Monday 23 February 2015

နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ ဗုဒ္ဓဆင်းတုတော်ကို ဃွှခညေ ဖတ်ကြည့် ရာမှ ခန္ဓာကိုယ်အတွင်း မမ်မီပြုလုပ်ထားသည့် ရဟန်းတစ်ပါး၏ ရုပ်ကြွင်းတွေ့

နှစ်ပေါင်း ၁၀၀၀ ကျော်သက် တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအတွင်း မမ်မီပြုလုပ်ထားသော ရဟန်းတော် တစ်ပါး၏ရုပ်ကြွင်းကျန်ရစ်နေသည်ကို CT Scan ရိုက် စစ်ဆေးမှုများအရ တွေ့ရှိခဲ့ရသည်။

ထို့အပြင် ထိုရုပ်ကြွင်း၏ခန္ဓာ ကိုယ်အစိတ်အပိုင်းများနှင့်ထိုအစိတ် အပိုင်းများ၏ပိုင်ရှင် မည်သူ ဖြစ်သည် ကိုပါ သိခဲ့ရသည်။

Nederland Times သတင်းတွင် ဖော်ပြချက်အရ ထိုခန္ဓာကိုယ် အစိတ်အပိုင်းများပိုင် ရှင် ဗုဒ္ဓ ဘုန်းတော်ကြီးသည် တရုတ်ကမ္မဋ္ဌာန်းကျောင်းမှ ဆရာတော် Liuquan ဖြစ်ပြီး ဆရာတော်သည် လွန်ခဲ့ သော နှစ်ပေါင်း ၁၀၅၀ မှ ၁၁၅၀ အတွင်း အသက်ရှင်ခဲ့သူဖြစ် ကြောင်း သိရသည်။

ထိုရုပ်ပွားတော်သည် တရုတ် နိုင်ငံမှဖြစ်ပြီး ယင်းကို Drents ပြတိုက်တွင် ၂၀၁၄ ခုနှစ်၌ ပြုလုပ်ခဲ့ သည့် မမ်မီပြပွဲ၌ပြသခဲ့သည်။ ထိုဗုဒ္ဓရုပ်ပွားတော်အား အစာ အိမ်အူလမ်းကြောင်းနှင့်အသည်း ဆိုင်ရာ ဆရာဝန် တစ်ဦး၊ ဓာတ်ရောင် ခြည်ပညာရှင်တစ်ဦး၊ ဗုဒ္ဓယဉ်ကျေးမှု ပညာရှင်တစ်ဦးနှင့်ဆေးရုံဝန်ထမ်း များ ပါဝင်သော အဖွဲ့တစ်ခုက လေ့လာ မှုတစ်ခုပြုလုပ်ခဲ့ပြီး ယင်းတွင် CT စကင်ရိုက်ခြင်း၊ ခန္ဓာကိုယ် အတွင်းပိုင်းအင်္ဂါများကို ကြည့်ရှုစစ်ဆေး သည့်ကိရိယာဖြင့် စစ်ဆေးခြင်းတို့ ပါဝင်ခဲ့သည်။ ခန္ဓာကိုယ် တွင်းလေ့ လာမှုတွင် ဗုဒ္ဓရုပ်ပွားတော်၏ အ ပေါက်ငယ်တစ်ခုဆီမှ အတွင်းပိုင်း သို့ ကင်မရာသွင်းကာ လေ့လာခဲ့သည်။ 

ထိုသို့လေ့လာမှုပြုလုပ်ခဲ့ပြီး နောက် အံ့အားသင့်ခဲ့ရသည်။ အကြောင်းမှာ မမ်မီပြုလုပ်ထားသော ဘုန်းတော် ကြီး၏ ကိုယ်တွင်းခန္ဓာ အစိတ်အပိုင်းများနေရာတွင် ဆွေးမြည့်နေသောအရာများ၊ ရှေးဟောင်း တရုတ် စာများရေးထိုးထားသည့် စာရွက်အပိုင်းအစများကို မြင်တွေ့ ရခြင်းကြောင့်ဖြစ်သည်။

ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်အား မမ်မီပြုလုပ်ရန်အတွက် ကိုယ် တွင်းအစိတ်အပိုင်းများကို ဖယ်ရှား ခဲ့ခြင်း ဖြစ် နိုင်သည်ဟု ပညာရှင်များ ခန့်မှန်းသည်။ လေ့လာသူများက ၎င်းတို့အတည်မပြုနိုင်သေးသည့် ဆွေးမြည့် နေသောပစ္စည်းများ၏ နမူနာအချို့ကို ထုတ်ယူခဲ့သည်ဟု လည်း သိရသည်။

လေ့လာသူများက ၎င်းတို့၏ CT စကင်ရိုက်ရာမှ ရရှိသည့်ရလဒ် များနှင့် ဆရာတော် Liuquan ၏ ဘဝ ဇာတ်ကြောင်းနှင့်ပတ်သက်သည့် တွေ့ရှိမှုများ ကို မကြာမီထုတ်ပြန်ပေး မည်ဟုလည်း ပြောကြားခဲ့သည်။

Ref : Nederland Times
‎Democracytoday‬

No comments:

Post a Comment