Monday 16 February 2015

စစ်ဘေးဒုက္ခသည်များကြား ကိုးကန့်တပ်ဖွဲ့ဝင်များ မပါလာစေ ရန် စောင့်ကြည့် စစ်ဆေး


လောက်ကိုင်ဒေသမှ စစ် ဘေးဒုက္ခသည်များနှင့်အတူ ကိုး ကန့်တိမ်းေ ရှာင် လက်နက်ကိုင် တပ် ဖွဲ့ဝင်များ ရောနှောပါဝင်လာ ခြင်း မရှိစေရန် လမ်းခု လတ် မြို့များမှ စောင့်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရှမ်းပြည်နယ်ရဲတပ် ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် လောက်ကိုင်၊ ညံခွမ်း၊ ချင်းရွှေ ဟော်၊ တာရွှေထန်၊ ကုန်းကြမ်း မြို့များမှ စစ်ဘေးဒုက္ခသည်ဦး ရေ ထောင်နှင့်ချီ၍ လားရှိုးမြို့ သို့ေ န့စဉ်ဝင်ရောက်နေပြီး ၎င်းတို့နှင့် အတူ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ ၀င် များ ရောနှောလိုက်ပါ လာမည်စိုးသောကြောင့် စစ်ဆေး ခြင်းဖြစ်ကြောင်း အမည်မဖော်လို သည့် အဆိုပါအရာရှိက ပြော သည်။

‘‘ဒီအချိန်ကတော့ နေရာစုံ ကနေ စစ်နေတာပေါ့။ သူတို့တွေ က စစ်ရှောင် အလုပ်သမားတွေနဲ့ ပုံစံရော၊ အမူအရာပါ မတူပါဘူး။ ဒါပေမဲ့ ရောပြီး လိုက် လာမှာစိုး လို့ စစ်ဆေးတာပေါ့။ စစ်ဆေးရေးဂိတ်တိုင်းမှာတော့ တပ်မတော်ေ ရာ၊ ရဲရော စစ်နေတာ’’ဟု ပြော သည်။
လောက်ကိုင်မှ လားရှိုးမြို့ အထိ သိန်းနီနှင့် ကွမ်းလုံမြို့အပါ အ၀င် မြို့ငါးမြို့ ခန့် ဖြတ်ရပြီး သက်ဆိုင်ရာ မြို့တိုင်းရှိ စစ်ဆေးရေးဂိတ်တိုင်းတွင် ဒေသခံ တပ်မ တော်နှင့် ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနေခြင်း ဖြစ်သည်။
လားရှိုးမြို့သို့ ရောက်ရှိလာ သည့် စစ်ဘေးဒုက္ခသည်များကို အစိုးရနှ င့် ဒေသ ခံများက ကယ် ဆယ်ရေးစခန်း သုံးခုဖွင့်ကာ လက်ခံထားပြီး နေ ရပ် သို့ ပြန်လို သူ များအား မန္တလေးမြို့သို့ အခမဲ့ ပို့ဆောင်ပေးေ နကြောင်း ဒေသ ခံကိုမျိုး က ပြောသည်။
စစ်ဘေးဒုက္ခသည်အများစု မှာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသ မှဖြစ်ပြီး ၎င်း တို့က တရုတ်-မြန်မာ နယ်စပ်ရှိ ကြံစိုက်ပျိုးရေးလုပ်ငန်း များတွင် သွားေ ရာက် လုပ်ကိုင်နေ သူများ ဖြစ်သည်။ စစ်ဘေးဒုက္ခ သည်များထဲတွင် ကလေးငယ်၊ ကိုယ်ဝန်သည်နှင့် နာမကျန်းဖြစ် နေသူများလည်း ပါဝင်သည်။
လားရှိုးမြို့သို့ရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်(ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
7day

1 comment:

  1. ပလောင်နဲ့ ကချင်ကိုရောစစ်ပါ။အသားထဲကလောက်ထွက်တဲ့ ကောင်တွေ။

    ReplyDelete