုံးခွဲများရှိသည့် Best World International ကမူ စင်ကာပူတွင် ကျန်းမာရေးနှင့် အလှအပ ပစ္စည်းများကို တိုက်ရိုက် ရောင်းချနေသောကြောင့် ၎င်း၏ ဝန်ထမ်းများမှာ အစည်းအဝေးများ ကျင်းပရန် တောင်ကိုရီးယားသို့ နှစ်လတစ်ခါ သွားရောက်နေရသော်လည်း မားစ်ရောဂါ ကူးစက်ပျံ့ပွားလာပြီး နောက်ပိုင်းတွင် လွန်ခဲ့သော တစ်လခန့်ကတည်းက အစည်းအဝေးများကို ဖျက်သိမ်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဝန်ထမ်းများအနေဖြင့် နိုင်ငံရပ်ခြားခရီးမှ ပြန်ရောက်လာပြီး နေထိုင်မကောင်းသလို ခံစားရပါက ချက်ချင်းဆေးစစ်ရန်လည်း စင်ကာပူ ကျန်းမာရေး အကြံပေးအဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဝဘ်ဆိုက်နဲ့ မိုဘိုင်းဆော့ဖ်ဝဲဒီဇိုင်း အထူးပြု အကြံပေးအဖွဲ့ဖြစ်တဲ့ The Adventus Consultants ကလည်း နေ့စဉ်နှင့်အမျှ မားစ်ရောဂါ ဖြစ်ပွားမှုအခြေအနေကို အနီးကပ်စောင့်ကြည့်လျှက်ရှိပြီး၊ ဝန်ထမ်းတွေကိုလည်း ရောဂါကူးစက်ဖြစ်ပွားနေသည့် နိုင်ငံများသို့ မသွားကြဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

The Adventus Consultants ရဲ့ စီမံအုပ်ချုပ်မှု ဒါရိုက်တာ အန်းယွတ်က ၎င်းတို့၏ အလုပ်မှာ နိုင်ငံရပ်ခြား ခရီးသွားသူများကို စောင့်ကြည့်ရန်ဖြစ်ပြီး၊ သီးခြားခွဲ့ကန့်ထားသည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန်လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။
mizzima

No comments:

Post a Comment