Saturday 17 May 2014

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အများပြည်သူ ဒစ်ဂျစ်တယ် စာကြည့်တိုက် ၀န်ဆောင်မှုပေးထား

“စာအုပ်စာပေလူ့မိတ်ဆွေ၊ စာပေမြင့်မှ လူမျိုးတင့်မည်၊ အလိမ္မာ စာမှာရှိ” ဟူသော ဆောင်ပုဒ်များအရ ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ခရိုင်အတွင်းရှိ ပြည်သူများ လေ့လာဖတ်ရှုရန်လွယ်ကူသော နေရာများတွင် စာပေရေချမ်းစင်များကို စိုက်ထူထားပြီးဖြစ်သည်နှင့်အတူ မေ ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်း ခရိုင်အတွင်းရှိ လှိုင်သာယာမြို့နယ် ဒဂုံဧရာ အဝေးပြေးဝင်း အတွင်းရှိ ဟင်္သာညီနောင်ကားဂိတ်နှင့် မင်္ဂလာဒုံမြို့နယ် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်တွင်း ထွက်ခွာနေရာ တို့တွင် ဗဟုသုတဖြစ်ဖွယ်ရာ သုတ၊ ရသ၊ စာအုပ်ပေါင်း ၆၃၉၉အုပ်ကို Public Digital Library Service များတွင် စီစဉ်ဖြည့်ဆည်းပေးထားကြောင်း သိရသည်။ 

အဆိုပါထားရှိသော Public Digital Library Service များကို ပြည်သူများ အလွယ်တကူ လေ့လာ ဖတ်ရှုနိုင်ရန်အတွက် စီစဉ်ထားရှိရာ မိမိတို့၏ Phoneနှင့် Tabletရှိ Internet DATH Swith အားပိတ်၍ Phone, Tablet နှင့် Note-book ရှိ WiFi Swith အား ON ပြီးပါက MoiPolls.Net အမည်ရှိ Hotspot အား Connect ပြုလုပ်၍ Web Browser Address Bar တွင် http://MoiPolls.Net ကိုရိုက်ထည့်၍ Library Page ပွင့်လာမည်ဖြစ်ပြီး မိမိဖတ်ရှုလိုသော ဘယ်ဘက် Menu တွင် ရွေးချယ်၍ အလိုရှိသော စာအုပ်များကို လွယ်ကူစွာ ရွေးချယ်ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်သီတာဦး နှင့် မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းကြည်တို့က ခရီးသွားပြည်သူများအား ပြည်သူ့ဝန်ဆောင်မှုစာပေရေချမ်းစင်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

စာအုပ်များကို ဖတ်ရှုရာတွင် Dowload Access ပေးထားသောစာအုပ်များနှင့် Read-only Access ပေးထားသော စာအုပ်များဟု နှစ်မျိုးသတ်မှတ်ထားရှိ၍ Dowload Access ပေးထားသော စာအုပ်များသည် အသုံးပြု၍ရသောစာအုပ်များဖြစ်၍ Dowloadပြုလုပ်၍ရသောစာအုပ်များကို Dowloadပြုလုပ်ပြီးပါက မည်သည့်နေရာရောက်ရောက Public Digital Library Service ဖတ်ရှုရရှိနိုင်သော အကွာအဝေးမှာ အတား အဆီးမရှိပါက မီတာ ၆၅၀ အတွင် WiFi Signal ရရှိသော အကွာအဝေးအတိုင်း ဖတ်ရှုနိုင်မည်ဖြစ်ကြော င်း သိရသည်။ 

MOI Webportal Myanmar

No comments:

Post a Comment