Wednesday 25 March 2015

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှစ်(၇၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်း အနား ၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှု ကြည့်ရှုစစ်ဆေး


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ၂၀၁၅ ခုနှစ် နှစ်(၇၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ ပါဝင် စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများ နေပြည်တော်စစ်ရေးပြကွင်း ကြီးအတွင်း ဝတ်စုံပြည့် စစ်ရေးပြ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်အတူ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊ လေ)ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော် နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တပ်မတော်နေ့ ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုကြသည်။


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် စုရပ်စစ်ရေးပြ ကွင်းမှ နေပြည်တော် စစ်ရေးပြ ကွင်းကြီးသို့ ချီတက်ရောက်ရှိလာသော စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ်ဖုန်းမြတ် ဦးဆောင်သည့် စစ်ရေးပြ စစ်ကြောင်း များတွင် စစ်ရေးပြတပ်ရေး ဒုတိယဗိုလ်မှူးကြီးမောင်မောင်ဦး၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီးရဲနိုင် ဦးဆောင်သည့် အနော်ရထာစစ်ကြောင်း၊

စစ်ကြောင်းမှူး ဗိုလ်မှူးကြီးကျော်ရွှေထွန်း ဦးဆောင်သည့် ကျန်စစ်သားစစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီးသန်းလှိုင် ဦးဆောင်သည့် ဘုရင့်နောင်စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီးဝင်းမောင်သိန်း ဦးဆောင်သည့် အောင်ဇေယျစစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး စိန်ဝင်း ဦးဆောင်သည့် ဆင်ဖြူရှင် စစ်ကြောင်း တို့မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၏ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှုကို ကြည့်ရှုစစ်ဆေးကြ သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် တာဝန်ရှိသူများအား လိုအပ် သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment