Saturday 17 May 2014

သမဝါယမ ဝန်ကြီးဌာန၏ တိုးမြှင့်ချေးငွေများ အောက်တိုဘာလတွင် ထုတ်ချေးမည်

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ကျေးလက်ဒေသတွင် အသေးစား ချေးငွေများ ထုတ်ချေးနေသော သမဝါယမ ဝန်ကြီးဌာနက ချေးငွေ တိုးမြှင့်ချေးပေးရန် တင်ပြထားသော သမဝါယမ အသင်းများကို အောက်တိုဘာလတွင် စတင်ထုတ်ချေးမည် ဖြစ်ကြောင်း သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

သမဝါယမ ဝန်ကြီးဌာနက ချေးငွေအသုံးပြု၍ လုပ်ငန်း တိုးတက်လာသော အသင်းစုများကို လက်ရှိ ပုံမှန်ချေးနေသည့် ချေးငွေကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ တိုးမြှင့်ချေးမည် ဖြစ်ပြီး ချေးငွေတိုးချေးရန် တင်ပြထားသော အသင်းများကို စိစစ်လျက် ရှိကြောင်း ၎င်းကရှင်းပြသည်။

ချေးငွေများ ထုတ်ချေးရာတွင် အမှန်တကယ် လိုအပ်နေသော ပြည်သူများကို ထုတ်ချေးရန် အရေးကြီးကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးသန့်စင်က ပြောကြားသည်။ 

၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ချေးငွေကျပ် ၁၄၅ ဘီလီယံကျော် ထုတ်ချေးခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ချေးငွေကျပ် ၁၉၀ ဘီလီယံကျော် ထုတ်ချေးမည် ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာနက ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment