Saturday 17 May 2014

ရန်ကုန်မြို့၌ ယနေ့နှင့် မန္တလေးမြို့၌ မေ ၁၈ ရက်တွင် ကျင်းပမည့် NLD နှင့် ၈၈ မျိုးဆက်တို့၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများကို လူထုစိတ်ဝင်စားမှုမြင့်တက်

Photo: ရန်ကုန်မြို့၌ ယနေ့နှင့် မန္တလေးမြို့၌ မေ ၁၈ ရက်တွင် ကျင်းပမည့် NLD နှင့် ၈၈ မျိုးဆက်တို့၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများကို လူထုစိတ်ဝင်စားမှုမြင့်တက်
Saturday, May 17, 2014  

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ အောက်မြန်မာပြည် ဟောပြောပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ယနေ့(မေ ၁၇ ရက်)တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အထက်မြန်မာပြည် ဟောပြောပွဲကို မေ ၁၈ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများကို လူထုစိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။

ရန်ကုန်မြို့၌ ပြုလုပ်မည့် ဟောပြောပွဲကို နံနက် ၈ နာရီ မိနစ် ၃၀ တွင် စတင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်တို့ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာများကို အဓိကထား ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း လူထုဟောပြောပွဲကျင်းပရေး ပူးပေါင်းကော်မတီမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုးညွန့်က “တက်လာမှာက နည်းတာ မဟုတ်ဘူး။ နေရာဆံ့တာမဆံ့တာ က ရွှေဂုံတိုင်လမ်းကြီးပိတ်သွားမယ်။ လမ်း ကြိုလမ်းကြားတွေ အကုန်ပိတ်သွားမယ်။ တောင်ငူတို့ ဒိုက်ဦးတို့ဘာတို့ ကနေလာကြ မှာ။ တစ်မြို့နယ်ကို ကားအစီး၂၀၊ ၂၅၊ ၃၀ လောက်လာကြမှာ။ ကျွန်တော်တို့က ၅၀၀၀၀ ပတ်ဝန်းကျင်လောက် မှန်းထားပါတယ်။ ဒါ့အပြင် အိမ်ထဲက နားထောင်မယ့် ပရိသတ်ကလည်း သောင်းနဲ့ချီပြီးရှိပါတယ်။ ဒီနေရာရွေးချယ်ရခြင်းအားဖြင့် ရပ်ကွက်ထဲက ပြည်သူတွေလည်း နားထောင်လို့ရတယ်။ လမ်းပိတ်ဆို့နိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ဆက်သွယ်ထားပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်တွင် ပြုလုပ်မည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲအပေါ် လူငယ်အနုပညာရှင် ကွန်ရက်မှ အသက် ၂၇ နှစ် အရွယ် မဇွန်စီက “ကျွန်မသွားမှာပါ။ အရမ်းစိတ်ဝင်စားတယ်။ ဒီလိုမျိုး NLD နဲ့ ၈၈ ချည်းပဲ မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ဗမာလူငယ်တွေ၊ ဗမာလူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ အခြေခံဥပဒေမှာ တိုင်းရင်းသားတွေနဲ့အတူတူ ဗမာပြည်မှာ အေးအတူ ပူအမျှ နေချင်တယ်။ အဲဒီလိုစကားတွေ ပြော ကြမယ်ဆိုရင် ပိုပျော်စရာကောင်းမလားလို့ပေါ့။ အခုလက်ရှိ ၂၀၁၅ လာမယ့် နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲကိုလည်း ဒီဘက်မှာ အခြေခံဥပဒေကို ပြင်ဆင်ချင်တဲ့ အချက်တွေပြင်ခွင့်ရမယ်။ အတိုင်းအတာတစ် ခုအထိ ပြည်သူလူထုဘက်က ဖြစ်စေချင်တဲ့ ဟာတွေကို အောင်အောင်မြင်မြင် ပြောနိုင်မယ်။ ကြိုးစားလုပ်ဆောင်ပေးတဲ့သူတွေ ဘက်ကလည်း အောင်မြင်အောင်လုပ်ဆောင် ပေးနိုင်မယ်ဆိုရင် ပြောင်းလဲသွားမယ်ဆိုရင် ၂၀၁၅ မှာ ဘာအပြောင်းအလဲလေးများ ထပ်ဖြစ်ဦးမလဲဆိုတာ ၂၀၁၄ မကုန်ခင်မှာ မျှော်လင့်ချင်သေးတယ်” ဟု ပြောကြားသည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲကျင်းပတယ်ဆိုရင် ဘယ်နားမှာပဲ ကျင်းပကျင်းပ ကျွန်တော်တို့က လိုက်ပြီးအားပေးနေရမှာလေ။ မနက်ဖြန်လုပ်မယ့်ပွဲကို လာကြမှာပဲ။ အပြည့်လာမှာပဲ။ အားပေးကြ မှာပဲ။ ကျွန်တော်လည်းလာမှာပဲ။ လက်ရှိ ဖွဲ့စည်းပုံကို လက်ခံတဲ့ ပြည်သူဆိုတာ မရှိသလောက်ရှားပါတယ်” ဟု ချောက်မြို့နယ် ပေပင်ကုန်းရွာမှ ရန်ကုန်မြို့သို့ ခေတ္တရောက်ရှိနေသူ ဦးအောင်မင်းက ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ပူးပေါင်းကော်မတီမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်တွင် “ရွေးကောက်ခံ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းသာရှိတဲ့ လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ အခြေခံဥပဒေ ပြင်ဆင်လို့ရမည်ဆိုသည့် ပုဒ်မ ၄၃၆”၊ “ပြည်သူ့ကိုယ် စားလှယ်မဟုတ်တဲ့ ၂၅ ရာခိုင်နှုန်းက မထောက်ခံရင် ပြင်ဆင်လို့မရနိုင်တဲ့ ပုဒ်မ ၄၃၆”၊ “လွှတ်တော်ထဲက ၇၅ ရာခိုင်နှုန်း ကျော်ထောက်ခံသော်လည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်ထောက်ခံမှ ပြင်ဆင်လို့ရမယ်ဆိုတဲ့ ပုဒ်မ ၄၃၆”၊ “အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ဘယ်လိုမှ ပြင်ဆင်လို့မရနိုင်အောင် လုပ်ထားတဲ့ပုဒ်မ ၄၃၆”  စသည့် စာသားများအား ရေးသားဖော်ပြထားသည်။

နိုင်ငံတကာမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပညာရှင်များ၏ လေ့လာသုံးသပ်ချက်အရ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင်မျှ မြန်မာ နိုင်ငံ၏ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေလောက်ပြုပြင်ပြောင်းလဲရန် တင်းကျပ် ခက်ခဲသော ဖွဲ့စည်းပုံအခြေခံဥပဒေမရှိ ကြောင်း၊ မည်သည့်နိုင်ငံတွင်မှ ရွေးချယ်တင် မြှောက်ခြင်းမခံရသော ကိုယ်စားလှယ်များ၏ သဘောတူညီချက်မပါလျှင် ပြင်ဆင်၍မရ နိုင်ဟူသော ဖွဲ့စည်းပုံအခြေခံ ဥပဒေဟူ၍ မရှိကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီစေရန်လည်းကောင်း၊ ၎င်းးဒီ မိုကရေစီစံနှုန်းများအနက် အဓိကဖြစ်သော ပြည်သူ၏ ဆန္ဒကို လေးစားခြင်းဟူသောမူကို ခိုင်မြဲစေရန် လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၄၃၆ကို အမြန်ဆုံး ပြင်ဆင်ရန် လိုအပ်ကြောင်း စသည်တို့ကို အဆိုပါလက်ကမ်းစာစောင်တွင် ရေးသားဖော်ပြထားသည်။

မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ဟောပြောပွဲပြုလုပ်ရန် ပြင်ဆင်မှုများ ဆောင်ရွက်နေသူ ကိုဇာနည်အောင်က “အောင်ပင်လယ်ကွင်းကို ပြင်ဆင်မှုပြုလုပ်တဲ့အပိုင်းမှာ ပြည်သူလူထုကို အေးစေချင်တဲ့ အမေစုရဲ့ ဆန္ဒနဲ့ရင်တွေပူနေတာတွေကိုလည်း အတတ်နိုင်ဆုံးအေးအောင် လုပ်ပေးမယ်။ နေပူတာကိုလည်း အေးအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကွင်းတစ်ခုလုံးကို အရိပ်အာဝါသပေးဖို့ ကြိုး စားလုပ်နေတယ်။ ကျွန်တော်တို့ လက်ခံထားတဲ့ လူထုခေါင်းဆောင်ရယ် ၈၈ အရေးတော်ပုံက မွေးဖွားပေါက်ဖွားလာတဲ့ ခေါင်းဆောင်ကိုမင်းကိုနိုင်တို့ရဲ့ နိုင်ငံရေးလမ်းစဉ် နိုင်ငံရေးခြေလှမ်းကို ထုတ်လိုက်တယ်။ အခြေခံ ဥပဒေ ၄၃၆ ပြင်ဖို့ လူထုထောက်ခံမှုယူပြီး လွှတ်တော်ကို ပို့မယ်ဆိုတဲ့ ပြည်သူလူထုရဲ့ ဆန္ဒက ဒါပါဆိုတာကို ကျွန်တော်တို့လက်ခံပါတယ်။ အခု ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ဟာ ပြည်သူလူထုအတွက် နောက်ဆုံးအခွင့်အရေးပဲ။ ကျွန်တော်တို့ ရုန်းကြကန်ကြရမယ်။ အဲဒီအတွက် စိတ်ဓာတ်တွေပျော့ညံ့ရင် ကျွန်သက်ရှည်မယ်။ စိတ်ဓာတ်တွေ မပျော့ညံ့ကြ ပါနဲ့။ ကျွန်တော်တို့ ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ လမ်းစဉ်တွေကို လိုက်မယ်” ဟု ပြောကြားသည်။

“ဖွဲ့စည်းပုံကို ကျွန်တော်တို့ အမြင်အရလည်းပြင်သင့်တယ် ထင်ပါတယ်။ ပုဒ်မ ၄၃၆ တင်မကဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ၁၂ မှာပါတဲ့ကိစ္စတွေက ပြင်သင့်တာတွေပါ။ တချို့တွေကပုဒ်မ ၄၃၆ ဆိုတဲ့ အနက်အဓိပ္ပါယ်ကို နားမလည်ဘူး။ ခုလိုလာရောက်ဟော ပြောတော့ပိုပြီး သိသွားတာပေါ့။ ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားနိုင်ပါတယ်။ ကျွန်တော်တို့ သိရှိရသလောက်ကတော့ မြို့ခံလူထုအနေနဲ့  အားတတ်သရော စိတ်ဝင်စားမှုရှိကြပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်က ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများကို မေ ၁၇ ရက်တွင် ရန်ကုန်မြို့ ၌လည်းကောင်း၊ မေ ၁၈ ရက်တွင် မန္တလေး မြို့၌လည်းကောင်း ပြုလုပ်ပြီးပါက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ ပြုလုပ်သွားမည်ဖြစ်ရာ NLD နှင့် ၈၈ မျိုး ဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့သာမက ကျောင်းသားသမဂ္ဂများ၊ လယ်သမား အလုပ်သမားသမဂ္ဂများ၊ နိုင်ငံရေးအင်အားစုများ စသည့်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက် သွားမည်ဖြစ်သည်။

Eleven Media Group 

ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း၌ ယနေ့ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲအတွက် ပြင်ဆင်နေသည် ကို မေ ၁၆ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း၌ ယနေ့ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲအတွက် ပြင်ဆင်နေ သည် ကို မေ ၁၆ ရက်က တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင် ရွက် သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း မှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ အောက်မြန်မာပြည် ဟောပြောပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန် မှန် အားကစားကွင်းတွင် ယနေ့(မေ ၁၇ ရက်)တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အထက်မြန်မာပြည် ဟောပြောပွဲ ကို မေ ၁၈ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲ များကို လူထုစိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။

ရန်ကုန်မြို့၌ ပြုလုပ်မည့် ဟောပြောပွဲကို နံနက် ၈ နာရီ မိနစ် ၃၀ တွင် စတင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်တို့ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုင်ရာများကို အဓိကထား ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း လူထုဟောပြောပွဲကျင်းပရေး ပူးပေါင်းကော်မတီမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုးညွန့် က “တက်လာမှာက နည်းတာ မဟုတ်ဘူး။ နေရာဆံ့တာမဆံ့တာ က ရွှေဂုံတိုင်လမ်းကြီးပိတ်သွားမယ်။ လမ်း ကြိုလမ်းကြားတွေ အကုန်ပိတ်သွားမယ်။ တောင်ငူတို့ ဒိုက်ဦးတို့ဘာတို့ ကနေလာကြ မှာ။ တစ်မြို့နယ်ကို ကားအစီး၂၀၊ ၂၅၊ ၃၀ လောက်လာကြမှာ။ ကျွန်တော်တို့က ၅၀၀၀၀ ပတ်ဝန်းကျင်လောက် မှန်းထားပါ တယ်။ ဒါ့အပြင် အိမ်ထဲက နားထောင်မယ့် ပရိသတ်ကလည်း သောင်းနဲ့ချီပြီးရှိပါတယ်။ ဒီနေရာရွေးချယ်ရခြင်းအားဖြင့် ရပ်ကွက်ထဲက ပြည်သူတွေလည်း နားထောင်လို့ရတယ်။ လမ်းပိတ်ဆို့နိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ဆက်သွယ်ထားပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်တွင် ပြုလုပ်မည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲအပေါ် လူငယ်အနုပညာရှင် ကွန်ရက်မှ အသက် ၂၇ နှစ် အရွယ် မဇွန်စီက “ကျွန်မသွားမှာပါ။ အရမ်းစိတ်ဝင်စားတယ်။ ဒီလိုမျိုး NLD နဲ့ ၈၈ ချည်းပဲ မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ဗမာလူငယ်တွေ၊ ဗမာလူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ အခြေခံဥပဒေမှာ တိုင်းရင်းသားတွေနဲ့အတူတူ ဗမာပြည်မှာ အေးအတူ ပူအမျှ နေချင်တယ်။ အဲဒီလိုစကားတွေ ပြော ကြမယ်ဆိုရင် ပိုပျော်စရာကောင်းမလားလို့ပေါ့။ အခုလက်ရှိ ၂၀၁၅ လာမယ့် နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲကိုလည်း ဒီဘက်မှာ အခြေခံဥပဒေကို ပြင်ဆင်ချင်တဲ့ အချက်တွေပြင်ခွင့်ရမယ်။ အတိုင်းအတာတစ် ခုအထိ ပြည်သူလူထုဘက်က ဖြစ်စေချင်တဲ့ ဟာတွေကို အောင်အောင်မြင်မြင် ပြောနိုင်မယ်။ ကြိုးစားလုပ်ဆောင်ပေးတဲ့သူတွေ ဘက်ကလည်း အောင်မြင်အောင်လုပ်ဆောင် ပေးနိုင်မယ်ဆိုရင် ပြောင်းလဲသွားမယ်ဆိုရင် ၂၀၁၅ မှာ ဘာအပြောင်းအလဲလေးများ ထပ်ဖြစ်ဦးမလဲဆိုတာ ၂၀၁၄ မကုန်ခင်မှာ မျှော်လင့်ချင်သေးတယ်” ဟု ပြောကြားသည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲကျင်းပတယ်ဆိုရင် ဘယ်နားမှာပဲ ကျင်းပကျင်းပ ကျွန်တော်တို့က လိုက်ပြီးအားပေးနေရမှာလေ။ မနက်ဖြန်လုပ်မယ့်ပွဲကို လာကြမှာပဲ။ အပြည့်လာမှာပဲ။ အားပေးကြ မှာပဲ။ ကျွန်တော်လည်းလာမှာပဲ။ လက်ရှိ ဖွဲ့စည်းပုံကို လက်ခံတဲ့ ပြည်သူဆိုတာ မရှိသလောက်ရှားပါတယ်” ဟု ချောက်မြို့နယ် ပေပင်ကုန်းရွာမှ ရန်ကုန်မြို့သို့ ခေတ္တရောက်ရှိနေသူ ဦးအောင်မင်းက ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ပူးပေါင်းကော်မတီမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်တွင် “ရွေးကောက်ခံ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းသာရှိတဲ့ လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ အခြေခံဥပဒေ ပြင်ဆင်လို့ရမည်ဆိုသည့် ပုဒ်မ ၄၃၆”၊ “ပြည်သူ့ကိုယ် စားလှယ်မဟုတ်တဲ့ ၂၅ ရာခိုင်နှုန်းက မထောက်ခံရင် ပြင်ဆင်လို့မရနိုင်တဲ့ ပုဒ်မ ၄၃၆”၊ “လွှတ်တော်ထဲက ၇၅ ရာခိုင်နှုန်း ကျော်ထောက်ခံသော်လည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်ထောက်ခံမှ ပြင်ဆင်လို့ရမယ်ဆိုတဲ့ ပုဒ်မ ၄၃၆”၊ “အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ဘယ်လိုမှ ပြင်ဆင်လို့မရနိုင်အောင် လုပ်ထားတဲ့ပုဒ်မ ၄၃၆”  စသည့် စာသားများအား ရေးသားဖော်ပြထားသည်။

နိုင်ငံတကာမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပညာရှင်များ၏ လေ့လာသုံးသပ်ချက်အရ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင်မျှ မြန်မာ နိုင်ငံ၏ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေလောက်ပြုပြင်ပြောင်းလဲရန် တင်းကျပ် ခက်ခဲသော ဖွဲ့စည်းပုံအခြေခံဥပဒေမရှိ ကြောင်း၊ မည်သည့်နိုင်ငံတွင်မှ ရွေးချယ်တင် မြှောက်ခြင်းမခံရသော ကိုယ်စားလှယ်များ၏ သဘောတူညီချက်မပါလျှင် ပြင်ဆင်၍မရ နိုင်ဟူသော ဖွဲ့စည်းပုံအခြေခံ ဥပဒေဟူ၍ မရှိကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီစေရန်လည်းကောင်း၊ ၎င်းးဒီ မိုကရေစီစံနှုန်းများအနက် အဓိကဖြစ်သော ပြည်သူ၏ ဆန္ဒကို လေးစားခြင်းဟူသောမူကို ခိုင်မြဲစေရန် လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၄၃၆ကို အမြန်ဆုံး ပြင်ဆင်ရန် လိုအပ်ကြောင်း စသည်တို့ကို အဆိုပါလက်ကမ်းစာစောင်တွင် ရေးသားဖော်ပြထားသည်။

မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ဟောပြောပွဲပြုလုပ်ရန် ပြင်ဆင်မှုများ ဆောင်ရွက်နေသူ ကိုဇာနည်အောင်က “အောင်ပင်လယ်ကွင်းကို ပြင်ဆင်မှုပြုလုပ်တဲ့အပိုင်းမှာ ပြည်သူလူထုကို အေးစေချင်တဲ့ အမေစုရဲ့ ဆန္ဒနဲ့ရင်တွေပူနေတာတွေကိုလည်း အတတ်နိုင်ဆုံးအေးအောင် လုပ်ပေးမယ်။ နေပူတာကိုလည်း အေးအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကွင်းတစ်ခုလုံးကို အရိပ်အာဝါသပေးဖို့ ကြိုး စားလုပ်နေတယ်။ ကျွန်တော်တို့ လက်ခံထားတဲ့ လူထုခေါင်းဆောင်ရယ် ၈၈ အရေးတော်ပုံက မွေးဖွားပေါက်ဖွားလာတဲ့ ခေါင်းဆောင်ကိုမင်းကိုနိုင်တို့ရဲ့ နိုင်ငံရေးလမ်းစဉ် နိုင်ငံရေးခြေလှမ်းကို ထုတ်လိုက်တယ်။ အခြေခံ ဥပဒေ ၄၃၆ ပြင်ဖို့ လူထုထောက်ခံမှုယူပြီး လွှတ်တော်ကို ပို့မယ်ဆိုတဲ့ ပြည်သူလူထုရဲ့ ဆန္ဒက ဒါပါဆိုတာကို ကျွန်တော်တို့လက်ခံပါတယ်။ အခု ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ဟာ ပြည်သူလူထုအတွက် နောက်ဆုံးအခွင့်အရေးပဲ။ ကျွန်တော်တို့ ရုန်းကြကန်ကြရမယ်။ အဲဒီအတွက် စိတ်ဓာတ်တွေပျော့ညံ့ရင် ကျွန်သက်ရှည်မယ်။ စိတ်ဓာတ်တွေ မပျော့ညံ့ကြ ပါနဲ့။ ကျွန်တော်တို့ ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ လမ်းစဉ်တွေကို လိုက်မယ်” ဟု ပြောကြားသည်။

“ဖွဲ့စည်းပုံကို ကျွန်တော်တို့ အမြင်အရလည်းပြင်သင့်တယ် ထင်ပါတယ်။ ပုဒ်မ ၄၃၆ တင်မကဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ၁၂ မှာပါတဲ့ကိစ္စတွေက ပြင်သင့်တာတွေပါ။ တချို့တွေကပုဒ်မ ၄၃၆ ဆိုတဲ့ အနက်အဓိပ္ပါယ်ကို နားမလည်ဘူး။ ခုလိုလာရောက်ဟော ပြောတော့ပိုပြီး သိသွားတာပေါ့။ ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားနိုင်ပါတယ်။ ကျွန်တော်တို့ သိရှိရသလောက်ကတော့ မြို့ခံလူထုအနေနဲ့  အားတတ်သရော စိတ်ဝင်စားမှုရှိကြပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်က ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများကို မေ ၁၇ ရက်တွင် ရန်ကုန်မြို့ ၌လည်းကောင်း၊ မေ ၁၈ ရက်တွင် မန္တလေး မြို့၌လည်းကောင်း ပြုလုပ်ပြီးပါက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ ပြုလုပ်သွားမည်ဖြစ်ရာ NLD နှင့် ၈၈ မျိုး ဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့သာမက ကျောင်းသားသမဂ္ဂများ၊ လယ်သမား အလုပ်သမားသမဂ္ဂများ၊ နိုင်ငံရေးအင်အားစုများ စသည့်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက် သွားမည်ဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment