Saturday 17 May 2014

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုများ နောက်ပြန်မလှည့်စေရန် အမေရိ ကန် သမ္မတ အိုဘားမားက စီးပွားရေးပိတ်ဆို့မှု တစ်နှစ် ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုများ နောက်ပြန်မလှည့်စေရန် တားဆီးသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို အိုဘားမားအစိုးရက တစ်နှစ်ထပ်မံ တိုးမြှင့်လိုက်ကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမားက ကွန်ဂရက်လွှတ်တော်သို့ ပြောကြား ရာတွင် မြန်မာနိုင်ငံတွင် ပြုပြင်ပြော င်း လဲမှုများ ရှိသော်လည်း စီးပွားရေး ပိတ်ဆို့မှု သက်တမ်းတိုးရန် လိုအပ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

၁၉၉၀ ပြည့်နှစ် နှစ်လည်ပိုင်းများအတွင်း ဒီမိုကရေစီ လှုပ်ရှားမှုများ ကို နှိမ်နင်းခဲ့သည့် အဓိကခေါင်းဆောင်များနှင့် ဆပ်စပ်၍ စီးပွားရေး လုပ်ကိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် National Emergencies Act ကိုတစ်နှစ်သက်တမ်းတိုးရန် သမ္မတအိုဘားမားက ကွန်ဂရက် လွှတ်တော် သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော သမ္မတအိုဘားမားက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၁၁၀၀ ကျော် လွှတ်ပေးခြင်း၊ နိုင်ငံအနှံ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခြင်း၊ သမဂ္ဂများ ဖွဲ့စည်းခွင့်ပြုခြင်းနှင့် နိုင်ငံအတွင်းရှိ လုပ်ငန်းခွင့် စံနှုန်းတို့ကို တိုးမြှင့်ပေးမှုများရှိခဲ့ကြောင်း လွှတ်တော်သို့  တင်သွင်းသည့်စာတွင် ပြောကြားထားသည်။

သို့သော် “ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ အခြေအနေတွေဟာ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေး အပေါ်မှာ မတူညီထူးခြားတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေဆဲပါပဲ” ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။

“နိုင်ငံရေးအရပွင့်လင်းမှု လိုအပ်နေသေးတယ်။ တိုင်းရင်းသား လူနည်းစုဒေသတွေ မှာ လက်ရှိဖြစ် ပျက်နေတဲ့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေသေးတယ်။ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ တပ်မတော်ရဲ့ ဆက်လက်ပါရှိနေတဲ့ အခန်းကဏ္ဍအပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိနေတယ်” ဟု သမ္မတအိုဘားမားက ပြောကြားခဲ့သည်။

ယမန်နှစ်က သမ္မတအိုဘားမားမှ ၁၉၉၆ ခုနှစ် ပိတ်ဆို့မှုကို ရုပ်သိမ်းခဲ့ပြီး မြန်မာနိုင်ငံမှ အုပ်ချုပ်သူ တပ်မတော် အရာရှိများနှင့် ၎င်းတို့၏မိသားစုများကို အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် ပေးအပ်ခဲ့ သည်။

“ပိတ်ဆို့မှုတွေကို နောက်တစ်နှစ် ထပ်တိုးတာဟာ မကောင်းမှုကျူးလွန် သူတွေရဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်ဖို့နဲ့ ပိတ်ဆို့မှုတွေ အကုန် ရုတ်သိမ်းလိုက်ဖို့ ဖြစ်လာနိုင်တဲ့ ပြုပြင်ပြောင်းလဲမှု နောက်ပြန်လှည့်မှုကို တားဆီးဖို့အတွက်ပါ” ဟု အိမ်ဖြူတော် လုံခြုံရေးကောင်စီ ၏ ပြောရေးဆိုခွင့်ရှိသူ Patrick Ventrell က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment